Channel Myanmar

Action

The Marine 3: Homefront (2013)
The Marine 3: Homefront (2013) The Marine 3: Homefront - Reviewဇာတ်ကာကတော့ နပန်းအကျော်အမော် John Cena ရောဇာတ်ကားရော အရမ်းကို လူကြိုက်များသွားခဲ့တဲ့ The Marine ရဲ့အဆက်ထဲက ၃ ကားမြောက်ပါ။မရိန်းတပ်သားတစ်ယောက် အိမ်ကိုခဏအပြန်မှာကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို ကြည့်ရမှာ ဆိုပါတော့။ ဇာတ်လမ်းက အက်ရှင်ကားတော်တော်များများလိုပဲ အရမ်းကြီးဆန်းပြားမနေပါဘူး။ဒါပေမယ့် အကြမ်းအရမ််း အက်ရှင်ကားအနေနဲ့ ကြည့်ဖို့ကတော့Entertaining ဖြစ်ပါတယ်။IMDb တွေ Rotten Tomato တွေ သိချင်ရင်တော့ 4.8/10 နဲ့ 34% ပါတဲ့။Rating တွေက သိပ်မဟုတ်လှပေမယ့် အက်ရှင်ကားအနေနဲ့ကတော့ ကြည့်ပျော်ပါတယ်။ ကြည့်ပျော်စရာလေးတွေ ထပ်ပြောရရင် ရှေ့က The Marine လိုပဲ ဒီဇာတ်ကားမှာလည်း နပန်းချန်ပီယံက သရုပ်ဆောင်ထားတာပါပဲ။ ကြိုးဝိုင်းထဲမှာလည်း Mike The Miz လို့ သိကြတဲ့ မင်းသားက သရုပ်ဆောင်ထားတာပါ။ သူက The Marine ဇာတ်ကား ...
movie

The Marine 3: Homefront (2013)

The Marine 4: Moving Target (2015) 5.2
The Marine 4: Moving Target (2015) IMDb rating 5.3/10 ရရှိထားပြီး နာမည်ကြီးWWE Fighter The Miz ကိုယ်တိုင်ခေါင်းဆောင်ပါဝင်ထားတဲ့The Marine 4 ဇာတ်ကားကောင်းလေးကိုCM ကနေတင်ဆက်ပေးလိုက်ပါပြီ။ မရိန်းတပ်သားတစ်ယောက်ရဲ့အရည်အချင်းတွေကိုအသားပေးရိုက်ကူးထားတာမလို့အက်ရှင်ကားချစ်သူတွေအကြိုက်တွေ့စေမယ့်ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်မှာပါ။ ဂျိတ်ခ်ကာတာ ဟာ မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ခဲ့ပါတယ်။ စစချင်းရက်မှာပဲ ကုမ္ပဏီက လူတစ်ယောက်ကိုကာကွယ်ဖို့အတွက်သူ့တို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ဂျိတ်ခ်တို့အဖွဲ့ကာကွယ်ရမယ့်သူက အိုလီဗီယာတန်းနစ်စ် ဆိုတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမက ကာကွယ်ရေးလုပ်ငန်းစုကြီးတစ်ခုရဲ့လျှို့ဝှက်ချက်တွေကို ဖွင့်ချဖို့ကြိုးစားနေသူပါ။ အဲဒီနောက်မှာတော့ သူမကို ခေါ်ဆောင်လာတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် ဆိုင်မွန်ဗိုဂဲလ်ဦးဆောင်တဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့က ဂျိတ်ခ် တို့ရဲ့ ယဉ်တန်းကို ခြုံခိုတိုက်ခိုက်ချိန်မှာတော့နှစ်ဖက်အဖွဲ့သားတွေ ကြမ်းကြမ်းရမ်းရမ်းဘယ်လိုတိုက်ခိုက်ပြီး အနိုင်ယူကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size…      1.1 GB /   757  MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

The Marine 4: Moving Target (2015)

The Marine 5: Battleground (2017) 5.1
The Marine 5: Battleground (2017)   ဤ Marine 5 ဇာတ်လမ်းသည် ဆေးထောက်ပံ့ရေးအဖွဲ့ ဂျိတ်ကာတာနှင့် ဂျိုးတို့မှ 911 Emergency call မှတဆင့် အကူအညီတောင်းခံလာသူထံသို့ သွားရောက်ကူညီပေးရာ ၎င်းပုဂ္ဂိုလ်က ဆိုင်ကယ်စီးလူမိုက်အဖွဲ့နှင့် ပတ်သက်နေ၍ ၎င်းတို့ဆေးအကူနှစ်ဦးပါ အန္တရာယ်အကြားသို့ ကျရောက်ခဲ့ရပုံ၊ ဂျိတ်ကာတာတစ်ဦးတည်းမှ ၎င်းဆိုင်ကယ်သမားအဖွဲ့ဝင်များအား ရင်ဆိုင်တိုက်ခိုက်ရပုံတို့ကို အခြေခံ၍ ဇာတ်လမ်းဆင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်...  ဇာတ်လမ်းတစ်ကားလုံး အပန်းဖြေဥယျာဉ်၏ ကားပါကင်တစ်နေရာတည်းတွင်ရိုက်ကူးထားခဲ့သော်လည်း ကြည့်ရှုရမည်မှာ ပျင်းရိငြီးငွေ့ခြင်းမရှိ ခပ်ကြမ်းကြမ်းအမိုက်စား Fighting ခန်း ဇာတ်ကွက်များကို ခံစားရမည့် Action ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။  File size…    1.2 GB /  814 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

The Marine 5: Battleground (2017)

2017
Alien Siege (2005)
Alien Siege (2005) Alien Siege (2005 )ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူးဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ် သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ် သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါ နောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ် အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ် ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာ သမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ ...
movie

Alien Siege (2005)

2005
Katamarayudu (2017) 5.5
Katamarayudu (2017) Katamarayudu (2017) "ဒုတိယမြောက် ရင်ခုန်သံ"Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့ တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ် မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ်သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီး တစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာ ဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့ သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ် သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့ သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ်ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ...
movie

Katamarayudu (2017)

2023
The Crazy Dad ( 2024 ) 5.9
The Crazy Dad ( 2024 ) " ကျွန်တော့ဘဝတစ်ခုလုံးရဲ့ပြိုင်ဘက်တွေကို ကြိုးဝိုင်းထဲမှာပဲတွေ့ရမယ်ထင်ခဲ့တာ.. နောက်မှနားလည်ခဲ့တာက ကိုယ်တိုင်အတွက်အသန်မာဆုံးပြိုင်ဘက်က ဘဝဆိုတာကိုပဲ "ဒီဇာတ်ကားလေးကတော့ အရမ်းကိုမှနာမည်ကြီးကျော်ကြားခဲ့တဲ့ လက်ဝှေ့ချန်ပီယံချန်ဖုန်းတစ်ယောက် လမ်းပေါ်က မတော်တဆရန်ပွဲလေးကြောင့် ဘဝပျက်ပြီးထောင်ထဲ ရောက်သွားခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ် ။Slice of life ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ လက်ဝှေ့ချန်ပီယံချန်ဖုန်းဟာ လမ်းပေါ်ကရန်ပွဲတစ်ခုကြောင့် ဘဝပျက်ပြီးထောင်ထဲဝင်ခဲ့ရပါတယ် ။ သူထောင်ကျတဲ့အချိန် အပြင်ဘက်မှာကျန်ခဲ့တဲ့ ချစ်သူဆီမှာ ကိုယ်ဝန်ကျန်ခဲ့ပါတယ် ။ဒီလိုနဲ့ အရာရာကျရှုံးနေပြီလို့ထင်ခဲ့တဲ့ ချန်ဖုန်းတစ်ယောက် သမီးလေးကြောင့် မျှော်လင့်ချက်ရောင်ခြည်လေးပြန်ရှိလာခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ သူထောင်ကထွက်လာတဲ့အချိန်မှာ သမီးလေးက သူ့ကိုအသိအမှတ်မပြုတဲ့အပြင် ထောင်ထွက်တစ်ယောက်ဖြစ်နေလို့ မုန်းပါမုန်းနေတဲ့အခါ.... သူသမီးလေးအတွက် ဘယ်လိုမျိုး ရူးရူးသွပ်သွပ်ကြိုးစားသွားမလဲ ? သမီးလေးဆီက အသိအမှတ်ပြုမှုကို ရအောင် ဘယ်လိုတွေ ရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ရှင် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Crazy Dad ( 2024 )

Monsters 103 Mercies Dragon Damnation (2024) 8.0
Monsters 103 Mercies Dragon Damnation (2024) IMDb 8/10 ဒီကာတွန်း​လေးက​တော့ one pieceကာတွန်းစီးရီးရဲ့spin offတစ်ခုပါ​ပြောရရင်​တော့ Thriller Bark Arcမှာ Zoroနဲ့သူတင်ကိုယ်တင်ဗျင်းခဲ့ပြီး ကိုင်​ဆောင်တဲ့ ShusuiဓါးကိုပါZoroကို​ပေးခဲ့တဲ့ ဒဏ္ဏာရီဆာမူရိုင်းကြီး Ryumaရဲ့ စွန့်စား​ရေးခရီးစဥ်ထဲကအဖြစ်အပျက်​လေးကိုဇာတ်လမ်းဖွဲ့ထားတာပါ ဇာတ်လမ်းအကျဥ်းက​​တော့Ryumaဟာ နဂါးတစ်​ကောင်ကိုသတ်ဖြတ်ဖူးတယ်ဆိုတဲ့ဇာတ်လမ်းကိုပဲ ​ဇာတ်လမ်းဆင်ထားတာပါလွန်ခဲ့တဲ့၁၀နှစ်​လောက်တုန်းက နဂါး​တွေကိုထိန်းချုပ်နိုင်တဲ့နဂါးခရာဟာ လုယူပြီး​ပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီခရာနဲ့ပတ်သတ်တဲ့အရှုတ်​တော်ပုံမှာ Ryumaတစ်​ယောက်ဘယ်လိုပတ်သတ်မိသွားတာလဲဆိုတာ​တော့၂၅မိနစ်ကြာဒီအပိုင်းမှာကြည့်ရှုကြပါစို့ File size…    305 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr.Nyan
movie

Monsters 103 Mercies Dragon Damnation (2024)

2024
King of Devil’s Island (2010) 7.5
King of Devil’s Island (2010) ၁၉၀၀ကျော်ခုနှစ်တွေတုန်းက နော်ဝေးနိုင်ငံမှာ ဆိုးသွမ်းတဲ့လူငယ်တွေကို ထိန်းသိမ်းဖို့ ကျွန်းပေါ်မှာတည်ထားတဲ့ ကျောင်းတစ်ကျောင်းရှိခဲ့ပါတယ် ယခုဇာတ်ကားက ထိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်ကို အခြေပြုပြီးတော့ ပြန်လည်ရိုက်ကူးထားပြီး IMDb 7.5ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်းအဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်‌ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိ‌တ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(887 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:56:00 Genre...Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

King of Devil’s Island (2010)

Desperado ( 2024 ) 6
Desperado ( 2024 ) ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Desperado ( 2024 )

The Great Ice Siege ( 2024 ) 5.7
The Great Ice Siege ( 2024 ) တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင် လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုက လူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီး အင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီး ဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့က မဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Great Ice Siege ( 2024 )

Sixty Minutes (2024) 5.7
Sixty Minutes (2024)  ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။Octavioက MMA fighter တစ်ယောက်ပါ။ သူ့ အသက် ၁၉နှစ်မှာ သူ့ exနဲ့ ရထားတဲ့ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူ့သမီးလေးမွေးနေ့မှာမှ သူ လက်ဝှေ့ထိုးရမယ့် ပွဲက ၃ခါလောက် အချိန်ရွှေ့ဆိုင်းနေတာပါ။သူ့သမီးလေး မွေးနေ့ကို အချိန်မီ မရောက်နိုင်မှာ စိုးရိမ်နေတဲ့ သူ့ဆီကို ကြိုးဝိုင်းထဲ ဝင်ခါနီးဆဲဆဲမှာ သူ့ Ex ဆီက ဖုန်းဝင်လာပါတယ်။ နောက်တစ်နာရီအတွင်း မရာက်လာနိုင်ရင် သူ့ကို မိဘ အုပ်ထိန်းခွင့်မပေးနိုင်တော့ဘူးလို့ ပြောလာပါတယ်။ ဒီလိုနဲ့ Octavioတစ်ယောက် ဘာကိုမှ လှည့်မကြည့်ဘဲ သမီးဆီရောက်ဖို့ ထွက်လာခဲ့ပေမယ့် သူ့နောက်ကို လူတွေက တောက်လျှောက်လိုက်လာနေခဲ့တာပါ။ လမ်းတစ်လျှောက် ကြုံရတဲ့ အခက်အခဲတွေ အနှောင့်အနှေးတွေကို ကျော်ဖြတ်ပြီး သမီးဖြစ်သူဆီ ဘယ်လိုအရောက်သွားမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(1.7 GB)/(952 ...
movie

Sixty Minutes (2024)

Universal Soldier: Regeneration (2009) 5.3
Universal Soldier: Regeneration (2009) ဒီ​ရုပ်ရှင်​ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi​ အမျိုးအစား​ဖြစ်ပါတယ်။ အရင်​ဇာတ်ကား​တွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်​ထားပြီး​ သူ့ရဲ့ရန်သူတော် Andrew နေရာမှာ​ ၁၉၉၂ ရုပ်ရှင်​မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက​ ၁၉၉၂ ရုပ်ရှင်​ရဲ့ နောက်​ဆက်​တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier​ : The​ Return လိုပဲ​ ၁၉၉၂ ရုပ်ရှင်​ရဲ့နောက်ဆက်တွဲ sequel ဇာတ်​ကားဖြစ်ပါတယ်။ ဒါပေမဲ့​ ၁၉၉၉ ရုပ်ရှင်​နဲ့ မတူညီတဲ့ Alternative​ story ဖြစ်ပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်​အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်​ပေးဆွဲပြီး ချာနိုဘိုင်း​မြို့​ပျက်​ကြီး​က နျူကလီးယား​စက်ရုံ​ဟောင်းမှာ ထိန်းသိမ်း​ထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့​တောင်းဆို​တာမလိုက်လျောရင် အဏုမြူ​ဓာတ်​ပေါင်းဖို​ကို ဖောက်​ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့​ဘက်မှာ NGU လို့​ခေါ်​တဲ့ မျိုးဆက်​သစ် ...
movie

Universal Soldier: Regeneration (2009)

Universal Soldier: The Return (1999) 4.2
Universal Soldier: The Return (1999) ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ...
movie

Universal Soldier: The Return (1999)

Universal Soldier II: Brothers in Arms (1998) 2.8
Universal Soldier II: Brothers in Arms (1998) ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ...
movie

Universal Soldier II: Brothers in Arms (1998)

Universal Soldier (1992) 6.1
Universal Soldier (1992) 90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ ...
movie

Universal Soldier (1992)

The Kitchen (2023) 5.0
The Kitchen (2023) 2024 ရဲ့နှစ်ဦးပိုင်းမှာ Netflix ကနေ Streaming လုပ်ထားတဲ့ Sci-fi/ Drama/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Sci-fi နဲ့ Animation Director တစ်ယောက်ဖြစ်တဲ့ Kibwe Tavares နဲ့ Co-Director အဖြစ် Black Panther တို့ Spider Man:Across the Spider-Verse တို့တွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Oscar ဆုရသရုပ်ဆောင် Daniel Kaluuya တို့ပူးပေါင်းဖန်တီးထားပြီး England Film Actor/Producer/ Director တစ်ယောက်ဖြစ်တဲ့ Kano(IV) နဲ့ ကလေးသရုပ်ဆောင် Jedaiah Bannerman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့မိမိတို့ရဲ့လက်ရှိနေရာကနေဘယ်လိုမှမခွာနိုင်တဲ့ Kitchen လို့အမည်ပေးထားတဲ့ လူနေရပ်ကွက်တစ်ခုမှာ ကျွန်တော်တို့လူသားသမိုင်းရဲ့ မလွှဲမရှောင်သာဖြစ်လာတော့မယ့် လူတန်းစားခွဲခြားတာ၊ ရက်စက်ကြမ်းကြုတ်တာ၊ နိုင်ထက်စီးနင်းလုပ်တာ နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်းသာတူညီမျှမှုမရှိတော့ဘဲ လူတန်းစားကွာခြားမှုပိုပိုများလာပြီး အဖိနှိပ်ခံနဲ့ အသာစံ လူတန်းစားနှစ်ရပ်ကြားက ကျောတစ်ခင်းစာနဲ့ ...
movie

The Kitchen (2023)

Fight Club (2023) 7.3
Fight Club (2023) Fight Club 2023 ( ရန်ငြိုး) =================== IMDB 7.3/10အခုတစ်ခါတင်ဆက်ပေးမယ့် တမီလ်ကားကောင်းလေးကတော့ ဘရက်ပစ်ရဲ့ Fight Club မဟုတ်တဲ့ တမီလ် Fight Club ပါ ဟို Fight Club ကို ခေါင်းမစားပဲ အမှန်အကန်ချမဲ့ကားမို့ အေးဆေးခံစားကြည့်ရှုလို့ရပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးအရက်ပုန်းရောင်းတဲ့ ကီရူဘာဆိုတဲ့သူက သူ့ပါတနာဂျိုးဆပ်ဆီက ငွေရင်းတောင်းတာကို ဟိုကောင်က အိမ်ကနေဆွဲကြိုးခိုးရောင်းပြီး ပေးပါတယ် အဲဒီချိန်မှာ သူ့အကို ဘန်ဂျီနဲ့ကွိုင်ပြီး သူ့အကိုဘန်ဂျီက ကီရူဘာကိုရော ဂျိုးဆပ်ကိုပါ ဒီမကောင်းတာတွေမလုပ်ဖို့ တားနေတဲ့အချိန် အသတ်ခံလိုက်ရပါတယ်အဲဒီမှာ ကီရူဘာက ဂျိုးဆပ်ကိုသူ့အကိုကို ပြန်သတ်ပါတယ်လို့ အမှုဆင်ပြီး ဂျေးထဲအောင်းခိုင်းလိုက်ပါတယ် ဂျိုးဆပ်ထောင်ကပြန်ထွက်လာတော့ ကီရူဘာက အပြင်မှာဆရာကြီးဖြစ်နေပါပြီ အဲ့လိုနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ပိတ်ကားထက်မှာ ဆက်မျှော်ကြည့်ကြဖို့ ပြောလိုပါတယ်ဇာတ်လမ်းလေးကလည်း သဘာဝဆန်ပြီး ရိုက်ချက်တွေကလည်း သဘာဝဆန်တာမို့ ပရိသတ်တို့အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါပဲလို့ ညွှန်းဆိုပေးလိုက်ပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.48GB  ...
movie

Fight Club (2023)

2023
Badland Hunters (2024)
Badland Hunters (2024) Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie

Badland Hunters (2024)

2024
Concrete Utopia(2023) 7.3
Concrete Utopia(2023) Concrete Utopia(2023)********************* ၂၀၂၃ခုနှစ် ၈လပိုင်း ၉ရက်​နေ့မှာ စတင်ပြသခဲ့တဲ့ thriller ရုပ်ရှင် Concrete Utopia နာမည်ကြီး မင်းသား​ မင်းသမီးတွေဖြစ်တဲ့ အီ​​ဗြောင်ဟွန်း(Lee Byung-hun),ဘတ်​ဆောဂျွန်း (Park Seo-joon)နဲ့ ဘတ်ဘို​ယောင်း(Park Bo-young)တို့အဓိကပါဝင်သရုပ်​ဆောင်ထားပြီး All of us are dead မှ မင်းသမီး​ချော ဘတ်ဂျီဟူ(Park Ji-hu)လည်းပါဝင်အားဖြည့်​​ပေးထားပါတယ်။ ရာသီဥတု​ဖောက်ပြန်​ပြောင်းလဲပြီး မြေငလျင်အကြီးစားတစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက်​ကြောင့် အပျက်အစီးပုံထဲကိုဆိုးလ်မြို့တစ်ခုလုံးကျရောက်သွားတယ်..ကံကောင်းထောက်မစွာ ကွန်ကရစ်တော်ဝင်တိုက်တစ်တိုက်ကတော့ အပျက်အစီးတွေကြားထဲမှာမားမားမတ်မတ်ကြီးကျန်ရှိနေတယ်...တိုက်ခန်းမှာ အရင်ကတည်းကနေခဲ့တဲ့သူတွေအတွက်တော့ကံကောင်းတယ်လို့ဆိုရပေမဲ့ အပြင်မှာအသေမသေဘဲကျန်ခဲ့တဲ့သူတွေအတွက်ကတော့ငရဲကျနေသလိုဖြစ်နေတယ်..အေးလွန်းလှတဲ့ရာသီဉတုဒဏ် စားစရာ အိပ်စရာမရှိတဲ့ဒုက္ခသည်တွေအတွက်တော့ ဒီတိုက်ကြီးဟာ မျက်စိကျစရာဖြစ်လာပါတယ်..သို့ပေမဲ့ နေဖို့အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့သူတွေက လက်မခံကြပါဘူး..ဒါ့ကြောင့် ဒုက္ခဒဏ်တွေမခံစားနိုင်တဲ့သူတွေဟာ ဒီတိုက်မှာနေဖို့ ရသမျှနည်းနဲ့ကြိုးစားလာကြပါတော့တယ်...လူမျိုးစုံစရိုက်မျိုးစုံနဲ့ နောက်ဆုံးလူသတ်ဖို့ပါဝန်မလေးတော့တဲ့လူအုပ်ကြီးထဲမှာဘယ်သူတွေအသက်ရှင်ကျန်ကြမလဲဆိုတာကိုတော့...အညွှန်းကိုတော့Stary မှရေးသားပေးထားပါတယ်...File Size :  899MB | 2.4GB Quality : WEB-DL720p | 1080p Format…mp4 Duration…02:1၀:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Concrete Utopia(2023)