Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
5.8
Buddy (2024)
Buddy 2024 လက်တွဲဖော်ပါလာဗီဟာ လေကြောင်းလမ်းရှင်းလင်းရေးအရာရှိတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ အိမ်ကလက်ထပ်ပေးဖို့ ဖိအားပေးခံနေရသူပေါ့။ဒါပေမဲ့ ပါလာဗီရဲ့နှလုံးသားထဲမှာ သူအတွေ့အကြုံနုစဉ်က လေကြောင်းရှင်းလင်းရေးကို ကူညီပေးခဲ့တဲ့ ကပ္ပတိန်အာဒီတယာကသာ စိုးမိုးထားတဲ့အတွက် ကပ္ပတိန်နဲ့ နောက်ဆုံးအနေနဲ့ ဗိုင်းဇက်ကို ထွက်သွားပါတော့တယ်။ အဲဒီမှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ မတော်တဆမှုဖြစ်သွားတာပေါ့။တစ်ဖက်မှာလည်း ဟောင်ကောင်ဘိန်းရာဇာကြီးရဲ့သား နှလုံးအစားထိုးဖို့ မှောင်ခိုဈေးကနေ ကိုက်ညီတဲ့သူရှာနေတဲ့ ဒေါက်တာအာဂျွန်ကလည်း ပါလာဗီနဲ့ကိုက်ညီနေတာတွေ့လို့ ပါလာဗီကို နေ့ချင်းဟောင်ကောင်ကို သယ်လာဖို့ကြံစည်ပါတော့တယ်။တစ်ဖက်ကလည်း အာဒီတယာကိုစိတ်စွဲနေတဲ့ ပါလာဗီရဲ့ဝိညာဉ်က အာဒီအိမ်က ဝက်ဝံရုပ်ထဲရောက်သွားတဲ့အခါ.....(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…1.78GB / 1GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Buddy (2024)
The Myth 2 : A Legend (2024)
ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီးဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့....။ File size…(7.5 GB)/ (3.3 GB )/(1.7 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:09:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by CM Team
movie
The Myth 2 : A Legend (2024)
4K HEVC
6.2
The Myth (2005)
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie
The Myth (2005)
2005
6.0
Harold and the Purple Crayon (2024)
Harold and the Purple Crayon ကတော့ ဟာသ၊ စွန့်စားခန်းနဲ့စိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ဂန္ထဝင်ကာတွန်းဖြစ်တဲ့ Harold ကို အခြေခံရိုက်ကူးထားတာပါ။ကာတွန်းစာအုပ်ထဲကာဟာရိုးလ်ဟာ ခရမ်းရောင် ရောင်စုံခဲတံနဲ့သူဆွဲလိုက်တဲ့အရာတိုင်းက အသက်ဝင်လာပြီး ကာတွန်းကမ္ဘာထဲမှာကိုယ်ပိုင်စွန့်စားခန်းတွေထွက်လေ့ရှိပါတယ်။ ဟာရိုးလ်နဲ့အတူသူငယ်ချင်းတွေဖြစ်တဲ့သမင်နဲ့ဖြူကောင်အပြင် ဇာတ်ကြောင်းပြောသူပါရှိခဲ့ပေမယ့် တစ်နေ့မှာ ဇာတ်ကြောင်းပြောသူရဲ့ အသံကိုမကြားရတော့တဲ့အတွက် ဟာရိုးလ်တစ်ယောက် ပြင်ပကမ္ဘာကိုထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရောင်စုံခဲတံနဲ့ဆွဲတဲ့တံခါးကတစ်ဆင့် ပြင်ပကမ္ဘာအစစ်ကိုရောက်ရှိလာတဲ့ဟာရိုးလ်ဟာ တယ်ရီနဲ့မဲလ်တို့သားအမိနဲ့တွေ့ဆုံခဲ့ပြီး အပြန်အလှန်ကူညီကြရင်း ဟာရိုးလ်က သူ့အဖေလို့မှတ်ယူထားတဲ့ဇာတ်ကြောင်းပြောသူကို လိုက်လံရှာဖွေနေခဲ့ပါတယ်။မဲလ်ရဲ့အကူအညီနဲ့ စာကြည့်တိုက်တစ်ခုမှာသွားရှာရာကနေ စာကြည့်တိုက်မှူးဂယ်ရီက ဟာရိုးလ်ရဲ့ဘာမဆိုဖန်တီးနိုင်တဲ့ရောင်စုံခဲတံကိုလောဘတက်ပြီး အပိုင်သိမ်းဖို့ကြံစည်ပါတော့တယ်။ ဟာရိုးလ်ကရောင်စုံခဲတံနဲ့ လူတွေကိုပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပေမယ့်ဂယ်ရီကတော့ သူ့ရဲ့အမုန်းတွေ၊ လက်စားချေလိုစိတ်တွေအတွက်အသုံးချဖို့လုပ်ဆောင်လာတဲ့အခါ ဟာရိုးလ်တစ်ယောက် ကမ္ဘာအစစ်ထဲကသူချစ်တဲ့သူတွေကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…4.77GB / 2.27GB / 1.14GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 30m Genre ….. Adventure , Family , ...
movie
Harold and the Purple Crayon (2024)
4K HEVC
7.0
Prometheus (2012)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Prometheus (2012)
2012
8.4
Aliens (1986)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Aliens (1986)
1986
7.2
The Prince of Egypt
ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့် တစ်ခါကအီဂျစ်နိုင်ငံမှာMoses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ကျန်တစ်ယောက်မှာတော့ မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီးညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာတိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့ ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲနောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။(ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ) File size… 3.7 GB / 1.4 GB / 727 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Animation/ Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Myo Min Thu Thant Myint
movie
The Prince of Egypt
4K HEVC
5.4
Detective Chinatown 3 ( 2021 )
Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 ...
movie
Detective Chinatown 3 ( 2021 )
6.5
Oddball (2015)
IMDb 6.4/10Rotten Tomatoes 87%ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပိတ်ရက်မှာ မိသားစုတစ်စုလုံး အတူကြည့်ရှုခံစားနိုင်မဲ့ ဇာတ်ကားလေးရှာနေပါသလား? ဒါဆို ဒီရုပ်ရှင်ကလူကြီးမင်းတို့အတွက်ဖြစ်မှာပါ။နာမည်ကိုက အူကြောင်ကြောင်လေးလို့ အဓိပ္ပာယ်ရတဲ့ ခွေးလေးOddball ရဲ့ တစ်ရက်တာဟာ အလွဲပေါင်းတစ်သိန်းနဲ့ စတင်ပါတယ်။ခြံမွေးတိရစ္ဆာန်တွေကို စောင့်ကြပ်ရတဲ့ မာရန်မာခွေးမျိုးဖြစ်ပေမဲ့သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းမှ မစောင့်ရှောက်ပေးတတ်တဲ့ ကောင်လေးပါ။တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုးမြို့လေးရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့နေရာလေးတစ်ခုမှာ ဒေသခံပင်ဂွင်းလေးတွေ မျိုးတုံးမဲ့ အခြေအနေကိုဆိုက်ရောက်လာပါတော့တယ်။ အဲဒီအခါမှာ ကြက်ခြံလယ်သမားကြီးဆွမ်ပီဟာ သူ့သမီး အမ်မလီနဲ့ မြေးမလေးဖြစ်သူ လစ်ဗီနဲ့အတူ ပင်ဂွင်းဘေးမဲ့စခန်းကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဖြစ်ရပ်မှန်အခြေပြုဇာတ်လမ်း ဖြစ်တဲ့အလျောက် ပျော်ရွှင်စရာဇာတ်ကွက်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အသိပညာဗဟုသုတလည်းရရှိနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ File size…1.58GB / 812MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Oddball (2015)
9.3
Black Myth: Wukong (2024)
Black Myth : Wukong short animation video ............................................................................အခုရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ဝူခုန်းဂိမ်းဟာ အတော်ကိုဟော့နေပါတယ်။ဂိမ်းရုပ်ထွက်ကောင်းမွန်တာကြောင့် လူကြိုက်များတာလည်းပါသလိုဆော့လို့လည်းကောင်းပြီး ဇာတ်လမ်းကလည်း ဆန်းသစ်ထားတာမလို့လူအများစိတ်ဝင်စားမှုကိုရနေတာပါ။ အခုတင်ဆက်ပေးတဲ့ဇာတ်လမ်းတိုကာတွန်းအပိုင်းလေးတွေကတော့ ရှင်းရှင်းပြောရရင်ဂိမ်းဆော့နေရင်း တခန်းပြီးတခါပြသတဲ့ဇာတ်လမ်းတိုလေးတွေပါ။ဂိမ်းကိုကိုယ်တိုင်ဆော့ချင်တယ်။ spoilမမိချင်ရင်တော့ မကြည့်တာက ပိုကောင်းပါမယ်။ဒါပေမဲ့ ဒီအပိုင်းတိုလေးတွေဟာ ဂိမ်းဇာတ်လမ်းနဲ့တိုက်ရိုက်ဆက်စပ်နေတာထက်စာရင်မိစ္ဆာတစ်ကောင်ချင်းစီရဲ့ဇာတ်လမ်းတိုလေးတွေဗျ။animation style ကလည်း တပိုင်းကိုတပုံစံနဲ့ပါ။တပိုင်းမှာဆိုရင် stop motionပုံစံတောင်ပါပါသေးတယ်။ဂိမ်းဆော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့လူများကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။အပိုင်း၆ပိုင်းရှိတဲ့ထဲမှာ အပိုင်း၃ဇာတ်လမ်းက တော်တော်ကိုမိုက်ပါတယ်။ကျန်တဲ့အပိုင်းတွေမှာလည်း ဝူခုန်းတို့ကျမ်းစာပင့်ခရီးမှာ ပထမဆုံးရင်ဆိုင်ခဲ့တဲ့ထန်ဆန်းကိုယ်တော်ရဲ့ရွှေသင်္ကန်းကိုခိုးသွားတဲ့ဝက်ဝံမိစ္ဆာနံဘုန်းကြီး၊ မြေခွေးမိစ္ဆာမလေးနဲ့စာသင်သားတို့အချစ်ဇာတ်လမ်း၊ မြစ်စောင့်နတ်မိစ္ဆာဇာတ်လမ်း၊ ကျူးပါ့ကျဲရဲ့အချစ်ဇာတ်လမ်းနဲ့စီးရီးမှာမပါခဲ့တဲ့ သူ့မိန်းမ ပင့်ကူမိစ္ဆာမတို့အကြောင်း၊ နွားသိုးမိစ္ဆာ(မြဝတီဗားရှင်းမှာတော့ကျွဲမိစ္ဆာလို့ဘာသာပြန်သွားခဲ့တာလိုပဲ)နဲ့ဝူခုန်းကြားက ဆက်ဆံရေးတို့ပါပါတယ်။နောက်ဆုံးအပိုင်းပိုကတော့ ဂိမ်းနဲ့သွားဆက်နေတော့ ဂိမ်းဆော့မှပဲ သိမှာပါ။ဂိမ်းမဆော့ဖြစ်လည်းသိအောင် အောက်မှာ နည်းနည်းspoilပေးပါမယ်။Spoiler alertဂိမ်းအစမှာတော့ဝူခုန်းတို့အဖွဲ့ ကျမ်းစာပင့်ပြီးနောက် ဝူခုန်းကိုဗုဒ္ဓက အောင်နိုင်ခြင်းဗုဒ္ဓဘွဲ့ချီးမြှင့်ပေမဲ့ဝူခုန်းက ဗုဒ္ဓတို့နဲ့အတူမနေပဲ သူ့ရဲ့နောက်လိုက်မျောက်တွေရှိရာပန်းပေါင်းစုံရေတံခွန်ကိုပြန်သွားပါတယ်။ဗုဒ္ဓတစ်ပါးအနေနဲ့မနေတဲ့ဝူခုန်းကိုကြောက်တာကြောင့် နတ်တွေဟာမျောက်တွေဆီရောက်လာပြီး တိုက်ခိုက်သတ်ဖြတ်ပါတော့တယ်။အဲ့ဒါနဲ့ဝူခုန်းလည်း နတ်ပြည်ကိုနောက်တခါပြန်တက်ကာနတ်တွေကိုတီးဖို့လုပ်သော်လည်း ခေါင်းစွပ်ကွင်းကတိုက်ပွဲအတွင်းနှောက်ယှက်တာကြောင့် မျက်လုံးသုံးလုံး အာလိန်ရှန်းနတ်ရဲ့သတ်ဖြတ်တာကိုခံလိုက်ရာကနေ Black Myth : Wukongဆိုတဲ့ဇာတ်လမ်းအစပြုပါတော့တယ်။IGN 8/10 Metacritic 81% Steam ...
movie
Black Myth: Wukong (2024)
Zorawar Di Jacqueline (2024)
Zorawar Di Jacqueline (2024)တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ) File size…2.2GB/ 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Zorawar Di Jacqueline (2024)
8.8
Inception (2010)
Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie
Inception (2010)
2010
4K HEVC
White Plastic Sky (2023)
စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ဂေးရီးယန်းအန်နီမေးရှင်းရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းရော တင်ဆက်ပုံရောဆန်းကျယ်ပြီး အဆင့်တစ်ခုထိရှိတယ်လို့ ကျွန်တော်တော့ခံစားရတာမို့ ခဏလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။2123ခုနှစ်....၊ ကမ္ဘာကြီးပျက်စီးစပြုနေပြီး မြို့ကြီးနှစ်မြို့ပဲ ကျန်တော့တဲ့အချိန် လူတွေမှာ အစားအသောက် ရှားပါးပြတ်လတ်နေခဲ့။ဒီမှာပဲ ပရော်ဖက်ဆာတစ်ယောက်တီထွင်ခဲ့တဲ့ မျိုးစေ့ကြောင့် လူတွေဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးပေးဆပ်ရတဲ့တန်ဖိုးက အသက်ငါးဆယ်ပြည့်တာနဲ့ ဆန္ဒအလျောက်မိမိကိုယ်ကိုယ်စတေးပြီး အစားအသောက်တစ်ခုဖြစ်လာဖို့ ခန္ဓာကိုယ်တွင်း မျိုးစေ့ထည့်သွင်းပြီး စားသောက်ဖို့ အပင်တစ်ပင်ဖြစ်ပေးရတာပါ။သုံးဆယ်ဝန်းကျင်ပဲရှိသေးတဲ့ စတက်ဖန်တို့ဇနီးမောင်နှံနှစ်ဦး။ စိတ်သောကတွေ ခံစားနေရတာမို့ ငါးဆယ်မပြည့်ခင်မှာပဲ ဇနီးဖြစ်သူ နိုရာက ဆန္ဒအလျောက် သူ့ကိုယ်သူစတေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာပဲ ဇနီးဖြစ်သူကို မစွန့်လွှတ်နိုင်တဲ့ စတက်ဖန်တစ်ယောက် ဇနီးဖြစ်သူကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(837 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre... Adventure, Animation, Drama, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
White Plastic Sky (2023)
7.6
Kalki 2898-AD (2024)
Kalki 2898 AD (2024) IMDb - 7.6/10စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ... လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ... ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (10 GB) / (3.67 GB) / (2GB) Quality…WEB DL 4K EHVC ...
movie
Kalki 2898-AD (2024)
4K HEVC
6
Red Line ( 2023 )
Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။ လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီး အဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက် ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါ အားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာ တရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကို ပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာ သူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့် ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့ အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။ မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။ Filesize : 1.40 GB / 752 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Action , Thriller , Adventure Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Red Line ( 2023 )
5.8
Five Heroes In The Wild ( 2024 )
ဟာသကားလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် သွေးမတော်သားမစပ်တဲ့ ညီအစ်ကိုသံယောဇဉ်တွေနဲ့ စိတ်ဓာတ်ကောင်းတဲ့ခေါင်းဆောင်ကောင်းအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ဇာတ်လမ်းအကျဉ်းလေးကတော့ - တစ်နိုင်ငံလုံး ပလိပ်ရောဂါကြောင့် အငတ်ဘေးဆိုက်နေတဲ့အချိန် ပညာတတ်တစ်ယောက်ဖြစ်တဲ့ ပါးသောင်းဆိုတဲ့လူငယ်လေးဟာလည်း သူ့အလုပ်ကိုစွန့်ပြီးအစားအသောက်ရှာဖို့ မြို့ပြင်ရွာပြင်အနှံ့အစားအသောက်ရှာဖို့ထွက်ရပါတော့တယ် ။ဒီလိုနဲ့ကံကြမ္မာဖန်လာပြီး စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့သူက သူဖုန်းစားတစ်ယောက်၊ အမဲလိုက်သမားတစ်ယောက် ၊ သင်းကွပ်သမားတစ်ယောက် ၊ သမားတော်တစ်ယောက်နဲ့အတူ ဓားပြလုပ်ဖို့ဖြစ်လာပါတော့တယ် ။ ဓားပြလုပ်ပေမဲ့ အငတ်ဘေးဆိုက်နေတဲ့သူတွေချည်းဆိုတော့ သူတို့ဓားပြတိုက်ဖို့လည်းလူမရှိဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့ပလိပ်ရောဂါဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သွေးလင်ဇီးမှိုကိုရှာဖို့ဖြစ်လာခဲ့ပါတော့တယ် ။ဇာတ်လမ်းလေးထဲမှာတော့ သူတို့၅ယောက် လင်ဇီးရှာရင်း ကြုံတွေ့ရမဲ့အခက်အခဲတွေ စည်းလုံးကြပုံလေးတွေကို ဟာသလေးနှောပြီးရိုက်ထားတာကိုမြင်ရမှာဖြစ်လို့ ဇာတ်ကားလေးကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော် ။ Filesize : 1.50 GB / 764 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Adventure , Mystery Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by ...
movie
Five Heroes In The Wild ( 2024 )
5.8
Death Town ( 2024 )
နှစ်ပေါင်းများစွာအတွင်း စစ်ရှုပ်ထွေးမှုနဲ့ ဝေးရာမှာရှိပြီး အေးချမ်းသာယာခဲ့တဲ့ ဝူချန်မြို့မှာ မတော်တဆ သေဆုံးမှုတွေ ဆက်တိုက် ဖြစ်နေခဲ့ပါတယ်။ ရွာသားတွေရဲ့ ပြောပုံအရတော့ အားရီးနတ်ကို ပြစ်မှားမိပြီး တားမြစ်နယ်မြေဖြစ်တဲ့ ဝိညာဉ်ပျောက်တောထဲကို ဝင်မိတဲ့အတွက် သေရတာတဲ့......ကင်းလှည့်အဖွဲ့ အဖွဲ့ခေါင်းဆောင် ချန်မော့က လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ရေနစ်သူမိန်းကလေးပိုင်စွမ်းကို ကယ်ခဲ့ပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်မရှိတဲ့ ဝူချန်မြို့မှာ အပြင်လူတစ်ယောက် ရောက်လာခြင်းက နိမိတ်မကောင်းတဲ့အတွက် ချန်မော့က ပိုင်စွမ်းကို သူ့အိမ်ထဲမှာပဲ ဖွက်ထားပေးခဲ့ပါတယ်။ပိုင်စွမ်းက အပြင်လောကမှာရှိတဲ့ အသိပညာတွေ မျှဝေပေးမှုကြောင့် ချန်မော့ကလည်း အားရီးနတ်ကို အယုံအကြည်မရှိတော့ဘဲ လူသေမှုတွေကို လိုက်လံစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူသေမှုတွေ နောက်ကွယ်မှာ ဘယ်လို အကြံအစည်ကြီးတွေ ရှိနေမလဲ...... ချန်မော့တို့အဖွဲ့ကရော မြို့ထဲကလူတွေကို အမြင်မှန်ရလာအောင် လုပ်ပေးနိုင်မလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 906 MB / 459 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Thriller , Mystery , Adventure Runtime : ...
movie
Death Town ( 2024 )
7.8
Inside Out 2 (2024)
2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie
Inside Out 2 (2024)
4K HEVC
8.2
Inside Out (2015)
ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie
Inside Out (2015)
2015
4K HEVC
5.0
Antboy 3 (2016)
Antboy 3 ဟာ 2016 ကထွက်ရှိထားတဲ့family/comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။IMDb 5 ရရှိထားပြီးတော့ Antboy 1 နဲ့ Antboy 2 တို့ရဲ့ အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပီလီဟာ Anyboy ဘဝကိုစွန့်လွှတ်ပြီးသာမန်ဘဝနဲ့နေထိုင်ဖို့ ရွေးချယ်လိုက်ပါတယ်။ဒါပေမယ့် သူ့ရဲ့ရန်သူဟောင်းကြီးက အကျဉ်းထောင်ကထွက်လာပြီးကုမ္ပဏီက စီအီးအို နဲ့ ပူးပေါင်းကြမလား၊ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ပေါ့ပေါးပါးပါးနဲ့ ကြည့်ပျော်ရှုပျော်ဇာတ်ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးတို့အတွက်တင်ဆက်ပေးလိုက်ပါတယ်File size… 2 GB / 878 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie
Antboy 3 (2016)
1
2
3
4
Last
Previous
Next