Channel Myanmar

Action

Rise of the Planet of the Apes (2011) 7.6
Rise of the Planet of the Apes (2011) RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ File size…   6.3 GB / 1.7 GB /  935MB Quality… BluRay 4K /  1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar ...
movie

Rise of the Planet of the Apes (2011)

2011
4K HEVC
War for the Planet of the Apes (2017) 7.4
War for the Planet of the Apes (2017) War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94%   အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie

War for the Planet of the Apes (2017)

2017
4K HEVC
Dhoomam (2023) 5.6
Dhoomam (2023) Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie

Dhoomam (2023)

2023
The X-Treme Riders (2023)
The X-Treme Riders (2023) The X-Treme Riders (2023)အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့ သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့ သားဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ်ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။ တစ်နေ့မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသဖို့ ငွေအများကြီးလိုလာတဲ့အခါ Fun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်းရအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း မူယစ်ဆေးရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေးသယ်ပို့ဖို့ လုပ်ကြတဲ့အခါ မောင်နှမနှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 1.4GB ...
movie

The X-Treme Riders (2023)

Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie

Believer 2 (2023)

2023
Believer (2018) 5.9
Believer (2018) Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…  ...
movie

Believer (2018)

2018
Freelance (2023) 5.5
Freelance (2023) Freelance (2023)ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။~ ဇာတ်လမ်းအကျဉ်း ~မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.5GB, 2.45GB, 1.25GB Quality - 4K HEVC, ...
movie

Freelance (2023)

2023
4K HEVC
Fights Break Sphere ( 2023 ) 5.8
Fights Break Sphere ( 2023 ) အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာ သူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်... ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေ တစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက် ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ...သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူ ပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီး အားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့.. ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲ ရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ... အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Fights Break Sphere ( 2023 )

In the Land of Saints and Sinners (2023) 6.4
In the Land of Saints and Sinners (2023) အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။သမိုင်းအကျဉ်းအိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ ...
movie

In the Land of Saints and Sinners (2023)

Wingwomen (2023) 5.7
Wingwomen (2023) Wingwomen (2023) ===============Netflix ရဲ့ အက်ရှင်ကားကောင်း‌ ကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ သူလျှိုဂိုဏ်းကနေ အေးဂျင့်တွေအဖြစ် လုပ်ကိုင်ရင်း လက်ရွေးစင်တွေဖြစ် လာတဲ့ ကာရိုးနဲ့ အဲလက်စ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ရှိပါတယ်။ မိန်းမတွေ ဆိုပေမယ့် လျှော့တွက်လို့မရတဲ့ ဓားပြတိုက် လူသတ် လုပ်ကြံစတဲ့ လက် ရွေးစင် လူသတ်သမားတွေပေါ့။သူတို့နှစ်ယောက်ဟာ မစ်ရှင်များစွာလုပ်ရင်း နောက်ဆုံးမှာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက သူတို့ကိုအမျိုးမျိုး မနား ဖို့စည်းရုံးနေပေမယ့် ဘယ်လိုမှ ညှိမရတာကြောင့် သူတို့နှစ်ယောက်ကို လက်စသပ် အစဖျောက်ဖို့အမျိုးမျိုးကြိုးစားပါတော့တယ်။ ကိုယ့်ရဲ့ ဂိုဏ်းသား တွေနဲ့ ပြန်ရင်ဆိုင်တွေ့တဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြလဲဆိုတာ ကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြသွားတာဖြစ်ပါတယ်။ မင်းသမီး အလန်းလေး ၂ ယောက်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.8 GB) / (752 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Thiha Yan Naing Encoder..........SWM
movie

Wingwomen (2023)

2023
Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC
Bhagavanth Kesari (2023) 7.2
Bhagavanth Kesari (2023) Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ" IMDb - 7.3/10ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါနီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ...
movie

Bhagavanth Kesari (2023)

2023
The Sniper ( 2023 ) 5.8
The Sniper ( 2023 ) တရုတ်နိုင်ငံ ပီကင်းမြိုရဲ့ 1948 ခုနှစ် က ပြည်သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အကြောင်းကို ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ.... လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ကွန်မြူနစ်ပါတီဝင် တွေ ဆွေးနွေးပွဲတစ်ခုမှာ အတွင်းသူလျိုရဲ့ လုပ်ကြံမှုကြာင့် ယန်ဟောက်ထျန်းက အသက်ဆုံးရှုံးခဲ့ပါတယ်သူ နဲ့ သံယောဇဥ်တွေပိုခဲ့ဖူးတဲ့ တပည့်လေး Ace စနိုက်ပါသမာလေး ရွှီစန်းရှီ က သူ့ကိုယ်စားနောက်ဆုံး တာဝန်ဖြစ်တဲ့ စေ့စပ်ညှိနှိင်းရးကိုယ်စားလှယ်ဖြစ်သူ လူကြီးမင်းလီ ကို စောင့်ရှောက်ကာမြိုထဲ ပြန်ဖိုနိုင်ဖို လွှဲအပ်တာဝန်ယူခဲ့တယ်...သူက ဆရာ့ရဲ့နောက်ဆုံးတာဝန်ကို ဘယ်လို‌ဆောင်ရွက်ပြီး သူလျိုကိုထုတ်ဖော်လက်တုန့်ပြန်မလဲ... တာဝန်ကိုရော ကျေပွန်အောင်ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးနဲ့ လိုက်ပါခံစားကြည့်ရအောင်..... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , History , War  Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

The Sniper ( 2023 )

The Wind Rises in Luoyang ( 2023 ) 5.5
The Wind Rises in Luoyang ( 2023 ) လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဧကရာဇ်ကိုလုပ်ကြံမှုကနေစပြီး ဒီဇာတ်လမ်းလေးအစပြုလာခဲ့ပါတယ် ဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ဆောင်းဦးရာသီအမဲလိုက်ပွဲမှာ လုပ်ကြံသူတစ်စုဟာ ဧကရာဇ်ကိုဦးတည်ကာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပါတယ် ။ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းကြည့်တဲ့အခါမှာ လူသတ်သမားတွေသုံးတဲ့လက်နက်ဟာ ထူယွိဟွင်းပြည်သားတွေသုံးတဲ့လက်နက်နဲ့တူညီလို့နေတာကိုတွေ့ရှိခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာ ထူယွိဟွင်းပြည်ရဲ့ ဓားစာခံမင်းသား ‌ မုရုန်ကျိကလည်း အဲဒီအမဲလိုက်ပွဲမှာရောက်ရှိနေပါတယ် ။အဲဒီလိုနဲ့ ပြဿနာရဲ့မြားဦးက မုရုန်ကျိဆီအလှည့်ခံရပြီး လုပ်ကြံသူအဖြစ်ခေါင်းစဉ်တပ်ခံရပါတော့တယ် ။ သူ့ကိုကူညီဖို့ ဘယ်သူပေါ်လာမလဲ ? တာ့ထန်နဲ့ ထူယွိဟွင်းရဲ့ စစ်ဖြစ်ခါနီးအခြေကရောဘယ်လိုဆက်ဖြစ်မလဲ ? ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က တရားခံနဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Animation , Action , Mystery Runtime : 1h 06 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK  
movie

The Wind Rises in Luoyang ( 2023 )

Squealer (2023)
Squealer (2023) Squealer (2023)ဗန်ဒိန်းတို့ အာနိုးတို့နဲ့ တွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် Andy Armstrong ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ Horror Thriller ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဇာတ်ညွှန်းကူရေး ပရိုဂျူဆာလုပ်ရင်း ရိုက်ထားတာပါ။ က​နေဒါ ကွင်းဆက်လူသတ်သမား Robert Pickton ဖြစ်စဥ်ကို Inspired ယူပြီး ရိုက်ထားပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက် ဒီလအစကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်စက်စက်ပါပဲ။ Fast & Furious နဲ့ Transformers တို့ထဲ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Tyrese Gibson လို ဘီးကြဲက ဦးဆောင်ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~မြို့မှာ အမျိုးသမီး​​​ပျောက်ဆုံးမှု​တွေ တိုးလာတာကို မသင်္ကာလို့ ရဲမှူးဂျက်နဲ့ လူမှုဖူလုံ​ရေးဝန်ထမ်း လီဆာတို့ လိုက်စုံစမ်းရင်း မြို့ပြင်က ဝက်​မွေးမြူ​ရေးခြံကို စုံစမ်းဖို့​​ရောက်သွားတဲ့အခါ ဘယ်လို​တွေ ကြုံ​တွေ့ရမလဲ ဆိုတာ​တွေကို ထိတ်ထိတ်လန့်လန့်ကြည့်ရှူကြရပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Squealer (2023)

2023
The Black Cauldron (1985) 6.3
The Black Cauldron (1985) Lloyd Alexander ရဲ့ The Chronicles of Prydain စာအုပ်တွဲကိုအခြေခံထားပြီးWalt Disney က 1985 မှာထုတ်ခဲ့တဲ့ ဒီကာတွန်းကားကတော့ပရီဒိန်းခေါ် ဗြိတိသျှကျွန်းပေါ်က Taran (ထာရန်) ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ထာရန်ဟာ စစ်သည်ဖြစ်ချင်တဲ့ ပရီဒိန်းက ဝက်ထိန်းသမားလေးတစ်ယောက်ဖြစ်ပြီးမကြာခင်မှာပဲ သူစောင့်ရှောက်ပေးနေတဲ့ ဝက်မလေးတစ်ကောင်ကအနာဂတ်ကိုပြောပြနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိလိုက်ရတယ်။အဲဒီစွမ်းအားတွေကို ယုတ်မာတဲ့ဦးချိုဘုရင်ကြီးက မကောင်းတဲ့စွမ်းအားတွေရှိတဲ့ဖွက်ထားတဲ့ အိုးနက်ကြီးကိုရှာဖို့လိုချင်နေတာပါ။ဒါကြောင့် ထာရန်ဟာတောအုပ်အစွန်းက အိမ်ငယ်လေးဆီဝက်လေးကိုဖွက်ဖို့သွားရင်း လက်တစ်ဝက်မှာ ဝက်လေးနဲ့မျက်ချေပြတ်သွားပြီးဝက်လေးကိုလိုက်ရှာရင်း ဦးချိုဘုရင်ကြီးရဲ့ရဲတိုက်ထဲမှာ အဖမ်းခံလိုက်ရပါတယ်။အဲဒီနောက်မှာ မိတ်ဆွေအသစ်တွေနဲ့တွေ့ပြီး စိတ်ကူးယဉ်ဆန်ပြီးအတွေ့အကြုံမရှိတဲ့ထာရန်ဟာ ဝက်လေးကိုကယ်နိုင်ပြီးဦးချိုဘုရင်ကြီးကို တားနိုင်မလားဆိုတာကတော့.... File size…  1.9 GB /  762 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre .....  Animation , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

The Black Cauldron (1985)

1985