Channel Myanmar

Adventure

The Last Victim (2021) 5.0
The Last Victim (2021)  ဝေးလံခေါင်သီတဲ့ နယ်မြိုလေးတစ်မြိုမှာ ရက်စက်ကြမ်းကြုတ်တဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ၀ရမ်းပြေး အဖွဲတစ်ဖွဲနဲ့ခရီးထွက်လာတဲ့ ပရော်ဖက်ဆာ လင်မယားတို မထင်မှတ်ဘဲတွေ့ဆုံသွားတဲ့အခါမှာ ဘာတွေ ဖြစ်ကြမလဲ။လူတွေ ဘယ်လို သတ်ဖြတ်ခံရမလဲ။ အသက်ရှင်ခြင်းဟာတစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့အခါ ကိုယ်ကျင့်တရားတွေ ဘယ်လို မှေးမှိန်သွားရသလဲ။ဒါတွေကို ဒီဇာတ်ကားထဲမှာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB rating ကလည်း 5 ရထားတာဆိုတော့သည်းထိတ်ရင်ဖိုတွေ ကြိုက်တဲ့သူ‌တွေ အတွက်ကတော့ဇာတ်ကားက ကြည့်ကို ကြည့်ရမယ့် ကားတစ်ကားပါပဲ။ File size…1.47GB / 737MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Adventrue , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

The Last Victim (2021)

Despicable Me 4 (2024) 6.3
Despicable Me 4 (2024) Despicable Me 4 (2024)IMDb Rating (6.3) / Rotten Tomatoes (56%)နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ ...
movie

Despicable Me 4 (2024)

4K HEVC
I Spy (2002) 5.5
I Spy (2002)  ဒီကားလေးကတော့ Owen Wilson နဲ့ Shrek animationထဲက Donky အသံသရုပ်ဆောင် Eddie Murphy တို့နှစ်ယောက်တူတူပါဝင်ထားတဲ့ ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်.ဇာတ်လမ်းအကျဥ်းလေးကတော့ အစိုးရဆီကအခိုးခံလိုက်ရတဲ့ကိုယ်ပျောက်လေယာဥ်ကို ပြန်ယူပေးဖို့အထူးအေးဂျင့် အဲလက်စ် (Owen Wilson) နဲ့ အစိုးရကနေအကူအညီတောင်းခေါ်ယူထားတဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ကယ် ရော်ဘင်ဆန် (Eddie Murphy)တို့နှစ်ယောက် တာဝန်ပေးခံရပါတယ် ။နယ်ပယ်မတူတဲ့သူတို့နှစ်ယောက် အဖွဲ့​​​ဖြစ်သွားပြီးလေယာဥ်ကိုပြန်ရအောင်ဘယ်လိုကြိုးစားကြမလဲဆိုတာဟာသတွေအလွဲတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ.. File size…1.87GB /1.1GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BELYS
movie

I Spy (2002)

Dragon Seeking Coffin (2024) 5.8
Dragon Seeking Coffin (2024) လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာ ကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။ အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာ ဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီး ဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့ လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်း မိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့ လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။ လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့် ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လို အန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။ အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား...... ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ...... Filesize : 983 MB / 561MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Mystery Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Dragon Seeking Coffin (2024)

Catch That Kid (2004)
Catch That Kid (2004)  ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie

Catch That Kid (2004)

The Enchanting Phantom ( 2020 ) 5.8
The Enchanting Phantom ( 2020 ) 90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့ A Chinese Ghost Story ဇာတ်ကား‌လေးကိုသိကြမှာပါ ခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်စာပေသမားလေးနင့်ချိုင်ချန်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာ ဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ် သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နိရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီး ကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ်ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကို တောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားတဲ့အပြင် သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ် ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ပြောင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့် ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော် ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင် ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့် ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ် Filesize : 2.27 GB / 1.40 GB /842 MB Quality : WEB-DL 4K HEVC,  1080p , 720p Format : ...
movie

The Enchanting Phantom ( 2020 )

4K HEVC
Mulan (2020) 5.8
Mulan (2020) Mulan (2020)IMDb Rating (5.8) / Rotten Tomatoes (72%)ဒီမူလန်ကားကတော့ တရုတ်ကားဆိုပေမယ့် English စကားပြော Disney ရဲ့ရုပ်ရှင်ဖြစ်ပါတယ်။ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇာတ်ကောင်ဆိုတာ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန  Live Action တွေ ပြန်ရိုက်လဲ ပရိတ်သတ်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇာတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. CM မှာ တင်ဆက်ထားတဲ့ Mulan ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=mulan ကြည့်ပါ။ File size…(5.7 GB)/(1.9 ...
movie

Mulan (2020)

2020
4K HEVC
Mulan: Rise of a Warrior (2009) 6.8
Mulan: Rise of a Warrior (2009) တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။...နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်...ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲတရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်...တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်...တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါသူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်...ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ10th Changchun Film Festival : Actress Award300th Hundred Flowers Award : Best Picture Award & Best Actress Award19th Shanghai Film Critics Award : Best Actress AwardVietnam DAN Movie Awards : Favorite Actress Awardစတဲ့ဆုတို့ကို ...
movie

Mulan: Rise of a Warrior (2009)

2009
Mulan (1998) 7.7
Mulan (1998) Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie

Mulan (1998)

1998
Hijack 1971 (2024)
Hijack 1971 (2024) Hijack 1971 (2024)*******************ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာတွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်းဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကိုခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ဖြစ်လာတဲ့အခါမှာတော့....တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး..အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ်မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့လေယာဥ်မှူးအဖြစ် ...
movie

Hijack 1971 (2024)

Saving Bikini Bottom: The Sandy Cheeks Movie (2024)
Saving Bikini Bottom: The Sandy Cheeks Movie (2024)  သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ''''မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ'''' ''''ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ''ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော်ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်... File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie

Saving Bikini Bottom: The Sandy Cheeks Movie (2024)

The Legend of Kunlun ( 2022 ) 6.4
The Legend of Kunlun ( 2022 ) ဂူသင်္ချိုင်း‌‌တွေထဲမှာ ရတနာတွေရှာ‌‌ဖွေစွန့်စားရမဲ့ ဇာတ်ကားလေးကိုကြည့်ရတာ သဘောကျတတ်တဲ့ CM fansတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဖချိုးမျိုးနွယ်စုရဲ့ သမိုင်းအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား ကျန်းဝမ်ဖုန်းကတော့ သူ့အဖေပျောက်ကွယ်သွားရတဲ့ ဖြစ်ရပ်မှန်ကိုသိချင်သောစိတ်တစ်ခုနဲ့ ဒီရတနာသိုက်ရှာဖွေတဲ့လမ်းကို လျှောက်ခဲ့တာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းက ကောင်းကင်ဘုံနည်းပညာကိုလေ့လာသင်ယူကာ ကောင်ကင်ဘုံအရာရှိဆိုတဲ့ ရာထူးကိုလည်းဆက်ခံပြီးသား လူတစ်ဦးဖြစ်ပါတယ်ဒီလိုနဲ့ ကျန်းဝမ်ဖုန်းရယ် သူ့သူငယ်ချင်းဖြစ်သူ ကျာလူပန်းနဲ့ ကျုံးလင်တို့ ၃ယောက်ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် ‌အတူလုပ်ကိုင်ကြရာမှ ကျန်းဝမ်ဖုန်းရဲ့ အဖေကိုရှာတွေ့ဖို့ နည်းလမ်းတစ်မျိုးရှာတွေ့သွားပါတယ် နည်းလမ်းကတော့ ကျောက်မင်ရှေးဟောင်းကြေးမုံကိုရအောင်ရှာပြီး ခွန်းလွမ်တောင်အတွင်းမှာရှိတဲ့ လျှို့ဝှက်မြို့ထဲကိုသွားရမှာဖြစ်ပါတယ်ကျန်းဝမ်ဖုန်းလည်း သူ့အဖေနဲ့အဆက်သွယ်ပြတ်တာ ၁၇နှစ်ရှိပြီဆိုတော့ အချင်းချင်းပြန်တွေ့နိုင်ဦးမလား တရုတ်ရိုးရာအမွေအနှစ်ပုံပြင်တွေနဲ့ သမိုင်းအကြောင်းလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာမလို့ အားလုံးပဲ The Legend of KunLunကိုကြည့်ရှုလိုက်ရအောင် Filesize :  1.15 GB / 644 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Legend of Kunlun ( 2022 )

Pompeii (2014) 5.5
Pompeii (2014) Pompeii (2014) Genre – Action, Adventure, Romance, History79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာအနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်းပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Paul WS Anderson တစ်ယောက်ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT ကJon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကိုခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ်Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုကကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ...
movie

Pompeii (2014)

2014
Chhota Bheem and the Curse of Damyaan (2024) 7.3
Chhota Bheem and the Curse of Damyaan (2024) Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Chhota Bheem and the Curse of Damyaan (2024)

2024
The Extraordinary Journey of the Fakir (2018) 7.2
The Extraordinary Journey of the Fakir (2018) The Extraordinary Journey of the Fakir (2018)IMDb Rating (6.8 )ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့်ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ်ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့  မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်...ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ....ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့်အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ....။ File size…(1.7 GB )/(1 ...
movie

The Extraordinary Journey of the Fakir (2018)

2018
Dynamite Warrior ( မီးကျည်မဲခေါင် မြန်မာစာတန်းထိုး) 2006 5.1
Dynamite Warrior ( မီးကျည်မဲခေါင် မြန်မာစာတန်းထိုး) 2006  Dynamite Warrior (2006)ကဲဗျာ ဒီတစ်ခါတော့ One Bak တို့ The Protector တို့ရဲ့ ဖန်တီးရှင် ကပဲ ဆက်လတ်ရိုက်ကူးခဲ့တဲ့ Dynamite Worriers ခေါ် မီးကျည်မဲခေါင် ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေဗျ ဇာတ်ကားက အဟောင်းဆိုပေမဲ့ ဘယ်တော့မှ မရိုးသွားမယ် ကားမျိုးဖြစ်ပါတယ်ဗျမင်းသားကလည်း Ong Bakထဲက ဒူးတံတောင်မင်းသားကြီး ပါပဲ။ ၁၈၉၀ ဝန်းကျင်မှာ အခြေတည်ထားတဲ့ ခေတ်ဟောင်းအငွေ့အသက်လေးတွေနဲ့ ထိုင်းရော်ဘင်ဟုဒ်ဗားရှင်းကို ရှုစားရမှာပါ။၁၈၉၀ ခုနှစ် စိုင်ယမ်မှာ လယ်ယာလုပ်ငန်းကို ကျွဲတွေနွားတွေနဲ့ ရုန်းနေရချိန်မှာ မြို့ထဲကဓနရှင်အရင်းရှင်ဖြစ်တဲ့ သခင်ကြီးဖရာဝမ်က အနောက်တိုင်းက လယ်ထွန်စက်ဆိုတာတွေ တင်သွင်းလာပြီး ဈေးကြီးကြီးနဲ့ ရောင်းပါတော့တယ်။ ဒါပေမဲ့ ကျွဲနွားနဲ့ လယ်ထွန်စက်ဈေးက ဆယ်ဆတစ်ဆဖြစ်နေတော့ အခြေခံလူတန်းစားမပြောနဲ့ သူဌေးတွေတောင် စိတ်မဝင်စားကြပါဘူး။ဒီလိုနဲ့ ဖရာဝမ်တစ်ယောက် ဓားပြတွေငှား ကျွဲနွားကုန်သည်တွေဓားပြတိုက် အတင်းလုယက်ခိုင်းပြီး လယ်ထွန်စက် မဝယ်ဝယ်အောင်လုပ်ပါတော့တယ်။ အဲဒီမှာ ဂျုန်ဘန်ဖိုင်ဆိုတဲ့လူထူးဆန်းတစ်ယောက် ပေါ်လာပါတော့တယ်။ဂျုန်ဘန်ဖိုင်ဟာ ကျွဲသူခိုးဆိုပေမဲ့ သူကကုန်သည်တွေဆီကခိုးပြီး ဆင်းရဲသားတွေကို ပြန်ခွဲဝေပေးတဲ့ ထိုင်းရော်ဟင်ဟုဒ် သူခိုးကောင်းလေးပေါ့။ မွေထိုင်းလည်းကျွမ်းပြီး ဒုံးကျည်လက်နက်ကိုသုံးတဲ့သူ့ကို ဘယ်သူမှလည်းအနိုင်မယူနိုင်ပါဘူး။ လူသတ်လေ့မရှိတဲ့ဂျုန်ဘန်ဖိုင်က ...
movie

Dynamite Warrior ( မီးကျည်မဲခေါင် မြန်မာစာတန်းထိုး) 2006

2006
Norm Of The North (2016) 3.4
Norm Of The North (2016) အခုတခါတော့ ပရိတ်သတ်ကြီးအတွက် Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲကစီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးကအခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံးတရုပ်ကို သရော်ထားတာကိုပါပဲ။ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ ပိုလာဘဲတို့ရဲ့ ဒေသမှာမစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီးတားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီးကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့(ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ) File size…    1.6 GB /  976 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Norm Of The North (2016)

Brother Bear 2 (2006) 6.1
Brother Bear 2 (2006) The Brother Bear 2 (2006)IMDb Rating - 6.1/10 Rotten Tomatoes - 50%နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ... ...
movie

Brother Bear 2 (2006)

The Time Machine (2002) 6.0
The Time Machine (2002) The Time Machine (2002) IMDb Rating (6.0)အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့... ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie

The Time Machine (2002)

2002