Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
5
24 Hours with Gaspar (2024)
24 Hours with Gapar (2024)ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။ IMDb rating – 5/10 ရရှိထားပါတယ်။ အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး တမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာ နှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။ အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ...
movie
24 Hours with Gaspar (2024)
2024
8.3
RAM: Rapid Action Mission (2024)
RAM (2024) ရမ် IMDb- 8.3/10စစ်ဆင်ရေးတစ်ခုလုပ်ပြီဆိုရင် အရမ်းကိုတော်ပြီးတော့ နာမည်ကြီးတဲ့ ဆူရာပရာကတ်ရှ်တစ်ယောက် အကြမ်းဖက်သမားအဖွဲ့ကို နှိမ်နင်းဖို့ သူ့အဖွဲ့နဲ့အတူ လာရင်းနဲ့ သူ့အဖွဲ့ကို ကယ်တင်ပေးရင်း သူကတော့ စိတ်မကောင်းစွာနဲ့ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ သူ့မှာ တစ်ဦးတည်းသော သားလေးရမ်ဆိုတာရှိပါတယ်။ ရမ်ကတော့ အဖေက သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီးချိန်ကစလို့ ဘဝကို ပေါ့ပေါ့နေပေါ့ပေါ့စား နေခဲ့ပါတယ်။ဒီလိုနဲ့ ရမ်အသက်ရလာတဲ့အချိန်မှာတော့ သူ့အဖေနှိမ်နင်းခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်ဟာ နောက်ထပ်အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းကိုရပြီးနောက် ရမ်အဖေရဲ့တပည့်ဖြစ်သူ ဂျေဘီဦးဆောင်ပြီး အဲဒီအကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ အချက်အလက်တွေ စတင်စုဆောင်းခဲ့ပါတော့တယ်။ဆရာဖြစ်သူရဲ့ မှာခဲ့တဲ့စကားအရ ဆရာဖြစ်သူရဲ့သားကိုပါ သူတို့အဖွဲ့ထဲဝင်ဖို့အတွက် ဂျေဘီတစ်ယောက်သွားရောက် စည်းရုံးခဲ့ပေမဲ့လည်း ရမ်ကတော့ တွင်တွင်ငြင်းနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရမ်တစ်ယောက် အချစ်စိတ်တွေ ပေါက်ဖွားလာပြီး ဒေါက်တာလေးတစ်ယောက်ကို ချစ်မိသွားရာကနေ .... အဲဒီဒေါက်တာလေးရဲ့ တိုက်တွန်းချက်အရ သူ့အဖေတို့အဖွဲ့ကို ဝင်ရောက်တဲ့နောက် ဘယ်လိုမစ်ရှစ်တွေထမ်းဆောင်ရမလဲ ..... အကြမ်းဖက်သမားတွေကရော ဘာတွေ ကြံစည်နေကြတာလဲ... ဒေါက်တာမလေးနဲ့ ရမ်တို့ရဲ့ လမ်းခရီးကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲ ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~Aditi~KKKZ~V~Yunni တို့ပဲဖြစ်ပါတယ်) File size…2.2GB ...
movie
RAM: Rapid Action Mission (2024)
2024
7.8
Upendra Gadi Adda (2023)
Upendra Gadi Adda (2023) "အောင်မြင်မှု"IMDb 7.8 ရထားတဲ့ တေလဂူး ဟာသ/ရိုမန့်/ဖိုက်တင်ဇာတ်ကြမ်း ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဟာဒယရွှင်ဆေး တိုက်ကျွေးမယ့်အပြင် အချစ်ဇာတ်လမ်းလေးကလည်း အဆစ်ပါသေးသပေါ့အူပန်ဒရာက ညဆို ဘော်ဒါတွေနဲ့ သဝေထိုး မနက်ဆိုနေဖင်ထိုးမှ ထတတ်တဲ့ အလုပ်မရှိ၊ အဖေအမေ မကြိုက်တဲ့ သားလေးတစ်ယောက်ပေါ့သူတို့ဆင်းရဲသားရပ်ကွက်မှာတော့ ဘော်ဒါတွေက ဝိုင်းမြှောက်ပင့်ကြလို့ ဟီးရိုးလိုဖြစ်နေတယ် ညီမဖြစ်သူကလည်း ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေကြားမှာပဲ ဘဝကို နှစ်ထားပြီး အူပန်ဒရာတို့ တစ်သိုက်ကတော့ ပိုက်ဆံချေး၊ သူဌေးလိုဟန်ဆောင်ကာ သူဌေးသမီးတစ်ယောက်ကို ဝိုက်ဖို့ လုပ်တယ် ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါကို ဖြတ်လမ်းနည်းကနေ လိုက်ရင်း ဘယ်လိုအရှုပ်အရှင်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့...အိန္ဒိယကားတွေထုံးစံအတိုင်း ရယ်လည်းရယ်ရ၊ ပညာပေးလည်း ခပ်ပါးပါးပုတ်ပြီး တင်ဆက်ထားကြောင်းပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.8GB / 1.3GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Upendra Gadi Adda (2023)
2023
5.1
Black Cat II (1992)
ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဒါကတော့ နောက်ဆက်တွဲကားဖြစ်ပြီး Jade Leung ကပဲ ကတ်သရင်း ခေါ် အယ်ရစ်ကာအဖြစ်ပြန်လည်ပါဝင်ထားပါတယ်။ အရင်ဇာတ်ကားထက်ပိုမိုက်ပိုကြမ်းတဲ့ အက်ရှင်ကားစစ်စစ်တစ်ကားအဖြစ်တွေ့မြင်ရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Asian, Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Black Cat II (1992)
7.7
3:10 to Yuma (2007)
၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie
3:10 to Yuma (2007)
2007
7.0
Body of Lies (2008)
IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson
movie
Body of Lies (2008)
Hostile Forces (2023)
ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie
Hostile Forces (2023)
8.1
Rush (2013)
Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie လေးကို recommend ပေးပါရစေ။ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ်ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။သူတို့ကပြိုင်ဘက်တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။Nikiကတော့ ပုံရိုးပြီး ...
movie
Rush (2013)
8.9
K.G.F: Chapter 2(2022) KGF 2
K.G.F: Chapter 2(2022) အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။****************************IMDb..8.9WEB-DL1080P5.1CH ကြည်တောက်ရှင်း ရပါပြီ.....KGF 1 မှာရော့ကီဟာ အင်အားကြီးမားလာသလို ရန်သူအပေါင်းရဲ့ အဓိက နှိမ်နှင်းစရာဖြစ်လာတယ်...ဒါ့ကြောင့်ပဲ KGF 2 မှာတော့ရော့ကီနဲ့အပြိုင်ကြမ်းမဲ့ အမိုက်စားဗီလိန် တစ်ယောက်ပါဝင်လာပါတယ်...ဒါ့အပြင် နိုင်ငံရေးအရှုတ်တော်ပုံတွေလည်း ပါဝင်လာတဲ့အခါမှာတော့... File Size : 8.4 GB, 2.9GB ,1.5GB, 560MB Quality : WEB-DL 4K HEVC,1080P5.1Ch(HEVC),720P, 480p Format : mp4 Duration : 2hr & 45mins Genre ...
movie
K.G.F: Chapter 2(2022) KGF 2
4K HEVC
8.9
K.G.F: Chapter 1 (2018) KGF 1
K.G.F: Chapter 1 (2018)အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။******************************IMDb rating - 8.7/10 Google Users - 95%၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။"ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..."ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို ...
movie
K.G.F: Chapter 1 (2018) KGF 1
2018
4K HEVC
7.6
Guru (2017)
Guru 2017 "မြတ်ဆရာ"IMDb 7.6/10 Action/ Drama/ Sportဒီတစ်ခေါက်မှာတော့ အဟောင်းပေမယ့် အကောင်းဖြစ်တဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အာဒီဟာ အိုလံပစ်ရွှေတံဆိပ်နဲ့မိန်းမဖြစ်သူကို တစ်ချိန်တည်းမှာ ဆုံးရှုံးခဲ့ရပြီး လက်ဝှေ့သမားဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ စိတ်နာစရာတွေရှိခဲ့ပေမယ့် လက်ဝှေ့အားကစားကို မစွန့်လွှတ်နိုင်သေးတဲ့အာဒီဟာ အမျိုးသမီးလက်ဝှေ့အားကစားအသင်းမှာ နည်းပြအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ဒေါသကြီးပြီး စိတ်မရှည်တတ်တဲ့အာဒီကို သဘောမကျတဲ့ကော်မတီက ဗိုင်ဇက်ကိုပြောင်းရွှေ့ဖို့လွှတ်လိုက်ပြီးနောက်မှာ အာဒီရဲ့ဘဝက စပြီးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။လက်ဝှေ့အားကစားကို စိတ်အားထက်သန်တဲ့ လက်ရှ်မီးနဲ့ရာမေ့ရှ်ရွှာရီတို့ ညီအစ်မနှစ်ယောက်နဲ့ အာဒီတွေ့ဆုံခဲ့ပါတယ်။ လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ပြီးယှဉ်ပြိုင်နေတဲ့ လက်ရှ်မီးကို လျစ်လျူရှုပြီး ရာမေ့ရှ်ရွှာရီကိုပဲ လေ့ကျင့်ပေးဖို့မျက်စိကျနေတဲ့ အာဒီ..... စိတ်အားထက်သန်မှုအပြည့်ရှိနေတဲ့ ရာမေ့ရှ်ရွှာရီ....နှစ်အတော်ကြာကစားခဲ့ပေမယ့် လေ့ကျင့်ဖို့ရွေးချယ်မခံရလို့ မနာလိုဖြစ်နေတဲ့ လက်ရှ်မီး... သူတို့သုံးယောက်ကြား ဘယ်လိုတွေဆက်ဖြစ်မလဲ...အာဒီရဲ့နည်းပြမှုကရော အဆင်ပြေနိုင်မလား...အောင်မြင်မှုတွေရသွားဦးမလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။) File size…2.55GB / 1.14GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Guru (2017)
2017
5.4
Pathfinder (2007)
ဒီဇာတ်လမ်းကတော့ ၁၀ ရာစု Scandinavia ဒေသမှာဇာတ်အိမ်တည်ထားပါတယ်။ Ghost ဆိုတဲ့Viking သင်္ဘောပျက်မှာ တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေးကိုနယ်ခံတိုင်းရင်းသားမျိုးနွယ်တွေက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ တနေ့ကြီးပြင်းလာတဲ့အခါ ထိုမျိုးနွယ်ရဲ့လက်ရွေးစင် တစ်ဦးဖြစ်လာပြီးတော့လမ်းကြောင်းရှာဖွေစူးစမ်းသူ (pathfinder) ဖြစ်လာဖို ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ကြမ္မာငင်ချင်တော့ တနေ့မှာတော့ Dragon Men လိုခေါ်တဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ Viking တွေဟာ စစ်ဘုရင် Gunner ရဲ့ဦးဆောင်မှုနဲ့ထိုဒေသကို ကျူးကျော်နယ်ချဲ့တဲ့ အခါ Ghost ရဲ့ရွာလေးကိုပါဖျက်စီးပြီးတော့ လူတွေကိုအကုန်သတ်သွားပါတော့တယ်။လက်စားချေချင်စိတ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ Ghost တစ်ယောက်ဘာလုပ်မှာလဲ၊ ပြုစုပျိုးထောင်ခဲ့တဲ့ မွေးစားမျိုးနွယ်ဖက်ကိုပါမှာလားဒါမှမဟုတ် သွေးသားတော်စပ်ပေမယ့် ယုတ်ရင်းကြမ်းတမ်းတဲ့မျိုးနွယ်ဖက်ကို ပါမှာလား၊ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ထိုခေတ်အခါက viking တိုရဲ့ရက်စက်မှုကိုကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာကြောင့်သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေတော့များပါတယ်။Norse ဇာတ်လမ်းတွေ Viking တွေကိုသဘောကျရင်တော့ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်ခင်ဗျာ။ကြည့်ရှူခံစားကြပါအုံးလိုပဲ အကြံပေးလိုက်ပါတယ်။ File size… 1.7 GB / 686 MB Quality… BluRay Unrated 1080p / 720p Format… ...
movie
Pathfinder (2007)
7.0
The Old Guard (2020)
The Old Guard (2020)=================IMDb Rating - 7.0/10#UnicodeJuly 10 ရက်နေ့မှာ ထွက်ရှိတဲ့ Netflix ရဲ့ ရုပ်ရှင်အသစ်ပါ။ အက်ရှင်အသားပေးဖြစ်ပြီး ဇာတ်လမ်းကလည်းအတော်အဆင်ပြေပါတယ်။ ရုပ်ရှင်ကောင်းငတ်နေတဲ့ကာလမှာတော့ ကြိုက်စရာ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းအကျဉ်း . . .ဘယ်ကာလကတည်းက အသက်ရှင်နေမှန်းမသိတဲ့ မသေမျိုး စစ်သည်တော် မိန်းမတစ်ယောက်ရှိတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူ့လို မသေမျိုးတွေကို လိုက်လံရှာဖွေစုဆောင်းပြီး တပ်ဖွဲ့တစ်ခု တည်ဆောက်ခဲ့တယ်။ သမိုင်းတစ်လျှောက် စစ်ပွဲတိုင်းမှာ မှန်တယ်ထင်တဲ့ ဘက်ကို ဝင်တိုက်ခဲ့ရင်း ဒီနေ့ခေတ် ကြေးစားစစ်သားတွေ အဖြစ် လျို့ဝှက်ပြီး နေကြတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဒီနေ့ခေတ်ရဲ့ ဉာဏ်ကြီးရှင်တစ်ယောက်က သူတို့အကုန်လုံးကို ဖမ်းပြီးပုံတူပွားဖို့ ကြိုးစားလာတဲ့အခါ….. ရင်ဆိုင်ဖြေရှင်းတာတွေကို ခပ်မိုက်မိုက်ကြည့်ရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Rating 7.0/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။ Quality – 4K ...
movie
The Old Guard (2020)
2020
4K HEVC
4.7
Die in a Gunfight (2021)
ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie
Die in a Gunfight (2021)
4K HEVC
5.5
Prey (2024)
ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာလူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ...။ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ်သုံးယောက်ပါပါတယ်...။အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာအသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်...။ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေကျက်စားတဲ့ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော...။ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီဗျာ...။ File size…1.11GB / 508MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Prey (2024)
6.2
Rescue Under Fire (2017)
Original Title: Zona Hotsilအာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကိုအဓိက အခြေပြုထားတာပါ။MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကိုကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန်မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေကကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ်ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက်ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီးမဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ်စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကိုရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလားဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့်ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲဖြစ်ပါတယ်။IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File ...
movie
Rescue Under Fire (2017)
5.5
Officer Down (2013)
Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie
Officer Down (2013)
8.2
Yojimbo (1961)
IMDb rating - 8.2ဒီရုပ်ရှင်ကတော့ ဂျပန်ဂန္တဝင်ဒါရိုက်တာ Kurosawa Akira ရဲ့ နာမည်ကျော်လက်ရာဖြစ်တဲ့ Yojimbo ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လိုရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့Kurosawa ရဲ့ ၂၁ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံးရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်တိုင်းရုပ်ရှင်တွေအပေါ်မှာ လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်ကျော်ကောင်းဘွိုင်ဇာတ်ကောင် The Man with No Name ကနေ Star Wars နဲ့ Last ...
movie
Yojimbo (1961)
8.1
The Hidden Fortress (1958)
IMDb 8.1 / Metascore 89% / Rotten Tomatoes 96%ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ ...
movie
The Hidden Fortress (1958)
Torque (2004)
Torque (2004) Genre – Action, Crime, Comedy၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေစထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့ကရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ်ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေးဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော်ဒီတုန်းကတော့ Rating တွေလည်း မသိဘူးဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီးကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube ...
movie
Torque (2004)
First
30
31
32
33
34
Last
Previous
Next