Channel Myanmar

Adventure

Tracker (2010) 6.5
Tracker (2010)  ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံစစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp ကရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone ကဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီးလူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ်နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီလူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကိုဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ်ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်ကဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားကအံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက်ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင်ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကောမိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ဘာလို့အရေးမယူတာလဲ ...
movie

Tracker (2010)

Resident Evil (2002)
Resident Evil (2002)  ဒီဇာတ်ကားက Resident Evil franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်ပြီး IMDbမှာ မဆိုးခဲ့​ပေမဲ့ RTမှာ​တော့ မူရင်းဂိမ်းနဲ့ကွဲပြား​နေတဲ့ Main character အဖြစ် Alice ဆိုတဲ့ ဇာတ်​ကောင်ကို သုံးထားတဲ့ အပြင် ဂိမ်းနဲ့ကွဲလွဲမှုများစွာ ရှိ​နေတဲ့အတွက် ratingအ​​တော်နည်းတဲ့ ဇာတ်ကားတစ်ခု ဖြစ်​နေခဲ့တာပါ။ ဒါ​ပေမဲ့ အက်ရှင်ကား​​တွေ ကြိုက် တဲ့ လူ​တွေအတွက် RE live action ကား​ဟာ မဆိုးလှတဲ့ အက်ရှင် ပြကွက်​​တွေ​၊ သည်းထိပ်ရင်ဖိုစရာ​တွေရဲ့ အ​တော်ကြည့်​ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဆိုလည်း မမှားပါဘူး။ဒီဇာတ်ကားမှာ REမှာ အဓိကအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ အမ်ဘရဲလား ​ကော်ပို​ရေးရှင်းရဲ့ Hiveလို့​ခေါ်တဲ့ ​မြေ​အောက်ဓါတ်ခွဲခန်းကြီးတစ်ခု အ​ကြောင်း မိတ်ဆက်​ထားပါတယ်။ အဲဒီဓါတ်ခွဲခန်းထဲမှာ ပိုးပျံ့နှံ့မှု တစ်ခု ဖြစ်ခဲ့လို့ သူ့ရဲ့ကာကွယ်​ရေးAiက အဲဒီမှာရှိ​နေတဲ့ လူတိုင်းကို သတ်ပစ်ခဲ့ပါတယ်။ Aliceက Hiveကိုဝင်တဲ့ ​မြေ​ပေါ်ဝင်​ပေါက်ကို ​စောင့်ကြည့်ရတဲ့ အမ်ဘရဲလားဝန်ထမ်းပါ။ ဒီကိစ္စ​တွေ ဖြစ်​နေချိန် သူက အ​ကြောင်းတစုံတရာ​ကြောင့် ​မေ့လဲ​နေခဲ့ပြီး သတိရလာချိန် အတိတ်​မေ့သလို ဖြစ်​နေခဲ့တာပါ။ Hiveထဲကိုဝင်ပြီး ကာကွယ်​ရေး စနစ်ကို ပိတ်ချပစ်ဖို့ အမ်ဘရဲလားက လွှတ်လိုက်တဲ့ ...
movie

Resident Evil (2002)

4K HEVC
Resident Evil: Apocalypse (2004)
Resident Evil: Apocalypse (2004) ဒီဇာတ်ကားက Franchiseရဲ့ ဒုတိယ​မြောက်ကားပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဂိမ်းထဲက အဓိကprotagonistတစ်​ယောက်ဖြစ်တဲ့ ​ဂျေး ဗယ်လန်တိုင်း စတင်ပါဝင်လာခဲ့သလို Nemesisဆိုတဲ့ zombie ဗီလိန်ကြီးကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အဆုံးသတ်နဲ့ တိုက်ရိုက်ချိတ်ထားပြီး Hiveက​နေ ပြန်လွတ်လာတဲ့ အဲလစ်နဲ့မတ်ကို အမ်ဘရဲလားကလူ​တွေ ဖမ်းဆီးသွားတာနဲ့ ဇာတ် စဖွင့်ထားပါတယ်။Hiveထဲမှာ ပျံ့သွားတဲ့ ဗိုင်းရပ်ပိုးက သူ့အ​ပေါ်က ရက်ကွန်မြို့ကို ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံးမှာ ဇွန်ဘီကပ်ကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ အမ်ဘရဲလားက အ​ထက်လူကြီး​တွေကိုပဲ ကယ်ထုတ်ပြီး ပြည်သူ​တွေကို​တော့ ကွာရန်တင်းသ​​ဘော ပိတ်ဆို့ထားပြီး မြို့ကို ​နူကလီယားဗုံးနဲ့ဖောက်ခွဲကာ ပိုးဆက်မပျံ့​အောင် ထိန်းဖို့ကြိုးစား ခဲ့တာပါ။ အဲဒီအချိန် သမီးဖြစ်သူ အန်ဂျလာအက်ရှ်ဖို့ဒ် မြို့ထဲမှာ ကျန်​နေခဲ့တဲ့အခါ အမ်ဘရဲလားရဲ့သု​တေသနပညာရှင် ​ဒေါက်တာ ချားစ်အက်ရှ်ဖို့ဒ်က ရက်ကွန်းမြို့က​နေ ထွက်နိုင်မယ့်နည်းလမ်းနဲ့ သူ့သမီးကို အလဲအလှယ်လုပ်ဖို့ ​ကမ်းလှမ်းခဲ့ပါတယ်။အဲလစ်၊ဂျေးလ်နဲ့ ​ကြေးစားစစ်သားတစ်စုဟာ ဇွန်ဘီ​တွေပြည့်​နေတဲ့ ရက်ကွန်မြို့ထဲမှာ အက်ရှ်ဖို့ဒ်ရှာပုံ​တော်ထွက်ရင်း ဘယ်လိုကိစ္စ​တွေ ကြုံရမလဲ၊ အက်ရှ်ဖို့ဒ်ကို ရှာ​တွေ့ပါ့မလား၊ မြို့ကို ရှင်းပစ်ချင်​နေတဲ့ အမ်ဘရဲလားရဲ့လူ​တွေလက်က လွတ်ပါ့မလားဆိုတာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။   File size…     2.8 GB / 1.5 GB /  ...
movie

Resident Evil: Apocalypse (2004)

4K HEVC
Resident Evil: Extinction (2007)
Resident Evil: Extinction (2007) ဒီဇာတ်ကားက REရဲ့ တတိယဇာတ်ကားဖြစ်ပြီး ပ​ရောဂျက်အဲလစ် အ​ကြောင်း ဂဃနဏ သိရတဲ့ကားလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီဖြစ်ပြီး ​ခေတ်ပျက်ကာလကို ​​ရောက် ​နေတဲ့ အ​နေအထား ဖြစ်သွားပါပြီ။ Zombie​လက်က လွတ်​အောင် တစ်မြို့ဝင် တစ်မြို့ထွက်ပြီး ရိက္ခာနဲ့​လောင်စာ​တွေရှာ​နေတဲ့ အဖွဲ့နဲ့ အဲလစ်တို့ ဆုံခဲ့ကြပြီး zombieကင်းမဲ့ကာ ရိက္ခာနဲ့လုံခြုံမှုအပြည့် ရှိတယ်လို့ ​ရေဒီယိုလှိုင်းက​နေ ​ကြေညာ​နေတဲ့ အလက်စကာနယ်ကို အကုန်သွားဖို့ လုပ်ခဲ့ကြပါတယ်။အဲဒီမှာ မူလအဲလစ်ရဲ့​သွေးကမှ ​ဗိုင်းရပ်စ်​ဖြေ​ဆေးကို ​ဖော်နိုင်တယ် ဆိုပြီး ယုံကြည်ထားခဲ့တဲ့ အမ်ဘရဲလားက ​ဒေါက်တာအိုင်းဆက်က Zombie​ကောင်​တွေ လွှတ်ပြီး အဲလစ်ကိုဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲလစ်က အဲဒီဇွန်ဘီ​တွေကို တားရင်း တခြားသူ​တွေ လွတ်​အောင် ကြိုးစား​ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဲလစ်ရဲ့ telekinesis အစွမ်း ကို စတင်မြင်​တွေ့ခဲ့ရပါတယ်။ လာသမျှ ဇွန်ဘီ​တွေကို ​ရှင်းပစ်ရင်း အိုင်းဆက်တို့ကိုပါ ရှင်းပစ်ဖို့အသွား သူ့ရဲ့ဒီအန်​အေနဲ့ အဲလစ်​ပေါင်း များစွာကို ကိုယ်ပွားထုတ်ပြီး စမ်းသပ်​​နေမှန်း အဲလစ်တစ်​ယောက် သိသွားချိန်မှာ ဒီသု​တေသနရဲ့အဓိက​ခေါင်း​ဆောင် အမ်ဘရဲလားရဲ့ အဲလ်ဘတ်ဝက်စ်ကာကို ရှင်းပစ်ဖို့ ကြိုးစားရပါ​တော့တယ်။  File size…     3.4 GB ...
movie

Resident Evil: Extinction (2007)

4K HEVC
Resident Evil: Afterlife (2010)
Resident Evil: Afterlife (2010) ဒီဇာတ်ကားက REရဲ့စတုတ္ထဇာတ်ကားဖြစ်ပြီး တတိယကားအဆုံး ဇာတ်လမ်းဆင်ခဲ့သလို အဲလစ်နဲ့ သူ့ရဲ့ကိုယ်ပွား​တွေဟာ ဂျပန်မှာ ရှိတဲ့ အမ်ဘရဲလားဌာနကို ဝင်စီးနင်းကား အဲလ်ဘတ်ဝက်စ်ကာကို သတ်ဖို့ ကြိုးစားခဲ့​ပေမဲ့ မ​အောင်မြင်ခဲ့ပုံနဲ့ ဇာတ်ကိုစထားပါတယ်။ အဲဒီ​နောက် ၆လအ​ကြာမှာ တတိယ​မြောက်REဇာတ်ကားမှာ ပါဝင် ခဲ့တဲ့ အလက်စကာက အာ​ကေးဒီးယားဆိုတဲ့ လွတ်​မြောက်ရာ​ဟာ တကယ်မဟုတ်မှန်း သိသွားတဲ့​အခါ အဲလစ်နဲ့ ကလဲရာ ၂ယောက် ရဟတ်ယာဉ်တစ်စီးနဲ့ ​လျှောက်သွား​ရင်း အယ်အေကို​အ​ရောက်မှာ အကူအညီလိုအပ်​နေတဲ့ လူတစ်စုကို သွား​တွေ့ခဲ့ပါတယ်။အဲဒီလူစုကို ဇွန်ဘီ​တွေလက်ကလွတ်​အောင် ကူညီ​ပေးရင်း သူတို့ သိထားတဲ့ အာ​ကေးဒီးယားဆိုတဲ့​ နေရာက အလက်စကာမှာရှိတာ မဟုတ်ဘဲ အယ်​အေနားက သင်္ဘောကြီးတစ်စီး​ပေါ်က ထုတ်လွှင့် ​နေမှန်း သိသွားတဲ့အခါ အဲဒီသင်္ဘောကြီးပေါ် သွားဖို့ ကြိုးစားရပါ ​တော့တယ်။ အဲဒီသင်္ဘော​ပေါ်ကိုရောက်မှ ​အဲလ်ဘတ်ဝက်စ်ကာရဲ့ ​ထောင်​ချောက်ဖြစ်​နေမှန်း သိသွားတဲ့အခါ ဝက်စ်ကာကိုသတ်ပြီး သင်္ဘော​ပေါ်မှာ ဖမ်းခံထားတဲ့လူ​တွေကို ကယ်တင်ရပါ​တော့တယ်။  File size…     3.8 GB / 1.5 GB /   710 MB Quality… BluRay 4K / 1080p / ...
movie

Resident Evil: Afterlife (2010)

4K HEVC
Resident Evil: Retribution (2012)
Resident Evil: Retribution (2012) ဒီဇာတ်ကားက Franchiseရဲ့ ပဥ္စမဇာတ်ကားဖြစ်ပြီး ဂိမ်းထဲမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ လီယွန်ကို င​​ပေါသာသာ လုပ်ထားလို့ ​မေတ္တာပို့သမှု​တွေ အ​တော်ရလိုက်တဲ့ကားဆိုလည်း မမှားပါဘူး။ စတုတ္ထကားအဆုံးမှာ Brainwashခံထားရတဲ့ ​ဂျေးလ် ဖမ်းဆီး တာကို ခံလိုက်ရတဲ့ အဲလစ်ဟာ အမ်ဘရဲလားရဲ့ zombie ကပ် သရုပ်​ဖော်ဌာနထဲမှာ ဖမ်းချုပ်ခံထားခဲ့ရပါတယ်။အဲဒီ​မြေ​အောက်စမ်းသပ်ခန်းက​နေ သူ့ကိုလာကယ်မယ့်လူ​တွေနဲ့ ဆုံမှတ်​ကိုသွားဖို့ ကြိုးစားရင်း ဂျပန်၊ ​မော်စကို၊ နယူး​ယောက်လို ဇွန်ဘီကပ်​ဘေးကို သရုပ်ပြဖို့ ဖန်တီးထားတဲ့ မြို့အတု​တွေထဲမှာ ဇွန်ဘီအစစ်​တွေကိုကျော်နိုင်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒီအပြင် Brainwashခံထားရတဲ့ ​ဂျေးလ်ဗယ်လင်တိုင်းကလည်း အဲလစ် မလွတ်​​မြောက်ရေး အ​သေအ​​ကြေ လိုက်လံတားဆီးတဲ့အတွက် သူနဲ့ပါ ထိပ်တိုက်​တွေ့ရဖို့ ဖြစ်လာပါ​တော့တယ်။  File size…    3.8 GB / 1.4 GB /  687  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 36m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Resident Evil: Retribution (2012)

4K HEVC
Resident Evil: The Final Chapter (2016)
Resident Evil: The Final Chapter (2016) ဒီဇာတ်ကားက Franchiseကြီးတစ်ခုလုံးရဲ့အဆုံးသတ်ဖြစ်သလို Plot twist​တွေအများကြီးပါ​နေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုရှား​မြေ​အောက်စခန်းမှာ ဖမ်းဆီးခံထားရရာက​နေ လွတ်လာတဲ့ အဲလစ်က အမ်ဘရဲလားရဲ့​နောက်ဆုံး​​ခေါင်း​ဆောင်ကို အပြီးသတ် ရှင်းပစ်ဖို့ ရက်ကွန်းမြို့​တော်ကို ပြန်​လာပါ​တော့တယ်။ရက်ကွန်းမြို့ကိုပြန်လာတဲ့လမ်းမှာ အခက်အခဲ​များစွာကြုံခဲ့သလို သူထင်ထားတဲ့ ​နောက်ဆုံး​ခေါင်း​ဆောင်က အဲလ်ဘတ် ဝက်စ်ကာ မဟုတ်ဘဲ မထင်ထားတဲ့လူတစ်​ယောက် ဖြစ်​နေပါ​တယ်။ အဲလစ် တစ်​ယောက် ​နောက်ဆုံး အမ်ဘရဲလားရဲ့ နိဂုံးကို ဖန်တီးနိုင်မလား သူကိုယ်တိုင်ပဲ ဇာတ်သိမ်းသွားမလား။ Franchiseကြီးတစ်ခုလုံး ကို ဘယ်လိုtwist​တွေနဲ့ ချိတ်ဆက်ပြီး အဆုံးသတ်​ပေးလိုက်မလဲ ဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။  File size…     3.7 GB /  1.6 GB /  757  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 46m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
movie

Resident Evil: The Final Chapter (2016)

4K HEVC
Land (2021) 6.7
Land (2021)  လူတွေဟာ ကံကြမ္မာ စေစားရာ ဘဝကို နိမ့်လိုက် မြင့်လိုက်အတက်အကျမျိုးစုံနဲ့ ခံစားရစမြဲပါပဲ။ လောကဓံလှိုင်းရိုက်ပုတ်မှုကို ကြံ့ကြံ့ခံရင်း တစ်ချို့တွေက ဘဝကိုဆက်လက် ရှင်သန်နိုင်ကြပေမယ့် ဘဝကြီးကို လက်မြှောက်အရှုံးပေးသွားကြသူတွေလည်း အများကြီး ရှိပါတယ်။စိတ်ဓာတ်ကျနေချိန်မှာ အရာအားလုံးက မည်းမှောင်နေပြီးမျှော်လင့်ချက် အလင်းတန်းကို မြင်နိုင်ဖို့က ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ခင်တွယ်ရာ မိသားစုကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အယ်ဒီးဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ စိတ်ကျဝေဒနာကိုခံစားနေရပြီး လူတွေနဲ့ ဝေးရာ တောတောင်ထဲက အိမ်လေးတစ်လုံးကိုဝယ်ယူပြီး လာရောက်နေခဲ့ပါတယ် ခက်ခဲပင်ပန်းတဲ့ လူသူမနီးတောထဲမှာ နေထိုင်ဖို့ ကြိုးစားရင်း သေလုမြောပါး အချိန်မှာ သူ့ကိုမုဆိုးတစ်ယောက်က ပြန်လည်ရှင်သန်လာအောင် ကူညီပေးခဲ့ပါတယ်။လူတိုင်းမှာ နာကျင်စရာအတိတ် ရှိနိုင်ပေမယ့် ဒီဇာတ်ကားမှာဘဝကို အရှုံးပေးလိုက်တာက အဖြေမဟုတ်ဘူး ဆိုတာကိုတင်ပြရိုက်ကူးထားတာပါ။ နှင်းတွေဖုံးနေတတ်တဲ့ တောင်တန်းတွေရှိပြီး တောရိုင်းသဘာဝ အမျိုးသားပန်းခြံတွေ အများကြီးရှိတဲ့အမေရိကန် အနောက်ပိုင်း wyoming ပြည်နယ်က သဘာဝအရိုင်းဆန်တဲ့ မြင်ကွင်းအလှတွေကို ရိုက်ကူးထားတာ မြင်တွေ့ရမှာပါ။ File size…1.37 ...
movie

Land (2021)

Excalibur (1981) 7.3
Excalibur (1981) Excalibur (1981)IMDb Rating (7.3) / Rotten Tomatoes (72%)ဒါရိုက်တာကြီး Sir John Boorman ရဲ့ နာမည်ကျော် Fantasy ရုပ်ရှင်ကားကြီးပါ...နာမည်ကြီးမင်းသားမင်းသမီးတွေကိုလဲ ငယ်ငယ်တုန်းကရုပ်တွေနဲ့ရှုစားကြရပါမယ်။ဇာတ်လမ်းကတော့....မှော်ဝင်ဓားတစ်လက်ရယ်၊ အချိန်ကာလအားလုံးထဲက အကြီးမြတ်ဆုံး မှော်ဆရာတစ်ယောက်ရယ်၊ ထီးဆောင်းမင်းတွေထဲကမှ ဘုန်းကံအကြီးဆုံးမင်းမြတ်တစ်ပါးရယ်၊ သူတို့သုံးခုပါဝင်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ဘုရင်မင်းမြတ် အာသာ၊ အကြီးမြတ်ဆုံးမှော်ဆရာ မာလင်၊ ဓားဘုရင် မှော်ဝင်ဓားတို့ဟာ သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ဝါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ ပဒေသရာဇ်မင်းတွေကို စုစည်းပြီး အင်ပါယာထူထောင်၊ ဧကရာဇ်နိုင်ငံတော်ကြီးကို အုပ်စိုးကာ ငြိမ်းချမ်းရေးအရယူနိုင်ခဲ့တဲ့ မင်းမြတ် အာသာ။နဂါးမီးတောက်ထဲကို ကိုယ်တိုင်ဝင်ပြီး ဖန်တီးမှု ဖန်ဆင်းမှုတွေကို အံ့မခန်း လုပ်ဆောင်နိုင်တဲ့ မှော်ဆရာကြီး မာလင်။ထိုက်တန်သူသာ ကိုင်ဆောင်အသုံးပြုခွင့်ရတဲ့၊ ကိုင်ဆောင်သူကို စွမ်းအင်တွေပေးတဲ့ ဓားဘုရင် မှော်ဝင်ဓား။သူတို့လို ခေသူမဟုတ်တွေတောင်မှပဲ ရှုံးနိမ့်ချိန်ဆိုတာ ရှိပါတယ်။ ပလ္လင်ပေါ်ကတောင် မထနိုင်တော့တဲ့ ...
movie

Excalibur (1981)

4K HEVC
James and the Giant Peach (1996) 6.7
James and the Giant Peach (1996) James and the Giant Peach (1996) Genre – Animation, Adventure, Family IMDB – 6.7/10“ဧရာမ မက်မွန်သီးကြီးတစ်လုံးနဲ့ ကောင်လေးတစ်ယောက်မှပိုးကောင်လေးတွေနဲ့အတူ နယူးယောက်မြို့သို့ စွန့်စားခန်းထွက်တော်မူခန်း….”Animation စတိုင်ပေါင်းစုံ ရှိတဲ့ထဲမှ Stop-motion စတိုင် ကြိုက်တဲ့လူဆိုအရင်ခေတ်က ဒီကားဟောင်းလေးကို ကြည့်သင့်တယ်လို့ ညွန်းပေးလိုက်ပါရစေ။Stop-motion စတိုင်ဆိုတာ ဘယ်လိုမျိုးလဲ ဥပမာပေးရရင်တော့Kubo and the Two Strings တို့ Corpse Bride တို့ဆိုရင်သိကြမယ်ထင်ပါတယ်ဗျ။ ဒီ ဒါရိုက်တာ Henry Selick ဆိုရင်လည်း နာမည်ကျော် The Nightmare Before Christmas တို့Coraline တို့ကို ရိုက်ခဲ့တဲ့လူဖြစ်ပြီး Little Nightmare ဆိုတဲ့ချစ်စရာတစ်ဖြစ်လဲ ကျောချမ်းစရာ P4 ဂိမ်းလေးကိုလည်းဖန်တီးပေးထားတဲ့လူတစ်ယောက်ပါ။ ဇာတ်လမ်းကလည်း နာမည်ကျော်ဖြစ်တဲ့ Charlie and the Chocolate Factory တို့BFG ...
movie

James and the Giant Peach (1996)

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

The Motorcycle Diaries (2004) 7.7
The Motorcycle Diaries (2004) ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ...
movie

The Motorcycle Diaries (2004)

Foxter and Max (2019) 6.1
Foxter and Max (2019)  ဒီတစ်ခါမှာတော့ ခွေးချစ်သူတွေအတွက်ရင်ထဲနွေးသွားရမယ့် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းလေးကိုတော့ ခွေးအရမ်းမွေးချင်ပေမယ့်အိမ်က မွေးခွင့်မပြုတဲ့ ကောင်ကလေး Max နဲ့စတင်ထားပါတယ် ။ Max ဟာ ကာတွန်းရုပ်ဆွဲရတာဝါသနာပါပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေးဖြစ်တာကြောင့် အတန်းဖော်တွေဆီကလည်း အနိုင်ကျင့်ခံရလေ့ ရှိပါတယ်။ အဲဒီလို Max ဆီကို တံတားအောက်ကထူးဆန်းတဲ့မှုတ်ဆေးတစ်ဘူး အကြောင်းပြုပြီး Foxter လို့ခေါ်တဲ့ စက်ရုပ်ခွေးလေးတစ်ကောင်ရောက်လာတဲ့အခါမှာတော့ Max ရဲ့ ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲသွားတော့တာပါပဲ ။ ဒါပေမယ့် စက်ရုပ်ခွေးလေး Foxter ကိုမကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ ကြံစည်နေတဲ့လူမိုက်တွေကလည်း ရှိနေပါသေးတယ် ။ Max ဟာ ခွေးလေးFoxter ကို လူမိုက်တွေလက်ထဲ ပါမသွားအောင် ကာကွယ်နိုင်ပါ့မလား ။ ဒါမှမဟုတ် Foxter ကပဲ Max ကို ပြန်ကာကွယ်ရမလားဆိုတာတော့ 2019 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ယူကရိန်းရုပ်ရှင် Foxter and Max မှာ ...
movie

Foxter and Max (2019)

Jurassic World (2015) 6.9
Jurassic World (2015) GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲကဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သောဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကိုစမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက်ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာသူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ...
movie

Jurassic World (2015)

2015
4K HEVC
Jurassic World: Fallen Kingdom (2018) 6.4
Jurassic World: Fallen Kingdom (2018) Jurassic World Fallen Kingdom (2018) ကယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီးUniversal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။ Rating ...
movie

Jurassic World: Fallen Kingdom (2018)

2018
4K HEVC
Two Brothers (2004) 7.0
Two Brothers (2004)  နာမည်ကျော် Enemy At The Gates ဇာတ်ကားနဲ့ European Film Awards ဆုအပြင် အခြားဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ ဒါရိုက်တာကြီး Jean-Jacques Annaud ကိုယ်တိုင်ရိုက်ကူးထားပြီး ရုပ်ရှင်ထူးချွန်ဆုတွေအများကြီးရထားတဲ့ မင်းသားကြီး Guy Edward Pearce နဲ့ August Rush မင်းသားလေး Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်Advanture/ Drama/Family ဇာတ်ကားလေးဖြစ်ပြီး ဆုတွေအများကြီးလည်းဆွတ်ခူးထားပါသေးတယ်ဇာတ်လမ်းလေးကတော့...နာမည်ကျော် မုဆိုးကြီးတစ်ယောက်ဖြစ်တဲ့ အီဒင်မက်ရိုရီ တစ်ယောက်ဟာ အမဲလိုက်တာထက် ပိုပြီးဝင်ငွေကောင်းတဲ့ တောထဲကဘုရားဆင်းတုတွေ လန်ဒန်လေလံဈေးကွက်ကိုခိုးသယ်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဘက်ကို ခြေဆန့်လာခဲ့ရင်း အမျှော်လင့်ပဲ ကျားမိသားစုနဲ့တည့်တည့်တိုးခဲ့မိတယ်ကျားမိသားစုပြိုကွဲအောင်လုပ်ခဲ့မိပြီး လမ်းကွဲသွားတဲ့ ကျားညီကိုပေါက်လေးနှစ်ကောင်ဟာ တစ်ယောက်တစ်နေရာစီနဲ့ မတူညီတဲ့ဘဝတွေမှာ မွေးမြူလေ့ကျင့်ခံရပြီး တစ်ချိန်မှာ ပြန်ဆုံစည်းဖို့ ကံအကြောင်းဖန်လာတာကို ဇာတ်အိမ်လေးတည်ထားတာပါကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်ပုံတွေကိုရိုက်ပြထားတာတွေကလည်း ပီပြင်လွန်းပါတယ် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4 ...
movie

Two Brothers (2004)

Naa Saami Ranga (2024) 5.6
Naa Saami Ranga (2024) Naa Saami Ranga (2024) "ရွာလူမိုက်"တေလဂူး အက်ရှင်/ဒရာမာ ဇာတ်ကားကြမ်းကြမ်းလေး တင်ပေးလိုက်ပါတယ် ၂၀၁၉ က မလေယာလမ် ရုပ်ရှင် Porinju Mariam Jose ကို ပြန်ပြီးရိုက်ထားတာ ဖြစ်ပါတယ် ၂၀၂၄ ရဲ့ ဝင်ငွေအကောင်းဆုံး ၇ ကားမြောက်အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပြီး တတိယ ဝင်ငွေအများဆုံး တေလဂူးကား ဖြစ်ပါတယ်ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့ အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ်တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ "ပက်ဒေယာ" ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက် ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ်ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့် လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ် ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူးတစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ ...
movie

Naa Saami Ranga (2024)

2024
The Animal Kingdom (2023) 6.9
The Animal Kingdom (2023)  အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာလူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီးလူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်....။ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ...။ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့စိတ်မကောင်းစရာပဲပေါ့...။ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်...။ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ကြုံတွေ့လာရတဲ့အခါ....။Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစားရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမိုတင်ဆက်ပေးလိုက်ပါဗျာ...။  File size…2.24GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 8m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Animal Kingdom (2023)

A Walk in the Woods (2015) 6.4
A Walk in the Woods (2015) ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီးအက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆိုမတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော်ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာအဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော်ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကိုအတူစတင်ကြပါတော့တယ်။အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်းလမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းကမိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကိုဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီးဝေဖန်ခံစားလိုက်ပါ။  File size…    2.3 GB /  742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ..... Comedy/Adventure Subtitle…. ...
movie

A Walk in the Woods (2015)

2015
Alienoid: Return to the Future (2024) 6.9
Alienoid: Return to the Future (2024) Alienoid : Return to the Future (2024)Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Fantasy, ...
movie

Alienoid: Return to the Future (2024)

2024