Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
Cliffhanger (1993)
ဒီတစ်ခါအက်ရှင်ပရိတ်သတ်ကြီးအကြိုက်တွေ့စေမဲ့တခေတ်တခါကနာမည်ကြီးခဲ့တဲ့အက်ရှင်မင်းသားကြီးစတားလုံးရဲ့1993ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်အိမ်ဟာ2016မှထွက်ရှိထားတဲ့Hard Target 2နဲ့ဇာတ်အိမ်တည်ဆောပ်ထားတာအတော်လေးတူပါတယ် IMDb 6.4ရရှိပြီးRotten tomatoes 69%ရရှိထားတဲ့ကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်အပိုင်းမှာဒေါ်လာသန်း၇၀ရင်းထားပြီး Box office ဒေါ်လာသန်း၂၅၅ရရှိထားပါတယ် အက်ရှင်ကိုတအားကြီးအသားမပေထားပေမဲ့ တောင်တက်သမားတစ်ယောက်ရဲ့စွန့်စားခန်းတွေအသေအချာရိုက်ပြထားပါတယ် ဇာတ်လမ်းအစမှာတော့သူငယ်ချင်းသုံးယောက်တောင်တက်ရာမှဆားရန့်တစ်ယောက်မတော်တဆသေဆုံးမှုနဲ့ကြုံခဲရပါတယ်။ ဒါကြောင့်မို့ဂေးဟာတောင်မတက်တော့ပဲတောင်တက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့ပါတယ် ဇာတ်လမ်းရဲ့တဖက်မှာလည်းအခွန်အေဂျင့်မစ္စတာထရဲ့ဗဲ့စ်ဟာနိုင်ငံတော်ရဲ့ငွေကြေးတွေကိုရယူဖို့ လေကြောင်းလမ်းမှာငွေကြေးတွေကိုလဲလှည့်ဖို့ အကောင်အထည်ဖော်ပါတော့တယ် မုန်တိုင်းဒဏ်ကြောင့်မအောင်မြင်ပဲ ရော်ကီတောင်ပေါ်လေယာဉ်ပျက်ကျသွားပါတယ် ရော်ကီတောင်မှာလည်းဂေးရှိနေတဲ့အတွက် သူတို့ငွေတွေကိုပြန်ရှာဖို့ဂေးကိုအကူအညီတောင်းရာမှဂေးဟာထရဲ့ဗဲ့စ်တို့အဖွဲ့က သူ့ကိုသေနတ်ထောက်လုပ်ခိုင်းတာကိုသိပြီး အဖွဲ့ထဲကလူတွေကိုဘယ်လိုမျိုးကိစ္စဖြတ်မလဲ မစ္စတာထရဲ့ဗဲ့စ်တို့အဖွဲ့လည်းတောင်ပေါ်ကိုကျသွားတဲ့ငွေတွေကိုပြန်ယူလို့ရပါ့မလားဆိုတာကြည့်ရှုလိုက်ကြပါအုံးDownload From Op
movie
Cliffhanger (1993)
4.7
The Seventh Dwarf (2014)
လူပုလေး ၇ ယောက်လို့ ပြောလိုက်ရင် ပန်းသီးလေးကိုက်တဲ့ စနှိုးဝှိုက်ဇာတ်လမ်းလေးကို လူတိုင်းမြင်မိကြမှာပါ။ ဒီဇာတ်လမ်းလေးကတော့ ခေတ်သစ်လူပုလေးဇာတ်လမ်းလို့ ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီးလေး ရိုစ် အသက်၁၈နှစ်မပြည့်ခင် လက်ကိုဆူးစူးခံရရင် မင်းသမီးလေးနဲ့အတူ နန်းတော်က လူတွေအားလုံး အိပ်မောကျသွားပြီး မင်းသမီးလေးကိုအမှန်တကယ်ချစ်မြတ်နိုးသူကသာ မင်းသမီးလေးကို နမ်းမှ ကျိန်စာပျယ်မယ်လို့ စုန်းမကြီးက ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့် မင်းသမီးလေးကို သူမရဲ့ဖခမည်းတော်ဘုရင်ကြီးက ဆူးထိမခံရအောင် သံချပ်ကာတွေအထပ်ထပ်နဲ့ အသက်၁၈နှစ်အထိ ဝတ်ဆင်စေခဲ့ပါတယ်။ သူမရဲ့မွေးနေ့မှာ စုန်းမကြီးရဲ့ဆူးကိုထိမိပြီး အိပ်မွေ့ကျသွားခဲ့ရာမှ လူပုလေး၇ယောက်က သူမရဲ့ချစ်သူ ကောင်လေးကို စုန်းမကြီးလက်ထဲကနေ ကယ်တင်ကာ မင်းသမီးလေးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပုံတွေကိုရှု့စားရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်... ယခင်လူပုလေးဇာတ်လမ်းမျိုးနှင့်မတူဘဲ တစ်မူအသွင်ထူးခြားတဲ့ စွန့်စားခန်းများ ဇာတ်လမ်း ဇာတ်ကွက်များကို ခံစားရမှာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Quality…..BluRay 1080p Duration…..01:27:00 Format…Mp4 File Size…(624 MB , 496 MB ) ...
movie
The Seventh Dwarf (2014)
Star Wars Movies Collection
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars Movies Collection
6.8
Planet Hulk (2010)
Marvel ရဲ့ Animation ကားကောင်းလေး တစ်ကား ကို တင်ဆက် ပေးလိုက်ပါတယ်။ ဒီကားကတော့ ဟော့ခ် တစ်ယောက် ကို မထိန်းနိုင်တော့လို့ Iron Man နဲ့ အပေါင်းအပါတစ်စု က ဟော့ခ် အတွက်လည်း အဆင်ပြေနေစေမဲ့ ဂြိုလ် တစ်ခုကို ပို့လိုက် ရာက ဇာတ်လမ်းစတာပါ။ အစကတော့ ဟော့ခ်ထက် ဥာဏ်ရည် ပိုမြင့် တဲ့ သတ္တ၀ါတွေ ဟော့ခ် ကိုဒုက္ခပေးမဲ့ သူတွေ မရှိတဲ့ ဂြိုလ် ကိုပို့လိုက်တာပါ ဒါပေမဲ့ လမ်းမှာ ဟော့ခ် ရဲ့ သောင်းကျန်းမှု့ကြောင့် လမ်းကြောင်းလွဲပြီး ဆခရာ လို့ခေါ်တဲ့ ဂြိုလ် ကို ရောက်ရှိသွားပါတော့တယ်။ အဲ့ဂြိုလ်မှာက ဘုရင်ဆိုးတစ်ယောက် အုပ်ချုပ်နေပြီး အစွမ်းအစရှိတဲ့ သူတွေကို အချင်းချင်း ဖျော်ဖြေ တဲ့ အနေနဲ့ အသေ တိုက်ခိုက်ခိုင်းတဲ့ နေရာပါ။ ...
movie
Planet Hulk (2010)
2010
6.3
Oz the Great and Powerful (2013)
သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေး နဲ့ တွေ့ ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲက နေကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက် မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် ...
movie
Oz the Great and Powerful (2013)
2013
4.9
Scooby-Doo (2002)
စကူဘီဒူး ကားလေးတွေကိုတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်ကြမှာပါ.... ဒီကားလေးဟာလူငယ်စုံထောက်လေးတွေဖွဲ့စည်းထားတဲ့ ကင်းထောက်အဖွဲ့အကြောင်းကို ရသပေါင်းစုံရှု့ထောင့်ပေါင်းစုံကနေကြည့်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ထူးဆန်းတဲ့ အမှု့ကိစ္စများကိုဖြေရှင်းကိုင်တွယ်ပေးနေကျဖြစ်တဲ့ လူငယ်စုံထောက်အဖွဲ့ဟာ ချောက်ခြားဖွယ်ကောင်းတဲ့ ကျွန်းကိုမထင်မှတ်ပဲ လေးယောက်လုံးဖိတ်ကြားခြင်းခံခဲ့ရပါတယ်... အဲ့ကျွန်းပိုင်ရှင်ကတော့ အားလုံးသိကြတဲ့ ဟာသမင်းသားကြီး Mr.Bean ဖြစ်ပါတယ်.... အဲကျွန်းမှာတော့လူငယ်တွေအားလုံးဟာ သူရဲဝင်ပူးခံရသလို ထူးထူးဆန်းဆန်းဖြစ်နေကြပါတယ်... ဒါကြောင့် လူငယ်စုံထောက်အဖွဲ့ဝင်တွေဖြစ်တဲ့ ဖရက် ဗယ်မာ ဒက်ဖနီ နဲ့ ရှယ်ဂီတို့ဟာ ဒီကိစ္စဖြစ်စဉ်ကို ပေါ်ပေါက်အောင် စုံစမ်းကြမှာပဲဖြစ်ပါတယ်.... ရှယ်ဂီရဲ့ထုံးစံအတိုင်း တလွဲတွေလုပ်တတ်တာရယ် စကူဘီဒူးရဲ့ အစားမက်တာတွေရယ်က ဇာတ်လမ်းတစ်ခုလုံးကို မပျင်းရလေအောင် ရယ်မောပြီးကြည့်ရမှာဖြစ်ပါတယ်....Quality…..BluRay 720p Duration…..01:26:00 Format…Mp4 File Size…(620 MB , 378 MB) Encoder…..Moe Myint Lwin Translator…..Hnin Oo Wai
movie
Scooby-Doo (2002)
7.1
The Princess and the Frog (2009)
Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ.... အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မ၀င်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာ ပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်.... နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ ပူးပေါင်းထားတဲ့စုန်းဘိုးတော်.... အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ.... တီယာနာ့ သူငယ်ချင်းပါတီပွဲမှာ တီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာ ကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်... ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲ အရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတို့ကိုဘယ်လိုတွေဒုက္ခတွေပေးမလဲ သူတို့နှစ်ယောက်ကျိန်စာတွေပျယ်သွားမလား..... Disney ရဲ့အကောင်းဆုံး Animation Effect တွေနဲ့ချစ်စရာပိုးစုန်းကြူးလေးတွေ မိကျောင်းတွေနဲ့ တစ်ကားလုံး မပျင်းရလေအောင် တင်ဆက်ထားတဲ့ Animation ကားလေးပဲဖြစ်ပါတယ်....တကယ်ချစ်လာပြီဆိုရင် အချစ်ကြောင့်လူတွေပြောင်းလဲသွားနိုင်တယ်ဆိုတာ ဒီကားလေးထဲမှာကြည့်ရမှာပဲဖြစ်ပါတယ်...Quality…..BluRay 720p Duration…..01:37:00 Format…Mp4 File Size…(698 MB) Translator…..Myat Ko Ko Encoder…..Moe Myint Lwin Download with Openload
movie
The Princess and the Frog (2009)
6.9
Meet The Robinsons (2007)
ဥာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ ... မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့် ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး... ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း) ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့် မှတ်ဥာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်.. တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့.. တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး… စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး… အနာဂတ်ကလာတာ ကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ ... ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်... သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို့ Quality…..BluRay 1080p Duration…..01:35:00 Format…Mp4 File Size…(738 MB , 561 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint
movie
Meet The Robinsons (2007)
2007
6.4
Extortion (2017)
မိသားစု တစ်စု ပင်လယ်ကမ်းခြေကို အပန်းဖြေ ခရီးထွက်ခဲ့ကြပါတယ်။ အဲနောက်မှာတော့ ကမ်းခြေကို ရောက်တဲ့အခါမှာတော့ သူတို.တည်းတဲ့ ဟိုတယ်ကနေ သင်္ဘောတွေငှားတာ တစ်စီးမှမရခဲ့ပါဖူး နောက်ဆုံးတော့ လှေတစ်စီးတော့ရခဲ့ပါတယ်။ အဆိုပါ လှေနဲ. ပင်လယ်ထဲ ခရီးထွက် ပျော်ပါးပြီးတဲ့နောက် မမျှော်လင့်စရာ ဖြစ်ရပ်တစ်ခုနဲ.ကြုံခဲ့ပြီး လှေဟာပင်လယ်ထဲမှာပျက်စီးသွားခဲ့ပါတယ်။ သူတို.မိသားစုဟာ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းကြီးတစ်ခုပေါ်ရောက်သွားပါတယ်။ သူတို.မိသားစုတစ်စု လူသူမရှိတဲ့ ကျွန်းကြီး တစ်ခုပေါ်မှာ ဘယ်လိုအသက်ရှင်နေထိုင် စားသောက်ကြမလဲဆိုတာ ကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ linnthura1988 ပဲဖြစ်ပါတယ်။ File Size : 800 MB/360MB Quality : WEB DL 720P Running Time : 1hr 48minutes Format : Mp4 Genre : Action, Adventure, Crime Translator : linnthura1988 Encoder :Thanhtike ZawDownload From Yoteshin link Download Here WEB DL 720p (800 MB) Openload Link Download Small File Size 360p (360 MB) Openload ...
movie
Extortion (2017)
Quackerz (2016)
ဒီဇာတ်ကားလေးကတော့ 2016 ထွက် animation movie လေးတစ်ခုပါ။ ဇာတ်ကားနာမည်ကတော့ ဘဲလေးတွေ တဂတ်ဂတ်အော်သံကို အစွဲပြုပြီး Quackerz လို့ ပေးထာတာပါ။ဒီဇာတ်လမ်းလေးအရဆို တရုတ်ပြည်မှာ တဘောင်တစ်ခုရှိပါတယ်။ ရာစုနှစ်တစ်ခု ပြည့်တိုင်း နေရဲ့စွမ်းအင်ကို အပိုင်သိမ်းပြီး ကမ္ဘာပျက်အောင်လုပ်မယ့် စုန်းမကြီးပေါ်လာမယ်ဆိုတာပါပဲ။ ဒါပေမယ့် ဘဲလေးတစ်ကောင်ကတော့ အဲ့အဖြစ်ကို ကယ်တယ်နိုင်ပါလိမ့်မယ်တဲ့။ ရိုးရိုးဘဲတော့ မဟုတ်ဘူးခင်ဗျ။ "နေသူဘဲကောင်း" (သူရဲကောင်း+ဘဲ)တဲ့။ အဲ့စုန်းမကြီးနဲ့ နေသူဘဲကောင်းတို့ တိုက်ခိုက်သွားပုံတွေကို ဇာတ်လမ်းထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ တရုတ်ပြည်က ဘဲဧကရာဇ်နဲ့ ကမ္ဘာလှည့် ဘဲခေါင်းစိမ်းခေါင်းဆောင်တို့ရဲ့ ခမည်းခမက် သူနိုင်ကိုယ်နိုင် အနိုင်လုပွဲလေးတွေကလည်း အတော်ရယ်ရပါတယ်ခင်ဗျ။ ဇာတ်လမ်းလေးကို ဟာသအမြူးလေး လုပ်ထားတဲ့အတွက် အမောပြေစရာ အချိန်တစ်ခုတော့ ရသွားမှပါခင်ဗျာ...Quality…..BluRay 1080p Duration…..01:21:00 Format…Mp4 File Size…(705 MB , 415 MB) Encoder…..Moe Myint Lwin Translator…..Wai Yan MaungDownload with YoteShin Link Download with CM Cloud Download with Openload Download ...
movie
Quackerz (2016)
6.6
Tangled: Before Ever After (2017)
movie
Tangled: Before Ever After (2017)
5.5
Charlie’s Angels (2000)
movie
Charlie’s Angels (2000)
2000
5.7
Sahara (2017)
ပူပြင်းခြောက်သွေ့တဲ့သဲကန္တာရထဲမှာ မြွေအုပ်စု ၂ ခုရှိပါတယ်.. လှပတဲ့မြွေစိမ်းတွေက အိုအေစစ်နား အရိပ်အာဝါသတစ်ခုကိုခိုလှုံရင်း လူသူအနှောင့်အယှက်ကင်းဝေးစွာ နေထိုင်ကြပါတယ်.. နောက်မြွေတစ်မျိုးဖြစ်တဲ့မြွေဟောက်တွေကတော့ ကန္တာရထဲမှာပဲ ကျင်လည်ကျက်စားပြီး ပြိုင်ဆိုင်မှုပြင်းထန်ကာ စားဝတ်နေရေးခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ မြွေတွေပါ ... ကျိကျိတက်ချမ်းသားတဲ့ သူဌေးတွေနဲ့ လမ်းဘေးက ဒုစရိုက်နယ်မြေလိုပေါ့ဗျာ.. ဒီကာတွန်းကားကတော့ အဂျားလို့ခေါ်တဲ့ မြွေဟောက်ငယ်လေးရဲ့ အချစ်အတွက် စွန့်စားခန်းကိုရိုက်ထားတာပါ.. သူဟာ အရေခွံတောင်မလဲရသေးတဲ့ မနူးမနပ်မြွေဖြစ်တာကြောင့် အမြဲအနိုင်ကျင့်ခံနေရသူဖြစ်ပါတယ်.. တစ်နေ့မှာတော့ အစိမ်းရောင်တွေလူးပြီး မြွေစိမ်းအယောင်ဆောင်ကာ မြွေစိမ်းတွေနယ်မြေဆီမှာ နေထိုင်ဖို့ ထွက်လာခဲ့တယ်.. အဲဒီနယ်မြေက အပြင်လူဝင်တာနဲ့ အပြတ်ရှင်းမယ့်ကောင်တွေ စောင့်ကြပ်နေတယ်.. အဲလိုသွားရင်းနဲ့ အီဗာလို့ခေါ်တဲ့ မြွေစိမ်းမလေးနဲ့ဆုံပါလေရော.. အီဗာဆိုတာက အိုအေစစ်တဝိုက်မှာ အချမ်းသာ အကြွယ်ဝဆုံးနဲ့ အာဏာအရှိဆုံးမြွေသူဌေးကြီးရဲ့ သမီးတော်... သူက ချမ်းသာမှုနဲ့ လုံခြုံသက်သာမှုကို ရွံမုန်းပြီး အစဉ်အလာကိုဆန့်ကျင်ချင်သူ.. စီစဉ်ထားတဲ့လက်ထပ်ပွဲကိုရှောင်လွှဲချင်သူ.. ကန္တာရထဲမှာ ဘာတွေရှိလဲဆိုတာကို စူးစမ်းချင်သူ မြွေဂျစ်မလေး.. ဒီလိုနဲ့ အဂျားနဲ့အီဗာတွေ့ကြပါလေရောဗျာ.. အီဗာတစ်ယောက် နယ်မြေထဲက ခိုးထွက်ရင်း ကန္တာရခရီးသွားအာရပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့အခါမှာတော့ အဂျားတစ်ကောင်ဟာ သူ့သူငယ်ချင်း ပစ်ဆိုတဲ့ကင်းမြီးကောက်ကို အဖော်ပြုရင်း အချိန်မရွေးသေသွားနိုင်တဲ့ ...
movie
Sahara (2017)
2017
5.6
Rock Dog (2016)
2016 မှာထွက်ထားတဲ့ကာတွန်းတစ်ကားဖြစ်ပြီး တရုတ်-အမေရိကန်ဖက်စပ်ဖြစ်ပါတယ်... IMDb 5.5 ရရှိထားပြီး ကာတွန်းကားကြိုက်သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. တရုတ်တို့ထုံးစံအတိုင်း ကွန်ဖူးအနည်းငယ်ပါသလို သိုးတွေရဲ့ထုံးစံအတိုင်း အရာရာကို မေ့တတ်ပြီး အပူအပင်ကင်းတဲ့ပုံစံပုံဖော်ထားတာကြောင့် ဟာသရောထားတဲ့ဇာတ်ကားလို့ ဆိုရမှာပါ.. ဇာတ်လမ်းအကျဉ်းကတော့... နှင်းတောင်တန်းတစ်ခုပေါ်မှာ သိုးတွေစုဝေးနေထိုင်ကြတဲ့မြို့တစ်မြို့ရှိပါတယ်.. သူတို့ဟာ ပူပင်ကြောင့်ကြမှုကင်းစွာနဲ့ သီချင်းလေးတီးလိုက် ဆိုလိုက်.. သိုးမွှေးတွေထုတ်လုပ်လိုက်နဲ့ ငြိမ်းချမ်းနေကြသူတွေပါ... သူတို့ကို စောင့်ကြပ်ပေးတဲ့မြို့စောင့်ကြီးကတော့ Khampa လို့ခေါ်တဲ့ တိဗက်ခွေးတစ်ကောင်ပဲဖြစ်ပါတယ်.. အဲဒီခွေးတွေဟာ မျိုးရိုးစဉ်ဆက် မြို့စောင့်အလုပ်ကို လုပ်ခဲ့ကြသူတွေဖြစ်ပြီး သိုင်းပညာတတ်ကျွမ်းသူတွေပါ... လောကကြီးမှာ ကိုယ်က ဘယ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်နေပါစေ... ဒါကို ဖျက်စီးမယ့်အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ.. အဲလိုပဲ သိုးတွေရဲ့မြို့ကို အပိုင်သိမ်းပြီး စားသောက်ပစ်ဖို့ အမြဲချောင်းနေတဲ့ဝံပုလွေအုပ်ကြီးရှိပါတယ် သူတို့မြို့ကို ကျူးကျော်တိုက်ခိုက်ပေမယ့်လည်း Khampa ကြောင့် အမြဲနောက်ဆုတ်ပြီး ပြေးရတာမို့ Khampa ကိုတော့ အသေကြောက်ရပါတယ်.. Khampa မှာ Bodi လို့ခေါ်တဲ့ သားတစ်ကောင်ရှိပြီး သူကတော့ ...
movie
Rock Dog (2016)
2016
6.0
Yamada : The Ayotaya of Samurai (2010)
ဒီတစ်ခါထိုင်းဆာမူရိုင်းကားလေးတင်ဆက်လိုက်ပါတယ် ဒီကားကတော့အားလုံးသိပြီးသားKing Naresuanကားရဲ့ကျောထောက်နောက်ခံ IMDB 6ရထားပြီး ထိုင်းလူမျိုးတွေရဲ့မျိုးချစ်ကိုအခြေပြုထားတဲ့ကားတစ်ကားပါ ဂျပန်ဆာမူရိုင်းတစ်ယောက်ဖြစ်တဲ့ရာမာဒါနာဂါမာဆာဟာအယုဒ္ဓယရဲ့တိုင်းတပါးကြေးစားစစ်သားတစ်ဦးပါ ရာဇဝတ်သားတွေနှိမ်နှင်းတဲ့ဂျပန်ကြေးစားအဖွဲ့မှာရာမာဒါနဲ့ဆန့်ကျင်ဘတ်ကူရိုဒါဆိုတဲ့လူယုတ်မာတစ်ဦးရှိပါတယ် ကူရိုဒါဟာရာမာဒါကိုသတ်ဖို့ကြိုးစားပေမယ့်ထိုင်းလူမျိုးတွေရဲ့ကယ်တင်ခြင်းကိုခံရပြီးထိုင်းနိုင်ငံကိုရောက်သွားခဲ့ပါတယ် ထိုင်းနိုင်ငံသားတစ်ယောက်အဖြစ်ခံယူခွင့်ရအောင်ဘယ်လိုရုန်းကန်မလဲကြည့်ရှုကြပါအုံး သူတစ်ပါးတိုင်းပြည်နေရတဲ့အခက်ဒုက္ခကိုအသေအချာရိုက်ထားတာဖြစ်ပြီးဆွေးမျိုးတွေကိုလွမ်းဆွေးတမ်းတာကိုနူးနူးညံ့ညံ့ပလွေသံလေးနဲ့လုပ်ထားတာပါ ဆွေမျိုးတွေကိုအလွမ်းအဆွေး အတမ်းအတတွေခံစားရမှာပါ ထိုင်းနဲ့ဂျပန်တွဲဖက်ရိုက်ထားတာဖြသ်လို့လုံးဝလက်မလွှတ်သင့်တဲ့ကားလို့ညွှန်းလိုက်ပါတယ် (တချို့စာတန်းထိုးတွေမှာရှေ့ကြောင်းပြောပြတာတွေဖြစ်တဲ့အတွက်အမှားပါရင်သည်းခံပေးပါလို့ကြိုပြောချင်ပါတယ်)Download From OwnCloud
movie
Yamada : The Ayotaya of Samurai (2010)
2010
7.9
Letter From Iwo Jima (2006)
IMDb rating တွေတခြား rating မပြောခင် အိုင်ဝိုဂျီးမားကျွန်းမှပေးစာများ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျပန်စစ်သည်တွေရဲ့စစ်ရှုံးခါနီးခံစားချက် အိမ်လွမ်းတဲ့ခံစားချက်တွေကို ဖော်ညွှန်းထားတဲ့ ဂရုဏာရသကိုအဓိက ဦးစားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းတခုပဲ ဖြစ်ပါတယ်။စစ်သည်လို့ဆိုတဲ့နေရာမှာ သူတို့ကိုဦးစီးတဲ့ဗိုလ်ချုပ်အပါအ၀င်ပေါ့.... သူတို့ခံစစ်ဆင်မယ့် ကျွန်းပေါ်က ကလေးတယောက်ကစားနေတာကိုမြင်ပြီး အိမ်က ကလေးကိုသတိရသွားတဲ့ဗိုလ်ချုပ်... ဒီအချိန်လေးမှာပဲကိုယ်ချင်းစာစိတ်တခုပေါ်လာပြီး အပြစ်မဲ့ပြည်သူတွေကို တတ်နိုင်သလောက် ဘေးကင်းရာကိုရွှေ့ခိုင်းခဲ့တယ်ဗိုလ်ချုပ်ရဲ့ လုပ်ရပ်ဟာ ပင်ပန်းနေတဲ့သူ့စစ်သည်တွေကိုနားလည် သလို တဖက်ကိုလည်းကိုယ်ချင်းစာစိတ်တခုကို ပေါ်လွင်အောင်ပြသွားတဲ့မျက်နှာပေးတွေကလဲ ဂျပန်တွေရဲ့အနုပညာဖန်တီးမှုတခုပါ.... ခေါင်းဆောင်ကောင်းတယောက်က ကြာပွတ်ကိုမသုံးဘူး ဦးနှောက်ကိုသုံးတယ်ဆိုတဲ့ ဆုံးမစကားကလဲမှတ်သား စရာပါ.... အဆမတန်များပြားတဲ့ ရန်သူတွေလာမယ်ဆိုတာသိသိကြီးနဲ့ ခံစစ်ပြင်ဆင်နေတဲ့ဂျပန်စစ်သားတွေ ရဲ့ အင်ပါယာစစ်သားဆိုတဲ့ဂုဏ်ကို တန်ဖိုးထားတတ်ပုံ အချင်းချင်းရိုင်းပင်းကုညီပုံ မိသားစုဆီပြန်သွားရမယ်ဆိုတဲ့ အသိစိတ်တွေက ဒီကျွန်းက ရောဂါဘယတွေ ရေမကောင်းတာတွေ ရိက္ခာအပြည့်အ၀မရတဲ့ ဒဏ်တွေကိုကျော်လွှားနိုင်စေပါတယ်။ သူတို့အားလုံးအိမ်ကိုပြန်လာနိုင်ကြရဲ့လား....? ရှင်တိုဝါဒဟာလဲ သူတို့နိုင်ငံအတွက်ဂုဏ်ယူစေတဲ့အချက် တခုဖြစ်တယ်ဆိုတာ ဇာတ်ကားရဲ့မဖော်ပြထားတဲ့ အပိုင်းမှာလေ့လာခဲ့ရပါတယ်... ဒါကဇာတ်လမ်းထဲကပေးတဲ့ မက်ဆေ့တချို့ ဒီဇာတ်လမ်းနောက်မှာ ရှိတဲ့ ခိုင်မာတဲ့သမိုင်းကြောင်းတွေကတော့..... ပထမတခုကဂျပန်တွေဟာ ဗုဒ္ဓဘာသာ ခရစ်ယာန် ဇင်ကျင့်စဉ်နဲ့ ဝိဥာဉ်ကိုးကွယ်မှုတွေကိုယုံကြည်လေ့ရှိတယ် ရှင်တိုဝါဒ ဟာလဲ ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်တပ်မတော်မှာ လေ့ကျင့်ပေးခဲ့တဲ့ကျင့်စဉ်တခုပဲဖြစ်ပါတယ်..ရဲဘော် သုံးကျိပ်ဝင်တွေ ဂျပန်ပြည်မှာစစ်ပညာလေ့လာစဉ်ကလဲ ရှင်တိုကျင့်စဉ်ကိုလေ့ကျင့်ပေးတယ်လို့ ၁၉၉၀ ၀န်း ကျင်ထုတ်ဂျာနယ်တခုမှာ လေ့လာခဲ့ဖူးပါတယ် ဘုရားသခင်ရဲ့ကျင့်စဉ်လို့ အမည်ပေးထားတဲ့ဒီကျင့်စဉ်ကို နိုင်ငံတော်ဝါဒအဖြစ်ကျင့်သုံးခဲ့တဲ့ဝါဒလဲဖြစ်တယ် အရင်ဆုံးသွေးပူလုပ်ရတယ်၊စိတ်တည်ငြိမ်မှုလုပ်ရတယ် နောက်မှာတော့ သင်ပေးတဲ့ဆရာကလဲ တည်တည်ငြိမ်ငြိမ်နဲ့သန္နိဌာန်ချပြီး ဘုရင့်အတွက်အသက်စွန့်ပါမည်ဆိုတဲ့ စိတ်ဓါတ်မျိုးရိုက်သွင်းပေးရတယ်...။ရှင်တိုဝါဒဟာ စစ်ဝါဒကိုအသက်သွင်းတဲ့ဝါဒသပ်သပ်သာဖြစ်ပြီးဘာသာရေး နဲ့မသက်ဆိုင်တဲ့ဝါဒသပ်သပ်သာဖြစ်တယ်လို့ယူဆတဲ့အတွက် ဒုတိယကမ္ဘာစစ်အပြီးမှာမဟာမိတ်တပ်တွေရဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးမက်အာသာက အမိန့်ထုတ်ပယ်ဖျက်ခဲ့တဲ အတွက် ရှင်တိုဝါဒဟာလဲ တိုင်းပြည်ဝါဒအဖြစ်မှ ပျောက်ကွယ်ခဲ့ရပါတယ်.... နောက်တချက်ကတော့.... ဒီကျွန်းတိုက်ပွဲမှာခံစစ်ဆင်သွားတဲ့ပုံစံအကြောင်းပါ ၁၉၄၄ ခုနှစ်ဇွန်လတွင်းမှာဖြစ်ပွါးခဲ့တဲ့ နယူးဂီနီကျွန်းတိုက်ပွဲရဲ့ ဂျပန်တပ်မှူးဗိုလ်မှူးကြီး နာအိုယူကီ-ကူဇူမီက ကမ်းတက် တိုက်ပွဲစစ်နည်းအသစ်ကိုတီထွင်ခဲ့တယ်..။ယခင် ...
movie
Letter From Iwo Jima (2006)
2006
6.4
ဒီဇာတ်ကားလေးကတော့ US$ သိန်း၃ဝဝလောက် အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့……………………………….ငယ်စဉ်ကတည်းက မားစ်ဂြိုဟ်ပေါ်ကို အလည်သက်သက်မဟုတ်ဘဲနဲ့ အခြေချနေထိုင်ချင်တဲ့စိတ်ကူးရှိတဲ့လူငယ်လေးတစ်ယောက်ဟာ သူရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့်နောက်နှစ်ပိုင်းများစွာမှာ မားစ်ပေါ်မှာ အခြေချနေထိုင်ဖို့အတွက် East Texas ဆိုတဲ့ကိုလိုနီနယ်ပယ်ငယ်လေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါပြီ။မားစ်ဂြိုဟ်ပေါ်ကို ပထမဆုံးစွန့်ဦးတီထွင်သူတွေအဖြစ်နဲ့ သွားရောက်နေထိုင်မယ့်သူတွေကတော့“ဆာရာအီလီရော့” ခေါ်တဲ့ အာကာသယာဉ်မှူး မိန်းမချောလေး ဦးဆောင်တဲ့ အာကာသယာဉ်မှူး ၆ဦးပါပဲ။မားစ် ကိုခရီးနှင်နေတဲ့ ကာလအတွင်း ၂လခန့်မှာတော့ “ဆာရာအီလီရော့” မှာကိုယ်ဝန် နှစ်လခန့်ရှိနေတာကို မမျှော်လင့်ဘဲသိလိုက်ရပါတယ်။ပထမဆုံးစွန့်ဦးတီထွင်သွားရောက်မှာဖြစ်ခြင်း နောက်လှည့်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာကိုယ်ဝန်ကို အာကာသထဲမှာ ဆောင်ခဲ့ရတယ်။မားစ်ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်လစေ့လို့ မွေးဖွားရင်း သေဆုံးသွားခဲ့ပါတယ်။ကလေးရဲ့ဖခင်ဟာ ဘယ်သူမှန်း ဘယ်သူမှ မသိခဲ့ပါဘူး။ဒီကိစ္စဟာ အာကာသယာဉ်မှူးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ၊ ကုမ္ပဏီကိုလည်း လူထုအမြင်စောင်းပြီးပြိုကွဲသွားမှာစိုးရိမ်သလို သူတို့Project ဆက်လက်တည်မြဲဖို့အတွက် ဖုံးဖိပြီး လျှို့ဝှက်ထားလိုက်ကြပါတယ်။ကလေးငယ်လေးကတော့ ကမ္ဘာထက် ဆွဲငင်အား ၃ ပုံ၂ပုံလျော့ကျတဲ့နေရာမှာ မွေးဖွားခဲ့တာမို့ကမ္ဘာကို ပြန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ...
movie
The Space Between Us (2017)
2017
5.8
Return to Never Land (2002)
ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်... ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်... အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်...ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်... ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်... ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်... ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်... ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်...ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်.. ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး.. ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်.. တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့ ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်... အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ...ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ.. အဲတော့ ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား... Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....Quality…..BluRay 1080p Duration…..01:12:00 Format…Mp4 File Size…( 520 MB) Encoder…..Moe Myint Lwin Translator…..Moe Myint Lwin Download ...
movie
2002
6.3
တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်....လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့...လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်....ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်...မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့...အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီးလူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ .....သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?ဘာတွေဆက်ဖြစ်လာကြမလဲ ?ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ....ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်...အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ...Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ...ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦးဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို ...
movie
Dragon Nest: Warriors’ Dawn
2014
5.6
Journey to the West: The Demons Strike Back (2017)
Jounery to the west လို့ဆိုလိုက်တာနဲ့ ဆရာတော်နဲ့သူ့တပည့်၃ယောက်အကြောင်းဆိုတာ လူတိုင်းသိကြမှာပါ။ ယခုကားကတော့ အရင်2013ခုနှစ်ကထွက်ရှိထားခဲ့တဲ့ Journey To The West : Conquering the demons ရဲ့အဆက်ပါ ။ ပထမကားနဲ့လည်းကွားပြားသလို အရင်ထွက်ရှိခဲ့တဲ့ဝူခုံးဇာတ်ကားတွေနဲ့လည်းကွဲပြားမှာအမှန်ပါပဲ။ ယခုဇာတ်ကားကိုတော့ စတီဗင်ချောင်က ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားပါတယ်။ Cm ပရိသတ်ကြီးအကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားပါ။ (ဘာသာပြန်သူကတော့ ကို Con Pike ဖြစ်ပါတယ်)File Size : 950 MB / 500 MB Quality : WEBDL 720P Running Time : 1hr 49minutes Format : Mp4 Genre : Adventure, Comedy, Fantasy Translator : Con Pike Encoder :Thanhtike Zaw Download Here Yoteshin LinkDownload Here WEBDL 720p ...
movie
2017
First
105
106
107
108
109
Last
Previous
Next