Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
Tad : The Lost Explorer (2012)
Channel Myanmar က ကာတွန်းကားတွေ မတင်တာကြာပြီမို့ ဒီတစ်ခါ ကာတွန်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ... ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် .. ဇာတ်လမ်းလေးကတော့ ... ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် ... ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် ... ဒါပေမယ့် တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် ... အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ ....ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ ) ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်...ကြည့်ရှုအားပေးကြပါဦး (Like & Share လေးလုပ်သွားဖို့လည်း မမေ့ကြနဲ့ဦးနော် .. လူကြီးမင်းတို့ရဲ့ Like/Share တစ်ချက်က ကျွန်တော့်တို့အတွက် ...
movie
Tad : The Lost Explorer (2012)
Days Of Glory (2006)
ဒီဇာတ်ကား ကို အညွှန်းရေးဖို့ စဉ်းစားတော့ နည်းနည်း လေး သတိထား ရတယ်ဗျ။ ဇာတ်လမ်းက အပြောမတတ်ရင် ဆဲ ခံရတယ် ဆိုတာမျိုး မညွှန်းတတ်ရင် ထိလွယ်ရှလွယ် ဖြစ်တတ်လို့ပါ။ ဇာတ်ကားက ကောင်းလွန်းလို့ ဖြစ်ရတာပါ လို့ပဲ ပြောပါရစေဒုတိယကမ္ဘာစစ်မှာ ဂျာမဏီတို့ အင်အားကြီးစိုးစဉ်အကြောင်း နောက်ခံထားပြီးရိုက်ကူးထားပါတယ် ပြင်သစ် နိုင်ငံ နာဇီတွေ လက်အောက် ရောက်နေချိန် က ဇာတ်အိမ် တည်ထားတဲ့ အချိန်ပါ။ ဒါကို ပြင်သစ်တွေက ပြန် တော်လှန်ဖို့အတွက် စစ်အင်အားစုဆောင်းရာမှာ အာဖရိကန် လူမျိုး လေးဦးကလည်း ပြင်သစ် တပ်မတော် ထဲ ဝင်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြင်သစ် တပ်တွင်း လူမျိုးရေး(ဘာသာရေး) ခွဲခြားမှုတွေကို ပါ တွန်းလှန်ဖို့ ကြုံခဲ့ရပါတယ်။ဒီ ဇာတ်ကားမှာ အရင်ခေတ် နိုင်ငံတွေရဲ့ စစ်တပ်တွင်းအခြေအနေ နဲ့ ပြင်သစ်နိုင်ငံရဲ့ လူမည်းတွေအပေါ် ...
movie
Days Of Glory (2006)
6.1
Monster Hunt (2015)
Monster Hunt (2015) IMDb - 6.1/10_____Rotten - 66% တရုတ်နိုင်ငံတွင် မကြာမီက ရုံတင်ပြသခဲ့သည့် ပြည်တွင်းထုတ် စိတ်ကူးယဉ် ဟာသ ဇာတ်ကား အမျိုးအစား ဖြစ်သည့် Monster Hunt ဇာတ်ကားမှာ တနင်္ဂနွေနေ့တွင် ဝင်ငွေယွမ်(၁ ဒသမ ၃၁၇) ဘီလီယံ (ဒေါ်လာ ၂၁၂ သန်း) ရရှိကာ နိုင်ငံသမိုင်းတွင် ဝင်ငွေ အများဆုံးရသည့် ဇာတ်ကားစံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံပိုင် ဆင်ဟွာသတင်းမှ ဖော်ပြချက်တွင် ထိုရုပ်ရှင်မှာ ဇူလိုင်လ(၁၆)တွင် ရုံတင်ခဲ့ပြီးနောက် ဆယ်ရက်အကြာတွင် ယွမ်ငွေ တစ်ဘီလီယံကျော် ( ဒေါ်လာ ၂၁၂ သန်း) ရခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် ယခင်က ဝင်ငွေ အကောင်းဆုံး စံချိန်တင်ထားသည့် ရုပ်ရှင်ကားမှာ Lost in Thailand (၂၀၁၂) ဇာတ်ကား ဖြစ်ပြီး၊ ဝင်ငွေယွမ် ( ၁ ဒသမ ၂၇ ...
movie
Monster Hunt (2015)
2015
7.6
The Jungle Book (1967)
movie
The Jungle Book (1967)
Attack On Titan 1 (2015)
ဒီကားထွက်ရင် ဘာသာပြန်မယ်လို့ပြောထားပြီး နောက်ကျနေလို့ဆောရီးပါ English Srt File က မထွက်သေးတာရယ်အလုပ်တွေလဲများနေတာရယ်ကြောင့်ပါ အခုတော့ အားလုံးပြီးသွားလို့ တင်ပေးလိုက်ပါပြီ။ဒီကားကို မကြည့်ခင်အရင် ဆုံးပြောချင်တာကဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိပြီးဆုံးအောင် ကြည့်ပေးစေချင်ပါတယ် wink emoticonလွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ.. တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ.. တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့ သူငယ်ချင်း လူကြောက်လေးအာမင်.. ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ .. နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ....တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာ အဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်...တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကို ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon )ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ် ( ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon ) Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ...
movie
Attack On Titan 1 (2015)
6.4
Minions (2015)
အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ...
movie
Minions (2015)
Big Ass Spider (2013)
Greg Grunberg ဟာ ပိုးမွားသန့်စင်ရေးဝမ်ထမ်းတယောက်ဖြစ်ပြီး ဆေးရုံးကို ပိုးကောင်ကိုက်လို့ဆေးရုံးကိုလာပြသောအခါ ဆေးရုံးမှာ အလောင်းမှားပြီးပို့လိုက်တဲ့အထဲမှာ ပင်ကူပါလာရာမှ ဇာတ်လမ်းရှုပ်ထွေးသွားတာဖြစ်ပြီး အဲဒီပင်ကူက လူသားစားရာမှ အကောင်တဖြည်းဖြည်းကြီးပြင်လာရာ အဲအကောင်ကို Greg Grunberg နဲ့လူစုတသိုက် ပင်ကူကြီးကို ဘယ်လိုဖြေရှင်းလဲဆိုတာကို ကြည့်ရမှာပါ IMDb မှာ Ratings: 5.3 ရရှိထားပါသည်။(ဇာတ်ကားအညွန်းရေးသူကတော့ CM ပရိသတ် ကိုရာဇာပဲ ဖြစ်ပါတယ်)@joker
movie
Big Ass Spider (2013)
8.1
Song of the Sea (2014)
movie
Song of the Sea (2014)
2014
6.9
Frozen Fever (2015)
Frozen Fever (2015)_____IMDb - 6.9/10 တကယ်တမ်း Short Movie အနေနဲ့ ထွက်ရှိထားတာဖြစ်ပြီး ၈ မိနစ်စာပဲ ရှိပေမယ့် တစ်ခြား Animation Cartoon ရုပ်ရှင်တွေရဲ့ Short Movie တွေလို မဟုတ်ပဲ ကြည့်ရတာ စိတ်ထဲ ပျော်ရွှင်မှုလေး တကယ်ရပါတယ် Elsa နဲ့ Kristoff တို့ ရဲ့ Anna အတွက် စိတ်လှုပ်ရှားဖွယ် မွေးနေ့အစီအစဉ်လေး ပြုလုပ်ပုံလေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်.. ဒီအပိုင်းတိုလေးအတွင်းမှာ အန်နာ နဲ့ အလ်ဆာ တို့ ရဲ့ ဝတ်စုံဒီဇိုင်းကို သတိထားကြည့်ပါ အတော်လေးကို ထူးခြား လှပနေပါတယ်... အိပ်ပျော်နေတဲ့ အန်နာ ကို အလ်ဆာ က သွားနှိုးလာပြီး အဝတ်အနီစကြိုးလေး တစ်ကြိုးကို ဆွဲခိုင်းကာ တောက်လျှောက် လက်ဆောင်လေးတွေ တစ်ခုပြီး တစ်ခုပေးပါတယ် အဲ့ဒီ ...
movie
Frozen Fever (2015)
2015
7.0
ParaNorman (2012)
ParaNorman (2012) IMDb - 7.0/10_____Rotten - 89% ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ... အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်... နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်... အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ... သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်... သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး... သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်... ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်... နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်... ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့ ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့..... နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား... စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို့.... ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်... ရုပ်ရှင်ကားကို ...
movie
ParaNorman (2012)
2012
4.6
From Vegas to Macau II (2015)
From Vegas to Macau II (2015)_____IMDb - 4.6/10 ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။ မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။ မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။ ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ ...
movie
From Vegas to Macau II (2015)
2015
Back To The Jurassic (2012)
2015 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Back To The Jurassic ဆိုတဲ့ Animation ကားလေးတစ်ကားနဲ့မိတ်ဆက် ပေးချင်ပါတယ်..ဇာတ်လမ်းဟာ IMDb Rating 5.6 ရရှိထားပြီး စိတ်အပန်းဖြေကြည့်ဖို့အတွက်သင့်တော် တဲ့ ဇာတ်လမ်းကောင်းလေးပါ အန်ရင်းဆိုတဲ့ကောင်လေးဟာ သူ့အမေ ပြောစကားကိုဆိုရင် မလိမ့်တပတ်လုပ်ပြီးအမြဲတမ်းတလွဲ လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်..သူ့မှာ ဂျော်ဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ် သူ့အပေါ်မှာအမြဲတမ်းချောက်ချပြီး ပြသနာဖြစ်အောင်လုပ်တဲ့ညီမလေးပေါ့..အန်ရင်းဟာ ထူးထူးခြားခြား ဒိုင်နိုဆောတွေနဲ့ ပတ်သတ်ပြီး သဘောကျကာ..လေ့လာရတာ ၀ါသနာထုံပါတယ်..ဒိုင်နိုဆောပြတိုက် ကြီးမှာလည်းသူအမြဲတမ်းသွားရောက်လေ့လာတတ်ပါတယ်..တစ်နေ့မှာ အန်ရင်းရဲ့အမေဟာ တစ်နှစ်တာအတွက် Mother Of The Year ဆုကိုလက်ခံဖို့အတွက် သွားတဲ့အချိန်မှာ အန်ရင်းကိုသူ့ဆိုင်စောင့်ဖို့အတွက်စေခိုင်းခဲ့ပါတယ်..အန်ရင်းဟာ အမေစကားကို နားမထောင်ပဲနဲ့ သူ့သူငယ်ချင်း မက်စ် နဲ့အတူ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ထဲက ကန့်သတ်ထားတဲ့ အခန်းကို ခိုးဝင်ခဲ့ပါတယ်..ကံဆိုးချင်တော့သူ့ညီမဖြစ်သူ ဂျော် ကလိုက်ပါလာပြီး အချက်ပေးစနစ်ကို မြည်အောင်လုပ်လိုက်တော့ လူမိသွားပါတော့တယ်..ဒါကြောင့် အန်ရင်းကို သူ့အမေက သုံးပတ် အခန်းထဲပိတ်ထားမယ်လို့ အပြစ်ဒဏ်ပေးလိုက်ပါတယ်..အန်ရင်းဟာအခန်းထဲကနေခိုးထွက်ပြီးတော့ သူ့သူငယ်ချင်းမက်စ် အိမ်ကိုခိုးသွားပါတယ်..အန်ရင်းခိုးထွက်တာကို မြင်တဲ့ ဂျော်ကလည်းနောက်ကနေ လိုက်လာပြီး အကွက်ဆင်ဖို့ချောင်းနေပါတယ်..မက်စ်ရဲ့အဖေဟာ တီထွင်တာတွေဝါသနာပါတဲ့သူ တစ်ယောက်ဖြစ်ပြီး အချိန်ခရီးသွားစက်ကိုတီထွင်နေတာ လေးနှစ်တာ ကြာခဲ့ပါပြီ..ချို့ယွင်းချက်တစ်ခု ကြောင့် ပါဝါမတက်နိုင်ပဲဖြစ်နေပါတယ်..မက်စ်ရဲ့အဖေဟာ ဒီခရီးသွားစက်ကို အန်ရင်းနဲ့မက်စ်ကို ပြသလိုက်ပြီး အပြင်ဘက်မှာအလုပ်ထွက်လုပ်နေပါတယ်..အဲ့အချိန်မှာ ...
movie
5.5
Seventh Son (2014)
movie
Seventh Son (2014)
2014
6.1
Tai Chi Zero (2012) IMDb - 6.1/10_____Rotten - 60% IMDb Rating (6.1/10) ရရှိထားတဲ့ English စကားပြော တရုတ်သိုင်းကားပါ။ File size...850MB Quality....Blu-ray Rip 720p Format...mp4 Duration....01:38:18 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung UserDrive / CM Drive / Yoteshin Megaup / Mega.nz Filedown.info / Upstream *************** Tai Chi Hero (2012) IMDb - 6.2/10_____Rotten 45% အပေါ်က Tai Chi Zero ရဲ့အဆက်ဖြစ်ပြီး IMDb Rating (6.2/10) ရရှိထားပါတယ်။ File size...800MB Quality....Blu-ray Rip 720p Format...mp4 Duration....01:42:36 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung UserDrive / CM Drive / Yoteshin Megaup / Mega.nz Filedown.info / Upstream Admin ...
movie
Tai Chi Zero & Tai Chi Hero (2012) [Special Package]
2012
6.8
The Boxtrolls (2014)
The Boxtrolls (2014) IMDb - 6.8/10_____Rotten - 77% Animation ပရိတ်သတ်တွေအတွက် ထွက်ထားတာ မကြာသေးတဲ့ ကာတွန်းဇာတ်ကားအသစ်ကို တင်ဆက်လိုက်ပါတယ်....IMDb Rating (6.8/10) ရရှိထားတဲ့ ဇာတ်ကားဖြစ်လို့ ကာတွန်းကြိုက်ပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size...1GB Quality....DVDRip Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle(Hardsub) Encoder....Nyeinsaeya Aung
movie
The Boxtrolls (2014)
2014
Outcast (2014)
Director Nick Powell ရိုက်ကူးထားပြီး မင်းသားကြီး Nicoles Cage, Hayden Christensen တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး တရုတ်မင်းသမီးချောလေး Liu Yifei တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Advanture/Thriller ဇာတ်ကားကောင်းလေးပါခရူးဆိတ်စစ်ပွဲအတွင်းမှာ နောင်တတရားတွေနဲ့ စိတ်ဓာတ်ပျက်ပြီး အရှေ့တိုင်းဘက်ကိုရောက်လာတဲ့ ခရူးဆိတ်စစ်သားတစ်ယောက်ဖြစ်တဲ့ ဂျေကော့ နဲ့...... ဘဝရဲ့နောက်ဆုံးအချိန်မှာ ထီးနန်းကိုအမွေပေးခဲ့ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ထဲက အငယ်ကောင်ကို ထီးနန်းပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဘုရင်တစ်ပါးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြားမှာ....အစ်ကိုဖြစ်သူရဲ့ ထီးနန်းလုဖို့အကြံအစည်ကနေ ထွက်ပြေးလာခဲ့တဲ့ ညီငယ်နဲ့ သူ့ရဲ့အစ်မဖြစ်သူတို့ဟာ မထင်မှတ်ဘဲ ဂျေကော့ နဲ့ဆုံတွေ့ပြီး အစ်ကိုဖြစ်သူရဲ့လက်ကနေ လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Outcast (2014)
6.0
Hercules (2014)
Hercules (2014)IMDb - 6.0/10_____Rotten - 57% #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ ...
movie
Hercules (2014)
2014
First
111
112
113
Previous