Channel Myanmar

Action

Detective Dee And The Punished Swellhead ( 2024 ) 5.8
Detective Dee And The Punished Swellhead ( 2024 ) စုံထောက်ကြီးဒီးနဲ့နဂါးနက်အမှုဖြစ်ပါတယ်။ ဒီအမှုမှာတော့ အာဏာတည်မြဲခြင်းကိုကိုယ်စားပြုနိုင်ဖို့ ဧကရီဝူကျယ်ထျန်းဟာ ရေလှောင်တမံတစ်ခုကိုတည်ဆောက်ပြီး ပူဇော်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ပူဇော်ပွဲမတိုင်ခင် ၃ရက်မှာ ရေလှောင်တမံဆောက်လုပ်ရေးမှာပါဝင်တဲ့ အလုပ်သမားတွေ ရာချီပြီးတော့သေတဲ့အမှုဖြစ်ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာ ကောင်းကင်မှာနဂါးနန်းတော်ကိုမြင်ရတယ်လို့ ဆိုတဲ့လူတွေရှိတာကြောင့် ဒါကနဂါးနတ်မင်းရဲ့ကျိန်စာလား ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ ဒီးရန်ကျယ်ဟာအမိန့်တော်အရ ဒီအမှုကိုလိုက်ရင်း ဒီနဂါးကျိန်စာရဲ့နောက်ကွယ်က ကြီးမားတဲ့အကြံအစည်ကို သိလိုက်ရတာကြောင့် ပူဇော်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ဧကရီဝူကျယ်ထျန်းက သူ့ရဲ့အာဏာကိုပြဖို့ပဲ စိတ်အားထက်သန်နေပြီးတော့ ဖျက်သိမ်းဖို့ငြင်းဆန်ခဲ့ပါတယ်။ ပြည်သူတွေရဲ့အသက်နဲ့ အာဏာကြားမှာ ဝူကျယ်ထျန်းကဘာကိုရွေးမလဲ...... စုံထောက်ကြီးဒီးကရော ဒီအမှုကိုဘယ်လိုများပါးပါးနပ်နပ်ဖြေရှင်းသွားမလဲ...... Filesize : 1.35 GB / 835 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Mystery Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee And The Punished Swellhead ( 2024 )

Women’s Prison Massacre (1983) 5.1
Women’s Prison Massacre (1983) တစ်ချိန်က ကာလသားတွေကြားထဲနာမည်ကျော်ခဲ့တဲ့ မိန်းမထောင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ Black Emanuelle ဇာတ်ကားတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ အင်ဒိုနီးရှား-ဒတ်ချ် မင်းသမီး Laura Gemser ခေါင်းဆောင်ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ Emanuelle ဟာစရိုက်ကြမ်းရက်စက်တဲ့အမျိုးသမီးအကျဉ်းထောင်တစ်ခုကို ပို့ဆောင်ခံလိုက်ရပါတယ်။အဲ့ဒီမှာပဲ အကျဉ်းသူလူမိုက်ခေါင်းဆောင် အယ်လ်ဘီနာနဲ့ထိပ်တိုက်တွေ့ဆုံ ရန်ပွဲဖြစ်ခဲ့ပြီးထောင်အာဏာပိုင်တွေရဲ့နှိပ်စက်မှုကိုလည်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲ မိုက်ရူးရဲဆန်လွန်းတဲ့ စိတ္တဇသမား သေဒဏ်ကျခံထားရတဲ့အကျဉ်းသားလေးယောက်ကို သူတို့ထောင်ထဲမှာထိန်းသိမ်းထားဖို့ စေလွှတ်လိုက်ပါတယ်။ထောင်ရောက်ပြီးမကြာခင်မှာပဲ အဲ့ဒီအကျဉ်းသားလေးယောက်ဟာ ထောင်တစ်ခုလုံးကို အပိုင်စီးပြန်ပေးဆွဲပြီး လွတ်လမ်းကိုရှာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ လက်မရွံ့လူသတ်ကောင်တွေလက်က ထောင်တစ်ခုလုံးနဲ့ဘ၀တူအကျဉ်းသူတွေကိုကယ်တင်ဖို့ကြိုးစားတဲ့ Emanuelle ရဲ့စွန့်စားခန်းကိုရှုစားကြရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.7 GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Adult, Crime, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Women’s Prison Massacre (1983)

Maharaja (2024) 8.6
Maharaja (2024) Maharaja (2024) လက်ရှ်မီး ပဟေဠိ Genre – Action, Drama, Thriller IMDB – 8.6/10အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက် လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။ ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊ သူတို့အမေလည်းမဟုတ် ...
movie

Maharaja (2024)

2024
4K HEVC
The Legend of Kunlun ( 2022 ) 6.4
The Legend of Kunlun ( 2022 ) ဂူသင်္ချိုင်း‌‌တွေထဲမှာ ရတနာတွေရှာ‌‌ဖွေစွန့်စားရမဲ့ ဇာတ်ကားလေးကိုကြည့်ရတာ သဘောကျတတ်တဲ့ CM fansတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဖချိုးမျိုးနွယ်စုရဲ့ သမိုင်းအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား ကျန်းဝမ်ဖုန်းကတော့ သူ့အဖေပျောက်ကွယ်သွားရတဲ့ ဖြစ်ရပ်မှန်ကိုသိချင်သောစိတ်တစ်ခုနဲ့ ဒီရတနာသိုက်ရှာဖွေတဲ့လမ်းကို လျှောက်ခဲ့တာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းက ကောင်းကင်ဘုံနည်းပညာကိုလေ့လာသင်ယူကာ ကောင်ကင်ဘုံအရာရှိဆိုတဲ့ ရာထူးကိုလည်းဆက်ခံပြီးသား လူတစ်ဦးဖြစ်ပါတယ်ဒီလိုနဲ့ ကျန်းဝမ်ဖုန်းရယ် သူ့သူငယ်ချင်းဖြစ်သူ ကျာလူပန်းနဲ့ ကျုံးလင်တို့ ၃ယောက်ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် ‌အတူလုပ်ကိုင်ကြရာမှ ကျန်းဝမ်ဖုန်းရဲ့ အဖေကိုရှာတွေ့ဖို့ နည်းလမ်းတစ်မျိုးရှာတွေ့သွားပါတယ် နည်းလမ်းကတော့ ကျောက်မင်ရှေးဟောင်းကြေးမုံကိုရအောင်ရှာပြီး ခွန်းလွမ်တောင်အတွင်းမှာရှိတဲ့ လျှို့ဝှက်မြို့ထဲကိုသွားရမှာဖြစ်ပါတယ်ကျန်းဝမ်ဖုန်းလည်း သူ့အဖေနဲ့အဆက်သွယ်ပြတ်တာ ၁၇နှစ်ရှိပြီဆိုတော့ အချင်းချင်းပြန်တွေ့နိုင်ဦးမလား တရုတ်ရိုးရာအမွေအနှစ်ပုံပြင်တွေနဲ့ သမိုင်းအကြောင်းလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာမလို့ အားလုံးပဲ The Legend of KunLunကိုကြည့်ရှုလိုက်ရအောင် Filesize :  1.15 GB / 644 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Legend of Kunlun ( 2022 )

The Man On Credit ( 2024 ) 5.8
The Man On Credit ( 2024 ) မင်းကြီးကျောက်ကျုံးကို ထူးဆန်းတဲ့ဓားငှားသူတစ်ယောက်က ကျန့်လူဓားကိုငှားပေးခဲ့ရာက ကံကြမ္မာတစ်ဆစ်ချိုးပြောင်းလဲပြီး ကျင့်ပြည်ထောင်ကိုပါ ထူထောင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဓားငှားသူဓားပြန်လာသိမ်းတဲ့အချိန်မှာပဲ ကျင့်ပြည်ထောင်ကပျက်သုဉ်းသွားခဲ့ပါတော့တယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဓားငှားသူဟာ နဉ်ယိုချူးလို့ခေါ်တဲ့သူတစ်ယောက်ကိုဓားငှားပေးခဲ့ပြီး ရန်သူကိုသတ်စေခဲ့ပြီး ကံကြမ္မာပြောင်းလဲကာ သိုင်းလောကတခွင်ကျန့်ခွမ်းဆိုတဲ့နာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့ ဓားငှားသူက ဓားလာသိမ်းတဲ့အချိန် နဉ်ယိုချူးက ပြန်မပေးခဲ့ပါဘူး ဒီလိုနဲ့ ဓားငှားသူက ဓားကိုတောင်းတဲ့အချိန်မပေးရင် တစ်နေ့နေ့ကျ အဲဒီဓားက မင်းချစ်ရတဲ့သူကိုပြန်သတ်လိမ့်မယ်လို့ပြောသွားခဲ့ပါတယ် ။ဇာတ်ကားထဲမှာတော့ ဒီကျိန်စာတကယ်ဖြစ်လာတဲ့အခါ နဉ့်ယိုချူးဘဝဘယ်လိုတွေပြောင်းလဲလာမလဲ ? ဘယ်လိုအခက်အခဲတွေနဲ့ သူ့ဘဝဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.14 GB / 700 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

The Man On Credit ( 2024 )

Biyaheng Langit (2000) 6.1
Biyaheng Langit (2000) ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Biyaheng Langit (2000)

Pompeii (2014) 5.5
Pompeii (2014) Pompeii (2014) Genre – Action, Adventure, Romance, History79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာအနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်းပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Paul WS Anderson တစ်ယောက်ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT ကJon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကိုခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ်Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုကကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ...
movie

Pompeii (2014)

2014
Bulletproof Monk ( 2003 ) 5.8
Bulletproof Monk ( 2003 ) အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်သဘောကျမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့် ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီး အနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ်နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင် ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင် နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီး သူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာ ဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါး အက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ် Chow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ် Filesize : 1.87 GB / 985 MB Quality : BrRip 1080p , 720p Format : mkv Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Bulletproof Monk ( 2003 )

2003
Once Upon a Time in Asia ( 2024 ) 5.8
Once Upon a Time in Asia ( 2024 ) 1990 ခုနှစ် အလယ်ပိုင်းလောက်မှာ တရုတ်အရှေ့မြောက်ပိုင်းက ရှဲ့ဝိန်တုန်းဟာ အရှေ့တောင်အာရှမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ပြီး အရှိန်အဟုန်မြင့်စွာ တိုးတက်လာပါတယ်။ အဲဒါကြောင့် မကျေနပ်သူတွေ ရှိလာခဲ့ပြီး ဇနီးလောင်းက အသတ်ခံခဲ့ရပြီး အမေဖြစ်သူက စိတ်ရောဂါ ရသွားခဲ့ပါတယ်။ဇာတိကိုပဲ ပြန်နေချင်တဲ့ အမေ့ကို အဖော်ပြုပြီး ရှဲ့ဝိန်တုန်းတစ်ယောက် နာမည်ပြောင်းပြီး တရုတ်အရှေ့မြောက်ပိုင်းက သစ်သားစက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ရဲ့ ညီမလေးဖြစ်သူ ဝမ်ကျီဟန်က စကားနည်းတဲ့ ရှဲ့ဝိန်တုန်းအပေါ် မေတ္တာတွေ ပိုနေခဲ့ပါတယ်။အဲဒီအကြောင်းကို ဝမ်ကျီဟန်ကို သဘောကျနေတဲ့ အစ်ကိုပါးက သိသွားတဲ့အခါ ရှဲ့ဝိန်တုန်းနဲ့ အမေဖြစ်သူကို ပြဿနာ လုပ်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှမှာ ရှိနေတဲ့ ချန်ပိုင်ချန်ကလည်း ရှဲ့ဝိန်တုန်းကို လိုက်ရှာနေပါသေးတယ်။အရှေ့ရော အနောက်ရော ရန်သူတွေနဲ့ ပြည့်နေတဲ့ ရှဲ့ဝိန်တုန်းတစ်ယောက် သူနေချင်တဲ့ သာမန်ဘဝမျိုးမှာ နေခွင့်ရမလား...... ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ ဖြတ်ကျော်ရမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Filesize : 689 MB / 407 MB Quality : WEB-DL 1080p , 720p Format : ...
movie

Once Upon a Time in Asia ( 2024 )

The Hidden Fox ( 2022 ) 6.5
The Hidden Fox ( 2022 ) ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့ Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း ) ဇာတ်လမ်းတွဲကိုMovie Version အဖြစ် | ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ် ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့ မြောင်မျိုးနွယ်သူရဲကောင်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်…နောက်တော့ ရတနာနဲ့အတူ မြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော် အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာ ဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ…မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ… သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလား ဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆို သူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား… နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ…ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာ ဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့… Filesize : 838 MB / 489 MB Quality : ...
movie

The Hidden Fox ( 2022 )

Mulan Legend ( 2020 ) 5.8
Mulan Legend ( 2020 ) တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။ Filesize : 1.69 GB / 973 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Mulan Legend ( 2020 )

Tomb Guarding Man (2024) 5.7
Tomb Guarding Man (2024) ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေက ရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ -သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးက သင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊ မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူ စစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူက လက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာ သင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီး မြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေက အမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး Filesize : 708 MB / 408 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 13 min Subtitle ...
movie

Tomb Guarding Man (2024)

The Dead and the Deadly ( 1981 ) 6
The Dead and the Deadly ( 1981 ) ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Dead and the Deadly ( 1981 )

The Big Doll House (1971) 5.8
The Big Doll House (1971) The Big Doll House (1971)(အဖော်အချွတ် နှင့် လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။)မိန်းမထောင်ကားတွေ ခေတ်စားတုန်းကာလ ၁၉၇၁ ခုနှစ်က ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထောင်တွင်း အကြမ်းဖက် အနိုင်ကျင့်မှုတွေ၊ မိန်းမချင်း ရန်ပွဲဖြစ်ပွားမှုတွေ၊ ယောကျ်ားသနာများနဲ့ ထိတွေ့မှုကင်းကွာနေတဲ့မိန်းမတွေရဲ့စိတ်ဆန္ဒတွေ ကိုရောပြွန်းတင်ပြထားတဲ့ မိန်းမထောင် ဇာတ်ကားတွေဟာလည်းရုပ်ရှင်အမျိုးအစားတစ်ခုအနေနဲ့ တွင်ကျယ်ခဲ့ပါတယ်။ဒီဇာတ်လမ်းမှာလည်း ဖောက်ပြန်တဲ့ယောကျ်ားကို လူသတ်မှုကျူးလွန်မိခဲ့သူ ကော်လီရာတစ်ယောက် အမျိုးသမီးထောင်တစ်ခုကို ရောက်လာခဲ့ပုံနဲ့ စတင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကနေ ဆေးသမားအထိ မှုခင်းစုံ ကျူးလွန်ထားကြတဲ့အခန်းဖော် (၅) ယောက်နဲ့ စတင်ဆုံခဲ့ရပြီး သူ့ရဲ့ ထောင်တွင်းသင်ခန်းစာတွေကို စတင်လေ့လာရပါတော့တယ်။တော်လှန်ရေးသမားချစ်သူဆီကနေ မှောင်ခိုရလာခဲ့တဲ့ စာတစ်စောင်ကြောင့် ဘိုဒင်းဟာ နာကျင်စေရတာကို စွဲလမ်းတဲ့ရောဂါစွဲကပ်နေတဲ့ ထောင်အစောင့် လူစီယန်ရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်.။ လူစီယန်ရဲ့ အပူခန်းထဲကိုရောက်သွားခဲ့ရတဲ့ အကျဉ်းသားတိုင်းဟာ မရှုမလှဇာတ်သိမ်းရင်သိမ်း မဟုတ်ရင် သေလုမျောပါး ခံစားရလေ့ရှိပါတယ်။ညှင်းပန်းနှိပ်စက်တဲ့ အခါတိုင်းမှာလည်း ...
movie

The Big Doll House (1971)

Weapon (2024) 8.4
Weapon (2024) Weapon (2024) "စူပါလူသား" IMDb - 8.6/10၁၉၆၄ခုနှစ် အိန္ဒိယတစ်နိုင်ငံလုံး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်။တော်လှန်ရေးခေါင်းဆောင်နှစ်ယောက်က လွပ်လပ်ရေးတိုက်ပွဲဝင်နေသူတွေအတွက် အကူအညီရဖို့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာဆီကို သွားခဲ့ကြတယ်။ ဟစ်တလာက လက်ခံတွေ့ဆုံပြီး အကူအညီပေးဖို့ကတိပေးခဲ့တယ်။ဟစ်တလာ လက်တွေ့စမ်းသပ်နေတာက စူပါစစ်သားတွေဖန်တီးပြီး ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့ စူပါလူသားဖြစ်ပေါ်စေတဲ့ သွေးရည်ကြည်။ဒီသွေးရည်ကြည်အောင်မြင်တဲ့အတွက် အကူအညီသွားတောင်းတဲ့ရဲဘော်ကို ကူညီပေးဖို့ကမ်းလှမ်းပေမဲ့ အိန္ဒိယရဲ့အနာဂတ် ပျက်ဆီးမှာကိုမြင်ပြီး သွေးရည်ကြည်ကို ငြင်းပယ်ခဲ့ပါတယ်။ဒီမှာဘဲ အတူပါသွားတဲ့ရဲဘော်က ဟစ်တလာရဲ့လျှို့ဝှက်စမ်းသပ်ခန်းထဲက စူပါလူသားဖြစ်စေမဲ့သွေးရည်ကြည်ကိုခိုးပြီး အိန္ဒိယကို တစ်ယောက်တည်းပြန်လာခဲ့ပါတယ်။အဲဒီအချိန် အိန္ဒိယမှာလွပ်လပ်ရေးရနေပြီဖြစ်တဲ့အတွက် သွေးရည်ကြည်ကိုဘယ်သူ့မှအသိမပေးဘဲ လုံခြုံတဲ့နေရာမှာဝှက်ထားခဲ့တယ်။ တစ်ရက် ဟစ်တလာလွှတ်လိုက်တဲ့ လျှို့ဝှက်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် သားဖြစ်သူ အသက်ဆုံးရှုံးခံနီးမှာ ဝှက်ထားတဲ့သွေးရည်ကြည်ကိုယူပြီး သားဖြစ်သူကိုထိုးပေးခဲ့ပါတော့တယ်။ ဒီမှာပဲ မမျှော်လင့်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.64GB / 806MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Weapon (2024)

2024
Chhota Bheem and the Curse of Damyaan (2024) 7.3
Chhota Bheem and the Curse of Damyaan (2024) Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Chhota Bheem and the Curse of Damyaan (2024)

2024
Spooks: The Greater Good (2015) MI 5 6.2
Spooks: The Greater Good (2015) MI 5 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Spooks: The Greater Good (2015) MI 5

Bharat Ane Nenu (2018) 7.5
Bharat Ane Nenu (2018) Bharat Ane Nenu (2018)IMDb Rating (7.5) / Rotten Tomatoes (88%)ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာနိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ...
movie

Bharat Ane Nenu (2018)

2018
The Arctic Convoy (2023) 6.7
The Arctic Convoy (2023)  ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ ‌သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။ File size…(1.35 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Action, Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The Arctic Convoy (2023)