Channel Myanmar

Adventure

Twin Dragons (1992) 6.5
Twin Dragons (1992)  ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

Twin Dragons (1992)

1992
The Legend of Detective Sleek Rat 1: The Bloody City (2016) 5.8
The Legend of Detective Sleek Rat 1: The Bloody City (2016) တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။ မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့် ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက် ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီး ဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ် ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ...... ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 28 min Subtitle : Myanmar ...
movie

The Legend of Detective Sleek Rat 1: The Bloody City (2016)

Ned Kelly (2003) 6.4
Ned Kelly (2003)  ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်...အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ...။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ ...
movie

Ned Kelly (2003)

Apocalypto (2006) 7.8
Apocalypto (2006) Apocalypto (2006)IMDb Rating (7.8 ) / Rotten Tomatoes (65%)လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ.... မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။ မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ ဒီကားဟာ ငယ်ငယ်က ...
movie

Apocalypto (2006)

2006
4K HEVC
First Knight (1995) 6
First Knight (1995) First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie

First Knight (1995)

1995
Ghost Graduation (2012) 6.3
Ghost Graduation (2012) ကဲ..ကျောင်းပျော်သရဲတွေလာပါပြီ။ ဒီရုပ်ရှင်ကားရဲ့ အတိုလေးတွေကို Fb မှာစကြည့်မိတော့ တစ်မျိုးလေးပါလားဆိုပြီး စိတ်ဝင်စားခဲ့တာ... အခုတော့ ကြည့်လို့ကောင်းမှန်းသေချာသွားပါပြီ။ သရဲကားဆိုတာထက် သရဲတွေရဲ့ခံစားချက်ဘက်ကို နည်းနည်းပိုရိုက်ပြထားတဲ့ကားလို့ ထင်ပါတယ်ဗျ။ မွန်ဖော့တ်ဆိုတဲ့ကျောင်းကြီးမှာ ထူးဆန်းတဲ့အရာတွေဖြစ်နေတာ တော်တော်ကြာပါပြီ။ ဆရာတွေလည်း ခဏခဏအလုပ်ထွက်လွန်းလို့ ကျောင်းသားမိဘတွေလည်း စိတ်ပူနေရပါတယ်။ လစ်လပ်နေတဲ့ဆရာနေရာကို ရောက်လာတာက ခဏခဏအလုပ်ထုတ်ခံရတဲ့ မိုဒက်စတိုလို့ခေါ်တဲ့ ကျောင်းဆရာတစ်ယောက်။ သူကတော့ မမြင်သင့်တဲ့အရာတွေကို မြင်နေရတဲ့အရူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသမှုခံယူနေရတဲ့သူပါ။ ကျောင်းမှာ ထူးဆန်းတဲ့အရာတွေဖြစ်အောင် ဘယ်သူလုပ်နေမှန်းမသိကြပေမယ့် မိုဒက်စတိုကတော့ မြင်နေရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက မီးလောင်ပြီးသေဆုံးသွားကြတဲ့ သူငယ်ချင်းငါးယောက်ကြောင့်ပါ။ ကျောင်းကလည်း နာမည်ဆိုးနဲ့ကျော်ကြားနေပြီး ပိတ်ပစ်ရတော့မယ့် အခြေအနေ၊ ပြသာနာရဲ့အရင်းအမြစ်ဖြစ်တဲ့ မကျွတ်မလွတ်တဲ့ ကျောင်းသားငါးယောက်ကို မိုဒက်စတိုတစ်ဦးတည်းကပဲ မြင်ရတော့... သရဲငါးကောင်ကို ဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်ပေးမလဲ? သူတို့ရဲ့မပြီးပြတ်နိုင်တဲ့ကိစ္စကရော ဘာဖြစ်မလဲဆိုတာတွေကို ပုံမှန်သရဲကားတွေနဲ့မတူပဲ စိတ်ဝင်စားအောင်ရိုက်ပြထားတာမို့ အဆုံးထိကြည့်လိုက်ရအောင်နော် ။ ။  File size…    1.4 GB /   756 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Ghost Graduation (2012)

2012
The Order (2001)
The Order (2001) အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူမရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆိုနားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက်ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းကရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်းစီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလိုပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့လျှို့ဝှက်ဆန်းကျယ်တာတွေကိုဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက်တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။   File size…   1.4 GB /  954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre .....  Action ...
movie

The Order (2001)

2001
War for the Planet of the Apes (2017) 7.4
War for the Planet of the Apes (2017) War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94%   အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie

War for the Planet of the Apes (2017)

2017
4K HEVC
The Pagemaster (1994) 6.1
The Pagemaster (1994) ကဲ... ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။ပျော်စရာလည်းကောင်းမယ်။ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူးအရမ်းကောင်းတယ် ကြည့်... ဒါပဲ...  ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့်အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီးကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။ အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်းသံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီးကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။ လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက် ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက် စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....  File size…  2.3 GB /  615 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20 m Genre .....  Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJo Va
movie

The Pagemaster (1994)

1994
Dhoomam (2023) 5.6
Dhoomam (2023) Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie

Dhoomam (2023)

2023
Open Season (2006) 6.1
Open Season (2006) သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကိုဖျော်ဖြေလေ့ ရှိပါတယ်...တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာသမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာသနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီးတည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ...
movie

Open Season (2006)

2006
Open Season: Scared Silly (2015) 5.2
Open Season: Scared Silly (2015) စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ်ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။ ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင်ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ...
movie

Open Season: Scared Silly (2015)

2015
Scooby-Doo and the Alien Invaders (2000) 6.8
Scooby-Doo and the Alien Invaders (2000) Scooby-Doo and the Alien Invaders (2000) =============================== IMDb Rating - 6.8/10ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Scooby Doo ရုပ်ရှင်ရဲ့ Graphic quality ကို အပြည့်အဝပြန်ခံစားပြီး Nostalgic ဖြစ်လိုက်ကြရအောင်လားဗျာ။ IMdb Rating - 6.8 ရှိတာမို့ ပုံမှန်လို Entertainment အသားပေးသာသာ Common sense rating နည်းလေ့ရှိတဲ့ ဇာတ်လမ်းမျိုးမဟုတ်တာတော့ အထွေ အထူးညွှန်းဖို့ မလို‌လောက်ပါဘူးနော်။Mystery Machine ရဲ့ ဒါရိုင်ဘာခုံမှာ ဖင်မထိုင်ဖူး‌သူ Shaggy နဲ့ Scooby တို့နှစ်ယောက် ထူးထူးခြားခြား ကားမောင်းတာဝန်ယူတဲ့ ညမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းကစတာပါ။ ကန္တာရဒေ သမို့ အချိန်အခါမဟုတ် သဲမုန်တိုင်းတိုက်နေတာပေါ့။ Mystery Machine ပေါ်ကနေ ပန်းကန်ပြားပျံသဏ္ဍာန် အရိပ်ကြီးတစ်ခု ဖြတ် ပျံသွားပြီးနောက်မှာတော့ ဂြိုဟ်သားကျူးကျော်မှုရဲ့ သားကောင်ဖြစ် နေတဲ့ နယ်မြို့လေးတစ်မြို့မှာ Scooby တို့သူငယ်ချင်းတစ်စု သောင် တင်စတည်းချရဖို့ ဖြစ်လာပါတော့တယ်။အစိုးရစီမံကိန်းရဲ့ စလောင်းတွေကြောင့် ဂြိုဟ်သားအန္တရာယ်ဖြစ်ရပါ တယ်လို့ဆိုသူများအပြင်ကိုမှ Velma ...
movie

Scooby-Doo and the Alien Invaders (2000)

2000
Shark Tale (2004) 6.1
Shark Tale (2004) Will Smith နဲ့ Angelina Jolieအပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အသံသရုပ်ဆောင်ထားပြီး IMDb Rating 6 ထိ ရခဲ့တဲ့ 2004 ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေး တစ်ကားကို CMကနေတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် အော်စကာ ဆိုတဲ့ငါးလေးတစ်ကောင်ကချမ်းချမ်းသာသာနေရဖို့ကိုအမြဲတွေးလေ့ရှိပေမယ့်အကြွေးတွေပတ်လည်ဝိုင်းပြီးဒုက္ခရောက်နေသူပါ။ တစ်နေ့မှာတော့ မတော်တဆမှုကြောင့် ငါးမန်းတစ်ကောင်သေသွားတာကို ရှေ့တင်ကြုံရတဲ့အခါမှာ အော်စကာက သူ့ကိုယ်သူငါးမန်းသတ်သူဆိုပြီး လိမ်ညာနာမည်ကောင်းယူလိုက်ပါတယ်။ ဒါပေမဲ့သေသွားတဲ့ငါးမန်းကဂိုဏ်းစတားခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်တာကို အော်စကာသိလိုက်ရတဲ့အခါမှာ ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကိုပရိသတ်ကြီးကဆက်လက်ကြည့်ရှုခံစားရမှာပါ။  File size…    2.5 GB /   1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citurus
movie

Shark Tale (2004)

2004
Elf Me (2023) 5.2
Elf Me (2023) Elf Me (2023)မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့် အီတလီ ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ Adventure, Family အမျိုးအစားဖြစ်ပြီး ကလေးတွေအချစ်တော် ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ပါ၀င်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။ဆန်နီကိုလာအာလ်မွန်တီမြို့လေးမှာ ခေတ်ဟောင်းအရုပ်ဆိုင်လေးဖွင့်ထားတဲ့ အီလီရာနဲ့ မိခင်ဖြစ်သူ အီဗာနာ... သူတို့အရုပ်တွေက ဒိတ်အောက်နေပြီမို့လို့ ကလေးတွေက မ၀ယ်ကြဘဲ ခေတ်မီဆန်းသစ်တဲ့အရုပ်တွေပဲ လိုချင်ကြလို့ သူတို့သားအမိဆိုင်လေးက မရောင်းရပါဘူး။တစ်ဖက်မှာလည်း မြောက်၀င်ရိုးစွန်းက ဆန်တာရဲ့ အလုပ်ရုံမှာ လုပ်တဲ့ အလှဆင် နတ်သူငယ် ထရစ်ပ်... နှစ်စဉ် သူထွင်ထားတဲ့ အရုပ်သစ်ကို ခွင့်ပြုချက်ရဖို့ ကြိုးစားပေမဲ့ သူ့အရုပ်တွေက အန္တရာယ်များတဲ့အတွက် ပယ်ချတာပဲခံရပါတယ်။ဒီနှစ်မှာတော့ ထရစ်ပ်က သူ့အရုပ်ကို ခိုးပို့ဖို့ ကြိုးစားတာကို မထင်မှတ်ဘဲ အရုပ်အစား သူက အီလီရာတို့အိမ်ရောက်လာပါတယ်။၀င်ရိုးစွန်းကို ပြန်ချင်တဲ့ထရစ်ပ်နဲ့ မိဘတွေ ကွာရှင်းတာကိုမသိဘဲ ဖခင်ကိုပြန်ခေါ်ချင်တဲ့ အီလီရာတို့ဆုံပြီး ဘယ်လို အပေးအယူလုပ်ကြမလဲ... နောက်ထပ် ဘာစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ... ကြည့်ရှူအားပေးနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Elf Me (2023)

2023
R.A.D.A.R.: The Adventures of the Bionic Dog (2023)
R.A.D.A.R.: The Adventures of the Bionic Dog (2023)  ဇာတ်လမ်းလေးကတော့ မိသားစုနဲ့အတူတူပေါ့‌ပေါ့ပါးပါးကြည့်လို့ရမယ့် စက်ရုပ်ခွေးလေးရေဒါအကြောင်းပါပဲ....။ဒီခွေးလေးကို ဒေါက်တာ ဗန်ဟွတ်ဆိုသူ စိတ္တဇလူဆိုးကြီးကဖန်တီးခဲ့တာပါ...။ရည်ရွယ်ချက်ကတော့ စက်ရုပ်ခွေးလေးရဲ့ အစွမ်းကို အသုံးချပြီးကမ္ဘာအနှံ့က ရတနာတွေရှာဖွေဖို့ပေါ့လေ.....။ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ဖန်တီးထားတယ်ဆိုပေမယ့်စက်ရုပ်ခွေးလေးရေဒါဟာ မေတ္တာတရားကိုသာလိုလားတောင့်တသူပါ...။တစ်နေ့မှာ ဒီခွေးလေးဟာ ရတနာရှာထွက်ရင်း သူတို့အပူနဲ့သူတို့ ရတနာရှာထွက်လာတဲ့ ဂေ့ဘ်နဲ့ ကိုင်လီဆိုတဲ့ကလေးနှစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး....သူလိုလားတောင့်တတဲ့ မေတ္တာတရားကိုခံစားမိတဲ့အခါ...စက်ရုပ်ခွေး ရေဒါလေးဟာ ဂေ့ဘ်တို့အနားပဲနေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့....။ဒါကို လူဆိုးကြီး ‌ဒေါက်တာ ဗန်ဟွတ်က လက်ခံပါ့မလား....၊ဂေ့ဘ်တို့ကိုရော ဘယ်လိုဒုက္ခတွေပေးဦးမှာလဲ....၊ရေဒါလေးရဲ့အစွမ်းတွေက ဘာတွေဖြစ်မလဲ  ဂေ့ဘ်တို့ကရော စက်ရုပ်ခွေးလေးနဲ့အတူလူဆိုးကြီးကိုဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.92GB / 1.02GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

R.A.D.A.R.: The Adventures of the Bionic Dog (2023)

Finding Nemo (2003) 8.1
Finding Nemo (2003) Finding Nemo (2003) IMDb - 8.1/10_______Rotten - 99% Won 1 Oscar. Another 48 wins & 62 nominations  အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် ... နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ ... အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် ... ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ ... ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ်     File size…  6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / ...
movie

Finding Nemo (2003)

2003
4K HEVC
Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC