Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
7.0
Constantine (2005)
Constantine (2005)_______IMDb - 7.0/10 ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie
Constantine (2005)
2005
7.5
Aarya 2 (2009)
Arya 2 (2009) "သုံးပွင့်ဆိုင်"အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့ old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့ အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကို ပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကို ကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာ အာရ်ယာတစ်ယောက် အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ် မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲ | ရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ ...
movie
Aarya 2 (2009)
2009
7.9
Territory (2023)
Territory (2023) "စားကျက်" IMDb - 8.2/10လူသားစားတဲ့ ကျား၊ တရားမဝင်အမဲလိုက်တဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေရယ်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ။ဘေးပတ်ဝန်းကျင်မှာလည်း ရွာငယ်လေးတွေရှိပေမယ့် အဆုံးမရှိတဲ့တောနက်ကြီးလွှမ်းခြုံထားပြီး အဲဒီရွာလေးဘေးမှာတော့ ကျားတွေကျက်စားပါတယ်။ ခန့်မှန်းခြေ ကျားပေါင်း သုံးဆယ်ကျော်ရှိပြီး ကျားတစ်ကောင်ရဲ့ စားကျက်က ၃၈မိုင်ပတ်လည် ဝန်းကျင်လောက်ရှိပါတယ်။ဒီကျားတွေထဲကမှ လူတွေကိုရန်ပြုစားသောက်တဲ့ ကျားတစ်ကောင်ပေါ်လာတဲ့အခါ...။ ဘေးမဲ့ပေးထားတဲ့ ကျားတွေကို တရားမဝင်သတ်ဖြတ်အမဲလိုက်နေတဲ့ ဘယ်ကမှန်းမသိတဲ့ မုဆိုးတွေရောက်လာတဲ့အခါ...။တောခေါင်းတွေ လိုက်လံစုံစမ်းနေတဲ့ကြားကမှ အထက်တရားရုံးချုပ်ကနေ စီဘီအိုင်အရာရှိတစ်ဦးကို ကျားတွေသတ်ခံနေရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့အခါ...။ သူတို့တွေရဲ့ စားကျက်လုကြပုံကို တောတွင်းအလှတွေနဲ့ ရှုမြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Territory (2023)
2023
5.9
Toro (2016)
Action၊ crime movieလေးကိုမှ ညီအစ်ကိုကြားသံယောဇဥ်တွေကိုပါမြင်တွေ့ရမယ့် စပိန်မူဗီလေးပါ...။တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီးမူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်...။တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့်အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ...။တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်...။သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခုခိုင်းလိုက်ပါတော့တယ်....။ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ....။တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား....ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန်Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.23GB / 655MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Toro (2016)
7.0
Bad Cat (2016)
ဒီဇာတ်ကားက ကလေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီးIMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15ratingဖြစ်ပြီး အဆဲအဆိုတွေ အတော်သုံးထားပြီး သတ်ဖြတ်တာတွေလည်း ပါပါတယ်။ဇာတ်ကြောင်းကတော့ အရက်သောက် ဆေးချ ခိုးဆိုးလုနှိုက်အလုပ်တွေပဲ အမြဲလုပ်နေတဲ့ ရှဲရိုဆိုတဲ့ ကြောင်ဆိုးတစ်ကောင်တစ်နေ့မှာ ကြောင်မလေးတစ်ကောင်ကို နှာဘူးထဖို့အသွားမှာကြောင်မလေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်ပြေးရာမှဓါတ်လိုက်သေဆုံးသွားပါတော့တယ်။အဲဒီမှာ ကြောင်မလေးရဲ့သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာကနေ သခင်ဖြစ်သူပါတိုက်ပေါ်ကပြုတ်ကျပြီး ဦးနှောက်ပွင့်သေဆုံးသွားပါတယ်။ဒါပေမဲ့ အတော်လေးအစွဲကြီးလှတဲ့ ကြောင်မလေးရဲ့သခင်ကခေါင်းပွင့်တာတောင် ဇွန်ဘီအနေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရိုတစ်ကောင်ကို လိုက်သတ်ပါတော့တယ်။ ဇာတ်လမ်းကတော့ခပ်စားစားပါပဲ။ အပြောအဆိုတွေနဲ့ အောက်လုံးစကားတွေကိုရေလည်သုံးထားလို့ ကလေးတွေကို ပြလို့ရတဲ့ ကာတွန်းကားမဟုတ်တာကို ထပ်လောင်းညွှန်းလိုက်ရပါတယ်။ File size…1.45GB / 827MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 26m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Bad Cat (2016)
Black Noise (2023)
Black Noise (2023) ရုပ်ရှင်ဟာ amazon prime က ထုတ်လုပ်ရိုက်ကူးတဲ့scifi action ကားလေးကောင်းလေး တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကို အရိပ်အမြွတ်ပြောပြရမယ်ဆိုရင် အထူးလေ့ကျင့်ထားတဲ့လုံခြုံရေးကုမ္ပဏီတစ်ခုက တပ်ဖွဲ့တစ်ခုကို အရမ်းချမ်းသာတဲ့လူတွေသာသိနိုင် သွားနိုင်ကြတဲ့ ကျွန်းတစ်ကျွန်းကို လူကယ်ဖို့ အတွက် လွှတ်လိုက်ရတာကစတာပါ။ အဲ့ကျွန်းမှာက ရုတ်တရက်ကြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပြီးမင်းသားတို့တပ်ဖွဲ့က ကယ်ရမဲ့ VIP တစ်ယောက်ရဲ့ GPS signal တစ်ခုသာမိနေခဲ့တာပါ။ မင်းသားတို့က အဲ့ VIP ကို သွားကယ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ scifi ဆန်ဆန် မြင်နေကြ မဟုတ်တာတွေဘယ်လိုတွေ တွေ့ရမှာလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံးဖင်တကြွကြွနဲ့ ကြည့်နေရမှာ ဖြစ်လို့ scifi action ကားကောင်း ကြိုက်သူတွေအတွက်ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျ။ File size…1.70GB / 837MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ...
movie
Black Noise (2023)
6.4
Juan of the Dead (2011)
Juan of the Dead ဇာတ်ကားလေးဟာ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အမျိူးအစားကတော့comedy ဆန်ဆန် zombie apocalypse အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဟွမ်လို့ခေါ်တဲ့ တေလေဂျပိုးတစ်ယောက်ဖြစ်ပြီး သူရဲ့စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည် Cuba မှာပဲနေထိုင်အလေလိုက်ချင်သူ တစ်ယောက်ပါ။ မိုင်ယာမီရောက်သွားပြီဖြစ်တဲ့သူ့အရင်မိန်းမနဲ့ ရခဲ့တဲ့ သမီး ကမ်မီလာကတော့ သူ့အဖေကို အရင်အတိုင်းတေလေဂျပိုးလို့ ထင်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမရှိပါဘူး။တစ်နေ့တော့ သူတို့နေတဲ့မြို့လေးမှာ zombie ဆန်ဆန် တစ်ယောက်နဲ့တစ်ယောက်ကိုက်ပြီး ရောဂါတွေ ကူးစက်ပြန့်ပွားလာပါတယ်။ ကျူးဘားအစိုးရကတော့အတိုက်အခံတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး ဒုက္ခပေးနေတာလို့ ပြောပါတယ်။အဲ့ရောဂါကြောင့် ခေတ်ပျက်သွားတဲ့အခါမှာ ဟွမ်အနေနဲ့ ဘယ်လိုအကျိူးရှိအောင် လုပ်မလဲ။ သူ့သမီးကကော ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမှာလဲ။ အချိန်တန်လို့ မနိုင်တော့ခဲ့ရင် ဘယ်လိုလုပ်ဖို့ ကြံစည်ကြမလဲ။ဟွမ်တစ်ယောက် သူ့သမီးကိုကော ကာကွယ်နိုင်မှာလား စတာတွေကိုရင်ခုန်စွာ ဟာသလေး နှောပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ...
movie
Juan of the Dead (2011)
Brave Citizen (2023)
Brave Citizen (ရဲရင့်ပြည်သူ) 2023အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာ မူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့် ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကို မျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့် ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . .ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလား အချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . . ပရိသတ်တွေရဲ့အချစ်တော် မာမားနဲ့ အထိန်းတော်ကြီးတို့ရဲ့ နှစ်ယောက်တွဲအမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ဗီလိန်အချောလေးရဲ့ visual ကိုပါ တစ်ချက်ခုတ်နှစ်ချက်ပြတ်ရှုစားနိုင်မယ့် ဇာတ်ကားလေးဖြစ်တာကြောင့် CM ကနေ ခုပဲကြည့်ရှုအားပေးလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။Genre..... Acion, Comedy, Drama Quality…. 1080p | 720p File size… 1.6GB ...
movie
Brave Citizen (2023)
2023
7.5
Police Story (1985)
ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File ...
movie
Police Story (1985)
1985
7.2
Yamadonga (2007)
Yamadonga (2007) "ယမမင်းရဲ့ ခိုးသားကြီး" IMDb-7.2/10RRR(2022)ထဲမှာ မင်းသားရန်ချရန်နဲ့အပြိုင် ပါဝင်ခဲ့တဲ့ မင်းသားချောကြီး NTRရဲ့ ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပေမယ့် ကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ဆိုတဲ့ ကလေးမလေး။ အရွယ်ရောက်လာတဲ့အခါ ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးလို ယောကျ်ားမျိုးနဲ့ ဖူးစာဆုံမယ်ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ဟောစကားကို ယုံကြည်ရင်း ချစ်သူကိုစောင့်မျှော်နေခဲ့ရှာတယ်။ကံကောင်းခြင်းတွေ မရောက်လာခင်မှာတော့ စင်ဒရဲလားလိုဘ၀မျိုးနဲ့ အဒေါ်ဖြစ်သူရဲ့ အနှိမ်ခံ၊ အငြူစူခံ၊ အနှိပ်စက်ခံရင်း နေနေရရှာတုန်း။ သူနဲ့ဖူးစာဆုံမယ့်ယောကျ်ားက ရှေ့ကသွားနေပြီဆို လူတွေ ကြွေးကြော်သံတွေနဲ့အတူ နောက်ကလိုက်နေမယ့်ယောကျ်ားမျိုးတဲ့။ တကယ်လည်း လူတွေနောက်ကနေ လိုက်ကြပါတယ်။"သူခိုးဟေ့..သူခိုး"ဆိုတဲ့ ကြွေးကြော်သံတွေဖြစ်နေတာတစ်ခုပဲ။ အဲဒီသူခိုးက တကယ်ပဲ မင်းသားတစ်ပါးလို အဆင့်အတန်းနဲ့ သူ့ဆီကိုရောက်လာနိုင်မှာလား။ သူတို့တွေ ဖူးစာဆုံပြီး ပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုတည်ဆောက်နိုင်မှာလားဆိုတာ မင်းသားကြီး NTRရဲ့ Devara(2024)ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိမလာခင် အပျင်းပြေကြည့်ရှုကြပါဦးလို့...။ (အညွှန်းနဲ့ဘာသူပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.8GB ...
movie
Yamadonga (2007)
2007
7.3
Mardaani (2014)
Mardaani (2014) "ဇော" IMDb - 7.3Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်ပါသေးတယ်။ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။ ဦးလေးကရောင်းစားပစ်မယ့် ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ...
movie
Mardaani (2014)
2014
The Adventures of Pluto Nash (2002)
The Adventures of Pluto Nash (2002) Genre - Sci-fi, Action၂၀၀၀ ပြည့်နှစ်တွေက Nutty Professor တို့ Norbit တို့နဲ့နာမည်ကြီးခဲ့တဲ့ ဟာသမင်းသား Eddie Murphy ရဲ့၂၀၀၂ ခုနှစ်တုန်းက သိပ္ပံစိတ်ကူးယဉ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းလေး ပြောရမယ်ဆို လူတွေဟာအနာဂတ်မှာ လပေါ်မှာကိုလိုနီလုပ် နေထိုင်နေကြပါပြီ။မှောင်ခိုသမားအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ပလူတိုတစ်ယောက်ထောင်ထဲကနေထွက်လာတဲ့အခါ ကလပ်လေးတစ်ခုကို တည်ထောင်ပြီးအောင်မြင်စွာ အလုပ်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ခရိုနီလူတစ်စုက သူ့ကလပ်ကို ၁၀ သန်းအတင်းပေးပြီး လာဝယ်ပါတယ်ပလူတိုကလည်း ရောင်းစားဖို့ မဟုတ်ကြောင်း ငြင်းလိုက်ပြီး နှင်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ မကြာခင်မှာပဲ ကလပ်တစ်ခုလုံးကို ဖောက်ခွဲပြီးပလူတိုရဲ့ အသက်ကို ရန်ရှာလာတဲ့အထိ ဖြစ်လာချိန်မှာတော့ပလူတိုတစ်ယောက် သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒီပဟေဠိလူသားကိုစက်ရုပ်အဖော်ရယ် စားပွဲထိုးမလေးရယ် အတူတကွ ဘယ်လိုရှာဖွေဖော်ထုတ်ပြီးဘယ်လိုတွေ စွန့်စားခန်း ထွက်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ File size… 2.6 GB ...
movie
The Adventures of Pluto Nash (2002)
2002
Chatrapathi (2023)
Chatrapathi (2023) "ချာထရာပတ်သီ"ချန်မရန်ရဲ့ Naayak (2013)ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ V. V. Vinayakရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကို Prime Videoကထုတ်လွှင့်ခဲ့ပြီဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။ ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။ နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကို ပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး။ ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။ ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကို ကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့ အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။ အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ...။ ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူ ပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.4GB /1.5GB Quality…1080p WEB ...
movie
Chatrapathi (2023)
2023
6.5
Kick-Ass 2 (2013)
Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie
Kick-Ass 2 (2013)
2013
4K HEVCHDR
7.6
Kick-Ass (2010)
Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie
Kick-Ass (2010)
2010
4K HEVCHDR
8.5
Ghost (2023)
Ghost 2023 "တစ္ဆေ"IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ် အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ် အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ ဗာမန်တို့ ...
movie
Ghost (2023)
2023
6.9
Tiger Nageswara Rao (2023)
Tiger Nageswara Rao 2023 ( လူဆိုးဗိုလ် ကျားကြီး)ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ ဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ်ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်….. သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ….ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Tiger Nageswara Rao (2023)
2023
8.2
Sita Ramam (2022)
Action, Drama, Mystery IMDB 8.2/ 14kဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ်အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ...
movie
Sita Ramam (2022)
2022
4K HEVC
The Creator (2023)
The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်းအောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie
The Creator (2023)
2023
4K HEVC
5.8
Quick CounterAttack ( 2023 )
အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ဒုစရိုက်မှုတွေလည်း များပြားလာတာ မဆန်းပါဘူး။ ဒုစရိုက်သမားတွေကြောင့် ဘဝပျက်ရတဲ့ လူတွေလည်း မနည်းပါဘူး။ ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်မှုတွေကို သရုပ်ဖော်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။အာဖရိကမှာ လုံခြုံရေးအလုပ်လုပ်နေတဲ့ မာရွှိတုန်းဟာ သမီးဖြစ်သူ ပျေ ာက်သွားတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ တရုတ်နိုင်ငံကိုပြန်ပြီး သူ့သမီးကို လိုက်ရှာတဲ့အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွယ်နေတာ သိလိုက်ရပါတယ်။ သမီးကို ကယ်ဆယ်ဖို့အတွက် မာရွှိတုန်းတစ်ယောက် အန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။မိန်းကလေးတွေကို လိမ်လည်ပြီး ငွေချေးတာကနေ တစ်ဆင့် ဒုစရိုက်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို ရိုက်ပြထားတာဖြစ်ပြီး အက်ရှင်ကားပီပီ သွေးထွက်သံယိုများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မာရွှိတုန်းတစ်ယောက် သူ့သမီးကို ကယ်နိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းကြီးကိုရော ရဲတပ်ဖွဲ့ကနေရော အပြတ်ရှင်းနိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie
Quick CounterAttack ( 2023 )
First
53
54
55
56
57
Last
Previous
Next