Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
Ajay Gadu (2024)
Ajay Gadu (2024) "ချစ်တတ်သော ခရီးသည်"နှစ်သစ်မှာ အသစ်ထွက်ရှိလာတဲ့ Romance ဇာတ်ကားအသစ်လေး တင်ပေးလိုက်ပါတယ်ရုပ်ရှင်က အခုမှ ထွက်တာမို့ rating တွေတောင် မထွက်လာသေးတဲ့အချိန် ရရချင်း အမြန်တင်ပေးလိုက်တာပါဇာတ်လမ်းကတော့ အာဂျေးဆိုတဲ့ ဒါရိုက်တာ/စာရေးဆရာဖြစ်ချင်သူ ရိုးသားကြိုးစားဖိုးသခွားလေးတစ်ယောက် မြို့တက်ပြီး အဖေ့အသိတစ်ယောက်အဆက်နဲ့ ရုံးတစ်ရုံးမှာ content writer ဝင်လုပ်နေပါတယ်အိပ်မက်တွေနောက် ကြိုးစားလိုက်နေပေမယ့်လည်း အခက်အခဲတွေနဲ့တွေ့တိုင်း လဲကျလိုက် ပြန်ထလိုက်နဲ့ တစ်နေ့တော့ ရုံးကနေ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်ညဘက် လမ်းမှာလည်း လူဆိုးတွေ ဝိုင်းထိုးတာခံရလို့ မေ့မျောနေတဲ့အချိန် ကယ်တင်ရှင်တစ်ယောက် ပေါ်လာပါတော့တယ်သူကတော့ ချောမောလှပတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာ ဆွယ်သာပဲဖြစ်ပါတယ်ဆရာဝန်မလေးက သူ့ကို အိမ်ခေါ်သွားပြီး ဆေးထည့်ပေးရင်းနဲ့ စတင်ခင်မင်ရင်းနှီးခဲ့ရာကနေ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တဲ့ အာဂျေးတစ်ယောက် သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရော ရှိပါ့မလားအချစ် အလွမ်းနဲ့ လောကဓံတို့ကြားမှာ အာဂျေးတစ်ယောက် ဟန်ချက်ညီညီ မတ်မတ်ရပ်နိုင်ပါ့မလားဆိုတာဒီ ရိုမန့်ကားလေးမှာပဲ ပရိသတ်ကြီး ဆက်လက်ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Ajay Gadu (2024)
2024
5.5
Taeter Burger (2023)
ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ဇာတ်ကားတစ်ကားပါ။သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ်သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်းလုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ၊စီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလိုအခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်...။လက်ကျန်အစိုးရအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကိုသုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကိုကျွေးမွေးထားပါတယ်...။အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေ တဖြည်းဖြည်းနည်းသွားသလိုစားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ်ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.59 GB / 812 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 15m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Taeter Burger (2023)
6.2
Tejas (2023)
Tejas (2023) ထူးချွန်သူ IMDb - 6.2/10ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 1.4GB / 656MB Quality…WEB DL 1080p / ...
movie
Tejas (2023)
2023
8.0
Antony (2023)
Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Antony (2023)
2023
7.7
Mission Raniganj (2023)
Mission Raniganj (2023) IMDb-7.7/10မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ...
movie
Mission Raniganj (2023)
2023
4K HEVC
7.5
Kotabommali PS (2024)
Kota Bommali PS (2023)"သိက္ခာလုပွဲ" ==============================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ Kota Bommali PS ဆိုတဲ့ တေလဂူးစကားပြော မှုခင်းရုပ်ရှင်သစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရဲအရာရှိဟောင်းတစ်ယောက်ရဲ့သားဖြစ်သူ ရာဗီဟာ သူ့အဖေတာဝန်ကျခဲ့တဲ့ ရဲစခန်းမှာ ရဲအဖြစ်ပြန်ဝင်လုပ်ရင်း သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ရဲအရာရှိ ရာမာခရစ်ရှနာနဲ့ ရင်းနီးသွားခဲ့ပါတယ်။ရွေးကောက်ပွဲကာလအတွင်းမှာ သူတို့နှစ်ယောက်ဟာ တာဝန်အတူကျရင်း လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းမလေးကို စော်ကားမော်ကားလုပ်ဖို့ကြိုးစားတဲ့ မူနာဆိုတဲ့ အာဏာရှိပါတီထဲကလူတစ်ယောက်နဲ့ ပြဿနာတက်ရာကနေ မူနာအကွက်ဆင်ချောက်ချတာကိုခံရပြီး မကြုံသင့်တာတွေ ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် ၂၀၂၁ က ထွက်ရှိခဲ့တဲ့ Nayattu ဆိုတဲ့ မလျာလမ်စကားပြောရုပ်ရှင်ကို remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ကိုမကြည့်ဖူးသေးရင်တော့ ကြည့်ရတာ တော်တော်အရသာရှိမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.6GB ...
movie
Kotabommali PS (2024)
2024
Roadkill (2024)
အဝေးပြေးလမ်းမကြီးပေါ်မှာ ကားလေးတစ်စီးနဲ့ ခပ်ငယ်ငယ်ချောချောကောင်မလေးတစ်ယောက် ခရီးသွားနေပါတယ်....။လမ်းမသိရင်လည်း တစ်နေရာမှာ ခရီးတစ်ထောက်နားလိုက် မေးမြန်းလိုက်ပေါ့။တစ်ခါမှာ ကားမောင်းရင်းလမ်းပျောက်နေတော့ ဂျွန်ဝစ်ကေနဲ့အိမ်ခြေရာမဲ့တစ်ယောက်ကို လမ်းသွားမေးမိပါတယ်...။တိုက်ဆိုင်ချင်တော့ သွားမယ့်ခရီးကအတူတူဖြစ်နေပါတယ်...။သို့ပေမဲ့ ကောင်မလေးမသိလိုက်တာက အဲ့ဒီနယ်မြေမှာဆိုရင် လူသတ်မှုတွေခဏခဏဖြစ်ခဲ့တာ လေးနှစ်လောက်ရှိနေပါပြီ...။နယ်ခံတွေကဆိုရင် အမြန်လမ်းမုဆိုးလို့တောင်တင်စားခေါ်နေကြပါပြီ....။ဒီလိုနဲ့ကောင်မလေးတစ်ယောက်နဲ့ အိမ်ခြေရာမဲ့လူကြီးတစ်ယောက်ဘယ်လိုနှစ်ပါးသွားကြမလဲ..လမ်းကြုံကားခေါ်တင်မိခါမှ အသက်အတွက် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကိုရှုစားမြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်.. File size… 2.09 GB /854 MB Quality… WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Roadkill (2024)
5.7
The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 )
အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီ အပိုင်း (၅) မှာတော့ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့က မြောက်ပိုင်းနယ်စပ်ကို ကုန်သည်အဖွဲ့တစ်ဖွဲ့ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်အဖွဲ့က ဂိတ်က ထွက်သွားပြီး မိုင် (၂၀) အကွာမှာပဲ အကုန်ခေါင်းဖြတ်သတ် ဓားပြတိုက်ခံလိုက်ရပြီး ဟေးကျီတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့က ဒီကိစ္စကို လိုက်လံ စုံစမ်းရန် နေခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းရဲ့ ညီအစ်ကိုလို ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းရှန်က ယွဲ့ယာမြို့မှာ လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိထားခဲ့ပေမယ့် ကောင်းရှန်က လုံးဝ ပျောက်နေခဲ့ပါတယ်။အမှန်မှာတော့ ကောင်းရှန်က စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်းကို သက်သေရထားတဲ့အတွက် စစ်သူကြီး ထိန်ဖေးက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ယွဲ့ယာမြို့က လူဆိုးထိန်းဖေ့က ကောင်းရှန်နဲ့ ရင်းနှီးသူ ဖြစ်တဲ့အတွက် ကောင်းရှန်ကို မသတ်ဖို့ သူက စစ်သူကြီးထိန်ဖေးရဲ့ အမိန့်အတိုင်း လိုက်နာခဲ့ရပါတယ်။ ဒါပေမဲ့ ထိန်ဖေးရဲ့ လောဘတွေက မရပ်တန့်နိုင်ပဲ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေခဲ့ပါတယ်။လက်နက်ရော၊ ရေရော၊ အင်အားရော ထိန်းချုပ်ထားတဲ့ စစ်တပ်ကို ဝမ်ကျောက်ရှင်းနဲ့ ...
movie
The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 )
5.7
The Prequel of Gold Convoyers 4 : Struggle for Hostages ( 2010 )
အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒါကတော့ The Prequel of Gold Convoyers ရဲ့(၄)ကားမြောက်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းက ဖျင်အန်းပို့ဆောင်ရေးအဖွဲ့မှ ာလေ့ကျင့်ရေးဆင်းပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။သူ့မွေးစားအဖေပေးတဲ့တာဝန်ကို ပို့ဆောင်ရေးသမားတစ်ယောက်အနေနဲ့ထမ်းဆောင်ရင်း တာဝန်ကျေနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာကူဖျင်အန်းက မိန်းကလေးတစ်ယောက်ကိုပို့ပေးနေတဲ့အချိန်မှာ လူဆိုးတွေနဲ့တွေ့ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဝမ်ကျောက်ရှင်းကကူဖျင်အန်းကိုကယ်ဖို့လိုက်စုံစမ်းရင် နောက်ကွယ်က အင်အားကြီးကြီးနဲ့ချုပ်ကိုင်နေသူရှိမှန်းသိလိုက်ရပါတယ်။ ဒီမိန်းကလေးတွေကိုလူကုန်ကူးမှုကို ဝမ်ကျောက်ရှင်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ Quality : HDTV 720p Format : mp4 Genres : Drama , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Prequel of Gold Convoyers 4 : Struggle for Hostages ( 2010 )
6.5
Napoleon (2023)
Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie
Napoleon (2023)
2023
4K HEVC
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
5.6
The Girl of Destiny ( 2023 )
CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့ အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာ ကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်…ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက် ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီး ထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ် အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်…ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင် လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းက သူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့… သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့…လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့ တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရ သွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်… အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား… ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ… ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ… လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ...
movie
The Girl of Destiny ( 2023 )
Justice League: Crisis on Infinite Earths Part One (2024)
DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။File size…(3 GB)/(1.7 GB)/(866 Mb) Quality….Webrip 4K/1080p/720p Format…mp4 Duration….01:33:00 Genre...Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & ...
movie
Justice League: Crisis on Infinite Earths Part One (2024)
4K HEVC
5.8
The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 )
အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီတစ်ခါမှာတော့ အင်မတန်မှကပ်စေးကုတ်တဲ့ ချန်ယိုယွီကတော့နန်းတော်ငွေချောင်းတွေထိန်းသိမ်းတဲ့ မှတ်တမ်းရေးမှူးတစ်ယောက်ပေါ့။တနေ့မှာအထက်လူကြီးရဲ့မသမာတာကိုတွေ့သွားပေမဲ့ သူ့ကို အပြစ်ပုံချဖို့ကြိုးစားပါတော့တယ်။ သူ့ဇနီးနဲ့သားအန္တရာယ် ရောက်မှာကိုသိတာကြောင့် ပို့ဆောင်ရေးစခန်းကို ဌားပြီး ဇနီးနဲ့သားကိုလုံခြုံတဲ့နေရာဆီပို့ဆောင်ဖို့ကြိုးစားပါတော့တယ်။ကဲဒီတော့လမ်းခရီးမှာဘယ်လိုတွေဒုက္ခရောက်ကြမလဲ။ ဒီအမှုကိုဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်တစားကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 )
5.8
The Prequel of Gold Convoyers 2: Super National Treasure ( 2010 )
ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ မင်းကြီးက မသေဆေးကို ဖော်စပ်ဖို့သာ အားသာနေပြီး နိုင်ငံ့အရေးကို လျစ်လျူရှုခဲ့ပါတယ်။ တစ်နေ့မှာ ကျင့်မင်းသားကြီးအိမ်တော်က ကျောက်ပြားကို အစောင့်အထပ်ထပ်ချထားတဲ့ကြားက "အမြီးကိုးချောင်းမြေခွေး" ကခိုးယူသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ "အမြီးကိုးချောင်းမြေခွေး" ရဲ့သတင်းက တိုင်းပြည်အနှံ့ပြန့်သွားပြီး အစိုးရကလည်းဖမ်းမိန့်ထုတ်ခဲ့ပါတယ်။နန်းတွင်းကိုယ်ရံတော်တပ်က ဝမ်ကျောက်ရှင်းဟာ အမိန့်အရ ဖျင်အန်းပို့ဆောင်ရေးစခန်းမှာ ပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ မင်းသားကြီးအိမ်က ပျောက်သွားတဲ့ ကျောက်ပြားအကြောင်း စုံစမ်းဖို့နဲ့ "အမြီးကိုးချောင်းမြေခွေး"ကို ဖမ်းဆီးဖို့ ဆရာတူညီမဖြစ်သူဆီကနေ အမိန့်က်ို လက်ခံရရှိခဲ့ပါတယ်။နောက်နေ့မှာ ခရိုင်မှူးအသစ်က ဖျင်အန်းပို့ဆောင်ရေးရဲ့ သူဌေးဂူဖျင်အန်းနဲ့ သူမအဖေကို ဆင့်ခေါ်ပြီး အလုပ်အပ်ခဲ့ပါတယ်။ "နတ်သားနှင်းရည်ခံပြား" ကို "အမြီးကိုးချောင်းမြေခွေး" လက်ထဲက ကာကွယ်ပေးရန်ဖြစ်ပါတယ်။"နတ်သားနှင်းရည်ခံပြား" က ဘယ်လို အဖိုးတန်တဲ့ ရတနာဖြစ်နေမလဲ...... ဖျင်အန်းတစ်ယောက် ဝမ်ကျောက်ရှင်းရဲ့ အကူအညီနဲ့ "အမြီးကိုးချောင်းမြေခွေး" ကို ဖမ်းဆီးနိုင်လိမ့်မလား...... "အမြီးကိုးချောင်းမြေခွေး" ကရော ဘယ်သူ ဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie
The Prequel of Gold Convoyers 2: Super National Treasure ( 2010 )
5.8
The Prequel of Gold Convoyers: An Urgent Letter ( 2010 )
စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင်လက်ထပ်မှာ ရှင်ဘုရင်က အရည်အချင်းမပြည့်ဝပဲ အာဏာရှိမူးမတ်တွေက တိုင်းပြည်ကိုပြန်ပြီးဒုက္ခပေးနေကြတယ်။ တိုင်းပြည်ဟာကမောက်ကမနဲ့ ခေတ်ပျက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ကိုယ်ရံတော်တပ်က ရှေ့ပြေးစာပို့သမားလေးတစ်ယောက်ဟာ ဖေးယွီစစ်ခန်းဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေတာဝန်ယူရတဲ့တပ်ကိုဝင်ချင်ပေမယ့် သူ့ရဲ့သူတစ်ပါးကိုဂရုစိုက်တဲ့စိတ်ကြောင့် တာဝန်ကိုသာအဓိကထားရတဲ့ ဖေးယွီတပ်ထဲကိုဝင်ဖို့ခက်နေပါတယ်။တစ်နေ့မှာတော့ သူဟာဓားပြတွေကိုနှိမ်နင်းဖို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုကို အမြန်ပို့ဆောင်ရတဲ့တာဝန်ကျလာပါတယ်။ လမ်းမှာဓားပြတွေနဲ့တွေ့ပြီး ချောက်ကမ်းပါးအောက်ကျသွားပြီး ဒဏ်ရာရတော့ ပို့ဆောင်ရေးအဖွဲ့တစ်ခုကယ်လိုက်ပြီး သူ့ကိုစောင့်ရှောက်ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့သူကစီးပွားရေးသမားယောင်ဆောင်ရင်း တာဝန်ကိုပြီးဆုံးအောင်ထမ်းဆောင်ဖို့ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကတော့ The.Prequel.of.Gold.Convoyersရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
The Prequel of Gold Convoyers: An Urgent Letter ( 2010 )
5.6
Nunchucks ( 2012 )
ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက် နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့... တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကို သဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့... ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ...ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်း ဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်... နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်... ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်...ကဲ ကလေးကို ပြန်ရှာတွေ့မှာလား... နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ... ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Nunchucks ( 2012 )
5.6
The Touch Guy ( 2019 )
မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုကယ်ဖို့ ဒယ်လီကောင်လေးတစ်ယောက်ကိုအကြပ်ကိုင်ရာကစတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဒယ်လီကောင်လေးရဲ့ ရည်းစားကောင်မလေးကိုဖမ်းပြီး ဂိုဏ်းခေါင်းဆောင်ကြီးကိုကယ်ခိုင်းတော့ ဒယ်လီကောင်လေးက ဘတ္ထရီဆိုင်ကယ်တစ်စီးနဲ့ သွားကယ်ရပါတော့တယ်ဂိုဏ်းခေါင်းဆောင်ကိုကယ်လိုက်ပေမယ့် ခေါင်းဆောင်ကြီးကမ်းလှမ်းတာကို လက်မခံတဲ့အတွက် သူ့ကောင်မလေးကိုမလွှတ်ပဲ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးကိုကယ်နိုင်ဖို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကလို့ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတယ်။ မူးယစ်ဂိုဏ်းအဖွဲ့ကြီးနဲ့ သူတို့နှစ်ယောက်ဘယ်လိုများရင်ဆိုင်တိုက်ခိုက်ပြီး ကောင်မလေးကိုကယ်ကြမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Touch Guy ( 2019 )
5.7
The Rescue ( 2023 )
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေ ကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။ တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက် ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့် ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။ အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေ ဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား..... ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင် သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Rescue ( 2023 )
6.3
Osmosis Jones (2001)
ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ...။ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့"Rush hour"ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ...။ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်...။သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့....။အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ...။အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကိုတိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်....။တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်....။ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရလာတဲ့အခါမှာတော့....။ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ....။ File size…2.12 GB / 836 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Osmosis Jones (2001)
First
44
45
46
47
48
Last
Previous
Next