Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
8.4
Indiana Jones and Raiders of the Lost Ark (1981)
Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie
Indiana Jones and Raiders of the Lost Ark (1981)
1981
4K HEVC
6.4
Message from the King (2016)
ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Message from the King (2016)
5.5
Beyond the Edge (2018)
မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီးလိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမားအနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ်ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီးနောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေအားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကိုသိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကိုတစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကိုစုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခုဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Beyond the Edge (2018)
7.1
The Moon(2023)
The Moon(2023)**************** ဒီကားဟာ BO ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိခဲ့တဲ့ ရုံကားဖြစ်ပါတယ်....ဘက်ဂျက်တွေအများကြီးသုံးခဲ့ပြီးCGI တွေလည်း တော်တော်ကိုကောင်းမွန်ပါတယ် ..ပြသချိန် ၂နာရီကျော်အတွင်းလုံးဝပျင်းစရာမကောင်းဘဲ စ/ဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်...ကိုရီးယားတွေဟာလကမ္ဘာကိုတက်ဖို့ ကြိုးစားခဲ့တုန်းက ပျက်စီးမှုတွေများပြားလွန်းတဲ့အပြင်ပါသွားတဲ့အာကာသယာဉ်မှူး ၃ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်...ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့အာကာသအဖွဲ့ဝင်တွေနိုင်ငံကနေ ထုတ်ပယ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်..သို့ပေမဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာလက်မလျှော့ခဲ့ပါဘူး...စမ်းသပ်မှုအကြိမ်ကြိမ်ကနေအမှန်တွေပြင်ဆင်ရင်း အထူးအာကာသယာဉ်မှူး(၃)ယောက်နဲ့ လကမ္ဘာပေါ်ကိုထပ်မံခြေချဖို့ကြိုးစားပါတော့တယ်...သူတို့အောင်မြင်မလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ .....A List သရုပ်ဆောင်တွေချည်းပါတဲ့အပြင် imdb ရော အခြားကောင်းမွန်တဲ့ review တွေကြောင့်ထွေထူးတော့မညွှန်းတော့ပါဘူး...File size… 2.4GB & 0.9GB Quality…WEB-DL 1080p & 720p Format…mp4 Duration….2hr 09min Genre ….. Sci-Fi, Adventure ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Tiff, Hnin Wai Oo, Stary & Treasure Htet
movie
The Moon(2023)
6.0
Meg 2: The Trench (2023)
မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆိုဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူတရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ... File size… 5GB/2.35 GB / 1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH / 720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Meg 2: The Trench (2023)
4K HEVC
7.1
The Cat Returns (2002)
The Cat Returns (2002) ===================Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…1.5GB / 763MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
The Cat Returns (2002)
2002
5.0
Atlantis: Milo’s Return (2003)
Atlantis Milo’s Return (2003) Genre – Animation, Action, Adventure၂၀၀၁ ခုနှစ်တုန်းက Disney ကနေ ထွက်ရှိပြီးလူကြိုက်များခဲ့တဲ့ Atlantis The Lost Empire ရဲ့အဆက်ရုပ်ရှင် ဖြစ်ပါတယ်။ဒီကားလေးမှာတော့ ပထမကားတုန်းက အဖြစ်အပျက်တွေပြီးတော့မိုင်လိုကလည်း အတ္တလန်တစ်မှာ ကီဒါနဲ့ အတူနေနေကြပါတယ်ကီဒါကလည်း ဘုရင်မ အဖြစ်ကို ရောက်ရှိနေပါပြီ။အဲဒါနဲ့ နှစ်ယောက်သားအတူတူ ပုံဆောင်ခဲစွမ်းအင်ကိုအသုံးချပြီး သူတို့မြို့လေးကို ပြန်ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ဒီလိုနဲ့ တစ်နေ့ကျ ပထမကားတုန်းက မိတ်ဆွေဟောင်းတွေဖြစ်တဲ့မစ္စတာဝှစ်မောတို့ ဗင်နီတို့ သြဒရီတို့ မိုးလ်တို့ အတ္တလန်တစ်ကိုရောက်လာကြပြီး ကုန်းမြေကမ္ဘာမှာ အတ္တလန်တစ်နဲ့ ဆက်နွယ်နေနိုင်လောက်တဲ့အန္တရာယ်တွေကျရောက်နေပြီ ဖြစ်လို့ အတ္တလန်တစ်ကျွမ်းကျင်သူမိုင်လို့ကို လာ အကူအညီတောင်းကြပါတော့တယ်။ဒီလိုနဲ့ ဘုရင်မဖြစ်နေတဲ့ ကီဒါကပါ ဒါကလည်း သူ့အဖေ လက်ထက်တုန်းကစနက်တွေ ကင်းရဲ့လား သံသယဖြစ်မိတာကြောင့်အတူလိုက်ပါမယ်ဆိုပြီး အုပ်စုလိုက် ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ရန်စွယ်ဟာ တစ်ခုတည်း မဟုတ်ပဲ ၃ ခုလောက် ဖြစ်နေပြီးအကုန်လုံးက ကမ္ဘာပျက်လောက်တဲ့အထိ ဆိုးဝါးနေခဲ့တော့မိုင်လိုတို့တသိုက် ...
movie
Atlantis: Milo’s Return (2003)
2003
6.9
Atlantis: The Lost Empire (2001)
IMDb – 6.8/10Rotten Tomatoes – 49%Metacritic – 52% Atlantis: The Lost Empire ဆိုတဲ့ Animation ကားလေးက Disney ရဲ့ပထမဆုံးသော Adventure/Sci-Fi အမျိုးအစား Film ပဲ ဖြစ်ပါတယ်။Tob Murphy ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Gary Trousdale နဲ့ Kirk Wise တို့ကပူးတွဲရိုက်ကူးကာ Don Hahn ကနေထုတ်လုပ်ပါတယ်။နောက်ခံစကားပြော အနေနဲ့ကတော့ Michael J. Fox, Cree Summer, James Garner,Leonard Nimoy, Don Novello, Phil Morris, Claudia Christian, Jacqueline Obrandors နဲ့Jim Varney တို့ကနေ ပါဝင်သရုပ်ဆောင်ပေးထားကြတာပဲ ဖြစ်ပါတယ်။Jim Varney အနေနဲ့ကလည်း ဒီဇာတ်ကားဟာ သူမသေခင် ...
movie
Atlantis: The Lost Empire (2001)
2001
Sanctified (2022)
အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ...
movie
Sanctified (2022)
7.0
Scooby-Doo! and the Cyber Chase (2001)
Scooby-Doo! and the Cyber Chase (2001) ============================= IMDb Rating - 7.0/10ဒီတစ်ခါရုပ်ရှင်လေးမှာတော့ Scooby တို့အုပ်စုဟာ သူငယ်ချင်း သိပ္ပံကျောင်းသား Eric ရဲ့ တက္ကသိုလ်ကို သွားစရာအကြောင်းဖန် လာပါတော့တယ်။ အကြောင်းအရင်းကတော့ Game developer တစ်ယောက်ဖြစ်တဲ့ Eric က Scooby တို့အုပ်စုရဲ့ စွန့်စားခန်းတွေ အပေါ်မူတည်ပြီး ဂိမ်းတစ်ခုထွင်ထားလို့ပါပဲ။ ရှက်ဂီနဲ့စကူဘီကတော့ ဂိမ်းအဓိကဇာတ်ကောင်ဖြစ်ရတဲ့အရှိန်နဲ့ ဂိမ်းကိုစမ်းဆော့ကြည့်ချင်စိတ် ငယ်ထိပ်ရောက်နေခဲ့ပါတယ်။ဒါပေမယ့် Eric ဆီ တကယ်ရောက်သွားတဲ့အချိန်မှာတော့ ထင်ထား တာနဲ့ တက်တက်စင်အောင်လွဲတော့တာပါပဲ။ ဂိမ်းကို အစမ်းဆော့ ကြည့်ကြဖို့နေနေသာသာ ဂိမ်းဖွင့်ခွင့်တောင် မရကြပါဘူး။ ပြဿနာက အဲဒီမှာစတာပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Eric ရဲ့ ဂိမ်းတည်ဆောက်မှုမှာ အဓိကဖြစ်တဲ့ လေဆာပစ်လွှတ်မှုကနေ ဗိုင်းရပ်စ်တစ်ကောင်ခုန်ထွက် လာခဲ့ပြီး ပြဿနာရှာသွားတာမို့လို့ပါ။ ဂိမ်းထဲကနေ အပြင်လောကအထိ သက်ရှိထင်ရှား အကောင်လိုက်ထွက်ချလာတဲ့ ဗိုင်းရပ်စ်ကြီးကို ထုံးစံ အတိုင်း စကူဘီတို့ကပဲ လိုက်ရှာဖမ်းပေးရတော့တာပေါ့။ ဒါပေမယ့် စကူဘီ တို့သူငယ်ချင်း ၅ယောက်လုံးပါ ဗိုင်းရပ်စ်နဲ့အတူ ဂိမ်းထဲကို အပို့ခံလိုက်ရ တဲ့အခါမှာတော့ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut ...
movie
Scooby-Doo! and the Cyber Chase (2001)
2001
5.4
Follow Me (2020)
Follow Me (2020)အသက်လုပြီး လွတ်မြောက်အောင်လုပ်ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကိုးလ်ဆိုတဲ့ကောင်လေးက ပရိသတ်တွေမဲပေးတဲ့နေရာစုံကိုသွားပြီး လျှို့ဝှက်သည်းဖို Challenge တွေလုပ်ပြတဲ့ Youtuber တစ်ယောက်ပါ။ ကိုးလ်က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို Follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကိုသွားဖို့အကြောင်းဖန်လာပါတယ်။ကိုးလ်တို့အဖွဲ့ထဲက ဒက်ရှ်ဆိုတဲ့သူငယ်ချင်းရဲ့ ရုရှားကအသိတစ်ယောက်က ကိုးလ်ရဲ့ Content တွေကိုသဘောကျပြီး သူတို့ဆီက Escape Room Challenge မှာပါဝင်ကစားဖို့ ဖိတ်လိုက်ပါတယ်။ ကိုးလ်တို့အဖွဲ့ကို အဆောက်အဦးတစ်ခုထဲပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကိုအဖြေရှာပြီး သူငယ်ချင်းတွေကိုကယ်ထုတ်ရမှာပါ။အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲလို့ထင်ခဲ့ပေမဲ့ တခုခုမှားယွင်းနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ကိုးလ်တို့အဖွဲ့နောက်ကျသွားပြီလား... ကိုးလ်တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်မှာလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 850MB Quality - 1080p, ...
movie
Follow Me (2020)
2020
7.0
LEGO Disney Princess: The Castle Quest (2023)
Genre – Animation, Adventure, Comedy, Family, Drama IMDB – 7.3/10သားသားမီးမီးတို့တင်မက လူကြီးတွေပါ စိတ်ပါရင်ကြည့်လို့ရမယ့် ၂၀၂၃ ခုနှစ် အသစ်ထွက် Lego ရုပ်လေးတွေနဲ့ပုံဖော်တင်ဆက်ထားတဲ့ Disney မင်းသမီးလေးတွေရဲ့စွန့်စားခန်း ကာတွန်းလေး ဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာ အဓိက လူဆိုးက Beauty and the Beast ထဲကဂတ်စတွန် ဖြစ်ပြီး မင်းသမီးလေးတွေကတော့Snow White က စနိုးဝှိုက်တို့ Moana ထဲက မိုအာနာတို့ The Little Mermaid ထဲကအေရီရယ်တို့ Rapunzel ထဲက ရာပန်ဇယ်တို့နဲ့The Princess and the Frog ထဲက တီအာနာတို့က ပါဝင်ထားကြတာပါ။ဇာတ်လမ်းလေးကတော့ ဂတ်စတွန်ဟာ မှော်ကြေးမုံနဲ့အတူမှော်ဝင်ပစ္စည်းတွေကို လိုက်သိမ်းပိုက်နေပြီးကုန်းမြေတွေကို အပိုင်စားရနေတော့ အေရီရယ်ရဲ့အဖေဖြစ်သူထရစ်တွန်ရဲ့ သုံးခွမှိန်းကြီးကို လာယူပြီးပင်လယ်ကိုပါ အုပ်စိုးဖို့ ကြံစည်နေတာပါ။ဒီမှာတင် တစ်ကမ္ဘာလုံး လူယုတ်မာလက်အောက်မကျရောက်ရအောင် ...
movie
LEGO Disney Princess: The Castle Quest (2023)
2023
4.7
Taxi 5 (2018)
Taxi 5 (2018)ဒီဇာတ်ကားကတော့ ရှေ့ကအောင်မြင်ခဲ့တဲ့ Taxi ပြင်သစ်ဇာတ်ကားတွေရဲ့အဆက်အဖြစ် ထွက်ရှိလာတာပါ။ဒါပေမယ့် ရှေ့က မင်းသားမင်းသမီးတွေ မဟုတ်တော့ဘဲ အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။မင်းသား မင်းသမီးအသစ်တွေဖြစ်ပေမယ့်လို့ အရံတချို့နဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ တူပါတယ်။ဒီဇာတ်ကားမှာတော့ ရဲက ဖိုက်တာ ကားမောင်းသမားဖြစ်လာပြီး Taxi သမားကတော့ ရှေ့ဇာတ်ကားတွေက ဖိုက်တာကြီး ဒန်နီရယ်ရဲ့ တူတော်စပ်သူ အူကြောင်ကြားကောင်အဖြစ် ဇာတ်လမ်းကိုပြန်လှည့်ထားပါတယ်။ယခင်ဇာတ်ကားတွေလို Taste မရတော့ပေမယ့် " ဒန်နီရယ် နဲ့ အီမလီယံ" ကိုလွမ်းနေသူ ကိုယ်တွေအတွက်တော့ ဖြေသိမ့်ဖို့ ကြည့်နေမိတဲ့ဇာတ်ကားပါ။(Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ ) File size…(2.3 GB)/ (1.1 GB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Mg King
movie
Taxi 5 (2018)
2018
1080p HEVC
6.1
The Monkey King (2023)
နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာစွမ်းအားတွေရှိနေပါတယ်။ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်းလက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့တိုက်ခိုက်ရပုံကို ပြထားတာပါ။ကြည့်လို့ကောင်းပါတယ်။ကြည့်လိုက်ပါဦး။ File size… 2 GB / 980 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Action , Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr. Anderson
movie
The Monkey King (2023)
2023
5.4
Season of the Witch (2011)
14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ...
movie
Season of the Witch (2011)
5.4
River Wild (2023)
IMDb RATING - 5.4/10 အခုပရိတ်သတ်ကြီးအတွက် thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အလုပ်ပိတ်ရက်မှာ အစ်ကိုဖြစ်သူဆီကို အလည်ရောက်လာခဲ့တဲ့ Joey နဲ့အတူ မြစ်ကြောင်းခရီးစဉ်လေးတစ်ခုသွားဖို့အတွက် စီစဉ်ခဲ့ကြပါတယ် အဲဒီခရီးစဉ်မှာ သူတို့နဲ့အတူလိုက်ပါလာတဲ့ Trevor က တကယ်တမ်းတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး တခြားနိုင်ငံတစ်ခုကို နယ်စပ်ကနေထွက်ပြေးဖို့ တိုးတိုးတိတ်တိတ် ကြံစည်နေခဲ့တာကို သူတို့ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး အခြေအနေမှန်ကို သိသွားတဲ့အချိန်မှာတော့ Trevor က သူတို့အားလုံးကိုရန်ပြုခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ ပြုမူလာပါတော့တယ် သူလွတ်မြောက်ဖို့အတွက် အားလုံးကို ဓားစာခံအဖြစ်အသုံးချပြီးဆွဲခေါ်လာခဲ့ပေမဲ့ လမ်းခရီးမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကြောင့် အခြေအနေတွေက အားလုံးရှုပ်ထွေးသွားခဲ့ပါတယ် ဒီအန္တရာယ်ကနေ Joey တို့ ဘယ်သူတွေ လွတ်မြောက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
River Wild (2023)
7.1
Elemental (2023)
Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီးသတ်သတ်နေကြရတာပါ။အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့မီးကောင်မလေးတစ်ယောက်ရှိပါတယ်။သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီးသူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ပြဿနာတက်လာပါတယ်။အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီးမီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ... File size… 1.68 GB / 3.36 GB / 11.42 GB Quality… WEB Dl 4k / 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... Adventure, Comedy Subtitle…. Myanmar ...
movie
Elemental (2023)
2023
4K HEVC
Space Wars: Quest for the Deepstar (2023)
၂၉၈၀ ခုနှစ်မှာသေခြင်းတရားဆိုတာက အဆုံးသတ်မဟုတ်တော့ပါဘူး။လူတစ်ယောက်ယောက်သေဆုံးသွားရင် အလောင်းဆီကနေအဆီအနှစ်လို့ခေါ်တဲ့ဝိဉာဉ်ကိုထုတ်ယူပြီး တော့စက်ရုပ်နဲ့လူနဲ့မျိုးစပ်ထားတဲ့ခန္ဓာကိုယ်တစ်ခုမှာအသက်ပြန်သွင်းပေးလို့ရပါတယ်။ ပြဿနာတစ်ခုရှိတာကအဲ့ဒီလိုလုပ်ဖို့ကအဆမတန်ကိုဈေးကြီးနေတာပါပဲ။ကစ်ပ်ဆိုတဲ့လူတစ်ယောက်ကဆုံးပါးသွားပေမဲ့ အဆီအနှစ်ထုတ်ယူထားတဲ့သူ့မိန်းမကိုပြန်ခေါ်နိုင်ဖို့အတွက်သမီးဖြစ်သူတေလာနဲ့ကြိုးစားနေတဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်အဆမတန်ဈေးကြီးတဲ့အတွက်သူတို့တွေကအဖိုးတန်ပစ္စည်းတွေကို ခိုးယူရောင်းစားပြီးတော့ အဲ့ဒီအတွက်ပိုက်ဆံစုဆောင်းနေရတာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူတို့ဆီကိုဒိစတားလို့ခေါ်တဲ့တန်ဖိုးကြီးယာဉ်ပျံပျက်ကြီး တစ်စီးကိုရှာဖွေဖို့အခွင့်အရေးကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ဒါပေမယ့်လဲတန်ဖိုးကြီးတဲ့အရာဆိုတော့ အဲ့ဒီနောက်ကိုလိုက်နေတာသူတို့တင်မကပဲတခြားတစ်ဖွဲ့လဲရှိနေပါသေးတယ်။ ဒီလိုနဲ့သူတို့သားအဖနှစ်ယောက် အခက်အခဲတွေကိုကျော်ဖြတ်ရင်းအဲ့ဒီဒိစတားဆိုတဲ့ယာဉ်ပျံကြီးကိုရှာတွေ့သွားကြမလား။ကစ်ပ်ရဲ့ဇနီးဖြစ်သူတေလာရဲ့အမေကိုရောပြန်ခေါ်နိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.39GB / 573MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Space Wars: Quest for the Deepstar (2023)
Adipurush (2023)
Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL / 720p ...
movie
Adipurush (2023)
2023
5.5
The Last Days on Mars (2013)
IMDb -5.5ဇာတ်လမ်းအညွှန်းမားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား…အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့်အချိန်ကနေ အစပြုထားပါတယ်။သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာသက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲနမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကိုအသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီးမာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့်မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ ...
movie
The Last Days on Mars (2013)
2013
First
30
31
32
33
34
Last
Previous
Next