Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
Assailant (2022)
Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ...
movie
Assailant (2022)
5.7
Thunder Rescue ( 2023 )
ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Thunder Rescue ( 2023 )
Snatched (2017)
အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size… 1.7 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie
Snatched (2017)
2017
5.8
The Battle For Justice ( 2023 )
The Battle for justiceဆိုတဲ့ဇာတ်ကားကတော့ တရားမျှတခြင်းအတွက်ဦးထိပ်ထားပြီး ပြည်သူအတွက်စွန့်စားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်းရေးတစ်ခုအကြောင်း ရဲပေါ်လစီကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ချန်ကျန့်ရဲ့အဖေဟာ မူးယစ်ရာဇာတစ်ယောက်ကြောင့် သူငယ်ငယ်လေးတုန်းက သတ်ခဲ့လိုက်ရပါတယ်။ အဖေအတွက်လက်စားချေဖို့ ရဲကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သစ္စာဆိုခဲ့ပါပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွက် မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ ချန်ကျန့်ဟာ အဖေ့အတွက်လက်စားချေနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ရဲဆိုတဲ့သရုပ်မှန်ဟာ အချိန်မရွေးပေါ်သွားနိုင်မလား...... ဉာဏ်များပြီးကောက်ကျစ်တဲ့ မူးယစ်ရာဇာကို ဖမ်းဆီးဖို့စစ်ဆင်ရေးကအောင်မြင်နိုင်ပါ့မလား...... နိုင်ငံနဲ့ပြည်သူတွေအတွက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ကြရတဲ့ ရဲအရာရှိတွေအကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Battle For Justice ( 2023 )
5.9
Ban Drugs ( 2023 )
ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့...... စခန်းမှူးကျန့်(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့....အဖွဲ့ခေါင်းဆောင်လု အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့... ရဲအရာရှိလေးဝမ်သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့ DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့ မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ...... ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Ban Drugs ( 2023 )
6.5
The Four Feathers (2002)
The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie
The Four Feathers (2002)
4.2
Son of Sardaar (2012)
Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Son of Sardaar (2012)
2012
7.2
The Hunger Games: The Ballad of Songbirds & Snakes (2023)
နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games ...
movie
The Hunger Games: The Ballad of Songbirds & Snakes (2023)
4K HEVC
5.8
[18+] Silent Night (2023)
Silent Night (2023) ==============မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။ မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(7.52 GB) / (2.34 GB) / (816 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Mr.Anderson Encoder..........SWM / Ka Naung
movie
[18+] Silent Night (2023)
2023
4K HEVC
6.6
The Hunger Games: Mockingjay – Part 2 (2015)
The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie
The Hunger Games: Mockingjay – Part 2 (2015)
2015
4K HEVC
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
7.5
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie
The Hunger Games: Catching Fire (2013)
2013
4K HEVC
7.2
The Hunger Games (2012)
The Hunger Games (2012)IMDb Rating (7.2) / Rotten Tomatoes (84%) The Hunger Games (2012) Review *** Spoiler Alert *** နာမည်ကျော်သရုပ်ဆောင် Jennifer Lawrence သရုပ်ဆောင်ထားတဲ့ Adventure , Drama , Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်း : The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ ...
movie
The Hunger Games (2012)
2012
4K HEVC
7.0
Maverick (1994)
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie
Maverick (1994)
6
Under the Light ( 2023 )
ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
Under the Light ( 2023 )
End of Loyalty (2023)
ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
End of Loyalty (2023)
Hard Days (2023)
ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie
Hard Days (2023)
6.2
The Family Plan (2023)
Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာနီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကိုတိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ကြည့်ကြည့်လိုက်ကြပါဦး။ File size…4.71GB / 2.06 GB / 989MB Quality…WEB-DL 4K HEVC /1080p 5.1 ...
movie
The Family Plan (2023)
4K HEVC
5.4
Showdown at the Grand (2023)
Showdown at the Grand (2023)~ Rotten Tomatoes - 100% ~ငယ်ငယ်တည်းက မိသားစုအမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်ခံခဲ့ပြီး အမှတ်တရတွေပြည့်နေတဲ့ ဂန္ထ၀င်ရုပ်ရှင်ရုံကြီးကို တန်ဖိုးထား ဂုဏ်ယူတဲ့ ဂျော့ရှ်...အချိန်တွေကြာလာတော့ စီးပွားရေးသိပ်အဆင်မပြေတော့ပေမဲ့ မစွန့်ပစ်ဘဲ ဆက်လက်ထိန်းသိမ်းခဲ့သူ။ ဂျော့ရှ်အကြိုက်ဆုံး အက်ရှင်ကားတွေရဲ့ ဇာတ်လိုက်ကျော်သူရဲကောင်းက ကလော့လုဟယ်လီဒေးဖြစ်ပြီး သူပါသမျှရုပ်ရှင်တိုင်း မလွတ်တမ်းကြည့်ခဲ့ပြီး ပစ္စည်းတွေပါ စုဆောင်းထားပါတယ်။ပြသာနာက အဖွဲ့အစည်းတစ်ခုက ဂျော့ရှ်တို့ရပ်ကွက်မှာ ခေတ်မီ Facilities တွေ အရာအားလုံးပါ၀င်တဲ့ အိမ်ရာစီမံကိန်းလိုမျိုးဆောက်ဖို့ စီစဉ်တာကနေ စပါတယ်။ ဂျော့ရှ်ရဲ့ရုပ်ရှင်ရုံရော အနားတစ်ဝိုက်က နေရာတွေကိုပါ ၀ယ်ပြီး ဖယ်ခိုင်းတာကြောင့်ပါ။ ဂျော့ရှ်က သူ့အတွက်အရာရာဖြစ်တဲ့ နေရာကိုမရောင်းဘူးငြင်းဆန်တဲ့အခါ... Developers တွေက နည်းမျိုးစုံသုံးပြီး ဖယ်ပေးအောင် ကြိုးပမ်းပါတော့တယ်။ ဂျော့ရှ်ကလည်း တစ်ဖက်မှာ သူ့ရုံလူ၀င်အောင် သူ့ရဲ့သူရဲကောင်းကြီး ဟယ်လီဒေးကို မရရအောင် ဖိတ်ခေါ်ခဲ့ပါတယ်။ဟယ်လီဒေးရောက်လာတဲ့နေ့မှာပဲ ရန်သူတွေက ၀င်ရောက်အကြမ်းဖက်တဲ့အခါ ...
movie
Showdown at the Grand (2023)
2023
6.6
Police Story 4: First Strike
ဒီကားလေးမှာတော့ ဂျက်ကီချန်းတစ်ယောက်ဟာ စီအိုင်အေနဲ့အလုပ်တွဲလုပ်ရပြီး နျူးကလီးယား လက်နက်မှောင်ခိုရောင်းချမှုနဲ့ ပါဝင်ပတ်သက်နေနိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ နာတာရှာကို ဟောင်ကောင်ကနေ ယူကရိန်းကိုသွားတဲ့ခရီးစဉ်မှာ လိုက်ပါစောင့်ကြည့်ဖို့ ရိုးရှင်းတဲ့တာဝန်ပေးလိုက်ပါတယ်။ယူကရိန်းရောက်ပြီး ဂျက်ကီရဲ့တာဝန်ပြီးသွားပေမယ့် ယူကရိန်းစစ်တပ်က နာတာရှာကိုဖမ်းသွားရာကနေ ဂျက်ကီတစ်ယောက် သူမကို လိုက်ကယ်ရင်းနဲ့ နာတာရှာဟာ အမည်မသိ အာရှအမေရိကန်အမျိုးသားတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေကြောင်း သိလိုက်ရပါတယ်။ဒီလိုနဲ့ ဂျက်ကီတစ်ယောက် စီအိုင်အေ ရှရုားတို့ပါဝင်ပတ်သက်နေတဲ့အမှုကို မဆီမဆိုင်ရောပါသွားရာကနေ အမည်မသိအာရှအမေရိကန်က ဘယ်သူလဲ နျူးကလီးယားလက်နက်ကို မသမာသူလက်ထဲမရောက်အောင်၊ နိုင်ငံရေးလှည့်ကွက်ကြားက မသမာသူက ဘယ်သူလဲဆိုတာ သိအောင်ဖော်ထုတ်ဖို့ အမှုကို ကြိုးစားဖြေရှင်းမယ့် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(2.9 GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Police Story 4: First Strike
1996
First
48
49
50
51
52
Last
Previous
Next