Channel Myanmar

Adventure

Beyond Rangoon (1995) 6.6
Beyond Rangoon (1995) Beyond Rangoon (1995)_____IMDb - 6.6/10  IMDb rating 6.6 ရရှိထားြပြီး ၁၉၉၅ ခုနှစ်က ရိုက်ကူးထားတဲ့ မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Beyond Rangoon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဆို ၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံကိုလာလည်တဲ့ tourist တဖွဲ့ဟာ ၈၈၈၈ uprising ကိုကြုံတွေ့ရပုံကို ရိုက်ကူးပြသထားတာ ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ သဘောသဘာဝတွေအများအပြားပါဝင်ထားပြီး ထူးခြားတာ တစ်ခုက ဒီဇာတ်ကားဟာ မြန်မာ နိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပဲ မလေးရှားနိုင်ငံမှာပဲ ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးခဲ့တာဖြစ်ြပြီး ဒီဇာတ်ကားထဲမှာ အပြင်မှာ လက်တွေ့ကြုံတွေ့ခဲ့ ကြရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တွေ့ ဘဝတွေကို မီးမောင်းထိုးရိုက်ကူးပြသထားတာပါ။ ဒီဇာတ်ကားဟာ ဥရောပမှာသာမက အမေရိကမှာပါအထူးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ် ။  ဇာတ်လမ်း အကျဉ်းလေးကတော့ အန်ဒီနဲ့ သူ့သူငယ်ချင်းဟာ လင်ယောကျာ်းဖြစ်သူ အသတ်ခံရလို့ ပူဆွေးသောကဖြစ်နေတာကို စိတ်ပြေလက်ပျောက်ဖြစ်စေရန်အလို့ငှာ မြန်မာနိုင်ငံသို့အပန်းဖြေလေ့လာရေးခရီးထွက်လာရာမှ မမျှော်လင့်ပဲ ၈၈၈၈ ကိုကြုံတွေ့ လိုက်ရတဲ့အခါမှာတော့ ...........
movie

Beyond Rangoon (1995)

1995
Synchronicity (2015)
Synchronicity (2015) ကဲ ဒီတစ်ခါ Time Machine ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းလေးက IMDb rating 5.4 ရထားပြီး ဆန်ကာတင် နာမည် စာရင်းတခါဝင်ပြီး ဆုတဆုရရှိခဲ့ ပါတယ် IMDb ရဲ့ user review မှာတော့ well worth watching လို့ကြယ်လေးပြပေးထားတာကိုတွေ့ရပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကာလယန္တရားကို တီထွင်လိုက်နိုင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်သူ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ အတိတ်ကာလကိုပြန်လည်ရောက်ရှိလာပါတယ်။သူရောက်ရှိလာချိန်မှာ သူတီထွင်ထားတာကို ခိုးယူဖို့ ကြိုးစားနေတဲ့ မိန်းမလှလေးတစ်ဦးရယ် မတော်မတရားကြွယ်ဝ ချမ်းသာတဲ့ သထေကြီးရယ် နဲ့ ရင်ဆိုင်လကြရာမှ အနာဂါတ်မှာ မပြောင်းလဲဖို့အတွက် အတိတ်ကအမှားကို ပြန်လည် ပြင်ဆင်နိုင်မှာလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လကြည့ှ်ုရမှာပါ  အညွန်းကိုတော့ Shocking Pink က ရေးသားပေးခဲ့တာပါ  Download L - File On PcloudDownload S - File On Pcloud

Synchronicity (2015)

A Chinese Odyssey: Part 3 (2016) 3.5
A Chinese Odyssey: Part 3 (2016) A Chinese Odyssey Part 3 (2016)_____IMDb - 3.5/10  ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့.....     File Size     :   669 MB Duration    :   1 hr 33 min Quality   ...
movie

A Chinese Odyssey: Part 3 (2016)

2016
The Iron Giant (1999) 8.0
The Iron Giant (1999) ဒီနေ့အတွက် IMDb rating 8.0/10 ရရှိထားပြီး CM ပရိသတ်တစ်ချို့လည်းတောင်းဆိုထားတဲ့ Animation ကားလေး တင်ပေးလိုက်ပါတယ်။အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြင်းအထန် အားပြိုင်နေချိန်ပေါ့။ အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာ ဆိုဗီယက် ကျူးကျော်စစ်တို့၊ ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို့ အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။ . အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အမေရိကန်က ကမ်းရိုးတန်း နယ်စွန်နယ်ဖျား မြို့လေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျ မှာဖြစ်လို့ (Hogarth မှာ အမေပဲရှိတော့ပါတယ်) Hogarth တစ်ယောက်ထဲ ...
movie

The Iron Giant (1999)

1999
Mohenjo Daro (2016) 6.4
Mohenjo Daro (2016) - ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ ...
movie

Mohenjo Daro (2016)

2016
Nerve (2016) 7.0
Nerve (2016) Nerve (2016)Trailer Review လေးရေးမလို့:D “Nerve” သရုပ်ဆောင်တွေ က Emma Roberts နဲ့ Dave Franco ။ ဒီနေရာမှာ ရုပ်ရှင်အကြောင်းထက် သရုပ်ဆောင်အကြောင်းအရင်ပြောချင်တယ်။ ဒီကား Trailer ကြည့်ပြီးတဲ့ သဘောကျသွားတဲ့တစ်ချက်ကတော့ မင်းသား မင်းသမီး ရွေးချယ်မှုပဲ (juz my opinion) ... Dave Franco 2010 နောက်ပိုင်း ကောင်မလေးတွေ ကြွေတဲ့စာရင်းမှာ ပါလာတဲ့ မင်းသားတစ်လက်ဆိုမမှားပါဘူး။သူ့ကို လူသိများလာစေတဲ့ရုပ်ရှင်တွေက 21JumpStreet, 22JumpStreet, Now You See Me, Now You See Me 2 and Neighbors ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ အခု NERVE က သူ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မယ့်ဇာတ်လမ်း ။ ဟုတ်ပြီ Emma Roberts အကြောင်းဆက်ပြောမယ်။ Emma Roberts ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင်တော့ AQUARMARINE ထဲမှာတည်းက ကြွေတာ ။ မင်းသမီးသုံးယောက်ထဲမှာ သူ့ကို အကြိုက်ဆုံး ...
movie

Nerve (2016)

2016
Gulliver’s Travel (2010) မြန်မာစာတန်းထိုး 4.9
Gulliver’s Travel (2010) မြန်မာစာတန်းထိုး စာရေးဆရာကြီး Jonathan Swift ရဲ့ Gulliver's Travel ၀တ္ထုကို ပြန်လည်မှီငြမ်းကာရိုက်ကူးထားပြီး imdb rating 4.9 သာရရှိထားပေမယ့် အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လီမြူရယ် ဂါလီဗာ ဟာ နယူးရောခ့်ဒေးလီး သတင်းစာတိုက်ရဲ့ စာပို့ဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီနေရာကနေထုတ်ပယ်ခံရမှာကြောက်နေသူ အရှုံးသမားတစ်ယောက်ဖြစ်မှာကိုကြောက်ရွံ့နေသူတစ်ယောက်ပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ စာပို့ခန်းငယ်လေးထဲကို အလုပ်သမားရောက်လာချိန်မှာတော့ သူအထင်သေးထားတဲ့အလုပ်သမားသစ်က မမျှော်လင့်ပဲ သူ့ထက်ရာထူးတိုးသွားပြီး စိတ် ဓာတ်ကျနေချိန်မှာ သတင်းစာတိုက်ရှိ သူတိတ်တခိုးချစ်နေရတဲ့အယ်ဒီတာ မလေး ဒါစီ ဟာ ဘာမြူဒါတြိဂံဒေသတွင်းက ကျွန်းတစ်ကျွန်း ကိုလေ့လာရန်လွှတ်လိုက်ရာမှ လှေပျက်ကာ မမျှော်လင့်ပဲ ငလက်မလေးများနေထိုင်ရာ လီလီပွတ် ကျွန်းသို့ရောက်သွားပြီး အထင်မှားကာဖမ်းဆီးခြင်းခံထားရာကနေ သူ့ရဲ့ အမှတ်မထင် လုပ်ရပ်တွေကြောင့် သူရဲကောင်းဖြစ်ကာ သူကောင်းပြုခြင်းခံခဲ့ရာမှ သူ့ကို ချစ်သူတွေရှိလာသလို သူ့ကိုမုန်းသူတွေလည်းရှိလာပြီး သူ့ကိုမုန်းသူတွေက ဘယ်လိုတွေရန်ရှာချောက်တွန်းမလဲ သူကရော သူနေထိုင်တဲ့ မြို့ကိုပြန်ရောက်နိုင်ပါမလား ...
movie

Gulliver’s Travel (2010) မြန်မာစာတန်းထိုး

2010
TimeRiader(2016) မြန်မာစာတန်းထိုး 4.9
TimeRiader(2016) မြန်မာစာတန်းထိုး   တရုတ်ဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါ တယ်ရှေးဟောင်းပစ္စည်းတွေလျို့ ဝှက်ချက်ဇတ်ကား တွေကိုကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ ကွက်တိပါပဲအလွန်ပင်ရှေးကျတဲ့သဘာဝလွန်မြွေဧ ကရီမရဲ့ဂူဗိမ္မာန်ကိုရှာဖွေတဲ့ရတနာမုဆိုးတစ်သိုက် ရဲ့ကံကြမ္မာကိုရိုက်ကူးထားတာပါမြွေဧကရီမရဲ့ဂူဗိ မ္မာန်ကိုလူတွေဘာလို့သဲသဲမဲမဲရှာဖွေနေကြတာလဲဂူ ဗိမ္မာန်ထဲမှာကောဘာတွေရှိနေသလဲရတနာတွေ လားတခြားအဖိုးမဖြတ်နိင်တဲ့အရာတွေလားရတနာ မုဆိုးတွေထိုဂူကြီးထဲမှာလွယ်လွယ်ကူကူဝင်ထွက် နိင်မှာလားဒါမှမဟုတ်ဘယ်လိုအန္တရယ်တွေကကော ဂူအတွင်းထဲမှာစောင့်ကြိုနေမှာလဲအလွန်စိတ်ဝင်စား ဖို့ကောင်းပါတယ်စွန့်စားမှုတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့် တဲ့ဇတ်ကားလေးလို့ပြောပါရစေအသစ်အသစ်တွေ အကောင်းအကောင်းတွေကိုမှနှစ်သက်တဲ့ပရိတ် သတ်တွေအတွက်ကျွန်တော်(စိုးထွေး)ရယ်ညီလေး (ဂျွန်လရောင်)ရယ်ပူးပေါင်းပြီးအလျင်အမြန်ပရိတ် သတ်တွေဆီပို့ပေးလိုက်ပါပြီဒေါင်းဖို့ကတော့ပရိတ် သတ်တွေရဲ့သမိုင်းပေးတာဝန်ပါပဲလို့ပြောကြားရင်း အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးကိုဒေါင်းလိုက်ပါ လို့ပဲပြောလိုက်ရပါတယ်Download On Pcloud   
movie

TimeRiader(2016) မြန်မာစာတန်းထိုး

2016
Dishoom (2016) 5.5
Dishoom (2016) ဒီတစ်ခါတော့ CM ပရိတ်သတ်တွေ တောင်းဆိုမှုများနေတဲ့ Bollywood ဟာသ အက်ရှင် စွန်းစားခန်း တွေပါဝင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ် ဇတ်လမ်းအစမှာတော့ အိန္ဒိယနိုင်ငံရဲ့ အတော်ဆုံးခရစ်ကတ်ကစားသမားဟာ အရှေ့ အလယ်ပိုင်းသွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ် မင်းသားချော John Abraham နဲ့ ရဲငပေါ အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Varun Dhawan တို့အဖွဲ့ဟာ အဖမ်းဆီးခံ ခရစ်ကတ် ကစားသမားကို ၃၆ နာရီအတွင်းဘယ်လို ရှာဖွေပြီး ဘယ်လိုဖမ်းမိမလဲ ? ခရစ်ကတ်သမားကို ဖမ်းထားတဲ့ လူဆိုးကလည်း ဘယ်လိုနိပရိယာယ်တွေသုံးပြီး ရဲတွေကို လှည့်စားမလဲ ? ကျွန်တော်အကြိုက်ဆုံး အိန္ဒိယ ခရစ်ကတ်ကစားသမား ပြောသွားတဲ့စကားကတော့ "ကျွန်တော့်မိဘတွေက ဘာဘာ/ညာညာဖြစ်ဖို့ ဘယ်တော့မှမမှာဖူး တိုင်းပြည်ကိုသစ္စာမဖောင်ဖို့ပဲမှာတယ်" ဆိုတဲ့စကားလုံးပဲ 2016 မှာထူးထူးခြားခြား ကြည့်ရမဲ့ ဟာသ အက်ရှင် စွန်းစားခန်းတွေပါဝင်တဲ့ဇာတ်ကားကောင်းဖြစ်တာမို့ ခုပဲဒေါင်းကြည့်လိုက်ကြပါတော့ဗျာ ???? File Size         :  1GB Quality           : Blu ray 720P Running Time : ...
movie

Dishoom (2016)

2016
League of Gods (2016) 4.3
League of Gods (2016)  အချိန်ကား ပဝေသဏီ၊ နေရာကား တရုတ်ပြည်၊ ခေတ်က လူ နတ် မိစ္ဆာတို့ စုပြုံနေထိုင်ရာအချိန်။ လောကကြီးကို စိုးမိုးချင်တဲ့ ကျိုးဘုရင်၊ သူ့ရဲ့မိဖုရား အမြီးကိုးချောင်းမြေခွေး တာ့ကျီတို့က သိုင်းဂိုဏ်းများစွာကို ဖျက်စီးခဲ့ပြီးချိန်.... ရှီကျီဂိုဏ်းမှ ဆရာဖိုးဖိုး ကျန်း(Jet Li) နဲ့ တပည့် မိုးပျံဂိုဏ်းရဲ့ နောက်ဆုံးမျိုးဆက် ကျိလိန် နှင့် ဂိုဏ်းသားတွေက နောက်ဆုံးမျှော်လင့်ချက် ခုခံသူများ.... အနိုင်တိုက်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက် အလင်းရောင်ဓားကို ရှာဖို့ စွန့်စားခန်းဖွင့်တဲ့ ကျိလန်....ရလာတဲ့ မိတ်ဆွေ ၂ ယောက်က နီကြား နဲ့ ယန်းကျန်...... အဖက်ကောင်းကောင်း ဟာသဆန်ဆန် ခပ်ကြမ်းကြမ်း ရုပ်ထွက်ကြည်ကြည် ဘာသာပြန်ကောင်းကောင်း  ကြည့်ချင်သူများ ကြည့်နိုင်ပါကြောင်း......  File Size       : 800 / 400 Mb Duration   ...
movie

League of Gods (2016)

2016
Bean (1997) 6.3
Bean (1997) ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie

Bean (1997)

1997
Teenage Mutant Ninja Turtles: Out of the Shadows (2016) 6.0
Teenage Mutant Ninja Turtles: Out of the Shadows (2016) Teenage Mutant Ninja Turtles: Out of the Shadows (2016) IMDb - 6.0/10_____Rotten - 37%    Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။   (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint ...
movie

Teenage Mutant Ninja Turtles: Out of the Shadows (2016)

2016
Teenage Mutant Ninja Turtles (2014) 5.8
Teenage Mutant Ninja Turtles (2014) Teenage Mutant Ninja Turtles (2014)_____IMDb - 5.8/10 #ရုပ်ရှင်မိတ်ဆက်ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ TMNT ဇာတ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။ ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။ဇာတ်လမ်းမှာ April O'Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ...
movie

Teenage Mutant Ninja Turtles (2014)

2014
Captain America : Civil War  (2016)
Captain America : Civil War (2016) Blu ray Update ထွက်လာလို့ အကြည်သိမ်းထားခြင်သူတွေအတွက်ပြန်တင်ပေးလိုက်ပါတယ်              ဇာတ်လမ်းအကျဉ်းကတော့ Age of Ultron အပြီးမှာ ပြန်လည်စုစည်းထားတဲ့ Avenger တွေဟာ စစ်ဆင်ရင်းတစ်ခု ဆင်နွဲရင်း မတော်တဆ လူတွေသေရပြန်ပါတယ်။ Avenger တွေရဲ့ တိုက်ပွဲတိုင်းမှာ ပျက်စီးမှုတွေ များလွန်းတာကို သည်းမခံနိုင်တော့တဲ့ ကမ္ဘာကြီးဟာ သဘောတူစာချုပ်တစ်ခုကို နိုင်ငံများစွာက လက်မှတ်ထိုးပြီး UN ရဲ့ လက်အောက်မှာ Avenger တွေကို ထားဖို့ဆန္ဒပြုလာပါတော့တယ်။ ဒါကို ဆုံးဖြတ်ချက်အမှားတွေကြောင့် နောင်တရနေတဲ့ Iromman က နောက်ထပ် အမှားတွေကိုတားဆီးနိုင်ဖို့လို့ တွေးပြီး ချက်ချင်းလက်ခံနိုင်ပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ယုံကြည်တဲ့ Captain America ကတော့ လုံးဝလက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို အတည်ပြုနေစဉ်အတွင်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်လာပြီး Cap ရဲ့ သူငယ်ချင်း ...
movie


The Wild Life (2016)ြ 5.4
The Wild Life (2016)ြ လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တ၀ါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်...။ ဇာတ်လမ်းအညွန်းနဲ.ဘာသာပြန်သူကတော. Myo Myint Maung ဖြစ် ပြီ ကွာလတီ ကောင်း ကောင်းနဲ့ ကြည့် ရ အောင် Encode ပေးတာက တော့ Than Htike ပဲဖြစ်ပါတယ်  Download And ...
movie

The Wild Life (2016)ြ

2016