Channel Myanmar

Adventure

Ant-Man and the Wasp: Quantumania (2023) 6.4
Ant-Man and the Wasp: Quantumania (2023) Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie

Ant-Man and the Wasp: Quantumania (2023)

2023
4K HEVC
The Fourth Musketeer (2022) 4.2
The Fourth Musketeer (2022) The Fourth Musketeer (2022) ======================တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေး တစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံး ဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်း ကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင် အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော် ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော် ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော် အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်‌စေချင်လို့ပါ။ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ် တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်း ကနေ စစ်သည်တော်ဖြစ်ချင်‌နေတဲ့ ကောင်လေးကိုတွေ့တော့ ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာသပေါ့လေ။ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်း ပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကား လည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင် ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်း စာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်း မသိ ပြီးသွားမှာပါ။နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်...ဆရာ ကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲက ဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာ ပြန်ဖူးပါတယ်။ "The Count Of Monte Cristo"ကိုရေးတဲ့ ပြင် သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ"The Three Musketeers"ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

The Fourth Musketeer (2022)

2022
Captain Fantastic (2016)
Captain Fantastic (2016)  ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie

Captain Fantastic (2016)

Mighty Morphin Power Rangers: Once & Always (2023) 7.1
Mighty Morphin Power Rangers: Once & Always (2023) Mighty Morphin Power Rangers : Once and Always (2023)မော်ဖင် ပါဝါရိန်းဂျားတွေ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ။ ပါဝါရိန်းဂျားတွေဆိုတာ ၉၀ ဝန်းကျင်ကလေးတွေအတွက်တော့ မကြည့်ဖူးသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ သူရဲကောင်းတွေပါပဲ။ အခုချိန်မှာပြန်ကြည့်ရင် ကလေးဆန်တယ်ထင်ရပေမဲ့ ငယ်ဘဝအမှတ်တရတွေနဲ့ သရုပ်ဆောင်တွေကို ပြန်တွေ့ရတာနဲ့တင် ပျော်စရာကောင်းနေပါပြီ။ မူရင်းသရုပ်ဆောင်တွေ ပြန်ပါဝင်ထားပြီး ဇာတ်လမ်းကတော့ ဇော်ဒန်မရှိတော့တဲ့အချိန်မှာ သူတို့ရဲ့ ရန်သူတော်ကြီး ရီတာ ပြန်ပေါ်လာပြီး ရိန်းဂျားတစ်ယောက်ကို သတ်သွားတာကနေ အစပြုခဲ့ပါတယ်။ ရိန်းဂျားတွေဟာ ပြန်လွတ်လာတဲ့ ရီတာကို နှိမ်နင်းဖို့လိုက်ရှာနေချိန်မှာ ရီတာကလည်း ပိုကြီးတဲ့အကြံကြီးနဲ့ ရိန်းဂျားတွေကို တိုက်ခိုက်လာပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Family Quality…. 1080p | 720p | 480p File size… 1.2GB | 632MB | ...
movie

Mighty Morphin Power Rangers: Once & Always (2023)

2023
The Adventures of Sharkboy and Lavagirl (2005)
The Adventures of Sharkboy and Lavagirl (2005) The Adventures of Sharkboy and Lavagirl (2005)ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို ...
movie

The Adventures of Sharkboy and Lavagirl (2005)

2005
World War III (2022) 7
World War III (2022) World War III (2022)~ IMDb - 7/10, Rotten Tomatoes - 100% ~အီရန်က အော်စကာအတွက် ဝင်ပြိုင်ဖို့ရွေးခဲ့တဲ့ အီရန်ကားပါပဲ။ ဆန်ခါတင်ထဲတော့ မဝင်သွားပေမဲ့ ခရမ်းချဉ်သီး ၁၀၀ ရာခိုင်နှုန်းရထားတဲ့ ကားကောင်းလို့တော့ ပြောလို့ရပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာတော့ ဆုရခဲ့ပါတယ်။ အီရန်ရုပ်ရှင်ကိုမှ Drama Thriller အမျိုးအစားမို့ ရင်တမမနဲ့ ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ဇာတ်က ဒီလိုပါ။ လူတစ်ယောက်ရှိတယ်။ စာလည်းမတတ်ဘူး။ မိသားစုတွေကလည်း ငလျင်ကာလမှာ သေသွားလို့ ဘဝကို ထီးတည်းရှင်သန်နေတဲ့လူပေါ့။ အိမ်ရယ်လည်းမရှိဘူး။ သူငယ်ချင်းဆီ ကပ်နေနေရင်း တစ်နေ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ဆက်တင်ပြင်တဲ့ဆီ အလုပ်သွားလုပ်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီကားက ဒုတိယကမ္ဘာစစ်အကြောင်းရိုက်တာ။ ဟစ်တလာနေရာက သရုပ်ဆောင်တဲ့ သရုပ်ဆောင်က နှလုံးဖောက်ပြီး ဆေးရုံရောက်သွားရော။ ဒီတော့ ရိုက်ကွင်းအလုပ်သမားတွေထဲကပဲ အော်ဒီးရှင်းဝင်ခိုင်းပြီး လူရွေးတယ်။ ဒီမှာ ...
movie

World War III (2022)

2022
Sky High (2020) 5.6
Sky High (2020) Sky High (2020) ============= Genre - Action, Adventure, Crime IMDb Rating - 5.6/10ဘဝကို ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ အန်ဂဲလ်။ အမှတ်မထင် မရိုးမသား ဖိုးသခွား လုပ်နေတဲ့ ပိုလီနဲ့ ကောင်မလေး ကိစ္စအချင်းချင်း ဖြစ်ပွားရာကနေ တစ်စတစ်စ ဒုစရိုက်လောကထဲ ကို ခြေကျွံလာပါတယ်။ ပိုလီကတော့ ခြေစွမ်းကိုမြင်လို့ အန်ဂဲလ်ကို တဖြည်းဖြည်း ခေါ်ယူလာရင်း တဖြည်းဖြည်းနဲ့ သူ့ထက် လက်စောင်း ထက်လာတာကို မြင်ရမှာပါ။ တစ်ဖက်မှာလည်း အန်ဂဲလ်က အထက် တန်းကျောင်းတုန်းက ငယ်ချစ် ဆိုးလေးကို ခုတုံးလုပ်ရင်း သူ့အဖေ ဖြစ်တဲ့ ရိုဟီလီယိုကို ချည်းကပ် ဝင်ရောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ အန်ဂဲလ်တစ်ယောက် သူမုန်းတီးတဲ့ ဆင်ခြေဖုံးဘဝကို မေ့ပြစ် ဖို့ ကြိုးစားရင်း ဆရာဖြစ်ခဲ့ဖူးတဲ့ ရိုဟီလီယိုကို ကျော်ခွကာ တစ်ဖက် ကလည်း ရည်းစားပြိုင်ဖက် ပိုလီကို ကျော်ခွကာ ဘယ်လိုတွေ သူရောက် ချင်တဲ့ အထက်တန်းစားဘဝကို ရောက်အောင်လုပ်မလဲ ကြည့်ရမှာပါ။ ဆိုတော့ကား တစ်ခုရှိတာက လောဘတွေပါတဲ့ ဒီလို ...
movie

Sky High (2020)

2020
The Legend of Tarzan (2016) 6.3
The Legend of Tarzan (2016) ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ  လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့  အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး  ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့  စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။  အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး ...
movie

The Legend of Tarzan (2016)

2016
4K HEVC
Chupa(2023) 6.7
Chupa(2023) Chupa(2023)***********ချူပါကာဘရာ ရဲ့ အဓိပ္ပာယ်ဟာ "ဆိတ်သွေးစုပ်သူ"လို့ဆိုလိုပါတယ်။ အမေရိကန် ဒဏ္ဍာရီထဲမှာဆိုရင်တော့ ဆိတ်တွေရဲ့သွေးကို သောက်သုံးတဲ့ ဝက်ဝံငယ်လေးအရွယ်လောက်ရှိပြီး ခွေးနဲ့သဏ္ဌာန်တူကာပျံနိုင်တဲ့ သားရိုင်းသတ္တဝါတစ်မျိုးပါတဲ့။အဲဒီအကောင်မျိုးတွေဆီမှာ ထူးခြားတဲ့စွမ်းရည်တွေရှိလို့လူတွေက ဒီအကောင်တွေကိုရှာဖွေကြတယ်..အထူးသဖြင့် ဒဏ်ရာတွေကိုအလွယ်တကူပြန်ပျောက်စေတဲ့စွမ်းရည်ကြောင့်ပဲ...နှစ်အတော်ကြာသည့်တိုင် ရှာဖွေနိုင်ခြင်းမရှိလို့ ဒီမျိုးစိတ်ဟာ မျိုးတုံးပြီးဒဏ္ဍာရီ ဆန်ဆန် သာ ကျန်ခဲ့ပါတယ်..သို့သော်ဒီအထဲမှာ လက်မလျှော့တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်.. နောက်ဆုံးမှာ ရှားပါးမျိုးစိတ် သားအမိ(၂)ကောင်ကိုတွေ့ပြီးတဲ့နောက်မှာတော့... သူတို့တစ်ဖွဲ့လုံးဟာ အသည်းအသန် လိုက်ဖမ်းပြီးတဲ့နောက်မမျှော်လင့်တဲ့ဖြစ်ရပ်တွေ အားလုံးဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတော့တယ်...File Size :(2.2GB) and (899MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:35:00 Genre : Action, Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae   
movie

Chupa(2023)

Three Lines of Reincarnation ( 2023 ) 5.9
Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား..... ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Three Lines of Reincarnation ( 2023 )

The Quest for Tom Sawyer’s Gold (2023) 5.1
The Quest for Tom Sawyer’s Gold (2023) The Quest for Tom Sawyer's Gold (2023) =============================မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ ...
movie

The Quest for Tom Sawyer’s Gold (2023)

2023
Shazam! Fury of the Gods (2023) 6.5
Shazam! Fury of the Gods (2023) Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie

Shazam! Fury of the Gods (2023)

2023
4K HEVC
Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

Congo (1995)
Congo (1995) ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie

Congo (1995)

Coast Guard Malaysia: Ops Helang(2023) 7.4
Coast Guard Malaysia: Ops Helang(2023) Coast Guard Malaysia: Ops Helang(2023)**************************************မလေးရှားကမ်းခြေစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်တစ်ဦးဖြစ်သူဟဖစ်ဟာ မှုခင်းတိုက်ဖျက်စစ်ဆင်ရေးတွေပြုလုပ်အပြီးမှာတော့ ဇနီးလောင်းလေးနဲ့ ဘဝအသစ်စမယ်ဆိုပြီး ကျွန်းလေးတစ်ကျွန်းမှာ စေ့စပ်ပွဲလေးကျင်းပလက်ထပ်ကြတယ်ပေါ့။ ကံဆိုးချင်တော့ အဲ့နေ့ညမှာပဲ ပင်လယ်ဓားပြတွေက ကျွန်းကိုဝင်စီး ဟဖစ်တို့ ဇနီးမောင်နှံအပါအဝင်မိသားစုနဲ့ ပွဲလာသူတွေကို လူတွေကိုဖမ်းဆီး ဓားစာခံလုပ်ကာဖမ်းခေါ်သွားပါတယ်။ ဒါပေမယ့် ဟဖစ်ကတော့ ဒဏ်ရာရကာ ကံကောင်းပြီးဓားပြတွေလက်ထဲမှလွတ်မြောက်လာခဲ့ပြီးဇနီးဖြစ်သူနဲ့မိသားစုကိုပြန်ကယ်ဖို့ကြိးပမ်းပါတော့တယ်။ ဒီဓားပြမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ တခြားအကြောင်းအရာများစွာ နောက်ကွယ်မှာရှိနေသေးကြောင်းသိလိုက်ရတဲ့အခါ.... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားနိုင်ပါပြီ။File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Coast Guard Malaysia: Ops Helang(2023)

Titina(2022) 7.5
Titina(2022) Titina(2022)***********ဒီတစ်ခါတော့ Animation fan လေးတွေအတွက်ပါ.... Italian အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Umberto Nobile ဆိုသူဟာ တစ်နေ့မှာ အပြင်ထွက်ရင်းTitina ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်.. နောက်တစ်နေ့မှာတော့ ဝင်ရိုးစွန်းတွေကို Explore လုပ်တဲ့ Roald Armendson ဆိုတဲ့သူဟာမြောက်ဝင်ရိုးစွန်းက်ုသွားဖို့ Airship တစ်စင်းဆောက်ပေးဖို့ သူ့ဆီဖုန်းနဲ့ဆက်သွယ်လာပါတယ်....Airship ဆောက်ပေးရုံမကပဲ မြောက်ဝင်ရိုးစွန်းကိုပါ အတူလိုက်ပါခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ကိုပျော်မိတာပေါ့... ဒီလိုနဲ့တစ်နေ့ သူ့ရဲ့ Airship ကြီးဆောက်လုပ်ပြီးစီးတဲ့အခါမှာ Roald Armendson နဲ့အတူမြောက်ဝင်ရိုးစွန်းကိုခရီးနှင်ခဲ့ပါတယ်.အဲ့ဒီခရီးမှာ သူ့ခွေးလေး Titina လေးလည်း လိုက်ပါလာပါတယ် ...ဒီလိုနဲ့ Armendson နဲ့ Nobile တို့နှစ်ယောက် ဘယ်လောက်ရင်းနှီးသွားကြမလဲဆိုတာအပြင်Titina လေးရဲ့ ချစ်စရာကောင်းတာကိုပါ မြင်တွေ့ရမှာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး....File Size :(1.4GB) and (496MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Family Subtitle : Myanmar ...
movie

Titina(2022)

Black Butler(2014) 7.2
Black Butler(2014) Black Butler(2014)*****************လက်စားချေတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ၂၀၁၄ ကထွက်ရှိခဲ့တဲ့ Black Bulter ဆိုတဲ့ဂျပန်ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးပါရစေ။အမေနဲ့အဖေနှစ်ယောက်လုံး အသတ်ခံရပြီးနောက် ကံကောင်းစွာလွတ်မြောက်သွားခဲ့တဲ့ ရှီအိုရီဆိုတဲ့ကောင်မလေးဟာ ယောက်ျားလေးဟန်ဆောင်ပြီး မိသားစုဆီကိုပြန်လာခဲ့ပါတယ်။ဒီလိုပြန်လာနိုင်ဖို့ သူ့ရဲ့ဝိညာဥ်ကို နတ်ဆိုးဆီကိုရောင်းစားခဲ့ပြီး နတ်ဆိုးနဲ့အတူပြန်လာခဲ့တာပါ။ငယ်ရွယ်တဲ့ကောင်မလေးဟာ နတ်ဆိုးနဲ့အတူ သူ့မိဘတွေရဲ့သေဆုံးမှုကို ဘယ်လိုစုံစမ်းပြီး လက်စားပြန်ချေမလဲ။နည်းပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေ၊ အထက်တန်းအလွှာတွေကြားကရှုပ်ထွေးမှုတွေနဲ့အတူခမ်မိုက်မိုက် အက်ရှင်ခန်းတွေ Plot Twist တွေနဲ့မို့ ကြည့်သင့်ပါကြောင်းFile Size :(2.7GB)(1GB) and (353MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Black Butler(2014)

Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
Sri Asih(2022) 7.2
Sri Asih(2022) Sri Asih(2022)*************Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီးlive-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာသာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်File Size :(1.9GB) and (870MB) Quality :WEB-DL1080P, ...
movie

Sri Asih(2022)