Channel Myanmar

Adventure

Jujutsu Kaisen 0 (2021) 7.9
Jujutsu Kaisen 0 (2021) Rotten tomatoes 98% Imdb 7.9/10 Myanumelust 8.5/10ဒီရုပ်ရှင်ဟာ animeဖန်​တွေအကြိုက်​တွေ့ခဲ့ကြတဲ့jujutsu kaisen စီးရီး (​ဇော်ဂျီဖိုဝင်သားစားတဲ့မင်းသား😅)ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။ ​ပြောရရင်​တော့ Yutaရဲ့​မှော်ဆရာဖြစ်လာခဲ့တဲ့ဇာတ်​ကြောင်းလို့​ပြောရင်လည်းရပါတယ်။ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်​ငွေစံချိန်​တွေတင်ခဲ့သလိုanimation qualityလည်း​တော်​တော်​ကောင်းတယ်ချီးကျူးခံထားရတာပါ။(အခု​တော့ one piece red filmက ဝင်​ငွေ​ကျော်တက်သွားပြီကြားပါတယ်)ဇာတ်လမ်းအကျဥ်းက​တော့တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်း​ဆွေနှစ်​ယောက်ရှိပါတယ်။သူတို့နှစ်​ယောက်ဟာ အသက်သာငယ်ကြ​ပေမဲ့ အချစ်​တွေကမငယ်တာမလို့အရွယ်​ရောက်လာတာနဲ့လက်ထပ်ကြမယ်လို့ ​​စေ့စပ်လက်စွပ်​လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။အဲ့လိုနဲ့ကတိပြုပြီး​နောက်မှာ ​ကောင်မ​လေးဟာဆိုးဆိုးရွားရွားကားတိုက်ခံရပြီး​သေဆုံးသွားခဲ့ပါတယ်။ ​သေဆုံးသွား​ပေမဲ့လည်း သူတို့အချစ်ဟာကြီးမားလွန်းတာ​ကြောင့် ​ကောင်မ​လေးဟာကျိန်စာသင့်တ​စ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့​နောက်မှာ​တော့....  File size…  1GB / 550MB Quality… 1080p Blu Ray / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by  Dr.Nyan
movie

Jujutsu Kaisen 0 (2021)

2021
The Tourist (2010) 6.0
The Tourist (2010) ဂျော်နီဒပ်နဲ့အန်ဂျလီနာဂျိုလီတို့ပါဝင်တဲ့ ဒီဇာတ်ကားက Action/Crime ပုံစံ လျှို့ဝှက်သည်းထိတ်ရင်ဖိုရုပ်ရှင်ကားပါ။အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက် ။သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ် ။ ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီး ဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။ သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။ အစအနတောင် မတွေ့ရခဲ့ပါဘူး ။ စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကို မိဖို့ အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ် ။တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြတယ် ။ အလက်ဇန္ဒားဟာ ...
movie

The Tourist (2010)

4K HEVC
The Mermaid ( 2022 ) 6.1
The Mermaid ( 2022 ) ဒီတစ်ခါမှာCMပရိသတ်ကြီးကိုရေသူမကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီရေသူမကားကတော့ ခါတိုင်းမြင်တွေ့နေကျရေသူမတွေလို ချောမောလှပတဲ့ရေသူမလှလှလေးတွေမဟုတ်ပဲ ရက်စက်တဲ့ထူးဆန်းသတ္တဝါတွေအဖြစ်ရိုက်ထားတာဖြစ်တဲ့အတွက် မွန်းစတားကားတွေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲဖြစ်မှာပါ။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်မှာငါးဖမ်းထွက်ရင် ပိုက်ကွန်မှာငါးအကြီးကြီးတစ်ကောင်မိသွားပါတယ်။ မိထားတဲ့ငါးကြီးဟာ ငါးမဟုတ်ပဲ ရေသူမတစ်ကောင်ဖြစ်နေတာကြောင့် တစ်လှေလုံးတစ်ယောက်မကျန်ဒုက္ခရောက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ရေသူမကိုတင်လာတဲ့ကုန်ကားကိုမောင်းမိတဲ့ Hang Chi ဟာ သုတေသနခန်းထဲမှာပိတ်မိနေတဲ့ သားကိုကယ်ဖို့အတွက် ထူးဆန်းသတ္တဝါ ရေသူမနဲ့ရင်ဆိုင်ရပါတော့တယ်။ အသက်အန္တရာယ်ကြားအခက်အခဲတွေကို ဘယ်လိုသက်စွန့်စံဖျားကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ကြည့်လိုက်ကြပါဦးနော်။ Quality : WEB-DL 1080 , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Mermaid ( 2022 )

Fireball (2009) 5
Fireball (2009) မကြာခင်ကမှ အမှုကနေလွှတ်မြောက်လာတဲ့ထိုင်ဟာ သူ့အမြွာအစ်ကို ထျန်အခြေနေဆိုးပြီးဆေးရုံတက်နေရတယ်လို့သိလိုက်ရပါတယ်ဘာကြောင့်ဆေးရုံတက်နေရတာလဲဆိုတာကို သူ့အစ်ကိုချစ်သူဖြစ်တဲ့ပျန့်ဆီကကြားကြားချင်း သူ့အစ်ကိုကို ဘယ်သူရန်လုပ်တာလဲစုံစမ်းဖို့ဖြစ်လာပါတော့တယ်ဒီလိုနဲ့ ထိုင်ဟာ သူ့အစ်ကိုနာမည်ထျန်နဲ့ဘတ်စကတ်ဘောအသင်းတစ်သင်းထဲဝင်ပြီး fireball ဂိမ်းပြိုင်ဖို့ဖြစ်လာပါတယ်အဲ့ဒီဂိမ်းမှာ ဘယ်လောက်တောင်ရက်စက်ကြမ်းကြုတ်လဲ ဘယ်လောက်တောင်အသက်လုရလဲ ထိုင်(ထျန်) ​​ရောဖိုင်နယ်လ်ထိအသက်ရှင်နိုင်ပါ့မလားသူ့အစ်ကိုကိုဘယ်သူလုပ်တယ်ဆိုတာရော စုံစမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော်ဒီကားလေးလုံးဝရှယ်မိုက်ပါတယ် အက်ရှင်ကားကြိုက်သူအဖို့ လုံးဝ recommend တဲ့ကားပါ 🔥( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(1.7GB) Quality__HD720p IMDb Rating__5/10 Format__mp4 Duration__01:34:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

Fireball (2009)

Sausage Party (2016) 6.7
Sausage Party (2016) ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်...စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ...တစ်နေ့တာ စျေးဝယ်မှု မှာ ဝယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့ မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ....ဒီဇတ်လမ်းမှာ မင်းသားကတော့ ဝက်အူချောင်း ပါပဲ ဟုတ်ပါတယ် ဝက်အူချောင်း ပါ.... ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ဝက်အူချောင်းပါကင်ထုပ်ထဲက သူငယ်ချင်းတွေပေါ့ သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ... အနီးကပ် နေရတဲ့ အခါ တစ်ဦးကို ...
movie

Sausage Party (2016)

2016
The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
Aliens vs Predator: Requiem (2007) 4.6
Aliens vs Predator: Requiem (2007) ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat
movie

Aliens vs Predator: Requiem (2007)

1080p HEVC
AVP: Alien vs. Predator (2004) 5.6
AVP: Alien vs. Predator (2004)  Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော်သူတို့တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာတွေ တတ်မြောက်ထားတဲ့ သတ္တဝါတွေပါ။သူတို့ အမဲလိုက်တဲ့ ဂြိုလ်သားတွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီးရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သတ်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ…ဒီဇာတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ်ဇာတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေတည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့ ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ..ဒါပေမယ့် အဲ့ဒီ ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကြမှာ ဖြစ်ပြီးPredator ...
movie

AVP: Alien vs. Predator (2004)

2004
1080p HEVC
Predator (1987) 7.8
Predator (1987) IMDb Raing (7.8) / Rotten Tomatoes (80%)Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။သူ့နောက်မှာ ...
movie

Predator (1987)

4K HEVC
See The Sea ( 2022 ) 6.1
See The Sea ( 2022 ) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

See The Sea ( 2022 )

Spaceballs (1987) 7.1
Spaceballs (1987)   ဒီဟာကတော့ ရှားရှားပါးပါး Star Wars နဲ့ Star Trek ကို parody ဟာသလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ meme တွေမှာလည်း မြင်ဖူးကြမှာပါ။ ရယ်ရသလို ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း အာကာသဘောလုံးဂြိုလ်သားတွေဟာ သူတို့ဂြိုလ်က လေသန့်တွေကို အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အကုန်သုံးလိုက်မိတာကြောင့် အခြားဂြိုလ်က လေသန့်တွေကို လုယူဖို့ ကြံစည်နေပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ကလည်း ကာကွယ်ရေးစနစ်နဲ့ လေဆာဒိုင်းတွေ ရှိတာကြောင့် ဖောက်ဝင်နိုင်ဖို့ ပက်စ်ဝါ့လိုတာပေါ့။ အဲဒီပက်စ်ဝါ့ကို ရဖို့ ဂြိုလ်ကြီးရဲ့ ဘုရင်ရဲ့ တစ်ဦးတည်းသောသမီးလေးကို ပြန်ပေးဆွဲပါတော့တယ်။ အဲဒီမင်းသမီးလေးကို ကယ်တင်ဖို့အတွက် အာကာသထဲက မှောင်ခိုသမား သူငယ်ချင်းနှစ်ယောက်က ကြိုးစားကြပုံပါပဲ။ အဓိက အားဖြင့်တော့ Star Wars : A New Hope ကို ဟာသလုပ်ထားတာပါပဲ။ ခွီလိုက်ကြပါဦး။File size…(2.86GB/1.36GB/(757MB) Quality….Webrip 1080p / 720p ...
movie

Spaceballs (1987)

Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Drifting Home (2022) 6.5
Drifting Home (2022) Drifting Home (2022)(1080p ရပါပြီ)အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ...တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ ...
movie

Drifting Home (2022)

2022
Ghoster (2022) 4.2
Ghoster (2022) Ghoster(2022) ====================== Adventure , Horror , Family၁၅ ရာစုလောက်မှာ အာသာမစ်လာဆိုတဲ့ သူရဲကောင်းက ယူတိုနဂါးကြီးကို နှိမ်နင်းအောင်မြင်ခဲ့ပြီး အက်ကိုဗေးလ်ဆိုတဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်... ဒါပေမယ့် နဂါးကြီးက အင်အားကြီးလွန်းတာကြောင့် သူ့ကိုသေခြင်းတရားကတောင် မတားဆီးနိုင်ပါဘူး မှော်ဆရာတစ်ယောက်ရဲ့ အကူညီနဲ့ ဝိဉာဉ်တစ်ကောင်အဖြစ်ထွက်လာခဲ့ပြီး အသက်ပြန်ရှင်နိုင်ဖို့အတွက် မစ်လာမိသားစုရဲ့ မျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်းလိုက်သုတ်သင်ရှင်းလင်းရင်း ဝိဉာဉ်တွေကို ဖမ်းဆီးနေခဲ့တာ နှစ်ပေါင်း ၅၀၀ ကြာမြင့်ခဲ့ကာ ယနေ့အထိပါပဲ.... သူ့နောက်ဆုံးဖမ်းဆီးရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေးက ပျောက်ဆုံးသွားခဲ့ပြီး အက်ကိုဗေးလ်အိမ်တော်ကြီးလည်း သရဲခြောက်တဲ့အိမ်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ....ဘဏ်နဲ့အာဏာပိုင်တွေက အိမ်ကိုသိမ်းယူတော့မယ့်ဆဲဆဲမှာ အဲဘိဇဘက်ဆိုတဲ့ ဝီလီယံရဲ့မျိုးဆက်ပေါ်လာတာကြောင့် နဂါးကြီး ယူတိုရဲ့ နောက်ဆုံး ဖမ်းဆီးရမယ့် မစ်လာမျိုးဆက်ဖြစ်လာပါတယ်... အက်ကိုဗေးလ်အိမ်ကြီးမှာ ရှိနှင့်နေတဲ့ ဂိုစတာဆိုတဲ့ ဝိဉာဉ်လေးနဲ့ အဲလိဇဘက်တို့ပေါင်းစည်းကာ ဒီနဂါးကြီးကို အပြီးတိုင် နှိမ်နင်းသွားမလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ ငယ်ငယ်က ကျွန်တော်တို့ကြည့်ဖူးတဲ့ ဝိဉာဉ်လေး Casper ရဲ့ ဇာတ်လမ်းအကွဲလို့ပြောလို့ရပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure, ...
movie

Ghoster (2022)

2022
Ultimate Avengers 2: Rise of the Panther (2006) 6.5
Ultimate Avengers 2: Rise of the Panther (2006) Ultimate Avengers 2: Rise of the Panther (2006)==================================IMDb Rating - 6.5/10ဒါက​တော့ ၂၀၀၆ထွက် Ultimate Avengers: The Movieရဲ့ အဆက်ပဲဖြစ်ပါတယ်။ ပထမကားမှာ ချီတာရီ​တွေကို အနိုင်ယူ ခဲ့​ပေမယ့် ကပ္ပတိန်အ​မေရိကဟာ စစ်ပြန်​တွေရဲ့ ထုံးစံအတိုင်းပဲ PTSDအ​​သေးစား ဖြစ်လာတာ​ကြောင့် မစ်ရှင်​တွေပဲ ဖိလုပ်ရင်း သူဦး​ဆောင်ရတဲ့ Avengersအဖွဲ့နဲ့ အဆင်မ​​ပြေဘဲ One Man Armyလိုဖြစ်လာပါတယ်။ ​ဒေါက်တာဘန်နာကလည်း ​ဟော့ခ် ပုံစံကို မထိန်းချုပ်နိုင်တာ​ကြောင့် ဖြူရီရဲ့ ချုပ်​နှောင်ထားမှုကို ခံ​နေရပါတယ်။အဲဒီအချိန်မှာ ကပ္ပတိန်အ​မေရိက​ကြောင့် ၁၉၄၅ခုကတည်းက ​သေသွားပြီလို့ ထင်မှတ်ထားကြတဲ့ ချီတာရီ​ကောင် တစ်ဖြစ်လဲ နာဇီဗိုလ်ချုပ်ကလိုင်ဇာဟာ ဝါကန်ဒါတိုင်းပြည်မှာ တစ်ဖန်ပြန် ​ပေါ်လာပြီး တီချာလာတို့ဆီက စွမ်းအင်အရင်းမြစ်ကို လုယူပြီး တစ်ကမ္ဘာလုံးကိုဖျက်ဆီးဖို့ ကြိုးစားလာတဲ့အတွက် စည်းလုံးမှု အားနည်း​နေတဲ့Avengersအဖွဲ့နဲ့ Black Pantherတို့​ပေါင်းပြီး ကလိုင်ဇာနဲ့ ကမ္ဘာဖျက်ရန်စွယ်ကို နှိမ်နင်းဖို့ အ​ကြောင်းဖန်လာ ပြန်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / ...
movie

Ultimate Avengers 2: Rise of the Panther (2006)

2006
Ultimate Avengers: The Movie (I) (2006) 6.6
Ultimate Avengers: The Movie (I) (2006) Ultimate Avengers: The Movie (I) (2006)=============================IMDb Rating - 6.6/10၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 ...
movie

Ultimate Avengers: The Movie (I) (2006)

2006
Ram Gopal Varma Ki Aag (2007) 1.4
Ram Gopal Varma Ki Aag (2007) Ram Gopal Varma 2007 ------------------------ ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko
movie

Ram Gopal Varma Ki Aag (2007)

2007