Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
6.1
Lifeforce (1985)
Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိတခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါတခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ဒီလိုနဲ့ ...
movie
Lifeforce (1985)
1985
6.2
Insurgent (2015)
ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီးယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီးယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်းတိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင်ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကိုဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်... File size… 5 GB / 2 GB / 1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 59m Genre ...
movie
Insurgent (2015)
2015
4K HEVCHDR
Allegiant (2016)
စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ဇာတ်လမ်းရဲ့ကြောရိုး....အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့ Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ...
movie
Allegiant (2016)
2016
4K HEVCHDR
5.0
Northspur (2022)
2022 တုန်းကထွက်ရှိခဲ့တဲ့ Northspur ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတွေ့ရမယ့် ကမ္ဘာကြီးမှာရောဂါပိုးမွှားတွေနဲ့ ပြည့်နှက်နေပြီးကမ္ဘာ့လူဦးရေကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ကျန်ခဲ့တဲ့လူတွေကလည်း သင့်သင့်မြတ်မြတ်နေရမဲ့အစား အသက်ရှင်သန်နိုင်ဖို့အတွက်အချင်းချင်းသတ်ဖြတ်ပြီး ကြမ်းတမ်းတဲ့ကမ္ဘာကြီးတစ်ခုဖြစ်နေပါတော့တယ်။ဒီလိုရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်သန်နိုင်ဖို့အရေးအကြီးဆုံးအရာကတော့ အစားအသောက်မဟုတ်ဘဲ ဆေးဝါးဖြစ်နေပါတယ်။အဲ့ဒီကာလမှာ ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ ပိုးဝင်ပြီးသေဆုံးမဲ့သေလူလို့ သတ်မှတ်လိုက်လို့ရပါပြီ။အဲ့ဒါကို ကယ်တင်နိုင်မဲ့တစ်ခုတည်းသော နည်းလမ်းကတော့ ပိုးသတ်ဆေးတွေထိုးဖို့ပဲဖြစ်ပါတယ်။ကယ်လန်နဲ့ မလင်ဒါတို့ကလည်း ဒီလိုကမ္ဘာကြီးထဲမှာနေထိုင်နေကြတဲ့လူတွေထဲမှာအပါအဝင်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ တစ်နေ့မှာ မလင်ဒါဒဏ်ရာရခဲ့ပြီးသေလုမြောပါးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ကယ်လန်က သူ့မိန်းမရဲ့အသက်ကိုကယ်တင်ပေးနိုင်ဖို့အတွက် ဆေးရှာပုံတော်ထွက်ခဲ့ပါတော့တယ်။အိမ်မှာ ကျန်ခဲ့တဲ့မလင်ဒါလည်း ဒဏ်ရာတစ်ဖက်နဲ့ သူတို့အိမ်ထဲ ကျူးကျော်လာရတဲ့ ရန်သူတွေကိုရင်ဆိုင်ရတဲ့အပြင် ကယ်လန်ကလည်း သူ့မိန်းမကိုကယ်ဖို့အတွက် ဆေးတွေကိုရဖို့နည်းလမ်းတွေ့ခဲ့ပေမဲ့ အရမ်းခက်ခဲနေတဲ့အခါမှာတော့ ကယ်လန်တစ်ယောက်သူ့မိန်းမကို အချိန်မီကယ်တင်နိုင်ပါ့မလား လင်မယားနှစ်ယောက်ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.69 GB / 736 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Northspur (2022)
The Loch Ness Horror (2023)
ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုးတယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက်လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်ကအပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်ကပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကိုလိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီးနောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror ...
movie
The Loch Ness Horror (2023)
6.0
Gorgeous (1999)
ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Gorgeous (1999)
6.7
Rumble in the Bronx (1995)
၁၉၉၅ ခုနစ်မှာရိုက်ကူးခဲ့တဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းအဟောင်းလေးပါ ထုံးစံအတိုင်းပဲ ဟာသ အက်ရှင် စတန့်ပေါင်းများစွာနဲ့Jackie Chan ပရိတ်သတ်တွေအကြိုက်တွေ့ကြမှာကျိန်းသေပါတယ် ဒေါ်လာ ၇သန်းခွဲအကုန်အကျခံရိုက်ကူးခဲ့ပြီး သန်း ၃၂၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ နာမည်ကျော်ဇာတ်ကားကောင်းတခုလဲဖြစ်ပါတယ်ဟောင်ကောင်ကကွန်ဖူးချန်ပီယံကောင်လေးတယောက်ဟာအမေရိကန် နယူးယောက်မှာအခြေချနေတဲ့ဦးလေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုအလည်လာရင်း နယူးယောက် ရဲ့ ဘရွန့်စ်ရပ်ကွက်ထဲက လမ်းသူရဲများနဲ့ပြသနာဖြစ်မိရာကနေ ပိုကြီးတဲ့ ပြဿနာတောထဲရောက်သွားရာက သူဘယ်လို ရင်ဆိုင်မလဲဆိုတာ ကို စတန့်တွေ အထိုးအကြိတ် အက်ရှင်တွေ နဲ့ သွက်သွက်လက်လက် ရှုစားရမှာဖြစ်ပါတယ် File size…(1.65 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ye Wai Lynn Htut
movie
Rumble in the Bronx (1995)
1995
6.4
Ice Age: A Mammoth Christmas (2011)
ဒီဇာတ်လမ်းလေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတိုလေး ဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ် စတင်ပါဝင်လာတဲ့ ဇာတ်လမ်းလေးပါ။ခရစ္စမတ်အတွက် မန်နီတို့တတွေ ပြင်ဆင်နေကြချိန် ထုံးစံအတိုင်း ဆစ်ဒ်ကြောင့် ပြင်ဆင်ထားတာတွေ အကုန်ပျက်စီးသွားလို့ မန်နီက ဒေါသထွက်ပြီး ဆန်တာကလော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာ ဆစ်ဒ်ပါသွားပြီဖြစ်ကြောင်း ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ် ထင်မှတ်ပြီး မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာကလော့စ်ကို ရှာဖို့ လုပ်ပါတော့တယ်။သူနဲ့အတူတူ ပိချက်စ်အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာကြောင့် မလွဲရရင် မနေနိုင်တဲ့ ဆစ်ဒ်ကိုကြောက်တဲ့ မန်နီတို့တတွေပါ သူတို့ လေးယောက်ကို လိုက်ရှာရပါတယ်။ သူတို့ရဲ့ ဆန်တာရှာပုံတော်မှာ ဘယ်လိုအလွဲတွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 655 MB Quality… Web-DL 1080p Format… mp4 Duration…. 26m Genre ..... Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Ice Age: A Mammoth Christmas (2011)
2011
7.5
No Time for Nuts (2006)
ice age movie တွေထဲ အမြဲပါတက်တဲ့ ရှဉ့်ကလေးScrat ရဲ့ Short Animation Film လေးကို CM Fan တွေ အတွက် တင်ပေးလိုက်ပါတယ် အေးချမ်းလှတဲ့ December လလေးမှာ ပျော်ရွှင်အေးချမ်းကြပါစေ File size… 154 MBQuality… BluRay 1080p Format… mp4 Duration…. 7 m Genre ..... Animation, Comedy Subtitle…. (No Sub) Encoder…. Thit San Khant
movie
No Time for Nuts (2006)
2006
6.9
Ice Age: Dawn of the Dinosaurs (2009)
ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်ဆောင်က အချစ်တော် ဆလော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦးရေခဲခေတ် မှာ သူတို့မသိထားတဲ့ မြေအောက်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီး တစ်နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်ပေါက်တစ်ခုကို ဆစ်ဒ်က ကံအားလျော်စွာ ရှာတွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျတာကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်နေခဲ့တာပါ။ ဒါကြောင့် မြေအောက်ကမ္ဘာ မှာ တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ မြေပေါ်ကမ္ဘာကိုယူလာပြီး သူ့ကလေးတွေလို ပျိုးထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီဥတွေဟာ ဒိုင်နိုဆောဥတွေဖြစ်နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နိုဆောမကြီးက မြေပေါ်အထိ တက်လာပြီး သူ့ကလေး တွေကို ပြန်လာခေါ်ရင်း ဥတွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ မြေအောက် ဒိုင်နိုဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… 7.3 GB / 2.4 GB ...
movie
Ice Age: Dawn of the Dinosaurs (2009)
2009
4K HEVCHDR
6.5
Ice Age: Continental Drift (2012)
ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း နေတဲ့ ရှဉ့်လေးကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲနေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ကျသွားပြီး သူ့ရဲ့ဂယက်ကြောင့်ပဲ ကမ္ဘာဦးခေတ်ရဲ့ ကုန်းမြေတွေ တစ်စစီပြိုကွဲသွားကာ ယနေ့ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်းတွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်ရောက်မှုကို အဓိကခံခဲ့ရတာက ကမ္ဘာပေါ်က တိရစ္ဆာန်တွေ ဖြစ်ပြီး မြေလွှာပြတ်ရွေ့မှုတွေကြောင့် နေရပ်ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အဝေးကိုရောက်သွားခဲ့တာကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြအဖွဲ့ရဲ့ အန္တရာယ် တွေကို ကျော်ဖြတ်ဖို့ကြိုးစားမှုတွေကို မြင်တွေ့ရမှာပါ။ ဒီကားမှာ character အသစ်တွေအဖြစ် ဒီယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမလေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာကြောင့် အလွဲအချော်တွေ၊ဟာသတွေနဲ့ Ice ageတွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ File size… ...
movie
Ice Age: Continental Drift (2012)
2012
4K HEVCHDR
5.7
Ice Age: Collision Course (2016)
ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း တွေ့ကာ အာကာသထဲရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်တွေကြောင့်ပဲ ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲကနေတဆင့် နောက်ထပ်ဥက္ကာခဲတွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အရေးအထိ ကြုံလာရပါတော့တယ်။ဒါကြောင့် မန်နီ ဆစ် ဒီယေဂိုတို့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီးလေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ထူထောင်ဖို့ ကြိုးစားလာတာကြောင့် သမီးကို တုန်နေအောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှမြောလည်းနှမြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်လောင်းကို ဘုကလန့်တိုက်ပုံတွေက အတော်လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequelတွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်ပေမဲ့ franchiseကြီးတစ်ခုလုံးကို အကောင်းဆုံး ပိတ်သိမ်း ပေးနိုင်ခဲ့တဲ့၊ ကျွန်တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်ကောင်တွေကို ...
movie
Ice Age: Collision Course (2016)
2016
4K HEVCHDR
6.1
Velayudham (2011)
Velayudham 2011 ( IMDb 6.1/10)ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်…လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ….ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ...
movie
Velayudham (2011)
2011
5.8
Fights Break Sphere 2 ( 2023 )
အရင်တစ်ခေါက်က မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေး အဆက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...အပိုင်း ၁ ကိုတော့ ဒီမှာကြည့်ပါဒီဇာတ်လမ်းမှာဆို ရှောင်းယန်းလေး အစွမ်းတွေပြန်ရလာပေမယ့် အမေ့ကို လက်စားချေဖို့ လိုအပ်တဲ့ စွမ်းအားတွေကဆက်စုဖို့ သဲကန္တာရထဲ ခရီးဆက်ခဲ့တဲ့ အကြောင်းလေးကို အခြေခံရီုက်ကူးထားတာပေါ့...တစ်ချိန်တည်းမှာပဲ အရင်အပိုင်းက မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်လိုပုံစံနဲ့ ပေါ်လာမှာလဲ.. နောက်ပြီးတော့ သဲကန္တာရထဲ ခရီးနှင်ရင်း သူလိုချင်တဲ့ မီးတောက်အစွမ်းကို အဆုံးသတ်မှာ ရမှာတော့ သေချာတာပေါ့...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... သဲကန္တာရထဲ ဘာနဲ့ ဆုံဦးမှာလဲ... ဒီတစ်ခေါက်ရော ဘယ်အဖွဲ့နဲ့ ဆုံဦးမှာလဲ... ဒီအပိုင်းမှာရောသူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( ...
movie
Fights Break Sphere 2 ( 2023 )
Ink (2009)
ဒီတစ်ခါမှာတော့ Ink (2009) ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့နေ့အချိန်လွန်ပြီး ညအိပ်ချိန်ရောက်တဲ့အခါမှာ အဖွဲ့နှစ်ဖွဲ့ပေါ်ထွက်လာပါတယ် သူတို့တွေကို မမြင်ရပေမဲ့ သူတို့ဟာ ကျွန်ုပ်တို့အိပ်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ဝိဥာဥ်တွေကို အိပ်မက်တွေထဲမှာ တိုက်ပွဲဝင်ခိုင်းနိုင်တဲ့စွမ်းအင်တွေရှိကြပါတယ် တစ်ဖွဲ့က ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်တွေ ခွန်အားတွေနဲ့ပက်သက်ပြီး အိပ်မက်ကောင်းတွေမက်စေတဲ့ အဖွဲ့ပါ သူတို့တွေကိုတော့ ပုံပြင်ပြောသူလို့ခေါ်ပါတယ် နောက်တစ်ဖွဲ့ကတော့ ကျွန်ုပ်တို့ရဲ့စိတ်ဖိစီးမှုတွေ အကြောက်တရားတွေကို အိပ်မက်ဆိုးအဖြစ်မက်အောင်လုပ်တဲ့သူတွေပါ သူတို့က ထမင်းလုံးတစ္ဆေဆိုသလိုမျိုးမိစ္ဆာတွေပါတနေ့မှာ အမ်မာဆိုတဲ့ကောင်မလေးရဲ့ဝိဥာဥ်ကို အင့်ခ်လို့ခေါ်တဲ့သူက ခိုးယူသွားပြီး ထမင်းလုံးတစ္ဆေအဖွဲ့ထဲဝင်ခွင့်ရဖို့အတွက် အပေးအယူအနေနဲ့လဲလှယ်ဖို့လုပ်ပါတယ် အမ်မာရဲ့ဖခင်ဖြစ်သူ ဂျွန်ဆီကိုလည်း ထမင်းလုံးတစ္ဆေတစ်ကောင်က နောက်ကနေအရိပ်လိုလိုက်နေပါတယ် ဒီအခါမှာ ပုံပြင်ပြောသူတွေလို့ခေါ်တဲ့ အိပ်မက်ကောင်းမက်အောက်လုပ်ပေးရတဲ့သူတွေအဖွဲ့က ဖမ်းခေါ်သွားခံရတဲ့ ကလေးမလေးအမ်မာကို ပြန်ရအောင်လိုက်ကယ်ရပါတော့တယ် File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Chit
movie
Ink (2009)
Echelon Conspiracy (2009)
၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)ရဲ့ လျှို့ဝှက်ဖိုင်တွေနဲ့ သူလျှိုအရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်လှမ်းမှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုးဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုးအစားဖြစ်ပြီး နောက်လေးနှစ်အကြာမှာ စနိုးဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့ထောက်လှမ်းမှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူးယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မက်စ်ပီတာဆန်က ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်မှာ အလုပ်ကိစ္စနဲ့ ခေတ္တနေထိုင်စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင် အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်ထပ် message ဝင်လာပါတယ်။ စတော့ရှယ်ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာခင် 300% ကျော်အထိထိုးတက်သွားပါတယ်။ထို့နောက်မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို ချက်နိုင်ငံ ပရဂ်မြို့ကိုသွားပြီး လောင်းကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလိုနဲ့ မက်စ်တစ်ယောက် အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ ...
movie
Echelon Conspiracy (2009)
8.1
Thuppakki (2012)
Thuppakki (2012) "ပစ်မှတ်" IMDb - 8.1/10ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ ...
movie
Thuppakki (2012)
2012
5.8
Free Birds (2013)
နှစ်တစ်နှစ်မှာရှိတဲ့ ပွဲတော်နေ့တွေရဲ့ နာမည်တွေသာကွဲပြားသွားမယ်။တူညီတဲ့အရာတစ်ခုကတော့ စားသောက်ပွဲပါပဲ။ပွဲတော်တစ်ခုမှာ သူနဲ့သက်ဆိုင်တဲ့အစားအသောက်တစ်ခုကတော့ မပါမဖြစ်ပေါ့။အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ...ပွဲတော်စားစရာဆိုတာ အရင်ကတည်းကရှိသလိုအခုလည်းရှိနေပြီး နောင်လည်းရှိနေဦးမှာပါပဲ။ဥပမာပြောရရင် ကျေးဇူးတော်နေ့အတွက်မပါမဖြစ် ကြက်ဆင်သားပေါ့... အဲ့ဒါကြောင့် ကျေးဇူးတော်နေ့ရောက်ခါနီးတိုင်းကြက်ဆင်တွေမျက်ခုံးလှုပ်ရပါတယ်။ကြက်ဆင်နိဗ္ဗာန်ဘုံဆီ ဘယ်သူ့ကိုခေါ်သွားမလဲပေါ့။အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရက်ဂျီ ပေါ့။သူက ကြက်ဆင်အုပ်စုကြီးအစားခံရမှာကိုတွေးပူနေပြီးတော့ ထွက်ပြေးဖို့အမြဲတမ်းစည်းရုံးနေခဲ့တာပါ။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲအတွက် ကြက်ဆင်ဖမ်းကြတော့သူစိတ်ပူပေးနေတဲ့ ကြက်ဆင်အုပ်စုကြီးက ရယ်ဂျီ ကိုစတေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းချင်တော့လည်း ရယ်ဂျီ ကို သတ်ဖို့မဟုတ်ဘဲဘေးမဲ့ပေးတဲ့ပွဲ ဖြစ်တာကြောင့်သမ္မတစခန်းကကြက်ဆင်ဖြစ်သွားပါတော့တယ်။ ရယ်ဂျီခဗျာ.. သမ္မတရွေးထားတဲ့ကြက်ဆင်ဆိုတော့ကုသိုလ်ကံတွေကောင်းပြီး ဇိမ်ကျနေတဲ့အချိန်...ဂျိတ်ဆိုတဲ့ နောက်ထပ်ကြက်ဆင်တစ်ကောင်ကကျေးဇူးတော်နေ့ရဲ့ အစားအသောက်စာရင်းမှာကြက်ဆင်သားမပါအောင် မစ်ရှင်လုပ်ရမယ်ဆိုပြီးရောက်ချလာတဲ့အခါ... ရက်ဂျီနဲ့ဂျိတ်တို့ ဘယ်လိုတွေလွဲမလဲ? ဘယ်လိုတွေ သောင်းကျန်းမလဲဆိုတာတွေကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်.... File size… 1.8 GB / 900MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Action , Comedy , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Free Birds (2013)
2013
Kalluri Rascals (2023)
Kalluri Rascals 2023 ပြိုင်လမ်းပေါ်ကကောင်ဆိုးလေးများဘာကိုမှသိပ်ဂရုမစိုက် အလေးမထားတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ နှလုံးသားတံခါးကိုလာခေါက်မယ့်မိန်းကလေးကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကိုပိုင်ဆိုင်ရဖို့ ဘာမဆိုလုပ်တတ်ပါသတဲ့။ဟော့ဟော့ရမ်းရမ်းနေတတ်ပြီး အဖေ့ပြိုင်ကားကြီးကိုမောင်းလို့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကားပြိုင်ပွဲတွေလုပ်လေ့ရှိတဲ့ ကလေကချေဗာရွန်တစ်ယောက် ပြိုင်ကားမောင်းရင်း သူများဆိုင်ဝင်တိုက်မိပြီးချိန်မှာတော့ အမေက ဖတဆိုးသားလေးကိုစိုးရိမ်ပြီး ကားကိုရောင်းခိုင်းပါတော့တယ်။ ဗာရွန်ကိုလည်း ကောလိပ်တစ်ခုမှာတက်ခိုင်းဖို့ အစ်ကိုဖြစ်သူရဲအရာရှိကို ကိုယ်တိုင်ကျောင်းအပ်ခိုင်းတာပေါ့။ အမေနဲ့အစ်ကိုကို မလွန်ဆန်နိုင်လို့သာ ကောလိပ်ရောက်လာပေမဲ့ ဗာရွန်တစ်ယောက် ကြိတ်မနိုင်ခဲမရပေါ့။ဒီလိုနဲ့ကောလိပ်မှာ Kalluri Rascals ဆိုတဲ့ ပြိုင်ကားအဖွဲ့နဲ့တွေ့ပြီးတော့ ပြိုင်ကားပိုးကပြန်ထလာပြီး နှုတ်ခမ်းနီမလေးတွေအသဲစွဲ ပြိုင်ကားသမား အထာကျတဲ့ဘဲကြီးလုပ်နေရင်းနဲ့ သူ့ရဲ့နှလုံးသားကိုခိုးယူမယ့် နီဗီသာဆိုတဲ့ကောင်မလေးကို ကောလိပ်မှာဆုံဖို့ ဖြစ်လာချိန်မှာတော့....သိပ်လှတဲ့နှင်းဆီတစ်ပွင့်ကို ခူးဆွတ်လိုသူတွေကများလွန်းတော့ ဗာရွန်တစ်ယောက်ရဲ့ နီဗီသာကိုရဖို့အရေး ကောလိပ်ကလူဆိုးဗိုလ်ပရမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ နဂိုထဲကဇနဲ့ဗလနဲ့ ခေါင်းငုံ့မခံတတ်တဲ့ဗာရွန်တစ်ယောက် နီဗီသာအတွက်နဲ့ ပရမ်နဲ့ငြိရင်း အဲဒီနယ်မြေတစ်ဝိုက်က မူးယစ်ဂိုဏ်းနဲ့ပါ ငြိစွန်းမိလေတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Mg Shin ~ ...
movie
Kalluri Rascals (2023)
2023
5
Loan Boy aka Usury Academy (2023)
Loan Boy a.k.a Usury Academy (2023)Plot ကောင်းကောင်းနဲ့ School Action ကားတွေကိုမှ နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် Loan Boy (2023)ဇာတ်လမ်းအကျဉ်းကတော့ စီးပွားပျက်သွားတဲ့ မိဘတွေရဲ့အတိုးရှင်ကြောင့် ငွေတိုးချေးလောကထဲကို ရောက်ရှိသွားခဲ့တဲ့ အထက်တန်းကျောင်းသားလေး ဂန်ဂျင်းရဲ့အကြောင်းကို ရိုက်ကူးထားတာပါစာသင်ခန်းကို ငွေချေးရုံးခန်းအဖြစ် ပြောင်းလဲပြီး ကျောင်းသားတွေကြားထဲမှာ ငွေတိုးချေးသမားအနေနဲ့နာမည်ကြီးလာတဲ့ ဂန်ဂျင်းတစ်ယောက် ဘယ်အခြေအနေထိ ဒီပုံစံအတိုင်း ဆက်သွားနိုင်လောက်မလဲတဖြည်းဖြည်း သူလည်း ငွေတိုးချေးလောကမှာ ကျင်လည်ရင်း ပိုက်ဆံရဲ့သားကောင် ဖြစ်သွားမလား ဆိုတာအပြင် တခြားစိတ်ဝင်စားဖို့လည်းကောင်းသလို အသိပညာလည်းရစေမယ့် ဇာတ်လမ်းဇာတ်ကွက်လေးတွေပါတာမို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလို့ ညွှန်းချင်ပါတယ်။Main Casts တွေအဖြစ် The Story of Park’s Marriage Contract နဲ့ The Queen’s Umbrella ထဲက အချစ်တော်လေး Yoo Seon Ho အပြင် Alchemy of Souls ထဲက Yoo In-Soo, ...
movie
Loan Boy aka Usury Academy (2023)
2023
First
46
47
48
49
50
Last
Previous
Next