Channel Myanmar

Adventure

The Lost Hero Of Ayodhya (2022)
The Lost Hero Of Ayodhya (2022) The Lost Hero of Ayodhya (2022)ဒီတစ်ခါတော့ ထိုင်းလူရွှင်တော်ပေါင်းများစွာပါဝင်ထားတဲ့ “The lost hero of Ayodhya” ရုပ်ရှင်ဟာသကားတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျားဇာတ်လမ်းအကျဉ်းယယ်ဆိုတဲဲ့တိုင်းရင်းဆေးသမားတော်လေးဟာ အရမ်းရိုးသားဖြူစင်ခဲ့တာပေါ့ သူဟာ သူ့မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး လူနာတွေကိုအလကားကုသပေးရင်းနေထိုင်ခဲ့ပါတယ်လုန်ထလောက်ဆိုတဲ့လူကတော့ လူယုတ်မာကြီးပေါ့ သူက သမားတော်ယယ်ရဲ့မိန်းမကိုလိုချင်နေတာနဲ့ အကြောင်းအမျိုးမျိုးဖန်ပြီး ယယ်ကိုဝေးဝေးသွားအောင်လုပ်ဖို့ ကြံစည်ခဲ့ပါတယ်တစ်နေ့မှာ လူယုတ်မာလုန်ထလောက်က သမားတော်ယယ်ကို ဗမာစစ်သူကြီးနေမျိုးဆိုတဲ့လူရဲ့ခေါင်းကိုသွားဖြတ်ခိုင်းခဲ့ပါတယ် ဖြတ်နိုင်ပြီး သူ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ရင် အကြွေးတင်နေတာတွေကိုကျေပေးမယ့်အပြင် ဆုငွေပါချပေးဦးမယ်ဆိုပြီး သူ့ကိုမြူဆွယ်ခဲ့ပါတယ်ယယ်လည်း အကြွေးကျေချင်ပြီး သူ့မိန်းမကိုရင်းနှီးမြုပ်နှံငွေရှိစေချင်တာနဲ့ ဒီအပေးအယူကိုလက်ခံခဲ့ပါတယ်သမားတော်ယယ် ဒီသဘောတူညီမှုလက်ခံခဲ့ပြီးနောက် စစ်သူကြီးနေမျိုးရဲ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ပါ့မလား ဘယ်လိိုဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် အက်ရှင်ချည်းမဟုတ်ဘဲဟာသနှောထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy, History Quality…. 1080p | 720p | 480p File size…1.8GB | 936MB | 453MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... August
movie

The Lost Hero Of Ayodhya (2022)

Uunchai (2022) 7.7
Uunchai (2022) Uunchai ( 2022 ) IMDb 7.7/10အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့‌ ရုံတင်‌၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့ 3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းကတော့ အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.6GB / ...
movie

Uunchai (2022)

2022
Riki Rhino (2020) 6.1
Riki Rhino (2020) Riki Rhino (2020) ============= IMDb Rating - 6.1/10ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တော တစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေး လွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုး ဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ် သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ် တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.11 GB) / (759 MB) / (528 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Tin Myo Lwin Encoder..........SWM
movie

Riki Rhino (2020)

2020
Snake: Fall of a City ( 2020 ) 6
Snake: Fall of a City ( 2020 ) လင်ချွမ်ဟာကားပြိုင်သမားတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့လျန်ဇီကိုတိတ်တခိုးသဘောကျနေသူပါ။ သူဟာပြိုင်ပွဲတစ်ခုမှာလျန်ဇီနောက်လိုက်ရင်းနဲ့ သဲကန္တာရထဲကိုရောက်ရှိလာခဲ့ပါတယ်။သူတို့စခန်းချနားတဲ့နေရာကိုညနက်မှာ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခံရပြီး လင်ချွမ်တို့အဖွဲ့ဟာမနည်းအသက်လုပြေးလာကြရပါတယ်။ ဒါပေမဲ့ လျန်ဇီကတော့ဘယ်ရောက်သွားမှန်းမသိပါဘူး။ လျန်ဇီကိုရှာဖို့ခရီးဆက်လာရင်းနဲ့စွန့်ပစ်စက်ရုံတစ်ခုနားရောက်လာခဲ့ပါတယ်။အဲ့ဒီစက်ရုံပျက်နားမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေကို တူးယူချင်တဲ့စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်းရှိနေပါတယ်။ သူတို့နှစ်အုပ်စုဟာ ညအချိန်ရောက်လာတဲ့အခါမှာတော့ သေလောက်ဖွယ်ရာ ကြောက်မက်ဖွယ်မြွေဆိုးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။​မြွေဆိုးအန္တရာယ်ကြောင့် စက်ရုံထဲပိတ်မိနေကြတဲ့အခါ ၊ ဝေးလံခေါင်ဖျားတဲ့လူသူမဲ့စွန့်ပစ်နေရာမှာရောက်နေကြတဲ့သူတို့ မြွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်ပြီးရှင်သန်ဖို့ကြိုးစားကြမလဲ။ လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Snake: Fall of a City ( 2020 )

TimeCrafters: The Treasure of Pirate’s Cove (2022)
TimeCrafters: The Treasure of Pirate’s Cove (2022) TimeCrafters: The Treasure of Pirate's Cove (2022) ======================================ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်)File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM
movie

TimeCrafters: The Treasure of Pirate’s Cove (2022)

2022
The Ant Bully(2006) 6.7
The Ant Bully(2006) The Ant Bully(2006)******************တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်..သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်...သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲသူ့ဒေါသတွေပုံချတတ်တယ် ...ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့...ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကိုပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော့....ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ပေးချင်တဲ့ message လည်းထိမိတယ် ကြည့်ရတာကာတွန်းကားဆိုပေမယ့်တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်...File Size : (1.5GB) and (776MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:28:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae
movie

The Ant Bully(2006)

Aporia (2019) 4.0
Aporia (2019) Aporia (2019) ==========ဇာတ်လမ်းအစမှာ လူတစ်စုကရွာသားတွေကိုဖမ်းပြီးတောင်တွေ ဆီကိုဦးတည်မောင်းလာတယ်။ ဒါပေမယ့် ရွာသားတွေကိုခေါ်မလာ ခင် လူတိုင်းရဲ့လည်ပင်းကိုဆေးတွေထိုးပေးလိုက်တယ်။ အခြား ဆေးတော့မဟုတ်ပါဘူး။ဇွန်ဘီဖြစ်လာနိုင်တဲ့ စမ်းသပ်တဲ့ဆေးတွေ။ အဲ့ထဲမှာ အာဗင်နဲ့ အိစ်ချ်တို့လင်မယားနှစ်ယောက်လည်းပါတယ်။အာဗင်က ကားနောက်ခန်းထဲမှာ ခေါ်လာတဲ့သူတွေကိုပြန်တိုက်ပြီး ထွက်ပြေးကြဖို့ တိုင်ပင်ထားကြပေမယ့်လည်း တကယ်လည်းဖြစ် လာရောအလုပ်မဖြစ်ဘူး။ ခရီးဆုံးလည်းရောက်ရော ဖမ်းခေါ်လာသူ တွေက သူတို့ကို တောင်ကြားတွေဆီကိုပြေးခိုင်း ပြီးတော့ သေနတ်နဲ့ လိုက်ပစ်တယ်။ ပြေးရင်းနဲ့ပဲ အီချ်နဲအာဗင်ဟာ မြောင်းကြားထဲကို ကျသွားတာပေါ့။မြောင်းကအတော်လေးနက်ပြီး ပြန်တက်ဖို့မလွယ် ပါဘူး။ လိုက်သတ်တဲ့သူတွေက မသတ်တော့ဘဲပြန်သွားကြတယ်။ ဒီလိုနဲ့ညရောက်လာတော့ သူတို့ထဲကတစ်ယောက်ကဆေးအစွမ်းပြ လာတဲ့အခါမှာတော့....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.47 GB) / (620 MB) / (338 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Horror Translator.......Tin Myo Lwin Encoder..........SWM
movie

Aporia (2019)

2019
The Road to El Dorado(2000) 7.0
The Road to El Dorado(2000) The Road to El Dorado(2000)************************** စွန့်စားခန်းတွေ၊ ရတနာရှာဖွေရေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် old but goldဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ El Dorado ဆိုတာက ရှေးနတ်ဘုရားတွေ ဖန်းဆင်းထားခဲ့ပြီး ရွှေအပြည့်နဲ့ ရွှေမြိုတော်ကြီးလို့သိကြပါတယ်။ဒါပေမယ့် ဒီမြို့ကိုတော်ရုံနဲ့တော့ ရှာမတွေ့နိုင်ဘူးပေါ့ဗျာ။ မီဂယ်လ်နဲ့ တူလီယို ဟာဆိုရင် လောင်းကစားတောင်မှ လိမ်စားတဲ့ အကြံဖန်သမားတွေပါ။ကံ‌ ကောင်းလားဆိုးလားတော့မသိ el dorardoကိုသွားတဲ့မြေပုံကို လောင်းကစားလုပ်ရင်းရခဲ့ပြီးပြေးရင်းလွှားရင်းနဲ့ပဲ အဲ့မြို့တော်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်..ဘယ်လို ခိုးထုတ်ကြမလဲဆိုတာကိုတော့....   File Size :(2.08GB) (866 MB) and (234 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:30:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Road to El Dorado(2000)

The Borrowers (1997)
The Borrowers (1997) ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့်1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့(၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ..သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ..ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေကလူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား..အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကိုမိသားစုနဲ့အတူချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar ...
movie

The Borrowers (1997)

Ghost Blowing Lantern: Return of the South China Sea (2022) 5.9
Ghost Blowing Lantern: Return of the South China Sea (2022) Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့ Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့ နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ်ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင် ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ် အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှ ချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ်ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးက သွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ် နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ်မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား? ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား? အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Ghost Blowing Lantern: Return of the South China Sea (2022)

The Lion King 1½(2004) 6.7
The Lion King 1½(2004) The Lion King 3================The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကိုနည်းနည်းသွားကြည့်လိုက်ကြရအောင်…ဇာတ်လမ်းလေးက ဒီလိုစပါတယ် …မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းကသတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကိုအမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲအချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာသူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးကမင်းက ...
movie

The Lion King 1½(2004)

The Lion King II: Simba’s Pride(1998) 6.4
The Lion King II: Simba’s Pride(1998) The Lion King  2******************** အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်းရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလိုစိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာစကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေးနေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကိုအသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားကချစ်သူနှစ်ဦးရဲ့ လမ်းခရီး‌လေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်းတစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့… File Size : (1.14 GB) and (553 MB) Quality ...
movie

The Lion King II: Simba’s Pride(1998)

The Lion King (1994) 8.5
The Lion King (1994) The Lion King (1994) ==================  IMDb - 8.5/10______Rotten - 94%Won 2 Oscars. Another 35 wins & 34 nominationsဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ.......File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : ...
movie

The Lion King (1994)

Were the World Mine (2008) 6.8
Were the World Mine (2008) Were the World Mine (2008) ===================== IMDb Rating - 6.8/10ရိုမီယိုနဲ့ဂျူးလီးယက်တို့ရဲ့ပဲ့ကိုင်ရှင်ကြီး ဝီလျံရှိတ်စပီးယားရေးတဲ့ "A Midsummer Night's Dream" ကိုသိကြမယ်ထင်ပါတယ်။ အဲ့ဒီပြဇာတ်ကို ထည့်ရိုက်ထားတာမို့လို့ ဒီဇာတ်ကားကိုကြည့်ဖို့ဆို အဲ့ဇာတ်ကြောင်း နားလည်ထားရင်ပိုအဆင်ပြေမှာပါ။ ဇာတ်လမ်း ကတော့နည်းနည်းတစ်မျိုးပဲဗျ။ ပေးချင်တဲ့မက်ဆေ့ဂ်ျကို မြင်အောင် ကြည့်တတ်ရင်တော့ သိပ်မဆိုးပါဘူးပဲပြောရမှာပေါ့လေ။တင်မသီက ယောက်ျားလေးသီးသန့်ကျောင်းမှာတက်နေတဲ့ ကျောင်း သားတစ်ယောက်။ နောက်ပြီးတော့ သူကဂေးပေါ့။ အဲ့ခေတ်တုန်းက LGBT တွေကိုလက်မခံတဲ့သူ ခပ်များများဆိုတော့ ကျောင်းမှာအနှိမ်ခံ လေးပေါ့။ သူ့ Crush ကလည်း အဖြောင့်ကြီးဖြစ်နေပြန်ပါတယ်။ တစ် နေ့ကျ သူတို့ကျောင်းမှာ ဝီလျံရှိတ်စပီးယားရဲ့ပြဇာတ်"A Midsummer Night's Dream" ကိုကပြရမှာမို့ နတ်သူငယ် ပက်ခ်(ရော်ဘင်ဂွတ်ဖဲလိုး) နေရာကနေ သရုပ်ဆောင်ရမယ့် တင်မသီတစ်ယောက် ပြဇာတ်စာသား ကျက်နေရင်း စတန့်ထွင်လိုက်ရာကနေ အဲ့ပြဇာတ်ထဲက အစွမ်းရှိတဲ့ ခရမ်းရောင်ပန်းပွင့်ကို ရသွားပါတယ်။ဒီတော့ အဲ့ခရမ်းရောင်ပန်းပွင့်က ဘာအစွမ်းရှိတာလဲ။ အဲ့ပန်းရဲ့အစွမ်းနဲ့ တင်မသီ ဘာတွေလုပ်မိမလဲ။ နောက်ဆုံး အလွဲတွေကနေ ဘယ်လိုဇာတ် သိမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(18+မဟုတ်ပေမယ့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တဲ့ ဇာတ်ဝင်ခန်း တွေပါပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Were the World Mine (2008)

2008
Hidalgo(2004) 6.7
Hidalgo(2004) Hidalgo(2004)==============ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံးမြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းကသူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုကFrank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် ...
movie

Hidalgo(2004)

Rango (2011) 7.2
Rango (2011) [Unicode]2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ ...
movie

Rango (2011)

The VelociPastor (2018)
The VelociPastor (2018)     စူပါပါဝါလည်းရှိ၊ ဒိုင်နိုဆောလည်းပါပြီး၊ နင်ဂျာတွေနဲ့ပါချတဲ့ ရုပ်ရှင်မျိုး မရှိဘူးထင်ရင် မှားသွားပါမယ်။Social mediaတွေမှာတွေ့နေကြ memeရုပ်ရှင်လေးလာပါပြီ။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူ့မိဘတွေဆုံးပါးသွားတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ပြည်ဘက် ခရီးထွက်လာပါတယ်။ တရုတ်ပြည်သွားရာကနေ မထင်မှတ်ပဲ ဒိုင်နိုဆောအဖြစ်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိလာပါတော့တယ်။ ဒိုင်နိုဆောအစွမ်းတွေရှိလာတဲ့အချိန် ကာရိုဆိုတဲ့ အပျော်မယ်လေးနဲ့တွေ့ဆုံမိချိန်မှာ သူ့ရဲ့ ဒိုင်နိုဆောပြောင်းနိုင်တဲ့ အစွမ်းတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရှု့ရမှာပါ။ File size…(1.63GB)  / (837MB) / (483MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:15:00 Genre...Action / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

The VelociPastor (2018)

Street Fighter (1994) 5
Street Fighter (1994) Street Fighterဗန်ဒိန်းဆိုတာနဲ့ ကျွန်တော်တို့ ငယ်ဘဝကကြည့်နေကျ အက်ရှင်မင်းသားကြီးဆိုတာ အမှတ်ရနေကြမှာပါ...Street Fighter ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာတော့ ဗန်ဒိန်းက Col. Guile အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်အာရှတစ်လွှားမှာ သူသတ်အကြမ်းဖက်လုယက်နေတဲ့ အာဏာရူး General Bisonဟာ မဟာမိတ်ညွှန့်အပေါင်းအဖွဲ့က စေတနာဝန်ထမ်၆၀ကျော်ကို ပြန်ပေးဆွဲသွားကာ လျော်ကြေးငွေ ၂၀ဘီလီယံတောင်းဆိုလာတဲ့အခါ ဗန်ဒိန်းတို့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်...ဒါတင်မကသေးဘဲ ဘိုင်ဆန့်လက်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရသူအပေါင်းကလည်း လက်စားချေတုံ့ပြန်ဖို့ ကြံစည်လာတဲ့အခါ....တချိန်က ဗန်ဒိန်းကားတွေကို ကြည့်ခဲ့ဖူးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးက ငယ်ဘဝကိုလည်း ပြန်ပြောင်းသတိရစေမှာပါAction ကြိုက်တဲ့သူတွေ့အဖို့လည်း အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားမို့တင်ဆက်ပေးလိုက်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (1.1GB) Quality__Bluray_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:42:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by ...
movie

Street Fighter (1994)

Mad Heidi (2022) 6.1
Mad Heidi (2022) Mad Heidi (2022)(1080p ရပါပြီ)ဒီဇာတ်ကား‌လေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင် ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ? ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းကို ကို Themes က ရေးပေးထားပါတယ်။)File Size          : 1.9GB, 886MB, 418MB Quality  ...
movie

Mad Heidi (2022)

2022
The Amazing Maurice (2022) 6.4
The Amazing Maurice (2022) The Amazing Maurice (2022) ===================== IMDb Rating - 6.4/10ဇာတ်လမ်းအကျဉ်းလေးကတော့ စကားပြောတတ်တဲ့ ကြွက်ကလေး တွေရယ်၊ ကိသ်ဆိုတဲ့ မိဘမဲ့ကောင်လေးရယ် ‌စကားပြောတတ်တဲ့ မော်ရိစ် ဆိုတဲ့ကြောင်လေးရယ်၊ သူတို့တွေက လူတွေဆီကပိုက်ဆံကို လိမ်ယူကြ တယ်။ လိမ်ပုံလိမ်နည်းကတော့ ကြွက်တွေကိုမြို့တစ်မြို့ဆီကို အရင်ဝင် ခိုင်းပြီး သောင်းကျန်းခိုင်းလိုက်တယ်။ ကြွက်တွေကြောင့်လူတွေဟာ အအိပ်ပျက် အစားပျက်နဲ့ ဒုက္ခတွေရော‌က်ကြတယ်။ပုလိပ်ရောဂါရမှာကိုလည်း စိုးရိမ်ကြတယ်။အဲ့ဒီအချိန်ကျမှ ကယ်တင်ရှင်ကြီး‌အနေနဲ့ မော်ရိစ်ဟာ ကိသ်ကို The Piper ပု‌လွေသမားလေးပုံစံဟန်ဆောင်ပြီးပုလွေနဲ့သီချင်းတီးကာ ကြွက်တွေကိုမြို့နဲ့ ဝေးရာကိုခေါ်သွားစေတယ်။ ကြွက်တွေမရှိအောင်ဆောင်ရွက်ပေးတဲ့အတွက် လူတွေပိုက်ဆံတွေပေးကြတယ်။ ဒီလိုနဲ့တစ်မြို့ပြီးတစ်မြို့ပိုက်ရှာနေရင်းနဲ့ ဘက်လစ်ဇ်ဆိုတဲ့မြို့ကိုလိမ်ဖို့ရောက်လာကြတယ်။ မြို့ဟာ အချက်အခြာကြပြီး မြို့ကြီးမြို့ကောင်းဆိုပေမယ့် ထူဆန်းစွာနဲ့ တစ်မြို့လုံးဟာတိတ်ဆိတ်နေကြတယ်။ အကြောင်းကတော့ စားစရာမှန်သမျှဟာ တစ်ခုမကျန်ပျောက်ဆုံးနေပြီး တစ်မြို့ လုံးဟာ အငတ်ဘေးဆိုက်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့လိမ်မယ်ဆိုတာကို စွန့်လွှတ်ပြီးတော့ မြို့တော်ဝန်သမီးနဲ့အတူ အဖြေလိုက် ရှာတဲ့အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.71 GB) / (728 MB) / (436 MB) Quality............WEB-RIP 1080p / 720p ...
movie

The Amazing Maurice (2022)

2022