Channel Myanmar

Action

Kung Fu Panda 4 (2024)
Kung Fu Panda 4 (2024) ကွန်ဖူးပန်ဒါ ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီမင်းသား ဂျက်ဘလက်ပဲ အသံသရုပ်ဆောင်ထားပြီးမင်းသမီး Awkwafina က ကျန်းအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။အရင်ထွက်ခဲ့တဲ့ ၃ ကားလုံးကိုလည်းချန်နယ်မြန်မာ web နဲ့ app တွေမှာ ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…     3.4 GB / 1.8 GB /    874 MB Quality… Web-Rip 4K / 1080p / 720p Format… ...
movie

Kung Fu Panda 4 (2024)

2024
4K HEVC
I Did It My Way ( 2024 ) 6.1
I Did It My Way ( 2024 ) ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie

I Did It My Way ( 2024 )

Rise of the Legend (2014) 6.5
Rise of the Legend (2014) Rise Of The Legend (2014)IMDb - 6.4/10 Rotten Tomotoes - 63%ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ် 2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ်ဇာတ်လမ်းအညွှန်းကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ...
movie

Rise of the Legend (2014)

2014
Bad Day for the Cut (2017) 6.5
Bad Day for the Cut (2017)  Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Bad Day for the Cut (2017)

American Heist (2014) 5.5
American Heist (2014)  ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ်သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆိုပီပြင်တဲ့ မင်းသားAdrien Brody...နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်းမြင်တွေ့ရဦးမှာပါ...။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန်တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်....။ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်းအသုံးမကျနေပါစေ... ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက်တတ်သူပါ...။ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ...။ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့...။သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား...။ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲဘယ်လိုပါသွားမလဲ...ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...။  File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

American Heist (2014)

Rescue on One’s Own ( 2024 ) 5.9
Rescue on One’s Own ( 2024 ) ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့ အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။ အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီး မင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action  Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Rescue on One’s Own ( 2024 )

The Recall (2017) 5.5
The Recall (2017)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကိုဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fiဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့မင်းသမီး Laura Bilgeri ,Hannah Rose May တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကိုပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ်အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်ကအဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက်ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန်လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင်အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်းဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်းဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်းတစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက်သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်းထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်းမုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိသွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့ဓာတ်ပုံတွေမှာ လမ်းမှာ ...
movie

The Recall (2017)

The New Dragon Inn ( 2024 ) 5.8
The New Dragon Inn ( 2024 ) ဒီတစ်ခေါက် cmကတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ရှုပ်ထွေးတဲ့လောကကြီးမှာထွက်ပြေးနေရတဲ့ သစ္စာရှိအမတ်သမီး ချိုးမော့ယန်နဲ့ သူ့လက်ထဲကမင်ခေတ်ပင်လယ်ကာကွယ်ရေးလျှို့ဝှက်မြေပုံအကြောင်းပါလုံမန်တည်းခိုဆောင်ပိုင်ရှင် ကျင်းရှန်းယွိနဲ့ သိုင်းလောကသူရဲကောင်းလေး ကျိုးဟွိုင်အန်းတို့က ပူးပေါင်းပြီးတော့ လျှို့ဝှက်အင်အားကြီးတဲ့ ပင်လယ်ဓားပြကြိုးကိုင်သူကို ရင်ဆိုင်ခဲ့ကြပြီး လာရောက် ဖမ်းဆီးတဲ့သုန်းချန်နဲ့ သိုင်းလောကလုယက်မှုတွေဖြစ်ခဲ့ကြတယ်အဘက်ဘက်အားအင်တွေက လုံမန်တည်းခိုဆောင်သင်္ဘောပေါ်မှာ တိုက်ခိုက်နေကြကာ ဒီလိုအန္တရာယ်တွေကြားထဲမှာ ကျင်းရှန်းယွိနဲ့ကျိုးဟွိုင်အန်းတို့ ဘယ်လိုအတူတိုက်ခိုက်ကြမလဲ သူတို့အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားပေးပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK
movie

The New Dragon Inn ( 2024 )

Hot Rod (2007)
Hot Rod (2007)  ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie

Hot Rod (2007)

Hitman (2008)
Hitman (2008)  နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

Hitman (2008)

E-Mail (2024) 9
E-Mail (2024) E-mail (2024) "ကြွေလည်းမလှည့် ကြက်လည်းမခုန်" IMDb - 9.0/10အွန်လိုင်းဂိမ်း၊ အွန်လိုင်းလောင်းကစားတွေကိုအခြေခံရိုက်ကူးထားတဲ့ တမီလ်ထိတ်လှန့်သဲဖိုရုပ်ရှင်ကားလေး တင်ဆက်ပေးပါရစေ။နေရာအသီးသီးက အမျိုးသမီးလေးငါးယောက်ဟာ ချန်နိုင်းမှာအလုပ်လုပ်ဖို့အတွက် တိုက်ခန်းတစ်ခုမှာ စုပေါင်းနေကြပါတယ်။ဒီထဲမှာ အာဘီဆိုတဲ့အမျိုးသမီးလေးကတော့ ထက်ထက်မြတ်မြတ် သွက်သွက်လက်လက်ဆိုပေမဲ့ သူလုပ်ကိုင်နေတဲ့ အိမ်ခြံမြေလုပ်ငန်းမှာတော့ အဆင်မပြေလှပါဘူး။ အဲဒါအပြင် မိုဘိုင်းဂိမ်းတွေကိုလည်း အစွဲကြီးစွဲနေသူလေးတစ်ယောက်ပေါ့။ အလုပ်မှာအဆင်မပြေတဲ့အပြင် အကြွေးတွေကလည်းပူနေတော့ အတူနေသူငယ်ချင်းတွေက ငြူစူလာကြပါတယ်။တစ်ရက် အွန်လိုင်းလောင်းကစားဂိမ်းကြော်ငြာတစ်ခုကနေ လူသုံးယောက်မှာ ဘယ်သူသေမလဲရွေးလိုက်ရာက ရူပီးတစ်သိန်းနိုင်လိုက်တဲ့နောက် အဲဒီဂိမ်းရဲ့နောက်ကွယ်က ရှုပ်ထွေးပွေလီလှတဲ့အကြောင်းတရားတွေ ဆက်နွယ်လာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.21GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

E-Mail (2024)

2024
Polis Evo 3 (2023) 6.9
Polis Evo 3 (2023) Polis Evo 3 (2023) IMDb - 6.9/10မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator .....  aungmo3han Encoder ...
movie

Polis Evo 3 (2023)

2023
Polis Evo 2 (2018) 7
Polis Evo 2 (2018) Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Polis Evo 2 (2018)

2018
Polis Evo (2015) 6.7
Polis Evo (2015) Polis Evo 1 (2015) IMDb - 6.7/10အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့...။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Comedy, Crime Quality…. 1080p | 720p File size…  2.2GB | ...
movie

Polis Evo (2015)

2015
Peony Order ( 2024 ) 5.7
Peony Order ( 2024 ) သက္ကရာဇ် ၁၄၀၂ ခုနှစ်မှာ ယန်းမင်းသားကြီးကျူးတိဟာ နန်ကျင်းကို ဦးဆောင်သိမ်းပိုက်ပြီးနောက် ရာဇပလ္လင်က်ိုဆက်ခံခဲ့ပါတယ်။ အရင်ဘုရင်ကျန့်ဝိန်ဟာထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့ သားငယ်လေးကလည်း ထူးခြားစွာပျောက်ဆုံးသွားခဲ့ပါတယ်။ ကလေးပျောက်သွားတဲ့ နေရာမှာ ပီအိုနီပန်းတံဆိပ်တစ်ခုသာ ကျန်ခဲ့ပါတယ်။သိုင်းလောက သူရဲကောင်းသူခိုးအနေနဲ့ နာမည်ကြီးတဲ့ ဟုန်မူတန်းဟာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ကြားမှာ မှူးကြီးမတ်ရာတွေရဲ့ ကလေးတွေကို ခိုးယူခြင်းဖြင့် ကယ်တင်ပေးခဲ့ပါတယ်။ မင်းကြီးရဲ့ တူတော်ကိုလည်း ခိုးယူသွားတဲ့အတွက် မင်းကြီးမှ ာ နေမထိထိုင်မသာ ဖြစ်နေရပါတယ်။ အဲ့ဒါကြောင့် ကိုယ်ရံတော်တပ်နဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေးဌာနကို ပြန်လည်ဖွဲ့စည်းပြီး ကလေးကို ရှာဖွေဖို့ အမိန့်ချခဲ့ပါတယ်။အချိန် ၁၅ နှစ်ကြာပြီးနောက် ဟုန်မူတန်း ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ကလေးတွေကို ပြန်ခိုးနေကြောင်း ကောလာဟလတွေ ပျံ့လာတဲ့အခါ...... ဟုန်မူတန်းကို ဖမ်းဆီဖို့ ကိုယ်ရံတော်တပ်က ဘယ်လို ကြိုးစားကြမလဲ...... လွန်ခဲ့တဲ့ ၁၅ နှစ်က ခိုးယူသွားခဲ့တဲ့ ကလေးတွေကရော ဘယ်လို ဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime ...
movie

Peony Order ( 2024 )

The Wages of Fear (2024)
The Wages of Fear (2024)  ဇာတ်လမ်းအကျဉ်းက တိုက်ခိုက်မှုတစ်ခုကြောင့် ရေနံတွင်းတစ်တွင်းမီးလောင်ကျွမ်းရာမှ ရွာသားများအသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်လာသောအခါ ရေနံကုမ္ပဏီမှတာဝန်ရှိသူများက ပေါက်ကွဲပစ္စည်းများကို သယ်ဆောင်ပြီး ဒီအန္တရာယ်က်ို ဖြေရှင်းဖို့ကြိုးပမ်းပါတော့တယ်။ဒီတာဝန်ကို လက်ခံလုပ်ဆောင်ပေးမည့်သူ မရှိသည့်အတွက် ဖရက်ဆိုသူကို အစ်ကိုဖြစ်သူအားထောင်ထဲကလွတ်အောင်လုပ်ပေးမည်ဟု မက်လုံးပေးကာ တာဝန်အပ်နှင်းပါတော့တယ်။ ဖရက်တို့အဖွဲ့ ပေါက်ကွဲပစ္စည်းတွေကို သယ်ကာ မီးလောင်တဲ့နေရာကို ဘယ်လိုသွားကြမလဲ၊လမ်းမှာဘယ်လို အန္တရာယ်တွေနဲ့ရင်ဆိုင်ကျော်လွှားရမလဲကို ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

The Wages of Fear (2024)