Channel Myanmar

Adventure

The Star (2002) 7.0
The Star (2002)  1944 ခုနှစ်မှာ ဆိုဗီယက်ပြည်‌‌ထောင်စုရဲ့တပ်နီကြီးက‌နေဂျာမန်နာဇီတွေကိုအလဲထိုးပြီး ဘာလင်ကိုမျက်စောင်းထိုးနိုင်စေခဲ့တဲ့ထိုးစစ်ဖြစ်တဲ့ Operation Bagrationကိုအောင်မြင်စေနိုင်ခဲ့တဲ့ကင်းထောက်တပ်တခုရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ Operation Bagration မတိုင်ခင် ၁၉၄၄ခုနှစ်မေလအတွင်း။ ဆိုဗီယက်တွေမှာ ပြဿနာတက်နေတာကဂျာမန်ခုခံစစ်တွေရဲ့ နောက်တန်းမှာ လူပြန်စုနေတယ်လို့သတင်းရထားပေမယ့် အတိအကျက ထောက်လှမ်းမရနိုင်သေးဘူး။လွှတ်ထားသမျှကင်းထောက် တပ်ဖွဲ့ နှစ်ဖွဲ့ကလည်းအဆက်အသွယ်ပြတ်သွားခဲ့ပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် ကြိုးစားပြီး ဒုဗိုလ်‌လေးတရာ့ဗ်ကင်ဦးဆောင်တဲ့ကြယ်ပွင့်လို့ အမည်ရတဲ့ကင်းထောက်အဖွဲ့တခုကိုထပ်လွှတ်ဖို့ဖြစ်လာပါတော့တယ်။ဒီကင်းထောက်အဖွဲ့ရဲ့ဂျာမန်ရှေ့တန်းတွေအကြားအရဲစွန့်ခဲ့တာတွေ ဂျာမန်တွေရဲ့စစ်အင်အားတွေကို တပ်ဖွဲ့တွေအကြားထောက်လှမ်းသတင်းပို့‌ပေးခဲ့တာတွေကိုရင်တဖိုဖိုနဲ့ကြည့်ရှူခံစားကြရမှာပဲဖြစ်ပါတယ်။ကင်းထောက်တပ်ဖွဲ့လေးတစ်ခုက ဒီစစ်ဆင်ရေးကြီးကိုဘယ်လိုမျိုးပြောင်းလဲပေးနိုင်ခဲ့မလဲဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး။ File size…2.07GB / 992MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 37m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Star (2002)

Without a Paddle (2004) 5.8
Without a Paddle (2004)   ဇာတ်လမ်းအကြောင်းမပြောခင် ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ဒီဘီကူးပါးရဲ့ အပြင်က ဖြစ်ရပ်မှန်လေး ဝေမျှပေးချင်လို့ပါ။ ဒီဘီကူးပါးဆိုတဲ့လူဟာ ၁၉၇၁ ခုနှစ်တုန်းက ငွေတွေကို ခိုးခဲ့ပြီးလေထီးနဲ့ ခုန်ချသွားခဲ့တာ အစအနပျောက်သွားတာ အက်ဖ်ဘီအိုင်တောင် ရှာမတွေ့ခဲ့တဲ့ ဆန်းကြယ် ဖြစ်ရပ်တစ်ခုပါ သေသလားရှင်သလား ဘယ်သူမှ မသိကြပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဒီ ဒီဘီကူးပါးအကြောင်းကို ရူးသွပ်ကြပြီး သူခုန်ချတဲ့နေရာကို လိုက်ရှာချင်ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရှိခဲ့ကြတယ်။ အသက်တွေကြီးလာတဲ့အခါ ကိုယ်စီကိုယ်စီ အလုပ်များနေတဲ့အချိန် သူငယ်ချင်းတစ်ယောက်က မတော်မဆဖြစ်ပြီး ဆုံးပါးသွားတော့ ကျန်တဲ့ ၃ယောက် ပြန်ဆုံဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ ယောက်ကတော့ဘဝကိုငြီးငွေ့နေပြီး ကောင်မလေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂျယ်ရီ၊ဆရာဝန်လုပ်နေပေမဲ့ အရမ်းကြောက်တတ် ရှက်တတ် ဆော်မရှိတဲ့ဒန်နိုရယ် ဘဝကို ပရမ်းပတာ ဖြစ်နေသလို သောင်းကျန်းနေတဲ့တွန်မီရယ် ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ အသုဘကိုလာရင်းငယ်ဘဝက သစ်ပင်အိမ်လေးထဲ ဝင်ကြည့်ကြရာကနေ ငယ်စဉ်ကစိတ်ကူးယဉ်ခဲ့တဲ့ ဒီဘီကူးပါးနဲ့ ပိုက်ဆံတွေဆိုတာ ...
movie

Without a Paddle (2004)

Spy in Love (2016) 6.5
Spy in Love (2016)   အင်ဒိုရုပ်ရှင်တွေဆိုရင် နာမည်ကြီးအက်ရှင်ရုပ်ရှင်ဖြစ်တဲ့The Raid ကိုမြင်မိကြမှာပါ။ ယခုရုပ်ရှင်မှာ TheRaid ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မှင်ကောင်းကောင်းနဲ့ အထာရှိတဲ့အင်ဒိုဝါရင့်သရုပ်ဆောင်Ray Sahetapy ဟာတွဲဖက်ဇာတ်လိုက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းက လျှို့ဝှက်ထောက်လှမ်းရေး ဟောင်းဖြစ်တဲ့ဆာတီရာ ဟာ ပင်စင်စားပြီးတက္ကသိုလ်မှာ သင်တန်းတွေပို့ချနေတဲ့အချိန် မလေးရှားမှာလေယာဉ် ပျောက်ဆုံးမှုတစ်ခုအားစုံစမ်းထောက်လှမ်းဖို့ဖြစ်လာပါတယ်။ သူ့မြေးဖြစ်သူ ပူထရာကလည်း မလေးရှားကဟိုတယ်တစ်ခုမှာ မန်နေဂျာအဖြစ်လုပ်ကိုင်ရင်း အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့အခါအဖိုးဖြစ်သူဆီက ခွင့်ပြုချက်တောင်းဖို့ဆာတီရာကိုု မလေးရှားသို့အလည်ခေါ်ပါတော့တယ်။ ဆာတီရာ ကြီးတစ်ယောက်လည်း “ငါမအိုသေး”ဆိုတဲ့ အကွက်ကိုပြချင်တဲ့အတွက် ကိုယ်တိုင်ကွင်းဆင်းစုံစမ်းဖို့မြေးဖြစ်သူရှိရာမလေးရှားသို့ ရောက်လာပါတော့တယ်။ အဲဒီနောက်ဇာတ်လမ်းကို တဖြေးဖြေးဖြည်ချလာရင်း ဂွစာကြီး ဆာထရီဘယ်လိုတွေရွှေ့ပြီး ဇာတ်လမ်း အဆုံးထိဘယ်လိုတွေသက်လုံကောင်းသွားမလဲ ကြည့်ရမှာပါ။ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင် ဟာသ ဒရာမာ ပေါင်းထားတဲ့ ရုပ်ရှင်ကို ကြည့်ချင်ပါတယ်ဆိုရင်ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ File size…1.38GB / 589MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Adventure , ...
movie

Spy in Love (2016)

24: Redemption (2008) 7.4
24: Redemption (2008) 24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie

24: Redemption (2008)

2008
World War Z (2013) 7.0
World War Z (2013) World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်...၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်..ရောဂါဟာ စက္ကန့်ပိုင်း ...
movie

World War Z (2013)

2013
4K HEVC
The Tale of Despereaux (2008) 6.1
The Tale of Despereaux (2008) The Tale of Despereaux (2008)ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.3GB, 564MB, ...
movie

The Tale of Despereaux (2008)

2008
Knights of the Zodiac (2023)
Knights of the Zodiac (2023) Knights of the Zodiac (2023)စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းသမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို ...
movie

Knights of the Zodiac (2023)

2023
Iron Sky (2012) 5.9
Iron Sky (2012)  ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နာဇီတချို့ဟာလရဲ့အမှောင်ခြမ်းမှာ ခံတပ်တခုသွားတည်ဆောက်ပြီးဟီလီယမ်-၃ ဓာတ်ငွေ့တွေကို တူးဖော်ရင်း နှစ် ၇၀ ကျော်ပုန်းအောင်းနေခဲ့ပါတယ်။ တနေ့မှာအမေရိကန်သမ္မတရဲ့ရွေးကောက်ပွဲ ပရိုမိုရှင်းတဖြစ်လဲ လဆင်းသက်ရေးယာဉ်တစီးက သူတို့စခန်းကို မတော်တဆတွေ့သွားတဲ့အခါမှာတော့ကမ္ဘာကြီးကို နာဇီတို့ရဲ့စစ်လက်နက်အသစ် ဂိုတာဒန်မယ်ယာဉ်ကြီးနဲ့အတူတူ ပြန်လည်ဆင်းသက်ပြီး ဂျာမန်စတုတ္ထအင်ပါယာကြီးရဲ့ကျူးကျော်စစ်စဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ Marvel နဲ့ Disney တို့မတိုင်ခင်သူ့ခေတ်သူ့အခါရဲ့ ကွန်ပျူတာပြုလုပ်ချက် တွေအနေနဲ့အတော်လေးကောင်းမွန်သလို နိုင်ငံကြီးတွေရဲ့အကြောင်းမသိမသာ လှော်ထားတဲ့ဟာသတွေ နာဇီတွေနဲ့ပန်းကန်ပြားပျံသီအိုရီတွေ စသဖြင့်တွေ့ကြရမှာဖြစ်လို့ CMပရိတ်သတ်ကြီးကရှုစားအားပေးကြပါဦး...... File size…1.48GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Iron Sky (2012)

Black Clover: Sword of the Wizard King (2023) 7.7
Black Clover: Sword of the Wizard King (2023) Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ...
movie

Black Clover: Sword of the Wizard King (2023)

2023
Space Pups (2023) 6.1
Space Pups (2023) Space Pups (2023)Space Pups သို့မဟုတ် အာကာသထဲက ခွေးလေးတွေပေါ့။ Space Pups ဆိုတဲ့ နာမည်နဲ့ ကာတွန်းကားတွေ ကာတွန်းဇာတ်လမ်းတွဲတွေ ထွက်ဖူးပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်လည်း အဲနာမည်နဲ့ပဲ ထွက်လာတဲ့ Live action ပါပဲ။ IMDb - 6.3 ရရှိထားတာမို့ ဒီရုပ်ရှင်ဟာဆိုရင် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့ဖူးတဲ့ မိသားစုအသားပေး စွန့်စားခန်းရုပ်ရှင်အလွမ်းပြေ ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာစီ၊ အေ့စ်နဲ့ ဟက်စ်တို့ဟာ အာကာသတွင်းမှာ ခရီးသွားလာနေတဲ့ ဂြိုဟ်သားတွေပါ။ သူတို့ ခရီးသွားရင်း ဥက္ကာပျံလမ်းကြောင်းထဲဝင်သွားခဲ့လို့ ယာဉ်လည်း ထိခိုက်သွားခဲ့ပြီး ကမ္ဘာပေါ်ကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။ ဆင်းသက်လာတဲ့ လမ်းကြောင်းမှာ အစိတ်အပိုင်းတွေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အာစီတို့လည်း အဆိုပါအစိတ်အပိုင်းတွေကို ပြန်ရှာဖို့အတွက် ခွေးလေးတွေအနေနဲ့ ရုပ်ဖျက်လိုက်ပါတော့တယ်။ သူတို့ ဆင်းသက်လိုက်တဲ့နေရာမှာတော့ မြို့ကနေ နွေရာသီကျောင်းပိတ်ရက်မို့ တောမြို့လေးမှာ လာနေနေတဲ့ မိသားစုတစ်စုရှိနေပါတယ်။ အဲဒီမိသားစုက သားဖြစ်သူ ဆမ်နဲ့ သမီးလေး ကက်စီတို့ဟာ ...
movie

Space Pups (2023)

2023
The Spiderwick Chronicles (2008) 6.5
The Spiderwick Chronicles (2008) The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က ...
movie

The Spiderwick Chronicles (2008)

2008
Float (2022) 5.0
Float (2022) Float (2022)ကာလီတို့ သူငယ်ချင်းတစ်သိုက်ဟာ နှစ်စဉ်နှစ်တိုင်း မြစ်တစ်ခုဆီကို ခရီးထွက်နေကျပဲဖြစ်ပါတယ်...ဒီနှစ်ခရီးစဉ်မှာ ပြောင်းလဲသွားတာ တစ်ခုကတော့ ချူဝီဟာ မနှစ်ကလေးတင် မြစ်ကြောင်းထဲမှာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာပါ... ဒီခရီးစဉ်ကို နှစ်တိုင်းအားတက်သရော တက်ကြွလှုပ်ရှားခဲ့တဲ့ ချူဝီရဲ့ အရိုးပြာကို သူသိပ်ချစ်တဲ့ မြစ်ထဲကို မျှောချဖို့ရာ ဒီတစ်နှစ်မှာလည်း ဒီမြစ်ကလေးရှိရာကိုပဲ ရောက်လာခဲ့ပါတော့တယ် ….တကယ်တော့ မြစ်ချောင်းကြီးဟာ ကာလီတို့ ထင်မြင်ခဲ့သလို ရက်စက်မှုကနေ ကင်းဝေးတဲ့ သဘာဝတောတောင်နေရာကလေး တစ်ခု ဟုတ်မနေခဲ့ပါဘူး... ချူဝီရဲ့ သေဆုံးမှုဟာလည်း ဆေးလွန်တာထက်ကို ပိုလွန်နေခဲ့ပါတယ်... ဒီအကြောင်းကို တဖြည်းဖြည်း ရှာဖွေဖော်ထုတ်လာနိုင်ကြတဲ့အခါသူတို့ ရင်ဆိုင်နေရတာဘာလဲ... သတ္တဝါလား... ပရလောကသားလား... သူတို့သူငယ်ချင်းတစ်သိုက်ရော ကျော်လွှားနိုင်မှာလား ရှုစားရမှာပဲ ဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:12:00 Type__Adventure Subtitle__Myanmar ...
movie

Float (2022)

Peter Pan (1953) 7.3
Peter Pan (1953) Peter Pan (1953) =============အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြ ပါဘူး။ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည် ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက် ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ..... ပီတာပန်တစ် ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ် လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီ တို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် Tinker Bell - Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့် Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.62 ...
movie

Peter Pan (1953)

1953
The Secret Kingdom (2023) 4.7
The Secret Kingdom (2023) The Secret Kingdom (2023) ====================ပီတာ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စိုးရိမ်စိတ်ကြီးပြီး ကြောက်တတ်တဲ့ကောင်လေးတစ်ယောက်ပေါ့။ ပီတာကိုယ် တိုင်ကလည်း သူဟာကြောက်တတ်တဲ့သူဆိုပြီးလက်ခံထား သလို၊ သူ့ရဲ့မသိစိတ်ထဲမှာလည်းသူတစ်ခါမှမမြင်ဘူးမကြုံဘူး တဲ့ပုံရိပ်တွေကိုမြင်နေရလို့ကြောက်လန့်နေသူပါ။ ဒီလိုနဲ့ တစ် ရက်သား မိသားစုစီးပွားရေးအခက်အခဲကြောင့် အိမ်ပြောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ပီတာရဲ့ဘဝမှာ ပြောင်းလဲ မှုတွေစဖြစ်လာပါတော့တယ်။ အိမ်ပြောင်းတဲ့နေ့မှာပဲ ထူးဆန်း တဲ့သတ္တဝါလေးတွေက ပီတာနဲ့ညီမဖြစ်သူကို သူတို့ရဲ့နေရာကို ဖမ်းခေါ်သွားပါတော့တယ်။ ဒီလိုနဲ့ ပီတာတစ်ယောက် ဘယ်လို မျိုးအခက်အခဲတွေ တွေ့ရမလဲ၊ သူမြင်နေရတဲ့ ပုံရိပ်တွေနဲ့ကရော ဘယ်လိုဆက်နွယ်နေမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှု လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.63 GB) / (753 MB) / (454 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family Translator.......Thetti Tun Encoder..........SWM
movie

The Secret Kingdom (2023)

2023
The Mosquito Coast (1986) 6.6
The Mosquito Coast (1986) The Mosquito Coast (1986)~ IMDb - 6.6/10, Rotten Tomatoes - 74% ~ဒီဇာတ်ကားထဲက Harrison Ford သရုပ်ဆောင်တဲ့ အယ်လီဖောက်စ် (Allie Fox) ဆိုတဲ့ ဇာတ်ကောင်ကို တီထွင်သူ၊ အလွယ်လမ်း မလိုက်သူ၊ အမေရိကနိုင်ငံကြီးရဲ့ ပုပ်ပွနေတဲ့ စနစ်နဲ့ လူမှုအဖွဲ့အစည်းကြီးကို ရွံရှာမုန်းတီးနေသူ တစ်ယောက် အဖြစ် ပုံဖော်ထားတယ်။မော်စကီတို ကမ်းရိုးတန်း (Mosquito Coast) ဆိုတာ အယ်လီအတွက်တော့ အထဲမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတဲ့ အမေရိကနိုင်ငံကြီးထဲကနေ သူတို့ ထွက်ပြေးမယ့် သုခဘုံကြီးတစ်ခုပဲ။အဖေဖြစ်သူ အယ်လီကို ဘုရားလို ကိုးကွယ်ကြတဲ့ သား ၂ယောက်၊ သမီးအမြွှာလေး ၂ယောက်၊ ဇနီးမယားတစ်ယောက်ကတော့ ဘာမှ မတတ်နိုင်ဘဲ မော်စကီတိုကမ်းရိုးတန်းမကလို့ သေတွင်းထဲ ခေါ်သွားလည်း အယ်လီ့နောက်ကို လိုက်နေရမှာပါပဲ။ဒါ့အပြင် ယောက်ျားရဲ့ စံနှုန်းနဲ့ ...
movie

The Mosquito Coast (1986)

1986
Sightseers (2012) 6.5
Sightseers (2012) Sightseers (2012)ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ‌ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ...
movie

Sightseers (2012)

2012
AUM! (2021) 7.4
AUM! (2021) Aum! (2021)ခုရက်ပိုင်းမှာ Mockumentary တွေ ဓာတ်ကျနေတဲ့ပရိသတ်တို့အတွက် Indonesia Mockumentaryလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Western Mockumentary တွေလို Hypeနေတာမျိုးမဟုတ်ပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ comedy movieလေးတစ်ခုတော့ ဖြစ်မှာပါ။ဒီကားလေးထဲမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး 2 ပိုင်းခွဲထားတာကို မြင်ရမှာပါ။ Part 1 မှာတော့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် တိုက်ပွဲ‌ဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဆထရီယာအကြောင်း ရိုက်ကူးထားတဲ့ Low Budget movieလေးတစ်ခုကို ပြထားတာဖြစ်ပြီး Part 2 ကမှ ရုပ်ရှင်လောကကို ထေ့ငေါ့ပြီးလှောင်ထားတဲ့ Mockumentary တစ်ဖြစ်လဲ Part 1 က ရုပ်ရှင်ကို ရုပ်လုံးပေါ်လာအောင် ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားတာပါ။Low Budget ကလည်းဖြစ် နိုင်ငံရေးတွေပါနေတော့ ခိုးကြောင်ခိုးဝှက်ကရိုက်ရ၊ အာဏာပြတတ်တဲ့ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကြားက ပဋိပက္ခ၊ အကြောင်းအရာကိုပဲအဓိကထားချင်တဲ့ ထုတ်လုပ်သူနဲ့ ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ကွန့်ပြီးထည့်ချင်တဲ့ အတွေးသမားဒါရိုက်တာကြားက အားပြိုင်မှု၊ Limited ...
movie

AUM! (2021)

2021
Knights of Badassdom (2013) 5.6
Knights of Badassdom (2013)  မှော်ဇာတ်လမ်းကောင်းတွေကြိုက်တတ်လား။ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရတဲ့ဇာတ်ကားမျိုးကြိုက်တတ်လား။အချစ်‌တွေ၊အမုန်းတွေနဲ့၀မ်းနည်း၀မ်းသာဖြစ်ချင်ပါသလား။အားလုံးချစ်တဲ့ မင်းသားကြီး Peter Dinklage ပါ၀င်တဲ့Knights of Badassdom လာပါပြီ။ ဂျိုး၊ အဲရစ် နဲ့ ဟန်း တို့ဟာ အတူတူနေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ အဲရစ်နဲ့ဟန်းဟာ ဂန္ဓ၀င်စာအုပ်တွေ၊ ဂိမ်းတွေ၊ ကစားစရာတွေကို အင်မတန်မှသဘောကျကြပြီး ဂျိုးကတော့ ရည်းစားနဲ့ဂီတ သူ့ဘ၀ပါ။ အချစ်နဲ့တည်ဆောက်ထားတဲ့ ဂျိုးရဲ့ဘ၀လေး... တစ်ရက်မှာ ချစ်သူကလမ်းခွဲသွားတဲ့အခါ အရိုးများထိအောင်ရူးပါတော့တယ်။ဒီတော့ မကြည့်ရက်နိုင်လွန်းတဲ့ သူငယ်ချင်းတွေက စိတ်ပြေလက်ပျောက် ဆေးတစ်ပေါက်တိုက်လိုက်ပြီး ဂျိုးခံစားရတာတွေသက်သာအောင် ကူညီပါတော့တယ်။ သူငယ်ချင်းဆိုတဲ့အတိုင်း သွေးရိုးသားရိုးတော့မဟုတ်ပါဘူး။ ဂျိုးပြန်နိုးလာတဲ့အချိန်မှာ အဲရစ်နဲ့ဟန်းတို့ ပိတ်ရက်တိုင်းလာကစားနေကျစစ်မြေပြင်ဂိမ်းတစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ ဂျိုးလည်းချော်လဲရောထိုင်ရင်း ကစားပွဲထဲပါပြီးတဲ့နောက်မှာတော့အဆန်းထွင်လွန်းတဲ့ အဲရစ်ဟာ ဘယ်ကမှန်းမသိတဲ့မှော်စာအုပ်ကြီးထုတ်ပြီး ရွတ်ပါတော့တယ်။ သူဖတ်လိုက်တဲ့စာအုပ်ဟာ‌ကစားစရာသက်သက်မဟုတ်ဘဲ နတ်ဆိုးတွေကိုဆင့်ခေါ်တဲ့စာအုပ်ဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ဟာ နတ်ဆိုးကိုဆင့်ခေါ်မိခဲ့ကြပြီး အားလပ်ရက်မှာလာပျော်ကြတဲ့လူတစ်စု တကယ့်နတ်ဆိုးနဲ့ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေများစွန့်စားနှိမ်နှင်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။  File size…1.73GB  / 751MB Quality…Blu-Ray 1080p 5.1CH / ...
movie

Knights of Badassdom (2013)

Hell on the Border (2019)
Hell on the Border (2019) ဒီဇာတ်လမ်းကတော့ အမရေိကန်ပြည်ထောင်စုအနောက်ပိုင်းမှာ ပထမဦးဆုံးလူမည်းမာရှယ်ဖြစ်လာတဲ့ ဘက်စ်ရိဗ့်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘက်စ်ရိ့ဗ်တစ်ယောက် မာရှယ်တစ်ဦးရဲ့လက်ထောက်လုပ်နေရာမှ တစ်ရက်တော့တရားသူကြီးမင်းကို လုပ်ကြံရန်ကြိုးစားနေသူတွေလက်ထဲမှ ကယ်တင်လိုက်ပြီးနောက် ရာထူးတိုးဖို့အကြောင်းဖန်လာပါတော့တယ်။ သို့သော် ထိုခေတ်အခါက လူဖြူလူမဲခွဲခြားမှုကိုတွန်းလှန်နေဆဲကာလဖြစ်သည့်အလျောက် ဘက်စ်ရိဗ့်အား ရာထူးတိုးပေးဖို့ကိုဝိုင်းကန့်ကွက်ကြပါတော့တယ်။ အကြောင်းတိုက်ဆိုင်စွာနှင့်ပဲ ထိုသို့ငြင်းခုံနေစဉ်နာမည်ကျော်လူဆိုးကြီးတစ်ဦးမှ အသိပေးချက်တစ်ခုပို့လိုက်သောအခါ ဘက်စ်ရိဗ့်တစ်ယောက် မိမိရာထူးနှင့်ထိုက်တန်ကြောင်းသက်သေပြဖို့ အတွက်စွန့်စားခန်းစတင်ပါတော့တယ်။ ဘက်စ်ရိဗ့်နှင့်အတူ တရားစီရင်ဖို့စောင့်နေတဲ့အကျဉ်းသားတစ်ဦးကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် အပေးအယူလုပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ နာမည်ကျော်လူဆိုးကြီးကို ဖမ်းရန်လမ်းတစ်လျောက်အခက်အခဲများနဲ့စွန့်စားခန်းများကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.7 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Hell on the Border (2019)

The Great Alaskan Race (2019) 5.5
The Great Alaskan Race (2019)   ဇာတ်လမ်းအညွှန်းတိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုမင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေးအကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။(Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။)အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019)နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန်မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေးသာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကိုအဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြားဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်းကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်းအဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ ...
movie

The Great Alaskan Race (2019)