Channel Myanmar

Action

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

Ruthless (2023)
Ruthless (2023) ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ ...
movie

Ruthless (2023)

Tales of Babylon (2023) 5.9
Tales of Babylon (2023) Tales of Babylon (2023)2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။~ ဇာတ်လမ်းအညွှန်း ~ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့...တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 925MB Quality - 1080p, 720p IMDb Rating ...
movie

Tales of Babylon (2023)

2023
The Gentlemen (2019) 7.8
The Gentlemen (2019) The Gentlemen (2019) IMDb - (7.8)/ Rotten Tomatoes (75%)သူ့နာမည်က မစ်ကီပီရာဆန်.....ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်...သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး...ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်... လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်.... ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ...ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ... လည်သူစားစတမ်းတွေ....လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်... The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ...The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်...အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ...အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ...
movie

The Gentlemen (2019)

2019
4K HEVC
The Art of Fighting (2006) 6.6
The Art of Fighting (2006) The Art of Fighting (2006)ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီး အနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊ အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူး ဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊ သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။အညွှန်းနဲ့ ဘာသာပြန်တော့ Kppks ဖြစ်ပါတယ်။Genre..... Action, ...
movie

The Art of Fighting (2006)

2006
Malaikottai Vaaliban (2024) 7.0
Malaikottai Vaaliban (2024) Malaikottai Vaaliban (2024) "ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး" IMDb - 7/10Drishyamမလေယာလမ်းရုပ်ရှင်တွေနဲ့ မကြာသေးခင်ကမှ တင်ဆက်ပေးခဲ့တဲ့ Neru(2023)မှာ ရှေ့နေအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Mohanlalရဲ့ အသစ်ထွက်ရှိလာတဲ့ နန်းတွင်းရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဒဏ္ဍာရီလာလူသားတစ်ယောက်ရဲ့ ရုန်းကန်ကြိုးစားရပုံနဲ့ အောင်ပွဲတွေကိုတွေ့မြင်ကြရမှာပါ။ သားအဖနှစ်ယောက်နဲ့အတူ လှည်းတစ်စီးနဲ့ နယ်တကာလှည့်ပြီး ပြိုင်ဘက်မရှိသူရဲကောင်းဆိုသူတွေကို လိုက်ပြီးယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူနေခဲ့တဲ့ မာလာကိုတိုင်ဗာလီဘန်။မိန်းမပျိုလေးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပြီး သူ့ရဲ့ခရီးစဉ်မှာ အတူခေါ်ဆောင်ခဲ့ကာ သူရဲကောင်းဆိုသူတွေနဲ့ ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်နေခဲ့ပါတယ်။ဒီမှာပဲ ချာမာသာကန်ဆိုတဲ့ သူရဲကောင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာမှာ သူအနိုင်ရရှိခဲ့ပြီထင်ပေမဲ့ ချာမာသာကန်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့...။ အိန္ဒိယခေတ်လွန်နဲ့ ခေတ်ပေါ်ရုပ်ရှင်တွေကို ငြီးငွေ့နေသူတွေအတွက် အလှည့်အပြောင်းလေးဖြစ်အောင် အိန္ဒိယနန်းတွင်းရုပ်ရှင်ကားကြီးကို ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.8GB / 1.3GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Malaikottai Vaaliban (2024)

2024
14 Blades (2010) 6.3
14 Blades (2010) CM ပရိသတ်ကြီးတို့ကို wuxia ကားကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်းကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်းသိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက်နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေစာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) ကတာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီးပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ...
movie

14 Blades (2010)

2010
Dead Mine (2012)
Dead Mine (2012) Dead Mine (2012) Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စုစူးစမ်းရှာဖွေလျက် ရှိပါတယ်။လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလိုပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကိုလိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီးဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကိုထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းကဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီးနောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက်ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။ File size…    1.4 GB /  703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Horror/Thriller Subtitle…. ...
movie

Dead Mine (2012)

Tumko Na Bhool Paayenge (2002) 5.7
Tumko Na Bhool Paayenge (2002) ဗီး ဆိုတဲ့ လူငယ်လေးဟာ တောရွာလေးမှာ‌ရွာသူကြီးတွေဖြစ်တဲ့ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။မိဘတွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရပြီးချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေး မူစကန် လည်းရှိပါတယ်။ပူပန်မှုကင်းတဲ့ ဗီးရဲ့ ဘဝမှာ တစ်ခါတရံ ပေါ်ပေါ်လာတတ်တဲ့ထူးဆန်းအံ့ဩဖွယ်ရာတွေတော့ရှိလို့နေပါတယ်။ပုံရိပ်တွေမြင်နေရတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးတွေပါ။ပြီးတော့ သူ့ငယ်ဘဝနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရပါဘူး။ဘာကြောင့်ဖြစ်ရတာလဲလို့ မိသားစုအတွင်းကလူတွေကိုမေးပေမဲ့ ဘယ်သူမှ တိကျတဲ့အဖြေမပေးဘဲဇာတ်လမ်းတစ်မျိုးစီပဲ ပြောပြနေကြတာပါ။အဲဒီလိုနဲ့ ဗီး နဲ့ မူစကန်တို့ စေ့စပ်ကြတဲ့နေ့မှာပဲ မဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေရောက်လာပြီး ဗီး ကို ရန်ပြုကြပါတော့တယ်။ဘာကိုမှ နားမလည်နိုင်ဖြစ်နေတဲ့ ဗီးကို မိဘတွေက ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေထုတ်ပြောလိုက်တဲ့အချိန်မှာတော့ သူ့ဘဝနောက်ကြောင်းတွေကိုစုံစမ်းဖို့ မွမ်ဘိုင်းမြို့ကို သွားဖို့ဖြစ်လာပါတော့တယ်။ ဗီး ရဲ့ ဘဝ အမှန်ကဘာလဲ။ သူ့ကိုရန်ပြုကြတဲ့သူတွေကိုရောဘယ်သူကလွှတ်လိုက်တာလဲ။ ရွာငယ်လေးဆီကိုရောဘယ်ပုံဘယ်နည်းရောက်လာတာလဲ ဆိုတာတွေကို2002 မှာထွက်ရှိခဲ့ပြီး မင်းသားကြီး Salman Khan နဲ့Sushmita Sen တို့ပါဝင်ထားတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ပြီးကြည့်ရှု့ခံစားနိုင်ပါတယ်။ International မှာ အရမ်းကြီး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားမဟုတ်ပေမဲ့Bollywood နဲ့ ...
movie

Tumko Na Bhool Paayenge (2002)

2002
Extreme Marksmen (2008) 7.5
Extreme Marksmen (2008) အခုတင်ဆက်မယ့် TV program ကို ကျွန်တော့်အနေနဲ့တော့ ကြည့်သင့်တဲ့အစီအစဉ်တစ်ခုလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲသိချင်ရင်တော့ ကြည့်ကြည့်ပါလို့ပဲ ပြောရမှာပါပဲ။အကြောင်းအရာကတော့ လက်ဖြောင့်ငကြမ်းကြီးတွေအကြောင်း စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ program ဖြစ်ပါတယ်။ မြှား၊ ခြောက်လုံးပြူး၊ ယမ်းထိုးသေနတ်မှစလို့ အမြောက်ထိအောင် အမှန်တကယ်မြေပြင်မှာရှိခဲ့တဲ့၊ ပစ်ခဲ့တဲ့လက်ဖြောင့်ပစ်သမားတွေရဲ့ မယုံနိုင်လောက်စရာ၊ မဖြစ်နိုင်လောက်စရာ တိကျတဲ့ပစ်ချက်တွေအကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားပါတယ်။စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် တကယ်ရှိခဲ့တဲ့၊ သူမတူအောင် လက်ဖြောင့်ခဲ့ကြတဲ့ ဆရာကြီးများအကြောင်းနဲ့ သူတို့လက်ခံယှဉ်ပြိုင်ခဲ့တဲ့ စွမ်းရည်စမ်းသပ်မှု စိန်ခေါ်ပွဲတွေအကြောင်း narrator ကသေချာရှင်းပြပြီးပြောပြထားလို့ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်ကားမဟုတ်ပေမယ့် ဇာတ်လမ်းအဆုံးထိအောင် တောက်လျှောက်ကြည့်ဖြစ်သွားမယ့် documentary ဆန်ဆန် program မျိုးပါ။IMDb rating လည်း 7.5 ထိရထားတာဖြစ်လို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ File size…(2.1 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja
movie

Extreme Marksmen (2008)

War On Terror: KL Anarchy (2023) 6.7
War On Terror: KL Anarchy (2023) War on Terror : KL Anarchy (2023)နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ... ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ...
movie

War On Terror: KL Anarchy (2023)

2023
No Way Up (2024)
No Way Up (2024) No Way Up (2024)လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

No Way Up (2024)

2024
DogMan (2023)
DogMan (2023) dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။File size…(1.6 GB)/(975 ...
movie

DogMan (2023)

Broken Mission ( 2024 ) 5.9
Broken Mission ( 2024 ) ဟောင်ကောင်ရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုအကျိုးပြုဖို့အတွက်ဆိုပေမယ့် ကိုယ်ကျိုးအတွက်အာဏာပါဝါကိုအသုံးချပြီးတော့ တရားဥပဒေအပြင်ဘက်မှာနေနေတဲ့လူတွေဟာရှိနေတတ်စမြဲပါပဲ။တရားဥပဒေကိုအားကိုးလို့မရတော့ ကိုယ်တိုင်တရားစီရင်ဖို့လုပ်လာတဲ့ Batman လိုလူမျိုးပေါ်လာပါတယ်။ ကိုယ့်ကိုယ်ကိုတရားသောဘက်ကနေပြီး အလုပ်လုပ်နေတယ်လို့ထင်ပေမယ့် တကယ်တော့ သူကလက်စားချေဖို့အတွက် ပြစ်မှုတွေဆက်တိုက်ကျူးလွန်နေတာပါ။ဒီလျို့ဝှက်ပြီး အင်အားတောင့်တဲ့တရားခံကို ဟောင်ကောင်ရဲတွေက ဘယ်လိုကြိုးစားပြီးဖော်မလဲဆိုတာကို ရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီအမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနဲ့ပတ်သက်နေမလဲ ..... ပိပိရိရိအကွက်ချပြီး ကျူးလွန်နေတဲ့ တရားခံကိုဘယ်လိုဖမ်းကြမလဲ...... ဝါရင့်သရုပ်ဆောင်တွေချည်းပဲမလို့ အားလုံးရဲ့သရုပ်ဆောင်ချက်တွေက အပိုအလိုမရှိ ကွက်တိကျပြီး ကြည့်ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Broken Mission ( 2024 )

Hunt the Wicked ( 2024 ) 5.8
Hunt the Wicked ( 2024 ) ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့ ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့ မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့် အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။ ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှ ဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့......ရဲနဲ့ ဒုစရိုက်သမားတို့တွေ မကောင်းမှုကို အပြစ်ပေးတဲ့အခါ ဘယ်လို ကွာခြားကြသလဲ...... သူတို့ရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်နောက်မှာ ဘဝလမ်းကြောင်းတွေ ဘယ်လို ကွာခြားသွားကြမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

Hunt the Wicked ( 2024 )

Kaatru Veliyidai (2017) 5.8
Kaatru Veliyidai (2017) Kaatru Veliyidai (2017) "ဓါးသွားထက်က ပျားရည်စက်များ" IMDb - 5.8/10ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ရိုမန့်စ်ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ် ဗာရွန်လို့ခေါ်တဲ့ လေတပ်အရာရှိတစ်ဦးဟာ ကာဂီလ်စစ်ပွဲအတွင်း ပါကစ္စတန်မှာ ထောင်ကျနေခဲ့ပါတယ်။၈ပေ၅ပေပဲ ရှိတဲ့ အကျဉ်းထောင်လေးထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ နေ့လည်းမသိ ညလည်းမသိ နေခဲ့ရတဲ့အချိန်မှာ သူ့နိုင်ငံကိုချစ်တဲ့စိတ်၊ ရန်သူတွေကိုမုန်းတဲ့စိတ် ပြီးတော့ သူ့ချစ်သူလေးကို ချစ်တဲ့စိတ်နဲ့ပဲ အသက်ဆက်ရှင်နေခဲ့ရပါတယ်။သူ့ချစ်သူလေး ဒေါက်တာလီလာရဲ့ ပထမဆုံးတာဝန်ကျတဲ့နေ့မှာပဲ ကိုကိုဗာရွန်က ကားအက်စီးဒန့်နဲ့ ဆေးရုံကိုရောက်လာရင်း ဒေါက်တာလီလာရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရခဲ့ပြီးနောက်ပိုင်း ခင်မင်ရာကနေ ချစ်သွားကြတယ်ပေါ့ ပါကစ္စတန်ထောင်ထဲမှာ ချစ်သူလေးစိတ်နဲ့ နေလာရင်း ထောင်ထဲကနေ လွတ်မြောက်လာတဲ့အခါ သူ့ချစ်သူလေးကို အရင်လိုက်ရှာခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ ဗာရွန် ပါကစ္စတန်ထောင်ထဲကနေ ဘယ်လိုလွတ်မြောက်လာခဲ့လဲ ........ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုမျိုးလေးလဲ ........ လေတပ်အရာရှိလေးဗာရွန်နဲ့ သူ့ချစ်သူလီလာတို့ ပြန်လည်ဆုံတွေ့နိုင်ကြမှာလား ........ ဆိုတာတွေကို ရင်ခုန်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie

Kaatru Veliyidai (2017)

2017
Land of Bad (2024) 6.5
Land of Bad (2024) ဒီတစ်ခါတင်ဆက်ပေးမှာတော့ သရုပ်ဆောင်အပိုအလိုမရှိတဲ့ မင်းသားကြီး Russell Crowe ရဲ့ Action ကားသစ်လေးတစ်ကားပါ......ဒီကားထဲမှာတော့ သူက ဒရုန်းစစ်ဆင်ရေး ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်.....ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံထားရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်ကို သွားကယ်ထုတ်ရမှာပါ.....ပြန်ပေးဆွဲထားတဲ့သူကလည်း သတင်းအရ ရုရှား ကေဂျီဘီဟောင်း နဲ့ လက်နက်ကုန်သည်တစ်ယောက်ဆီမှာပါ.....အဲဒီလိုနဲ့ သူတို့ရဲ့ ပစ်မှတ်ဆီရောက်တော့ သူတို့ကယ်ရမဲ့ သူကိုဖမ်းထားတဲ့ လက်နက်ကုန်သည်က အဲဒီဒေသက အာဘူလ်အေရိဖ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်နေတာကိုပါ မြင်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ သူတို့ စစ်ဆင်ရေးက ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလား.....ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး......ရိုက်ပြထားတဲ့ ရိုက်ချက်လေးတွေ ရှင်းလင်းသေသပ်ပြီး IMDb ကလည်း 6.5 ဆိုတော့ ကြည့်ရတန်မဲ့ကားလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတယ်..... File size…(4.6 GB)/ (2.1 GB)/(1.1 GB) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….01:53:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Garfield
movie

Land of Bad (2024)

Noryang: Deadly Sea(2023) 7.0
Noryang: Deadly Sea(2023) Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie

Noryang: Deadly Sea(2023)

Jurassic World (2015) 6.9
Jurassic World (2015) GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲကဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သောဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကိုစမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက်ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာသူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ...
movie

Jurassic World (2015)

2015
4K HEVC
Jurassic World: Fallen Kingdom (2018) 6.4
Jurassic World: Fallen Kingdom (2018) Jurassic World Fallen Kingdom (2018) ကယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီးUniversal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။ Rating ...
movie

Jurassic World: Fallen Kingdom (2018)

2018
4K HEVC