Channel Myanmar

Action

Escape (2024)
Escape (2024) Escape (2024)***************ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လိုrating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီးSong Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယားတပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာလွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ဘဝအသစ်တစ်ခုစတင်ဖို့  အိပ်မက်မက်နေသူပါ။ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေးစစ်မဲ့ဇုန်ကို ‌ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ်တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်းစစ်သား‌လေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့...။နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး ...
movie

Escape (2024)

Duchess (2024)
Duchess (2024)  ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

Duchess (2024)

Bright (2017) 6.6
Bright (2017) ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။  Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။  File size…    ...
movie

Bright (2017)

2017
4K HEVC
Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

Once Upon a Time in Mexico (2003)

2003
Desperado (1995) 7.1
Desperado (1995) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

Desperado (1995)

4K HEVC
El Mariachi (1992) 6.8
El Mariachi (1992) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

El Mariachi (1992)

Black Myth: Wukong (2024) 9.3
Black Myth: Wukong (2024) Black Myth : Wukong short animation video ............................................................................အခုရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ဝူခုန်းဂိမ်းဟာ အတော်ကိုဟော့နေပါတယ်။ဂိမ်းရုပ်ထွက်ကောင်းမွန်တာကြောင့် လူကြိုက်များတာလည်းပါသလိုဆော့လို့လည်းကောင်းပြီး ဇာတ်လမ်းကလည်း ဆန်းသစ်ထားတာမလို့လူအများစိတ်ဝင်စားမှုကိုရနေတာပါ။ အခုတင်ဆက်ပေးတဲ့ဇာတ်လမ်းတိုကာတွန်းအပိုင်းလေးတွေကတော့ ရှင်းရှင်းပြောရရင်ဂိမ်းဆော့နေရင်း တခန်းပြီးတခါပြသတဲ့ဇာတ်လမ်းတိုလေးတွေပါ။ဂိမ်းကိုကိုယ်တိုင်ဆော့ချင်တယ်။ spoilမမိချင်ရင်တော့ မကြည့်တာက ပိုကောင်းပါမယ်။ဒါပေမဲ့ ဒီအပိုင်းတိုလေးတွေဟာ ဂိမ်းဇာတ်လမ်းနဲ့တိုက်ရိုက်ဆက်စပ်နေတာထက်စာရင်မိစ္ဆာတစ်ကောင်ချင်းစီရဲ့ဇာတ်လမ်းတိုလေး‌တွေဗျ။animation style ကလည်း တပိုင်းကိုတပုံစံနဲ့ပါ။တပိုင်းမှာဆိုရင် stop motionပုံစံတောင်ပါပါသေးတယ်။ဂိမ်းဆော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့လူများကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။အပိုင်း၆ပိုင်းရှိတဲ့ထဲမှာ အပိုင်း၃ဇာတ်လမ်းက တော်တော်ကိုမိုက်ပါတယ်။ကျန်တဲ့အပိုင်းတွေမှာလည်း ဝူခုန်းတို့ကျမ်းစာပင့်ခရီးမှာ ပထမဆုံးရင်ဆိုင်ခဲ့တဲ့ထန်ဆန်းကိုယ်တော်ရဲ့ရွှေသင်္ကန်းကိုခိုးသွားတဲ့ဝက်ဝံမိစ္ဆာနံဘုန်းကြီး၊ မြေခွေးမိစ္ဆာမလေးနဲ့စာသင်သားတို့အချစ်ဇာတ်လမ်း၊ မြစ်စောင့်နတ်မိစ္ဆာဇာတ်လမ်း၊ ကျူးပါ့ကျဲရဲ့အချစ်ဇာတ်လမ်းနဲ့စီးရီးမှာမပါခဲ့တဲ့ သူ့မိန်းမ ပင့်ကူမိစ္ဆာမတို့အကြောင်း၊ နွားသိုးမိစ္ဆာ(မြဝတီဗားရှင်းမှာတော့ကျွဲမိစ္ဆာလို့ဘာသာပြန်သွားခဲ့တာလိုပဲ)နဲ့ဝူခုန်းကြားက ဆက်ဆံရေးတို့ပါပါတယ်။နောက်ဆုံးအပိုင်းပိုကတော့ ဂိမ်းနဲ့သွားဆက်နေတော့ ဂိမ်းဆော့မှပဲ သိမှာပါ။ဂိမ်းမဆော့ဖြစ်လည်းသိအောင် အောက်မှာ နည်းနည်းspoilပေးပါမယ်။Spoiler alertဂိမ်းအစမှာတော့ဝူခုန်းတို့အဖွဲ့ ကျမ်းစာပင့်ပြီးနောက် ဝူခုန်းကိုဗုဒ္ဓက အောင်နိုင်ခြင်းဗုဒ္ဓဘွဲ့ချီးမြှင့်ပေမဲ့ဝူခုန်းက ဗုဒ္ဓတို့နဲ့အတူမနေပဲ သူ့ရဲ့နောက်လိုက်မျောက်တွေရှိရာပန်းပေါင်းစုံရေတံခွန်ကိုပြန်သွားပါတယ်။ဗုဒ္ဓတစ်ပါးအနေနဲ့မနေတဲ့ဝူခုန်းကိုကြောက်တာကြောင့် နတ်တွေဟာမျောက်တွေဆီရောက်လာပြီး တိုက်ခိုက်သတ်ဖြတ်ပါတော့တယ်။အဲ့ဒါနဲ့ဝူခုန်းလည်း နတ်ပြည်ကိုနောက်တခါပြန်တက်ကာနတ်တွေကိုတီးဖို့လုပ်သော်လည်း ခေါင်းစွပ်ကွင်းကတိုက်ပွဲအတွင်းနှောက်ယှက်တာကြောင့် မျက်လုံးသုံးလုံး အာလိန်ရှန်းနတ်ရဲ့သတ်ဖြတ်တာကိုခံလိုက်ရာကနေ Black Myth : Wukongဆိုတဲ့ဇာတ်လမ်းအစပြုပါတော့တယ်။IGN 8/10 Metacritic 81% Steam ...
movie

Black Myth: Wukong (2024)

The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Inception (2010) 8.8
Inception (2010) Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie

Inception (2010)

2010
4K HEVC
Pariah Vol. 1 (2024) 6.9
Pariah Vol. 1 (2024) Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ..ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် ) File size… 1.8GB / 840MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Pariah Vol. 1 (2024)

[18+] Violence in a Women’s Prison (1982) 5.0
[18+] Violence in a Women’s Prison (1982) Italian erotic cinema ရဲ့နာမည်ကျော် မင်းသမီး Laura Gemser ရဲ့နာမည်အကြီးဆုံး Emanuelle series ဇာတ်ကားတွေထဲကတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ သတင်းထောက် အီမန်နျူရယ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့နဲ့ပူးပေါင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ အကျဉ်းသူယောင်ဆောင်ပြီး  Santa Catarina အမျိုးသမီးအကျဉ်းထောင်ထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီမှာတော့ သူထောက်လှမ်းဖို့လာခဲ့တဲ့  အကြမ်းဖက်မှု၊အနိုင်ကျင့်မှုတွေကို ဘက်ပေါင်းစုံကနေ ကိုယ်တိုင်တွေ့ကြုံခံစားရပါတော့တယ်။ သူတို့ခေတ်ကာလဇာတ်ကားတွေထုံးစံအတိုင်း အဖော်အချွတ်တွေ၊လိင်တူလိင်ကွဲဆက်ဆံခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်ခန်းတွေတစ်ကားလုံးလိုလို ဖောဖောသီသီ တင်ဆက်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Violence in a Women’s Prison (1982)

Raayan (2024) 6.9
Raayan (2024) Raayan (2024) "ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီးအဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါတုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Raayan (2024)

Kalki 2898-AD (2024) 7.6
Kalki 2898-AD (2024) Kalki 2898 AD (2024) IMDb - 7.6/10စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ... လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ... ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (10 GB) / (3.67 GB) / (2GB) Quality…WEB DL 4K EHVC ...
movie

Kalki 2898-AD (2024)

4K HEVC
Red Line ( 2023 ) 6
Red Line ( 2023 ) Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။ လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီး အဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက် ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါ အားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာ တရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကို ပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာ သူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့် ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့ အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။ မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။ Filesize : 1.40 GB / 752 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Action , Thriller , Adventure Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Red Line ( 2023 )

The Last Supper ( 2012 ) 6.1
The Last Supper ( 2012 ) ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။ Filesize : 1.63 GB / 831 MB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Action , History Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Last Supper ( 2012 )

Fierce Hunt ( 2024 ) 6
Fierce Hunt ( 2024 ) စိတ်လှုပ်ရှားစရာ မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Fierce Hunt ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့က ထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက် ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်း မျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစ တွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကို ဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာ ဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်း ဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့ လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲက လူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ...... ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ...... ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / ...
movie

Fierce Hunt ( 2024 )

Den of Thieves (2018) 7.0
Den of Thieves (2018) Den of Thieves (2018)IMDb Rating (7.0) / Rotten Tomatoes (41%)ဒီရုပ်ရှင်ကားက သရုပ်ဆောင်တွေရဲ့ Badass Acting တွေက လုံးဝအထာကျပါတယ်...ကြိုးဝိုင်းထဲက လက်ဝှေ့ဘဲတွေလို ပေါ်တင်ဖိုက်ကြတာပါဒါပေမယ့် ဒီလို လက်ရဲဇက်ရဲလူကြမ်းတွေကြားမှာ ဉာဏ်ကိုလွှာသုံးမယ့် ဘဲတစ်ပွေပါလာတဲ့အခါ....အတော်ကိုမှ မိုက်တဲ့ လှည့်ကွက်တွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားဖြစ်သွားပါတော့တယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ငွေရဖို့အတွက် ခက်ခဲတဲ့မစ်ရှင်တွေကိုမှ အကွက်ကျကျစီစဉ်တတ်တဲ့ တကယ့်ထိပ်တန်းလက်ရွေးစင်ဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ Federal Reserve Bank ကို လက်ရွေးစင်ဟောင်းအဖွဲ့တွေ ဘယ်လိုခိုးဝင်ပြီး ဓားပြတိုက်ကြမလဲ.... နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ.....။Unrated Version နဲ့ပြန်လည်တင်ဆက်ထားတာမလို့ ယခင် Version ထက်ပိုမိုပြည့်စုံစွာ ကြည့်ရှုခံစားရမှာပါ။ File size…(2.9 GB )/(1.4 GB) Quality….BluRay Unrated 1080p HEVC / 720p Format…mkv/mp4 Duration….02:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura & ...
movie

Den of Thieves (2018)

2018
In Time (2011) 6.7
In Time (2011)  အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ်မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ်အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့...တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ...တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား...ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action ...
movie

In Time (2011)

Mazhai Pidikatha Manithan (2024) 4.7
Mazhai Pidikatha Manithan (2024) Mazhai Pidikkatha Manithan (2024) "ဇာတ်မြှုပ်သူ"ဒီနေ့မှာတော့ 2024 ခုနှစ်ထွက် အသစ်စက်စက် ဘောလိဝုဒ်အက်ရှင်ခပ်ကြမ်းကြမ်းကားလေး တစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိစ္စတစ်ခုကြောင့် ဇာတ်မြှုပ်နေထိုင်ရဖို့ဖြစ်လာတဲ့ လျို့ဝှက်အထူးအေးဂျင့်တစ်ယောက်ဟာ နယ်မြို့လေးမှာ လာပြီးအခြေချပါတယ်။ အဲ့ဒီမြို့လေးမှာနေတဲ့ အခြေခံလူတန်းစား အတော်များများက ကျပန်း အလုပ်လုပ်ဖို့လာခေါ်တဲ့နေ့စားအလုပ်တွေကို လိုက်လုပ်ကြ လေ့ရှိပါတယ်။ဆိုတော့ တစ်နေ့မှာ ဒါလီလို့ခေါ်တဲ့ ငွေတိုးချေးစားလုပ်ငန်းက လူမိုက်လုပ်ဖို့ လူလာငှားတဲ့အခါ ကျွန်တော်တို့ဇာတ်လိုက် အထူးစစ်သားဟောင်းကြီးကိုလည်း ခေါ်သွားပါတယ်။ အဲ့ဒီမှာ သူတို့ဘယ်လောက် အနိုင်ကျင့်ပြီးငွေကိုညှစ်ယူနေကြလဲဆိုတာ သူအတိုင်းသား သိခဲ့မြင်ခဲ့ရတာပေါ့။အဲ့ဒီနောက်မှာပဲ အမျိုးသမီးတစ်ယောက်ဟာလည်း ဒီလို အကြွေးကိစ္စတွေနဲ့ လုံးပါးပါးမှာကိုမြင်ပြီး သူဝင်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်မြို့လုံးက ငွေတိုးချေးစားသမား လက်အောက်လူမိုက်တွေနဲ့ ဇာတ်မြှုပ်နေတဲ့ အထူးစစ်သားတစ်ယောက် ထိပ်တိုက်တွေ့ကြမယ့် ကားလေးပါ။ စိတ်ဝင်စားစရာကောင်းပြီး အက်ရှင်ဇာတ်ကြမ်းတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်ခင်ဗျ။) File size… 2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Mazhai Pidikatha Manithan (2024)

2024