Channel Myanmar

Adventure

Antboy (2013) 5.2
Antboy (2013) Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရအဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီးစူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီးဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်  File size…    1.7 GB /  788 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

Antboy (2013)

House of Flying Daggers (2004) 7.6
House of Flying Daggers (2004) House of Flying Daggers (2004)IMDb Rating (7.5) / Rotten Tomatoes (87%)Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ဇာတ်လမ်းကတော့ ...... ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် ...
movie

House of Flying Daggers (2004)

2004
Death Game ( 2024 ) 5.9
Death Game ( 2024 ) ဒီဇာတ်ကားလေးကတော့ squid game ဇာတ်ကားနဲ့ ပလော့ခပ်ဆင်ဆင်လေးပါပဲ ။ သိုင်းကားဆန်ဆန်ရိုက်ကူးထားခြင်းမျိုးဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ - သိုင်းလောကမှာ တစ်နှစ်တစ်ကြိမ် သေမင်းကစားပွဲ ( သို့ ) အဆိပ်ငါးမျိုးစမ်းသပ်ပွဲလို့ခေါ်တဲ့ ယှဉ်ပြိုင်ပွဲကြီး ကျင်းပလျက်ရှိပါတယ် ။ အနိုင်ရရင် ရွှေသားတစ်ထောင်ကိုပေးမယ်ဆိုတဲ့ မက်လုံးကလည်းပါနေတော့ အသက်အန္တာရာယ်ရှိနေတာတောင် ဝင်ပြိုင်ချင်တဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ဒီနှစ်အတွက် အဆိပ်ငါးမျိုးစမ်းသပ်ပွဲမှာတော့ လူ့အတွင်းစိတ်ထဲက အဆိပ်ငါးမျိုးဖြစ်တဲ့ လောဘ ၊ ဒေါသ ၊ မောဟ ၊ သံသယ နဲ့ မာနဆိုတဲ့ အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ် ။ အနယ်နယ်အရပ်ရပ်က သိုင်းလောကသားတွေလည်း လာရောက်ယှဉ်ပြီုင်ပြီးတော့ အကြံအစည်တချို့ရှိနေတဲ့သူလည်းရှိနေပါတော့တယ် ။ဇာတ်လမ်းလေးထဲမှာတော့ ဒီလို ရက်စက်ယုတ်မာတဲ့ ကစားပွဲရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်နေမလဲ ဒီကစားပွဲကို ဝင်ပြိုင်တဲ့သူတွေကရော ထင်ထားသလောက် ရိုးရှင်းပါ့မလား ၊ ဒီသေမင်းပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ် ။ Filesize : 1.32 GB / 695 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Adventure , ...
movie

Death Game ( 2024 )

Over the Fence (2016) 6.6
Over the Fence (2016) ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲအခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာမကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်။ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကိုလွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက်ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူလူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေကပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကိုကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ...
movie

Over the Fence (2016)

Kamui (2009) 5.6
Kamui (2009) Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီးဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။  File size…    2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

Kamui (2009)

The House of Magic (2013) 6.2
The House of Magic (2013) Thunder and the House of Magic (2013) ပိုင်ရှင်တွေ အိမ်ပြောင်းသွားရာက ကျန်နေခဲ့တဲ့ကြောင်ဝါလေးတစ်ကောင် လမ်းထဲမှာ နေဖို့နေရာလိုက်ရှာရင်းနဲ့ထူးဆန်းတဲ့အိမ်ကြီးတစ်ခုကို ရှာတွေ့သွားပါတယ်။ထူးဆန်းပြီး သရဲခြောက်တယ် ကြောက်စရာသတ္တဝါကြီးတွေရှိတယ်လို့လမ်းထဲမှာ နာမည်ကြီးနေတဲ့အိမ်ကြီးပေါ့။နေစရာမရှိလို့ ရွေးချယ်စရာမရှိတဲ့ ကြောင်လေးကတော့ဒီအိမ်ကြီးထဲမှာ နေဖို့ဖြစ်လာပါတော့တယ်။ အိမ်ထဲမှာ နေထိုင်သူက မျက်လှည့်ဆရာအဘိုးကြီး Lawrence နဲ့ သူ့ရဲ့ တိရစ္ဆာန်တွေပါ။ ကြင်နာတတ်တဲ့ Lawrence က ကြောင်လေးကို နေရာတစ်နေရာပေးပြီး နွေးနွေးထွေးထွေး ကြိုဆိုတဲ့အပြင် Thunder ဆိုတဲ့ နာမည်‌လေးလည်း ပေးလိုက်ပါတယ်။ Lawrence ဆီမှာ အရင်က ရှိနေတဲ့ ကြွက်လေး Maggie နဲ့ ယုန်ကြီး Jack တို့ကတော့သူတို့ထက် အချစ်ပိုသွားမှာ စိုးရိမ်ပြီး Thunder လေးကိုမောင်းထုတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြပါတော့တယ်။ အချင်းချင်း တိုက်ခိုက်နေကြချိန်မှာ Lawrence မသိအောင်အိမ်ကို ရောင်းဖို့ကြံစည်နေတဲ့ Daniel ရဲ့ အန္တရာယ်ပေါ်လာချိန်မှာတော့သူတို့တွေ ဘယ်လိုစည်းစည်းလုံးလုံး ဖြေရှင်းကြမလဲဆိုတာကို.... (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Juno Saurus ရေးသားထားပါတယ်)  File ...
movie

The House of Magic (2013)

Tommy Boy (1995) 7.1
Tommy Boy (1995) တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ  File size…    2.6 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie

Tommy Boy (1995)

Deadpool & Wolverine (2024) 8.3
Deadpool & Wolverine (2024) Deadpool & Wolverine (2024)IMDb Rating (8.3) / Rotten Tomatoes (80%)HDTS TELESYNC Version အသစ်ထွက်လာပြီး ရုပ်သံ တော်တော်လေး ကြည်လင်တာမလို့ ထပ်မံ Update တင်ဆက်လိုက်ပါတယ်။ ဒီ Version မှာ အသံက အဆင်ပြေသွားပြီး ရုပ်ထွက်လဲ နဂိုထက်ပိုကောင်းလာသလို ကြော်ငြာတွေရှုပ်နေတာမျိုးမရှိတော့ပါဘူး။ ဘာသာပြန်ကတော့ Official Engsub စာဖိုင်မထွက်သေးတာမို့ နားထောင်လို့ရသလောက် အကောင်းဆုံး ပြန်ပေးထားပါတယ်။ အရင် Version က လိုတာပိုတာလေးတွေလဲ ထပ်မံပြင်ဆင်ထားသလို Timing တွေကစလို့ တိကျအောင်ပြန်ပြင်ထားပေးပါတယ်။ဒီရုပ်ရှင်အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး ...
movie

Deadpool & Wolverine (2024)

HDTS
Robin and the Hoods (2024) 5.0
Robin and the Hoods (2024)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လိုစိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံတစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကိုဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကိုကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ်။ File size…1.81GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Robin and the Hoods (2024)

A Writer’s Odyssey ( 2021 ) 6.5
A Writer’s Odyssey ( 2021 ) ဒီတစ်ခေါက်ကတော့ yang mi ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါ ဝတ္ထုတစ်ပုဒ်က လက်ရှိကမ္ဘာကို ပြောင်းလဲနိုင်သလားဇာတ်လမ်းအကြောင်းအရာလေးကတော့... ကွမ်နင်ဟာ သူ့မှာရှိသမျှအရာအားလုံးကို ရင်းပြီး ပျောက်သွားတဲ့ သမီးဖြစ်သူကို ခြောက်နှစ်လုံးလုံး လိုက်ရှာနေသူတစ်ယောက်ပါ တစ်နေ့မှာ ထူလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သမီးကို ရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်ဒါပေမဲ့ ပြန်ပေးရမဲ့တန်ကြေးကတော့ "နတ်ဘုရားသုတ်သင်သူ" ဆိုတဲ့ ဝတ္ထုကိုရေးသားတဲ့ လုခုံဝမ်ကို သတ်ပေးရမှာပါ သတ်ရမှာလွယ်မယ်လို့ ထင်ထားပေမဲ့လည်း "နတ်ဘုရားသုတ်သင်သူ" ဝတ္ထုက လက်ရှိကမ္ဘာနဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အခါ ဘယ်လိုမထင်မှတ်ထားမှုတွေက ကွမ်နင်ကို စောင့်ကြိုနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ Filesize : 1.94 GB / 1.02 GB Quality : WEB-DL 1080p , 720p Format : mkv  Genres : Fantasy , Action , Adventure , Drama Runtime : 2h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

A Writer’s Odyssey ( 2021 )

The Little Alien (2022)
The Little Alien (2022) ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို‌ ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ ...... အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...  Animation, Adventure,, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura 
movie

The Little Alien (2022)

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

Twisters (2024) 7.1
Twisters (2024) နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။  "ဇာတ်လမ်းအကျဉ်း"ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။  File size…    6.80GB / 2.85GB /  1.39GB   Quality… WEB-DL 4K HEVC  1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard ...
movie

Twisters (2024)

4K HEVC
Hostiles (2017) 7.2
Hostiles (2017) Hostiles (2017)IMDb Rating (7.2) / Rotten Tomatoes (70%)အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ...
movie

Hostiles (2017)

2017
4K HEVC
Halls of Montezuma (1951) 6.6
Halls of Montezuma (1951)  ဒီကားလေးကတော့ ၁၉၅၁ အမေရိကန် world war II အကြောင်းကိုပြန်ရိုက်ထားတဲ့War/actionစစ်ကားလေးပါ မင်းသား Robert Wagner ရဲ့ပထမဆုံး credited screen role ပါဝင်တာဖြစ်ပြီးဒုတိယကမ္ဘာစစ်ရဲ့ဂျပန်တွေအပိုင်းစီးထားတဲ့ကျွန်းကိုအမေရိကန်ကြည်းတပ်ကပြန်ယူတဲ့စစ်ကားကောင်းလေးဖြစ်ပါတယ်Richard Booneရဲ့ debutကားဖြစ်ပြီးကျွန်းကိုပြန်သိမ်းဖို့ကြိုးစားကျတဲ့အခါဘယ်လိုအခက်အခဲတွေတွေ့ပြီးဂျပန်တွေရဲ့ဒုံးကျည်တည်နေရာကိုတပ်ကြပ်ကြီးနဲ့တပ်သားတွေဘယ်လိုရှာကြမလဲဆိုတာရင်ခုန်စွာကြည့်ရမဲ့စစ်ကားကောင်းလေးဖြစ်ပါတယ် စစ်ကားကြိုက်တဲ့သူတွေလက်လွှတ်မခံသင့်တဲ့ကားလေးပါ File size…(3.1GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Halls of Montezuma (1951)

Thelma (2024)
Thelma (2024) IMDB 7.1 အထိရထားတဲ့ drama. comedy ကားသစ်လေးဖြစ်ပါတယ် ...အသက် 90 ကျော် အဖွား သယ်မာပို့စ်ရဲ့ ဖြစ်ရပ်မှန်စွ့န်စားခန်းကိုရိုက်ကူးထားတာ အတော်လေး ကြည့်ကောင်းပါတယ် ... 91 နှစ်အထိ ခင်ပွန်းဖြစ်သူ တက်ဒီနဲ့ဖြတ်သန်းခဲ့ပြီးခင်ပွန်းဆုံးသွားပြီး ဘ၀နေ၀င်ချိန်ကိုတစ်ကိုယ်ထဲဖြတ်သန်းဖို့ဖြစ်လာပါတယ် ဒါပေမယ့် တစ်နေ့ သူ့မြေးဟန်‌ေဆာင်ပြီး ဒေါ်လာ 10000 လိမ်သွားတဲ့ scammer တွေကို ပညာပြန်ပေးဖို့အတွက် လက်စားချေဖို့အတွက်စွန့်စားခန်းထွက်လာပါတော့တယ်(အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre... Action, Comedy, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing 
movie

Thelma (2024)

Descendants: The Rise of Red (2024)
Descendants: The Rise of Red (2024) ကဲ ဒီတစ်ခါမှာတော့ Descendants ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်ဖြစ်တဲ့ မင်းသမီးရက်ဒ် ရဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်Descendants ရုပ်ရှင်ကားတွေကို Descendants (2015) - https://www.channelmyanmar.to/descendants-2015/ Descendants 2 (2017) - https://www.channelmyanmar.to/descendants-2-2017/ Descendants 3 (2019) - https://www.channelmyanmar.to/descendants-3-2019/ဆိုပြီး အစဥ်လိုက်ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်က အရင်ရုပ်ရှင်တွေလိုမျိုးပဲ ဇာတ်ကောင်အသစ်တွေကို ဒစ်စနီဇာတ်ကောင်ဟောင်းတွေရဲ့ မူရင်းအရသာမပျက်အောင် မတူညီတဲ့ ဇာတ်အိမ်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နှလုံးသားတို့ရဲ့ ဘုရင်မ သမီးဖြစ်တဲ့ မင်းသမီး ရက်ဒ် နဲ့ စင်ဒရဲလားရဲ့ သမီးဖြစ်တဲ့ မင်းသမီး ကလိုဝီ တို့နှစ်ယောက်အပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး အချိန်နောက်ပြန်သွားကာ အော်ရာဒွန် တိုင်းပြည် ကို ကယ်တင်ကြပုံကို ခံစားကြည့်ရှုကြရမှာပါ။ Movie runtime က တိုပေမယ့် အပိုမဆလာမရှိ ဇာတ်အိမ်ကို ခပ်သွက်သွက်လေးသွားထားတာမလို့ စိတ်ဝင်စားဖို့လည်း ...
movie

Descendants: The Rise of Red (2024)

Snow White and The Huntman (2012) 6.1
Snow White and The Huntman (2012)  ၂၀၁၂ က Hit ဖြစ်ခဲ့တဲ့ Snow White and the Huntsmanကတော့ နာမည်ကျော်စနိုးဝှိုက်ပုံပြင်ကိုအခြေခံထားပြီးKristen Stewart ၊ Charlize Theron ၊ Chris Hemsworth ၊Sam Claflin နဲ့ Bob Hoskins တို့လိုအကျော်အမော်တွေကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်မကမွေးဖွားတဲ့သမီးတော်လေးစနိုးဝှိုက်ဟာ ပြိုင်ဘက်ကင်းတဲ့အလှအပကြောင့်ကျော်ကြားပါတယ်။တစ်ရက်မှာတော့ စနိုးဝှိုက်ရဲ့မယ်တော် ဘုရင်မဆုံးပါးသွားပြီးတဲ့နောက်ပူဆွေးသောကရောက်နေတဲ့ဘုရင်ကြီးကို စုန်းမရာဗန်းနားကမြူဆွယ်နိုင်ခဲ့ပြီး ဘုရင်မဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရာဗန်းနားကဘုရင်ကြီးကိုသတ်၊ သမီးတော်လေးစနိုးဝှိုက်ကို ရဲတိုက်ကြီးထဲမှာဖမ်းဆီးချုပ်နှောင်ပြီး တိုင်းပြည်ကိုသိမ်းပိုက်အုပ်စိုးခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှ ရာဗန်းနားရဲ့စွမ်းအားတွေယုတ်လျော့လာပြီး ရာဗန်းနားရဲ့မှော်မှန်ချပ်က စနိုးဝှိုက်ရဲ့နှလုံးသားကိုစားမှသာထာဝရရှင်သန်နိုင်မယ်လို့ဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲစနိုးဝှိုက်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ရာဗန်းနားကမုဆိုးတစ်ယောက်ငှားရမ်းပြီး စနိုးဝှိုက်ကိုလိုက်လံဖမ်းဆီးပါတော့တယ်။ File size…7.17GB / 3.04GB / 1.46GB Quality…Blu-Ray 4K HEVC 1080p  / 720p Format…mp4 Duration….2h 7m Genre …..Action , Adventure , Drama Subtitle….Myanmar Subtitle ...
movie

Snow White and The Huntman (2012)

4K HEVC
Tiger Robbers ( 2021 ) 5.3
Tiger Robbers ( 2021 ) Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့... ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။ အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်က ပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိ စောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲက ဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ် အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့ အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။ သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။ တစ်ခုပဲ... ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့ အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်း ဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ် စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Filesize : 1.71 ...
movie

Tiger Robbers ( 2021 )