Channel Myanmar
Adventure
Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie
Poseidon (2006)
2006
Tom and Jerry in Shiver Me Whiskers (2006) 6.6
Tom and Jerry in Shiver Me Whiskers (2006) Tom Jerry ကားလေးတွေဆိုကလေးတွေကော လူတိုင်းကောသိကြမှာပါ.... အများအားဖြင့် ကြောင်နဲ့ကြွက်ကားတွေကစကားသိပ်မပြောကြပါဘူး.. ဒါပေမယ့် ဒီကားလေးကတော့ The Movie ပါ.... ပြောပြရမယ်ဆိုရင်တော့ ပင်လယ်ဓားပြကားလေးပဲဖြစ်ပါတယ်.... ကလေးလေးတွေကောလူကြီးတွေပါနှစ်သက်ခဲ့ကြတဲ့ကားလေးပါ... ကြောင်နဲ့ကြွက်ကားလေးတွေဟာ လူတိုင်းကြည့်ရတာကြည်ကြည်နူးနူးနဲ့ကြည့်ကြတဲ့ကားလေးတွေပဲဖြစ်ပါတယ်... ဒီကားလေးတွေကို ကလေးလေးတွေကြည့်ကြတဲ့အပြင် ကျွန်တော်တို့အရွယ်ထိနှစ်နှစ်သက်သက်နဲ့ကို ကြည့်နေဆဲဖြစ်တဲ့ကားလေးတွေပါ... ဒီကားလေးကိုကြည့်ပြီးတဲ့ လူတွေကောမကြည့်ရသေးတဲ့လူတွေကော ပြန်လည်ကြည့်ပြီးတော့ ငယ်ဘ၀တွေကိုပြန်လည်သတိရလိုက်ရအောင်ဗျာ... Quality…..BluRay 720p Duration…..01:14:00 Format…Mp4 File Size…(513 MB) Translator…..Myat Ko Ko Encoder…..Moe Myint Lwin  
movie
Halo: Nightfall Season (1) 5.7
Halo: Nightfall Season (1) ဒီကားကတော့ စီးရီးသဘောအနေနဲ့ Season 1 တစ်ခုတည်းသာ၂၀၁၄ကထွက်ပြီး ပြီးဆုံးသွားခဲ့တဲ့Action စီးရီးတစ်ခုဖြစ်ပါတယ်....အခုတင်ဆက်ပေးထားတာကတော့ စီးရီးကို Movie တစ်ခုအနေနဲ့ပေါင်းစည်းပြီးရိုက်ကူးထားတာကြောင့် တစ်ကားလုံးကိုအပြည့်ဝကြည့်ရမှာပဲဖြစ်ပါတယ်....သိပ္ပံနဲ့စိတ်ကူးယဉ်ယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ Action War Type ပုံစံဖြစ်ပါတယ်...စစ်ဆင်ရေးတစ်ခုကိုဆင်နွှဲနေရာကနေ ရန်သူလို့သံသယရှိတဲ့လူတွေနောက်ကိုလိုက်ရင်းအမည်မသိတဲ့ဂြိုလ်တစ်ခုကိုရောက်သွားတဲ့ Soldier Team တစ်ခုရဲ့ကံကြမ္ပာဟာဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်....သူတို့တွေဟာ သာမာန်စစ်သားအဖွဲ့မဟုတ်ပဲ အထူးလက်နက်တပ်ဆင်ထားတဲ့ အဖွဲ့ဖြစ်လို့သာမာန်လူတွေကိုင်ထားတဲ့ လက်နက်တွေထက် သာလွန်တဲ့လက်နက်တွေကိုကိုင်ဆောင်ထားပါတယ်...ဒါပေမယ့် ဒီဂြိုလ်ကိုသူတို့ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့အစွမ်းထက်လှတဲ့လက်နက်တွေဟာသူတို့ကိုပြန်ပြီးတော့ ဒုက္ခပေးလာပါတော့တယ်....ဘယ်လိုဒုက္ခပေးမလဲဆိုတော့ထူးဆန်းတဲ့အကောင်တွေကြောင့်ဖြစ်လို့ပါပဲ...အဲလိုသူတို့တွေတောင်နားမလည်နိုင်တဲ့အကောင်တွေက သူတို့ကိုဘယ်လိုတွေသုတ်သင်ပြီး သူတို့အဖွဲ့ကိုခြောက်ခြားအောင်လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ.... Quality…..BluRay 720p Duration…..01:38:00 Format…Mp4 File Size…(704 MB , 281 MB) Translator…..Hnin Oo Wai Encoder…..Moe Myint Lwin
movie
Halo: Nightfall Season (1)
2014
Shin Godzilla 6.8
Shin Godzilla
2016
Solomon Kane 6.1
Solomon Kane Solomon Kane (2009) IMDb - 6.1/10_____Rotten - 67%    မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။    မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie
Solomon Kane
2009
Resident Evil: Vendetta (2017) 6.4
Resident Evil: Vendetta (2017) Wow… လို့ အရင်ပြောပါရစေ… Resident Evil: The Final Chapter နဲ့ ဂျင်းသိပ်ခံရတာတွေ ဒီ Animation Movie နဲ့ ပြန်ဖြေသိမ့်လိုက်ရတယ်… IMDb 7.1/10 ထိရထားတယ် ဆိုရင် သိလိုက်တော့… ကိုယ်တွေ လွမ်းနေတဲ့ ခရစ် ပါမယ် ရေဗက္ကာ ပါမယ် လီယွန် ပါတယ် ဇတ်လမ်းက နည်းနည်းတော့ Game ဆန်မယ် ကိုယ်တွေက Game အဆော့များလို့လား မပြောတက်ပေမယ့် Game Story နဲ့ နဲနဲသွားဆင်နေတယ် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့  Resident Evil 7: Biohazard (Game) လိုမျိုး ဇတ်လမ်း ကြိုမသိနိုင်တဲ့ပုံစံမျိုး နဲ့ ဇတ်သိမ်းသွားတယ်… အမှန်အတိုင်းပြောရရင် ရမယ်ရှာပြီး ဆွဲဆန့်ထားတဲ့ Resident Evil ဇတ်လမ်းတွေဟာ တစ်ဖြေးဖြေး ချာလာပေမယ့် ခုနောက်ပိုင်း Japan က Game နဲ့ Animation တွေဟာ ဖန်တရာတေနေတဲ့ ...
movie
Resident Evil: Vendetta (2017)
2017
Okja (2017) 7.3
Okja (2017)   ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း ...
movie
Okja (2017)
2017
Spark: A Space Tail 4.4
Spark: A Space Tail Spark, a teenage monkey and his friends, Chunk and Vix, are on a mission to regain Planet Bana - a kingdom overtaken by the evil overlord Zhong.ဒီတစ်ခါတော့ အန်နီမေးရှင်း ပရိတ်သက်တွေ အတွက် အတော် ချစ်စရာကောင်းတဲ့ဇာတ်ကောင်များပါဝင်တဲ့ အန်နီမေးရှင်းကားကောင်းတစ်ကားနဲ.မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာ ဟောလိဝုက နိုင်ငံကျော်သရုပ်ဆောင်တွေလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်ဒီကားလေးကတော့ပေါ့ပေါ့ပါးပါးဟာသကာတွန်းကားလေးပါ။ကာတွန်းကားကြိုက်တဲ့သူတွေအတွက်ပေါ့။ Sparkဆိုတာကမျောက်ငယ်လေးတကောင်ပါပဲ။အဲဒီမျောက်လေးနဲ့သူ့သူငယ်ချင်းတွေဖြစ်တဲ့ Chunkနဲ့Vixတို့ဟာBanaဆိုတဲ့ဂြိုလ်လေးကိုပြန်လည်သိမ်းယူဖို့တာဝန်ပေးခံရခဲ့တာပါ။အဲဒီနိုင်ငံတော်ကိုမကောင်းဆိုးဝါးကြီးZhongဆိုတဲ့ကသိမ်းပိုက်ထားတာဖြစ်ပါတယ်။အဲတော့Sparkတို့သူငယ်ချင်းတသိုက်ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ကာတွန်းကားလေးကိုဆက်ကြည့်လိုက်ကြရအောင်ဗျာ။အားလပ်ချိန်ပေါ့ပေါ့ပါးပါးနဲ့ရယ်လိုက်မောလိုက်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။2017ရဲ့Best Editing in Animationဆုရထားခဲ့ကားလေးလည်းဖြစ်ပါတယ်ဗျာ။ (ဘာသာပြန်သူကတော့ idiot Myokoပါ) File Size : 680 MB/290 MB Quality : Bluray 720p Running Time : 1hr 231minutes Format : Mp4 Genre : Animation, Adventure, Comedy Translator : ...
movie
Spark: A Space Tail
2016
The Warrior’s Gate (2016)
The Warrior’s Gate (2016) ဒီဇာတ်ကားဟာ တရုတ်-အနောက်တိုင်း ဖက်စပ် အင်္ဂလိပ်စကားပြော သိုင်းကားဖြစ်ပါတယ်။ Action,Adventure,Fantasy ဇာတ်ကားမျိုးဖြစ်ပြီး IMDb Rating (5.3/10) ရရှိထားတဲ့ဇာတ်ကားပါ။ ဇာတ်ကြောင်းကတော့ လက်ရှိ Timeline ကနေ အခြား Timeline တစ်ခုကိုသွားပြီး ကိုယ်ရံတော်မင်းသမီးလေးကို ဂိမ်းဆန်ဆန်မကောင်းဆိုးဝါးတွေလက်ထဲကနေ ကွန်ဖူးအစွမ်းတွေနဲ့တိုက်ခိုက်ပြီး ကယ်တင်ရမှာပါ။ ထိုင်ဝမ်မင်းသား Mark Chao ,  တရုတ်မင်းသမီး Ni Ni , အမေရိကန်မင်းသား Uriah Shelton , အင်္ဂလိပ်မင်းသမီး Sienna Guillory စတဲ့ ဇာတ်ကောင်များအပြင် အခြားဇာတ်ရံတွေလဲ ပါဝင်ထားပါတယ်။  File size…(900MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Missy Win  Download and Watch (Yoteshin Link)Download and Watch (360MB) (or) Download and Watch (CM ...
movie
The Warrior’s Gate (2016)
Power Rangers (2017)
Power Rangers (2017) Mighty Morphin Power Rangers 2017 Reboot Movieနာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာကောင်းကောင်းကြီးအာမခံပါတယ်….တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး…ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ငယ်ဘ၀ဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့်အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်…..ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေPower Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်းလူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်….ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကိုဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို ”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်….ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာကပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်…နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီးကောင်းမွန်လှပစေခဲ့ပါတယ်…ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေZord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့ အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်….နောက်ပြီးတော့ Mid-Credits Scene ...
movie
Power Rangers (2017)
Scooby-Doo 2: Monsters Unleashed (2004)
Scooby-Doo 2: Monsters Unleashed (2004) ဒီကားလေးကတော့ ပထမထွက်ခဲ့တဲ့ Scobby Doo 1 ရဲ့ နောက်ဆက်ပြီးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်…ဒီကားလေးမှာတော့ အရင်ထွက်ခဲ့ကားရဲ့ ပိုပြီးခက်ခဲလှတဲ့ပြသနာတွေနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်…ဘယ်လိုအရာတွေလဲဆိုရင်တော့ ပြတိုက်ထဲမှာထားတဲ့အရုပ်တွေအကုန်လုံးကအသက်ဝင်လာခဲ့တာပဲဖြစ်ပါတယ်…အရုပ်တွေအားလုံးက တကယ့်ကိုနာမည်ကြီးတစ္ဆေတွေရဲ့ပုံတူအရုပ်တွေဖြစ်ပါတယ်…အဲဒီအရာတွေအသက်ဝင်လာအောင် နောက်ကွယ်ကနေဘယ်သူကထိန်းချုပ်နေတယ်ဆိုတာရှယ်ကီ စကူဘီဒူး ဗယ်မာ ဒက်ဖနီ နဲ့ ဖရတ်တို့ ဖွဲ့စည်းထားတဲ့လူငယ်စုံထောက်အဖွဲ့ကနေစုံစမ်းမှာပဲဖြစ်ပါတယ်…စကူဘီဒူး နဲ့ ရှယ်ကီ ရဲ့ထုံးစံအတိုင်း ဒီလောက်ကြောက်စရာကောင်းတဲ့တစ္ဆေတွေကိုဘယ်လိုရယ်စရာကောင်းအောင်ထွက်ပြေးကြမလဲဆိုတာ ဗိုက်နာအောင်ရယ်ပြီးကြည့်ရမှာပဲဖြစ်ပါတယ်…အရင်ကားထက်ပိုပြီးကောင်းမွန်လာခဲ့ Scobby Doo (2) ဟာဇာတ်ရုပ်တွေ ပီပြင်လာခဲ့တဲ့အပြင်Spooky Island ထက်ပိုပြီးအောင်မြင်ခဲ့ပါတယ်…မိသားစုနဲ့ အပျော်တမ်းကြည့်ချင်တဲ့သူများအတွက် ကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်…. Quality…..BluRay 1080p Duration…..01:33:00 Format…Mp4 File Size…(798 MB , 373 MB) Translator…..May Thazin Myint Encoder…..Moe Myint Lwin
movie
Scooby-Doo 2: Monsters Unleashed (2004)
Wonder Woman (2009) 7.3
Wonder Woman (2009) Wonder Woman (2009) IMDb - 7.3/10_____Rotten 83%    Wonder Woman ဇာတ်ကားကြီး မလာခင်မှာ ကြည့်ထားနှင့်ဖို့အတွက် Animation ကားကို အရင်တင်ဆက်ပေးလိုက်ပါတယ်။IMDB 7.3 ရရှိ ထားတဲ့ အတွက် ကောင်းမွန်လှတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အထူးပြောနေစရာမလိုပါဘူး။ဇာတ်လမ်းကတော့ အမေဇုန်လို့ခေါ်တဲ့ အမျိုးသမီးသူရဲကောင်းမျိုးနွယ်စုကနေစပါတယ်။မျိုးနွယ်စု ဘုရင်မ ဟစ်ပိုလစ်တာ ဟာဆိုရင် စစ်နတ်ဖုရား အေးရီးစ် နဲ့ စစ်ဖြစ်ရာမှ အနိုင် ရရှိခဲ့ပြီး ဇုစ်ရဲ့ မေတ္တာရပ်ခံမှု့ကြောင့် အေးရီးစ် ကို မသတ်ပဲ အကျဉ်းချ ပြီး သာမစ်စကယ်ရာလို့ ခေါ်တဲ့ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ်မရှိတဲ့ ကျွန်းတစ်ကျွန်းကို အမေဇုန် မျိုးနွယ်တစ်စုလုံးပြောင်းရွှေ့နေထိုင်ကျပါတယ် မကြာခင်မှာပဲ ဟစ်ပိုလစ်တာဟာ ထူးဆန်းတဲ့ အစွမ်းတစ်ခုနဲ့ Wonder Woman လို့ခေါ်တွင်မဲ့ ဒိုင်ယာနာကို မွေးဖွားခဲ့ပါတယ်။ ဒိုင်ယာနာ လေးတဖြည်းဖြည်း အရွယ်ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ ကျွန်းကို တိုက်လေယာဉ် အုပ်စုမှ စတိဗ် လို့ခေါ်တဲ့ လူတစ်ယောက်က လေယာဉ် တိုက်ခိုက်မှု့ကြောင့် လေယာဉ် ပျက်ကျပြီးရောက်ရှိလာပါတယ်။ဒီမှာပဲ စတိဗ်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ချပါတော့တယ်။ စတိဗ်ကို ...
movie
Wonder Woman (2009)
2009
Charlie’s Angels: Full Throttle (2003) 4.9
movie
Charlie’s Angels: Full Throttle (2003)
2003
Captain America: The First Avenger (2011) 6.9
Captain America: The First Avenger (2011) ကပ္ပတိန် အမေရိက ဆိုရင်တော့ အထူးညွန်းနေစရာမလိုပဲ အားလုံးသိကျပါတယ်။ မာဗယ်လ် ရဲ့ နာမည်အကျော်ကြားဆုံးဟီးရိုးတစ်ယောက်ပါပဲ။ဇာတ်လမ်း အကျဉ်းလေး ကို ပြန်ပြောပြရမယ်ဆိုရင် စတိဗ်ရော်ဂျာဟာ နိုင်ငံ အတွက် စစ်ပွဲတွေတိုက်ခိုက် ပေးချင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ခန္ဒာကိုယ် အချိုးအစား ကျန်းမာရေးအခြေအနေ တို့ကြောင့် အကြိမ်ကြိမ် အပယ်ခံရပါတယ်။ ဒါပေမဲ့ တစ်နေ့ သိပ္ပံပညာ ရှင်တစ်ယောက်ရဲ့ ဖိတ်ခေါ်စမ်းသပ်မှု့ကြောင့် သူ့ဘ၀ အကြီးအကျယ်ပြောင်းလဲ သွားပါတော့တယ်။သာမန် လူသားတစ်ယောက်နေ စူပါဟီးရိုးတစ်ယောက်ဖြစ်သွားပါတယ်။တစ်ဖက်မှာလည်း ဟစ်တလာ ရဲ့ တပည့်တွေက ဟိုက်ဒရာလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး ထူးဆန်း သဘာဝလွန်လက်နက်တွေ စမ်းသပ် အသုံးချနေပါတယ် .... စတိဗ် တစ်ယောက် ဒီအဖွဲ့တွေကို ဘယ်လို ရင်ဆိုင် မလဲ ... ဟိုက် ဒရာ ရဲ့ အထူးလက်နက် က ဘာတွေလဲ နောက်ထွက်တဲ့ Avengers ကားတွေ နဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲဆိုတာတွေ ကို ...
movie
2011
Swallows and Amazons (2016) 6.1
Swallows and Amazons (2016) Swallows and Amazons (2016) IMDb - 6.1/10_____Rotten - 94%ဂျွန်တို့မောင်နှစ်မလေးယောက်ဟာ ကျောင်းပိတ်ရက်ရှည်မှာ နယ်မြို့လေးတစ်မြို့ကိုအပန်းဖြေခရီးထွက်ခဲ့ရာမှာ…အိမ်နဲ့မနီးမဝေး ကျွန်းလေးတစ်ကျွန်းကို campထွက်ဖို့မိခင်ဆီမှခွင့်ပြုချက်ရခဲ့ရာမှ …ကျွန်းမှာ အုပ်စိုးနေတဲ့Amazonsတွေနဲ့ဘယ်လိုတွေတိုက်ခိုက်ပြီး ကျွန်းမှာစခန်းချနေထိုင်ကြမလဲ…တစ်ဖန်ကျွန်းမှာပုန်းအောင်းနေတဲ့… အစိုးရကအလိုရှိနေတဲ့ရုရှားသူလျှိုကြီးနဲ့လည်းပြဿနာဖြစ်ခဲ့ရာမှမောင်နှမတွေဘယ်လိုတိုင်ပတ်ကြမလဲ…အစကတကျက်ကျက်မတည့်ကြတဲ့မောင်နှမတွေ အုပ်ထိန်းသူမပါဘဲတစိမ်းနဲ့တိုက်ခိုက်ရတဲ့အခါဘယ်လိုညီညီညွတ်ညွတ် စည်းလုံးသွားကြသလဲ ဆိုတာပျော်ရွှင်ရယ်မောဖွယ်မိသားစုလိုက်ကြည့်ရှုသင့်တဲ့ ချစ်စရာmovieလေးတစ်ပုဒ်လို့ညွှန်းလိုက်ချင်ပါတယ်…ဂြှနျတို့မောငျနှဈမလေးယောကျဟာ ကြောငျးပိတျရကျရှညျမှာ နယျမွို့လေးတဈမွို့ကိုအပနျးဖွခေရီးထှကျခဲ့ရာမှာ…အိမျနဲ့မနီးမဝေး ကြှနျးလေးတဈကြှနျးကို campထှကျဖို့မိခငျဆီမှခှင့ျပွုခကြျရခဲ့ရာမှ …ကြှနျးမှာ အုပျစိုးနတေဲ့Amazonsတှနေဲ့ဘယျလိုတှတေိုကျခိုကျပွီး ကြှနျးမှာစခနျးခနြထေိုငျကွမလဲ…တဈဖနျကြှနျးမှာပုနျးအောငျးနတေဲ့… အစိုးရကအလိုရှိနတေဲ့ရုရှားသူလြှိုကွီးနဲ့လညျးပွူနာဖွဈခဲ့ရာမှမောငျနှမတှဘေယျလိုတိုငျပတျကွမလဲ…အစကတကကြျကကြျမတည့ျကွတဲ့မောငျနှမတှေ အုပျထိနျးသူမပါဘဲတစိမျးနဲ့တိုကျခိုကျရတဲ့အခါဘယျလိုညီညီညှတျညှတျ စညျးလုံးသှားကွသလဲ ဆိုတာပြောျရှှငျရယျမောဖှယျမိသားစုလိုကျကွည့ျရှုသင့ျတဲ့ ခစြျစရာmovieလေးတဈပုဒျလို့ညှှနျးလိုကျခငြျပါတယျ… Quality…..BluRay 1080p Duration…..01:36:00 Format…Mp4 File Size…(764 MB) Translator…..May Thazin Myint Encoder…..Moe Myint Lwin  
movie
Swallows and Amazons (2016)
Mr. Bean’s Holiday (2007) 6.4
Mr. Bean’s Holiday (2007) Mr. Bean's Holiday (2007)__________IMDb - 6.4/10အက်ရှင်တွေ အချစ်တွေ အကြမ်းတွေ များလာတော့ ဒီတစ်ခါ ပရိသတ်ကြီးပေါ့ပေါ့ပါးပါး လေးဖြစ်သွားအောင် Mr.Bean's Holidayလေး တင်ပေးလိုက်ပါတယ် Mr.Beanရယ်လို့ အသံကြားလိုက်ရုံနဲ့ ရုပ်ရှင် ခရေဇီတွေရော သာမန်ရုပ်ရှင်ပရိသတ်တွေပါ အလိုလို အူမြူးလာတတ်ကြပါတယ်။ဒီ Mr.Bean's holidays ဟာ ဆိုရင်လည်း ရုပ်ရှင် ပရိသတ်တွေ တော်တော်များများ အထူးနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပါ။ 'Old but gold' ဆိုတဲ့စကားဟာ ဒီ ဇာတ်ကားလေး အတွက်လည်း မှန်တယ်ခင်ဗျ။ မြန်မာစာတန်းထိုး နဲ့မှ ကြည့်ရတာ ဖီးလ် ပိုရှိတယ်ဆိုတဲ့ ချစ်ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ Mr.Beanက ကံကောင်းတယ်ဗျ။ကန်းနက်စ် ကို ခရီးသွားဖို့ လက်မှတ်ရယ် ဗွီဒီယိုကင်မရာလေးတစ်လုံးရယ် ယူရို ၂၀၀ ရယ် မဲပေါက်ခဲ့တာကိုး (ဒါတောင်ဆရာသမားက တေ့လွဲ လွဲဦးမို့) ...
movie
Mr. Bean’s Holiday (2007)
Baby (2015) 8.1
Baby (2015)   Bollywood Star တစ်​​ယောက်​ဖြစ်​တဲ့ stunt ​တွေလဲလူစားမထိုး... ကိုယ်​ခံပညာလဲကျွမ်းကျင်​တက်​​မြောက်​ထားတဲ့ shay Kumar နဲ့ Baahubali ထဲက ဗီလိန်​ကြီး Rana Daggupati တို့တွဲဖက်​သရုပ်​​ဆောင်​ထားပြီး.... Action/Thriller အမျိုးအစားဖြစ်​ပါတယ်​.... ဇာတ်​လမ်းအကျဉ်းက​တော့...အိန္ဒိယမှာ ပါကစ္စတန်​ စစ်​​သွေးကြွ​တွေဘုံးခွဲမယ့်​အ​ကြောင်း​ပေါ့..... Ashay Kumar က လျှိ့ဝှက်​​အေးဂျင့်​အဖြစ်​သရုပ်​​ဆောင်​ထားပြီး... သူ့တပည့်​ Rana Daggupati နှင့်​အတူ ဘယ်​လိုနည်း​တွေနဲ့ Pakistan စစ်​​သွေးကြွ​တွေကို ဖမ်းဆီးမလဲ သတ်​ပစ်​မလဲဆိုတာ​တွေကို...ရင်​တထိတ်​ထိတ်​နဲ့ ကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်​... Rustom ထဲကလို Ashay Kumar ရုပ်​တည်​တည်​နဲ့လှုပ်​ရှားမှု action ​တွေကိုမြင်​​တွေ့ရမှာပါ... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Khant Shwe Thaik  ပဲ ဖြစ်ပါတယ်)File Size : 0.99 GB Quality : Bluray 720P Running Time : 2hr 39minutes Format : Mp4 Genre : Action, Adventure, Thriller Translator : ...
movie
Baby (2015)
April and the Extraordinary World (2015) 7.4
April and the Extraordinary World (2015) Imdb 7.4 ရရှိထားတဲ့ ပြင်သစ် ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ စိတ်ကူးယဉ် သိပ္ပံကာတွန်းကားမျိုးဖြစ်ပေမဲ့ တွေ့နေရကျပုံစံနဲ့ကွဲပြားပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမိုင်းတွေ မှာသိခဲ့တာထက် တော်တော် ကို ကွဲပြားနေပါတယ်။ အဲ့အချိန်မှာ နပိုလီယံ ၅ က ပြင်သစ်နိုင်ငံ ကို အုပ်စိုးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာလည်း ပညာရှင်တွေ ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားလေ့ရှိတယ်။ ဒီတော့ ဒီလိုပျောက်ဆုံးသွားတဲ့ အတွက်ကြောင့်နာမည်ကျော်တီထွင်မှု့တွေ ဖြစ်မလာတော့ဘူးပေါ့။ ရေဒီယိုမရှိတီဗွီဆိုတာမရှိ ဒီဇယ်အင်ဂျင်ဆိုတာလည်းမရှိ ကမ္ဘာကြီးဟာ တော်တော်ကို ခေတ်နောက်ကျ လို့နေတာပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက တွေ့ ရှိခဲ့တဲ့ ကျောက်မီးသွေး ရေနွေးငွေ့ အင်ဂျင် ဆိုတဲ့ အခြေအနေမှာပဲ ရပ်တံ့ နေတာပါ။ ဒီလိုအခြေအနေမှာ အေဗရယ်လ် ရဲ့ မိဘတွေဟာ သက်ရှိတွေ အတွက် ထူးဆန်းတဲ့ဆေးရည်ကို တီထွင်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဆေးရည် အောင်မြင်တဲ့ အချိန်မှာ ...
movie
April and the Extraordinary World (2015)
2015