Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
5.6
Who Killed Bambi? (2013)
ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ယောက်ခမသူဠေးကြီး ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာတွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကိုအဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size… 1.1 GB / 476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie
Who Killed Bambi? (2013)
2013
5.2
Expend4bles (2023)
နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်းထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Expend4bles (2023)
2023
4K HEVC
6.0
Sparkle: A Unicorn Tale (2023)
ဒီဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်တဲ့ယူနီကွန်းလေးကို အကြောင်းပြုပြီးဇာတ်အိမ်တည်ထားတဲ့မိသားစု Drama Fantasyဇာတ်လမ်းလေးပါ....။မှော်အစွမ်းတွေရှိတဲ့ ယူနီကွန်းတွေဟာ သူရွေးချယ်ထားတဲ့လူကိုကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သက်တံ့ပေါ်ကနေဆင်းလာပြီးဆုတောင်းတွေဖြည့်ဆည်းပေးလေ့ရှိပါတယ်တဲ့...။ဇာတ်လမ်းလေးထဲမှာတော့ အန်နာဘယ်လ်ဆိုတဲ့ ကလေးမလေးဟာသူငယ်ငယ်ကတည်းက မိခင်ဖြစ်သူဆုံးပါသွားပြီး ဖခင်ဖြစ်သူကလည်းစစ်ပွဲထဲပါသွားလို့ အဘိုးဖြစ်သူနဲ့သာအတူနေရသူလေးပါ...။ကံခေပြီး အဘိုးဖြစ်သူပါဆုံးပါးသွားတော့ မျက်စိသူငယ်နားသူငယ်နဲ့တစ်ကောင်ကြွက်ဖြစ်သွားပါလေရော...။အဘိုးဖြစ်သူမရှိတဲ့နောက် အဘိုးရဲ့အိမ်ကိုဘဏ်ကသိမ်း၊ အန်နာဘယ်လ်လေးလည်းမိဘမဲ့ဂေဟာရောက်သွားရှာပါတယ်...။ဒီအခြေအနေကိုမကြည့်ရက်တဲ့ ယူနီကွန်းလေးတစ်ကောင်ဟာအန်နာဘယ်လ်လေးရဲ့ဆုတောင်းတွေကိုဖြည့်ဆည်းပေးဖို့ရောက်လာပါတယ်....။အန်နာဘယ်လ်လေးရဲ့ဆုတောင်းကဘာတွေဖြစ်မလဲ...၊ ယူနီကွန်းလေးကရောဘယ်လိုဆုတောင်းတွေဖြည့်ပေးမလဲဆိုတာကို စွန့်စားခန်းလေးတွေနဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.30GB / 684MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Sparkle: A Unicorn Tale (2023)
Megalodon: The Frenzy (2023)
Megalodonငါးမန်းကြီးတွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး....။ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့Megalodonငါးမန်းကြီးပေါ်လာပါတယ်....။ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်...။သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး...။အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်...။လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲအဖြေရှာကြည့်တဲ့အခါမှာတော့....။ File size…1.38GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Megalodon: The Frenzy (2023)
6.7
Rohan at the Louvre (2023)
Rohan at the Louvre (2023)ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။ Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။ သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။ တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှ ဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား? Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။Genre..... Adventure,Drama , Mystery Quality…. 1080p | 720p File size… 1.6GB | 640MB Format… mp4 Duration…. 1h ...
movie
Rohan at the Louvre (2023)
2023
8
Mission: Impossible – Dead Reckoning Part One (2023)
Mission: Impossible - Dead Reckoning Part One (2023)~ IMDb - 8/10, Rotten Tomatoes - 96% ~Mission: Impossible – Fallout (2018) ရဲ့ အဆက်ဖြစ်တဲ့ Dead Reckoning Part 1 လာပါပြီ။ ဒါဟာ သတ္တမမြောက် M:I ရုပ်ရှင်ပဲဖြစ်ပါတယ်။ Fallout, Top Gun တို့ရဲ့ ဇာတ်ညွှန်းဆရာ Christopher McQuarrie ကပဲ ဇာတ်ညွှန်းရေးသား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ကားတွဲဖြစ်ပြီး Dead Reckoning Part II ကိုလည်း ဆက်ပြီးရိုက်ကူးသွားမှာပါ။ တွမ်ခရုရဲ့ သက်စွန့်ဆံဖျားစတန့်တွေနဲ့ နာမည်ကြီးခဲ့တဲ့ M:I ရုပ်ရှင်တွေဟာ ဒီကားမှာလည်း အရှိန်ကို ဆက်ထိန်းထားတုန်းပါပဲ။ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရ ...
movie
Mission: Impossible – Dead Reckoning Part One (2023)
2023
4K HEVC
Headspace (2023)
နော်မန်ဟာ အာကာသစကြာဝဠာနှင့် အခြားဂြိုဟ်တွေပေါ်မှာ ရှိနိုင်မဲ့သက်ရှိမျိုးစိတ်တွေ ဂြိုဟ်သားတွေကို အင်မတန်စိတ်ဝင်စားတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ပါ။ သူ့မှာ ချာလင်း၊ ဖရန်ကီ၊ အလက်ဟန်ဒရို အစရှိတဲ့ ဝါသနာတူကျောင်းနေဘက်သူငယ်ချင်း တွေလည်း ရှိပြီးတော့ သွားအတူလာအတူတွေဖြစ်ကြပါတယ်။တဖက်မှာတော့ ဇိုလ်ဒါဆိုတာ စကြာဝဠာတစ်ခုလုံးကို လိုက်လံသိမ်းပိုက်နေတဲ့ ဂြိုဟ်သားခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်အကြီးကြီးကို ပိုင်ဆိုင်ပြီးတော့ ဒရွိုက်ဆိုတဲ့ စက်ရုပ်စစ်တပ်လည်း ရှိပါတယ်။ ပြီးတော့ သူတို့ကို လိုက်လံတားဆီးနေတဲ့ ငြိမ်းချမ်းရေဘက်တော်သားအဖွဲ့ဝင် မက်စ်တို့ အဖွဲ့လည်း ရှိပါသေးတယ်။ တနေ့မှာ ဇိုလ်ဒါတစ်ယောက် ဂြိုဟ်တစ်ခုကို သိမ်းပိုက်ဖို့လုပ်နေတာကို မက်စ်တို့အဖွဲ့က တားဆီးလိုက်တဲ့အချိန်မှာ ဇိုလ်ဒါစိတ်တိုသွားပြီး မက်စ်တို့ကို ရေဆုံးမြေဆုံးလိုက်ပါတော့တယ်။ ပြေးနေရင်း မလွတ်တော့မှန်း သိတဲ့အခါ မက်စ်တို့ဟာ အာကာသတွင်းပေါက်ထဲကို မောင်းဝင်လိုက်ပါတော့တယ်။ ဇိုလ်ဒါလည်း နောက်ကထပ်ကြပ်မကွာ လိုက်လာတဲ့အခါ ခုနက နော်မန်တို့ရဲ့ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ပါတော့တယ်။ဒီအချိန်မှာ ဇိုလ်ဒါတို့ မက်စ်တို့က လူတွေရဲ့ ဦးနှောက်ထဲထိ ဝင်နိုင်တဲ့ လုံးဝသေးငယ်တဲ့ ...
movie
Headspace (2023)
6.3
Get Him to the Greek (2010)
2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Get Him to the Greek (2010)
5.2
Alice Upside Down (2007)
Alice Upside Down (2007) ====================ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့... အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိသလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ ...
movie
Alice Upside Down (2007)
2007
6.1
The Adventures of Jurassic Pet 2: The Lost Secret (2023)
IMDB 6.1/10 ရရှိထားတဲ့ ဒီ Adventure/Family အမျိုးအစား ဇာတ်ကားလေးကိုတော့ လူသားကမ္ဘာနဲ့ ဒိုင်နိုဆောတို့ရဲ့ကမ္ဘာကို ခြားထားတဲ့ ဆန်းကြယ်တဲ့ တံခါးတစ်ချပ်ကနေ အစပြုထားပါတယ်။လပြည့်နေ့ပြီး နောက်တစ်ရက်ရောက်တိုင်းမှာ ဟိုဘက် ဒီဘက် ကမ္ဘာနှစ်ခုကိုဆက်ထားတဲ့ တံခါးတစ်ချပ်က တစ်ရက်တာပွင့်လာတတ်ပြီး အဲဒီတံခါးကိုစောင့်ကြပ်ရသူကတော့ ဝင်ဒီရဲ့အဘွား တက်ဒရီနာပဲဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ တစ်လတစ်ခါ သွားသွားတွေ့လေ့ရှိတဲ့ ဝင်ဒီတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ကာတစ်ဆိုတဲ့ မိဘမဲ့ဂေဟာက ကောင်လေးက ခရစ်စမတ်စ်ပိတ်ရက်အချိန်မှာ အလည်ရောက်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးက အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတော့တယ်။ကာတစ်သိသွားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုင်နိုဆောပေါက်လေး ဂျူနီယာကလည်း ဒိုင်နိုဆောကမ္ဘာဆီမပြန်ဘဲ သူတို့နောက်လိုက်လာရင်း ဒီဘက်လူသားကမ္ဘာမှာ သောင်တင်နေခဲ့ရာမှာတော့ တစ်လတာ တံခါးပြန်ပွင့်ဖို့စောင့်ရင်း ဒိုင်နိုဆောငယ်လေးအကြောင်းကို ဘယ်သူမှသိမသွားအောင် ဖုံးကွယ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်..ချစ်ဖို့ကောင်းပြီး စကားပါ ပြောတတ်တဲ့ ဒီဒိုင်နိုဆောပေါက်လေးအကြောင်း ဘယ်သူမှမသိအောင် ကာတစ်နဲ့ ဝင်ဒီတို့နှစ်ယောက် ပိပိရိရိ ဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 Mb) Quality….Webrip ...
movie
The Adventures of Jurassic Pet 2: The Lost Secret (2023)
5.7
Gadar 2 (2023)
Gardar 2 (2023)IMDb-5.7/10ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ 2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီး Gadar 1 က သရုပ်ဆောင်တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါ တာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့ တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ်တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသား ဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ် နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ ဟာမစ်အစ်ဘာလ်နဲ့မှထိပ်တိုက်တွေ့ချိန်မှာတော့..အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလို ဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲတာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ...
movie
Gadar 2 (2023)
2023
4K HEVC
6.4
Hot Tub Time Machine (2010)
လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie
Hot Tub Time Machine (2010)
6.6
The Bourne Legacy (2012)
The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie
The Bourne Legacy (2012)
4K HEVC
7.3
The Way Back (2010)
ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie
The Way Back (2010)
Cosmoball (2020)
2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။မော်စကိုမြို့ ပေါ်မှာလည်း "ဒုဓလီ" လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးFile size…(2.8 GB)/(1.5 ...
movie
Cosmoball (2020)
7.0
The Magnificent Seven (2016)
IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie
The Magnificent Seven (2016)
4K HEVC
7.4
Gran Turismo(2023)
Gran Turismo(2023)******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီးအကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကိုတကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ မယုံကြည့်ခဲ့ပေမဲ့ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ဒါရိုက်တာကတော့ Elysium တို့ District 9 ...
movie
Gran Turismo(2023)
2023
4K HEVC
6.7
The Hunter (2011)
Rotten tomatoes - 72% IMDb - 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာတာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, ...
movie
The Hunter (2011)
7.8
RDX: Robert Dony Xavier (2023)
RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie
RDX: Robert Dony Xavier (2023)
2023
6.7
Chaw(2009)
Chaw(2009)************* Train To Busanထဲက မင်းသမီး ဂျောင်ယူမီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်....ဆမ်မယ်ရီဆိုတဲ့ရွာလေးက သာယာအေးချမ်းပြီး ပြစ်မှုကင်းစင်တဲ့ ရွာငယ်လေးဖြစ်ပြီးရဲသားဂင်ဟာဒီရွာလေးကို ပြောင်းရွှေ့တာဝန်ကျလာခဲ့ပါတယ်။ဗြောင်းဆူရွန်းကတော့ သုတေသနစာတမ်းပြုစုဖို့အတွက် ဆမ်မယ်ရီရွာလေးမှာ ရောက်ရှိနေတာဖြစ်ပြီး ချွန်းအီမန်နဲ့ ဘဲ့မန်းဘယ်တို့ကတော့ လက်ဖြောင့် မုဆိုးကြီးတွေပဲဖြစ်ကြပါတယ်။စုံထောက်ရှင်းကတော့ အမှုတစ်ခုကို စုံစမ်းဖို့အတွက် ဆမ်မယ်ရီရွာကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။တစ်ရက်ကစပြီး အရင်က ဘာပြစ်မှုမှ မရှိခဲ့တဲ့ ဆမ်မယ်ရီရွာလေးမှာ ထူးထူးဆန်းဆန်း လူသေမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ဒီ လူသေမှုတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့အတွက် လူငါးယောက် ပါဝင်တဲ့ အမဲလိုက်အဖွဲ့က တောထဲကို ထွက်ခွာကြမှာဖြစ်ပါတယ်။ဒီဇာတ်ကားက Adventure,Action, Comedy,အမျိုးအစားတွေကို ရောနှောထားတဲ့ ဇာတ်ကားကောင်းလေးမို့လို့ အားလပ်ချိန်မှာ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ရင်း အပန်းဖြေဖို့ ဇာတ်ကားရွေးချယ်နေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေး ညွှန်းပေးလိုက်ချင်ပါတယ်။File size… 3.4GB& 1.5GB Quality… WEB-DL1080p,720p Format…mp4 Duration….2hr 03min Genre ….. Action, Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet
movie
Chaw(2009)
First
27
28
29
30
31
Last
Previous
Next