Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
The Boondock Saints II: All Saints Day (2009)
ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Boondock Saints II: All Saints Day (2009)
Operation Black Ops (2023)
အခု ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လက်နက်ကို ပြောပါဆိုရင် အဏုမြူလက်နက်လို့ ဖြေကြပါလိမ့်မယ်။ အကယ်၍ ကမ္ဘာပေါ်မှာ အဏုမြူလက်နက်ထက် ပိုပြီးဆိုးရွားတဲ့လက်နက်တစ်မျိုး ရှိနေမယ်ဆိုရင်ရော ..... ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ တပ်မတော်က ရေဗန်စ်ဘရက်လို့ခေါ်တဲ့ ချွေးတပ်စခန်း တစ်ခုမှာ သုတေသနတွေကို လျှို့ဝှက်ပြီး စမ်းသပ် ရှာဖွေနေခဲ့ပါတယ်။ဒါပေမယ့် နာဇီတို့ စစ်ကြီးရှုံးနိမ့်သွားတဲ့အခါမှာတော့ သုတေသနတွေကို ရပ်နားခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဂျာမနီရဲ့ ရွှေရောင်နေ့တွေဆီကို ပြန်လည်ခေါ်ဆောင်ပေးမယ့်ဆိုပြီး The Childre of Hitler's resistance လို့ခေါ်တဲ့ နာဇီလက်သစ်အဖွဲ့ကနေ ထိုသုတေသနကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။ အဲဒါကို ကြားသိသွားတဲ့ CIAကနေပြီး နိုအာဆိုတဲ့လူကို ဦးဆောင်ဦးစီးပြုပြီး ဘလက်အော့စ် အဖွဲ့ကို ဖွဲ့စည်းကာ ဂျာမနီနိုင်ငံကို စေလွှတ်လိုက်ပါတော့တယ်။ အဏုမြူလက်နက်ထက် ပိုဆိုးတဲ့ လက်နက်က ဘာလဲ .... ဘယ်လိုစမ်းသပ်မှု ...
movie
Operation Black Ops (2023)
6.7
Armageddon (1998)
Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie
Armageddon (1998)
1998
4K HEVC
9.4
Spark: L.I.F.E. (2023)
Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie
Spark: L.I.F.E. (2023)
2023
4.0
The Squad (2023)
The Squad (2023) =============ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက မွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့ သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.3 GB) / (444 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Alias Encoder..........SWM
movie
The Squad (2023)
2023
Fast Charlie (2023)
ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါFile size…(1.4 GB)/(760 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Fast Charlie (2023)
7.0
The Wild(2023)
The Wild(2023)***************ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့ဖိုက်တာတစ်ဦးဖြစ်ပါတယ်... သူက လူမိုက်အမိုက်အပေါင်းအသင်းတွေလည်းရှိသလိုမြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါအချီကြီးထိုးလေ့ရှိတယ်...တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီးထိုးဖို့ဖြစ်လာတယ်..အတွေ့အကြုံလည်းများသလို ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့ တစ်ဖက်ပြိုင်ဘက်ကပွဲအပြီးသေဆုံးသွားပါတယ်.....ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်...နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာ လွတ်လာပြီးအေးဆေးလေးနေမယ်လို့ကြိုးစားခါမှသူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော်ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့...သတ်ဖြတ်ခန်းတွေနဲ့ အဖော်အချွတ်ကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...File size…1.2GB & 513MB Quality…WEB-DL 1080p ,720p Format…mp4 Duration….1h 59m Genre …..Action,Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri Emily, Hnin Wai Oo & Treasure Htet
movie
The Wild(2023)
8
Iron Mask (2023)
Iron Mask (2023)ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar ...
movie
Iron Mask (2023)
2023
The Boondock Saints (1999)
ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Boondock Saints (1999)
7.2
Stargate: The Ark of Truth (2008)
ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇ကနေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်က အတော်လေးကျယ်ပြန့်သလို IMDb 7.2နဲ့RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။SG-1ဆိုတာ ကမ္ဘာမြေရဲ့ အာကာသရန် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးသူတို့ရဲ့ အဓိကရန်သူတွေကတော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ်နဲ့ တခြားဂြိုဟ်တွေကိုSupergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ဇာတ်လမ်းအစမှာတော့ SG-1အဖွဲ့တွေဟာ အာ့ခ်လို့ခေါ်တဲ့ ပစ္စည်းတစ်ခုကို ရှာပုံတော် ဖွင့်နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်တွေရဲ့အစွမ်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ဒါကြောင့်လည်း အော်ရိုင်တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့နောက်လိုက်တိုမင် ခေါင်းဆောင်တဲ့ စစ်တပ်ကိုစေလွှတ်ရင်း နှစ်ဖွဲ့ထိပ်တိုက်တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , ...
movie
Stargate: The Ark of Truth (2008)
Japan (2023)
Japan (2023) "(ဂျပန်) အိန္ဒိယတွင်လုပ်သည်" လိုကတ်ရှ်ယူနီဗာ့စ်ရုပ်ရှင်တွေထဲက Kaithi(2019)က မင်းသား ကာသီရဲ့ရုပ်ရှင်ကားသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ မင်းသမီးကတော့ ချီကာဂိုမှာမွေးတဲ့ တောင်ပိုင်းမင်းသမီးချော အငယ်လေး အန်နူးပါပဲ။တခါတုန်းက အဆုံးမဲ့သမုဒ္ဒရာပြင်ကြီးထဲမှာ ၁၀နှစ်သား ငါးလေးတစ်ကောင်ရှိတယ်တဲ့.... တစ်နေ့မှာ အဲဒီငါးလေးက ကျင်းတစ်ခုစတူးပါရော။ အဲဒီကနေစပြီး ငါးကလေးရဲ့စွန့်စားခန်းတွေအစပြုခဲ့တာပေါ့။ ဂဏန်းအတွက် တစ်ကျင်း၊ ကင်းမြီးကောက်အတွက် တစ်ကျင်း၊ ကျင်းတွေတောင် မရေနိုင်တော့ပဲ ငါးကလေးကနေ ဝေလငါးကြီးဖြစ်သွားတဲ့အထိတဲ့။ အဲဒီမှာပဲ ဝေလငါးကြီးကို ကျန်တဲ့ ရေနေသတ္တဝါတွေကအမြင်ကတ်ပြီး ဝိုင်းဖမ်းဖို့လုပ်ကြပါတော့သတဲ့။ဒါကတော့ ဇာတ်လမ်းထဲမှာ ဂျပန်ကိုတင်စားထားတဲ့အကြောင်းလေးပါ။ ဟုတ်ပါတယ် အိန္ဒိယမှာထုတ်လုပ်ထားတဲ့ ဂျပန်။ ဂျပန်က ဘာလဲဆိုတော့ သူခိုး။ ကြည့်နေရင်းနဲ့ ဂျန်းတဲမန်းသူခိုးလူပင် တို့ ဘာတို့ကိုအမှတ်ရသွားလောက်အောင်ကို သူတို့လိုကြမ်းတဲ့ သူခိုးပါ။ ခိုးမဲ့နေရာကို ဒဲ့ပြောပါတယ် ခိုးပြီးရင် ချေ့တယ်ဘာညာ ငါ့ကိုနမ်းပါဘာညာဆိုပြီး ပေါက်ကရတွေရေးခဲ့ပါတယ်။ သူ့ခိုးနည်းတွေကို ရုပ်ရှင်ရိုက် ရုံမှာပြပြီး အဲ့တိုင်း ဒဲ့ခိုးပါတယ် ဂျပန်က ပိုက်ဆံမလိုပါဘူး ဂျပန်လိုတာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုပါ .....အဲ့တော့ ရဲတွေက ဂျပန်ကို မြင်ပြင်းကတ်လာပြီး ဘယ်လိုမိအောင် ဖမ်းဆီးကြမလဲ ဂျပန်ကလဲ ...
movie
Japan (2023)
2023
8.0
Gurren Lagann the Movie: The Lights in the Sky Are Stars (2009)
Gurren Lagann the Movie: The Lights in the Sky Are Stars (2009) ===============================================Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ " The Lights in the Sky are Stars " ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။" အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန် ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ " ...... အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့ အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ် ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ ...
movie
Gurren Lagann the Movie: The Lights in the Sky Are Stars (2009)
2009
7.7
Gurren Lagann the Movie: Childhood’s End (2008)
Gurren Lagann the Movie: Childhood's End (2008) ====================================2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Action mecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation quality အရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါ နာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်း ဖြစ်ခဲ့ပါသေးတယ်။" ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား " ဆိုတာကတော့ ..... Giha ရွာက အညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ် Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေ အပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေး တွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြ ပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ " မြေပေါ်ကို တက်လို့မဖြစ်ဘူး " ဆိုတဲ့ ...
movie
Gurren Lagann the Movie: Childhood’s End (2008)
2008
6.1
Heaven’s Seven (2002)
Heaven's Seven (2002)ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုး လာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ်စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ် တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့် သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေ ဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | 720p File size… 5GB } 2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....Lei Wutyi Tun Encoder ..... Aaron
movie
Heaven’s Seven (2002)
2002
6.5
Heaven’s Seven 2 (2005)
Heaven's Seven 2 (2005)ဒုတိယ ကမ္ဘာစစ်က ထိုင်းနိုင်ငံအတွင်း ဂျပန်အင်ပါယာတွေ ကြီးစိုးခဲ့တဲ့ခေတ်ပါ ဂျပန်အင်ပါယာတွေကို တော်လှန်ဖို့ ဖိုက်တာ ခုနှစ်ယောက် (ခေါ်) သူရဲကောင်းခုနှစ်ဖော် ရှိခဲ့ပါတယ် ဂျပန်ဘက်က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ် တစ်နေ့ သူတို့ကို ဖမ်းဖို့အတွက် တရုတ်ပြဇာတ်ရုံကို ဂျပန်တွေ ၀င်တိုက်ရောက်တိုက်ခိုက်ပါတယ်သို့ပေမဲ့ သူရဲကောင်းခုနှစ်ဖော်ကို ဖမ်းမမိတော့ ပြဇာတ်ရုံပိုင်ရှင်ကို ဖမ်းခေါ်သွားပါတယ် ဖမ်းပြီး မီးရထားလမ်းဆောက်လုပ်ရေး စခန်းကို ပို့ဆောင်လိုက်ပါတယ် အဲ့ဒီဆောက်လုပ်ရေးစခန်းမှာ လိင်မှုကိစ္စပြုကျင့်ဖို့အတွက် ထိုင်းအမျိုးသမီးတွေကိုလည်း ဂျပန်တွေ ဖမ်းခေါ်ထားပါတယ် ဆိုတော့ သူရဲကောင်းခုနှစ်ဖော် သူတို့ရဲ့ထိုင်းလူမျိုးကို ဘယ်လိုသွားကယ်ထုတ်ကြမှာလဲသူတို့နိုင်ငံအတွက် ဘယ်လိုပုန်ကန်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်း န့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | 720p File size…1h 28min Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Fake Love Encoder ...
movie
Heaven’s Seven 2 (2005)
2005
6.2
The Saint (1997)
The Saint (1997)မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ "သူတော်စိန်" သည် The Saint ပင် ဖြစ်လေသည်။"The Saint" ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် ...
movie
The Saint (1997)
1997
7.8
The Last Samurai (2003)
The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie
The Last Samurai (2003)
2003
4K HEVC
4.5
The Courier (2012)
The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie
The Courier (2012)
2012
Valhalla Rising (2009)
Doctor Strange ဇာတ်ကားထဲက Ancient One ကို Kill ခဲ့တဲ့ ဗီလိန်မင်းသားကြီး Mads Mikkelsen အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama/Adventure ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့ကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ခရစ်ယန် ဘာသာရေးအထူးစစ်သားအဖွဲ့တစ်ဖွဲ့ဟာ ဂျေရုစလင် ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတွေအမျိုးမျိုးနဲ့ကြုံတွေရတဲ့အကြောင်းကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Drama, Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Valhalla Rising (2009)
Supercop 2 (1993)
ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ........ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ.......အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ....... File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Supercop 2 (1993)
First
49
50
51
52
53
Last
Previous
Next