Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
5.6
Alexander (2004)
Alexander (2004)ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ...
movie
Alexander (2004)
6.4
Inferno (2016)
Dan Brown ရဲ့ စာအုပ် Inferno ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာလဲဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) နဲ့ Angels & Demons (2009) တို့ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့...ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပါတယ်...မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရတော့ဘဲ အတိတ်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်သူဘာကြောင့်ဆေးရုံရောက်တယ် သူဘာတွေလုပ်ခဲ့တယ် မေ့နေခဲ့ပါပြီ..ဒါကြောင့်သတိရဖို့ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်မယ့်ဖြတ်မယ့်လူတွေအပြင်အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန်လိုက်နေတာကို သိလိုက်ရပါတယ်.....သူ့လက်ထဲမှာလဲ ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု...သူဘာတွေရှုပ်ထားမိပြီလဲ......ဒီလိုနဲ့လူသတ်သမားတွေရန်က ပြေးရင်းလွှားရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်းသဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့.....။ File size…(4 GB)/(2.5 GB)/ (1.3 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:01:35 ...
movie
Inferno (2016)
2016
5.8
Battle: Los Angeles (2011)
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး...ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်...အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ...စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး...ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre ..... Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Battle: Los Angeles (2011)
2011
6.3
Fast X(2023)
Fast X(2023)************Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ...
movie
Fast X(2023)
4K HEVC
5.9
Sanctum (2011)
CMပရိတ်သတ်ကြီးကိုဒီတခါမိတ်ဆက်ပေးချင်တာကတော့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်လမ်းတခုနဲ့ပါ။ဖရန့်ခ် မက်ဂွိုင်းယားဆိုတာက ကမ္ဘာမှာ အလေးစားရဆုံးဂူတွင်းရေငုပ်သမားတယောက်ပါ။သူ့ရဲ့သားဖြစ်သူ ဂျော့ရှ်နဲ့အတူတူအက်ဆာလာလိုဏ်ဂူကြီးရဲ့ ဂူစနစ်တွေ မြစ်တွေကိုလေ့လာဖို့ရောက်ရှိနေခဲ့တာပါ။ ကတောက်ကဆဖြစ်နေတဲ့သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးကြား ကံဆိုးမှုတခုကတော့တနေ့မှာရောက်ရှိလာခဲ့ပါတယ်။ မုန်တိုင်းကြောင့်မြေပြင်ကနေ မီတာ၂၀၀၀အောက်မှာဖြစ်တဲ့အခြေစိုက်စခန်းမှာပိတ်မိဖို့ဖြစ်လာခဲ့တဲ့အချိန်မှာတော့အသက်ရှင်သန်နိုင်ရေးအတွက်ကြိုးစားလာရပါတော့တယ်။ မုန်တိုင်းကြောင့်ဂူထဲကိုအလုံးအရင်းနဲ့ဆင်းလာတဲ့ရေတွေကြားမှာ အရှင်လက်လက် ရေနစ်မသေရဖို့ဖရန့်ခ်တို့အဖွဲ့တွေ မြေပြင်ပေါ်ကိုပြန်ရောက်နိုင်အောင်ဘယ်လိုကြိုးစားကြမလဲ။ သူတို့ရဲ့မျှော်လင့်ချက်တခုတည်းဖြစ်တဲ့ပင်လယ်ဆီကိုရောက်နိုင်ဖို့အတားအဆီးတွေအခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ။အဆုံးမှာသူတို့တွေဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်တမမနဲ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…2.41GB /1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Sanctum (2011)
6.8
Hanna (2011)
Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie
Hanna (2011)
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie
Ponniyin Selvan: Part II (2023)
4K HEVC
6.7
Attack the Block (2011)
ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie
Attack the Block (2011)
8.6
Spider-Man: Into the Spider-Verse (2018)
Spider-Man: Into the Spider-Verse (2018) IMDb - 8.4/10____Rotten Tomatoes - 97% Metacritic - 87% Won 1 Oscar. Another 79 wins & 55 nominations With great power comes great responsibility ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့long long ago Spider man movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ Spider man ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ၂ ကားထပ်ရိုက်ခဲ့ပါတယ် Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into the spiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ ...
movie
Spider-Man: Into the Spider-Verse (2018)
2018
4K HEVC
6.1
Mickey’s Tale of Two Witches (2021)
Mickey's Tale of Two Witches (2021) ==========================ဒီတစ်ခါတော့ CM က Friend zone မဟုတ်တဲ့ Kid zone လေးဖန်တီးပေးလိုက်ပြီနော်။ ငယ်ဘဝကို Nostalgic ဖြစ် စေမယ့် Mickey Mouse movie လေးဆိုပေမယ့် 2021 ထွက်ဖြစ်ပြီး အရင်အဟောင်းလေးတွေလောက် ကလေး တအားမဆန်တဲ့ ဇာတ်အိမ်လေးကြောင့် ငယ်မူပြန်ချင်တဲ့ CM fan တွေအတွက် Recommend ပေးပါတယ်။ Hall- oween story ဖြစ်ပြီး Minnie နဲ့ Daisy အပေါ် အဓိက ထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ စုန်းဖြစ်ဖို့ အတူတူ ကြိုးစားနေကြတဲ့ Minnie နဲ့ Daisy တို့သူငယ်ချင်းနှစ်ယောက် ရဲ့ Halloween စွန့်စားခန်းတွေကို ပုံပြင်လေးတစ်ပုဒ်အနေနဲ့ တင်ဆက်သွားမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(930 MB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, ...
movie
Mickey’s Tale of Two Witches (2021)
2021
5.8
Malice in Wonderland (2009)
ဒီဇာတ်ကားက 1865တုန်းကထွက်ခဲ့တဲ့ Alicec's Adventures in Wonderland novel ကို အကြမ်းဖျင်းမှီငြမ်းပြီးရိုက်ကူးထားတဲ့ fantasy ကားတစ်ကားပါ။ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Maggie Graceဟာ လန်ဒန်မြို့အလယ်မှာ တက္ကစီတစ်စီးတိုက်တာခံလိုက်ရပြီး သူ့မှတ်ဉာဏ်တွေဆုံးရှုံးလိုက်ရပြီး ပြန်နိုးလာတဲ့အခါမှာတော့ တခြားကမ္ဘာတစ်ခုလိုနေရာကိုရောက်နေတာသိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ တက္ကစီသမားရဲ့အကူအညီနဲ့ အိမ်ပြန်ဖို့ကြိုးစားတဲ့အခါမှာတော့ ခရီးတစ်လျှောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုထူးဆန်းတဲ့အရာတွေက သူ့ကိုစောင့်ကြိုနေမလဲ၊ တက္ကစီနဲ့အတိုက်ခံရပြီး မှတ်ဉာဏ်တွေမဆုံးရှုံးခင်ကရော သူကမဘယ်သူလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး။File size…(1.7 GB)/(900 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Malice in Wonderland (2009)
7.2
5 cm (2012)
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးမှာ အသေအချာပါပဲ။ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်ကခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေcomfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လအဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခုထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ်ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ...
movie
5 cm (2012)
6.6
Rare Exports: A Christmas Tale (2010)
Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူOnni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကားတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပမြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်းနဲ့အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော်နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့်နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကိုဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင်လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကိုသူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။ File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Rare Exports: A Christmas Tale (2010)
6.0
Sahara (2005)
Sahara (2005)IMdb Rating (6.0)ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့....၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက ...
movie
Sahara (2005)
2005
1080p HEVCOpenMatte
4.9
Sahara (1983)
ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီး ဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းက people choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင် Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။) File size…(3 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Soe Thiri Swe
movie
Sahara (1983)
1080p HEVC
[18+] Tirante El Blanco(2006) The Maidens’ Conspiracy
Tirante El Blanco (or) The Maidens' Conspiracy(2006)ဒီဇာတ်ကားကတော့ ဓားချင်းခုတ်တော့မှာလိုလို စစ်တိုက်တော့မှာလိုလို ပတ္တယားတီးတော့မှာလိုလို ဆော်ကြူမှာလိုလို ဟိုလိုလို ဒီလိုလို စပိန်ဇာတ်ကားလေးဖြစ်ပြီးတော့ တချို့ဇာတ်ဝင်ခန်းတွေကတော့ 18+ ပါ။ဇာတ်လမ်းကတော့.... ဂရိအင်ပါယာကြီးကို တူရကီတွေထိပါးတော့ ဧကရာဇ်ဘုရင်က စစ်ကူတောင်းရသတဲ့။ ဆက်ခံသူသားက တိုက်ပွဲမှာကျ၊ ဧကရာဇ်က လူအို၊ မိဖုရားက အိမ်ထောင်ရေးဖောက်ပြန်၊ မင်းသမီးက 16 နှစ်မ ဆိုတော့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နန်းတွင်းရေးတွေကြောင့် စစ်ရှုံးတာ မဆန်းဘူးပေါ့ဗျာ။စစ်ကူရောက်လာတဲ့ ဗိုလ်မင်းက တိုက်ရည်ခိုက်ရည်ကောင်း၊ လူချောလူလှ။ စစ်ပွဲတွေမှာ အောင်နိုင်မှုတွေ ယူလာပေးပါတယ်။ ဒါပေမဲ့ ဗိုလ်မင်းက ဧကရာဇ်ရဲ့သမီးတော် 16 နှစ်မကို တက်ချိုင်တော့ ပြဿနာတွေ ဖြစ်ကြတာပေါ့ဗျာ။အပျိုတော်တွေကြား ဗိုလ်မင်းကို လိုတဲ့သူရှိသလို၊ မလိုတဲ့သူလည်းရှိ။ မင်းသမီးနဲ့ ဗိုလ်မင်းကို အောင်သွယ်သူက အောင်သွယ်၊ ဖျက်သူကဖျက်။ ဇာတ်ရှုပ်ကြီးပါပဲ။ဒီလိုနဲ့ အင်ပါယာကြီးတစ်ခုလုံးက မင်းသမီးပုခုံးပေါ် ကျရောက်လာတဲ့အခါ 16 နှစ်မ လေး ဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြဦးစို့။18 ...
movie
[18+] Tirante El Blanco(2006) The Maidens’ Conspiracy
7.4
The Terminal (2004)
ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie
The Terminal (2004)
2004
4K HEVC
7.8
Suzume (2022)
(အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)IMDb 7.8/10 MyAnimeList 8.5/10နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်ကျော်anime filmsတွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incကနေပဲ ထုတ်လုပ်ပေးတာပါ။ ဝတ္ထုအနေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်ဝေခဲ့ပါသေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အကောင်းဆုံးဖြစ်နေမယ်ဆိုတာကို ပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီးတွေထွက်ရင်း လူမရှိတဲ့နေရာတွေ၊ အဆောက်အဦးတွေကိုမြင်ခဲ့ရာကနေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီတွေအကြောင်းပါထည့်သွင်းခဲ့ပါသေးတယ်။ဇာတ်ဝင်တေးကိုလည်း Your nameနဲ့weathering with ...
movie
Suzume (2022)
2022
6.9
The Lion King (2019)
The Lion King (2019)______IMDb - 6.9/10 ကလေးဘဝရဲ့ အကောင်းဆုံး ကာတွန်းရုပ်ရှင်တွေထဲက တစ်ခုကိုLive action ပြန်လည်ရိုက်ကူးထားတာပါပဲ။၉၀ဖွား အများစုကတော့ Lion King ကို အတော်ရင်းနှီးနေကြမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ဒီကားမှာလဲ သီချင်းတွေ၊ နာမည်ကျော်ခဲ့တဲ့ စကားစုတွေ အကုန်ပြန်ပါပါတယ်။အမြင်သစ်နဲ့ ခံစားရမှာပါပဲ။အသံသရုပ်ဆောင်တွေကတော့ အပြောင်းအလဲဖြစ်လာခဲ့ပါပြီ။ဥပမာ နာလာ နေရာမှာ ဘီယွန်စေး၊ ဇာဇူးရဲ့ မစ္စတာဘင်း အသံနေရာမှာဂျွန်အိုလီဗာ စသည်ဖြင့်ပါ။ဒါပေမယ့် မူဖာဆာရဲ့ အသံပိုင်ရှင်ကတော့ မပြောင်းလဲခဲ့ပါဘူး။ဂျိမ်းစ် အားလ် ဂျုန်း ပါပဲ။အမှတ်တရလေးတွေ ပြန်ကြည့်ဖို့ရယ် ကလေးတွေကို မိတ်ဆက်ပေးဖို့ရယ်ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mr Anderson ပဲဖြစ်ပါတယ်……File Size : (4.47GB) and (2.85GB) (1.41GB) Quality : 4K HEVC , Blu-Ray1080p 5.1, 720p Running Time : ...
movie
The Lion King (2019)
2019
4K HEVC
The Swan Princess: A Fairytale Is Born (2023)
The Swan Princess : A Fairytale is born (2023)ပေါ့ပေါ့ပါးပါးနဲ့ ဘေဘီလေးတွေ သဘောတွေ့စေမဲ့ ကာတွန်းကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ယူဘတ်တာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ လယ်သမားတစ်ယောက်နဲ့ လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူနဲ့ ဦးရီးတော် နှစ်ဝမ်းကွဲလောက်တော်တဲ့ ဘုရင်ကြီးက သေဆုံးသွားတော့ သူ့ကို နန်းတင်ပေးခဲ့ပါတယ်။ ရိုးရိုးသားသား လယ်သမားမိန်းမ ဘဝကနေ ချက်ချင်း လက်ငင်း ဘုရင်မ ဖြစ်သွားတော့ ဘယ်လိုတွေအခက်ခဲတွေကြုံတွေရပြီး လင်မယားနှစ်ယောက်ပေါင်းပြီး ပြဿနာတွေရှင်းကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.2GB | 640MB | 302MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ...
movie
The Swan Princess: A Fairytale Is Born (2023)
2023
First
36
37
38
39
40
Last
Previous
Next