Channel Myanmar
Action
28 Weeks Later (2007) 7.0
28 Weeks Later (2007) 28 weeks later (2007) IMDb - 7.0/10_____Rotten - 71%    IMDb 7 Rotten Tomatoes 71% Metacritic 78% ရထားတဲ့ 28 weeks later ဇာတ်ကားဟာတော့သာမန် ရောဂါကူးစက်တဲ့ zoombie ကားတွေနဲ့မတူဘဲ အချစ်မေတ္တာ အတိမ်အနက် ကိုပါတွေ့မြင်နိုင်မှာပါ ရောဂါကိုအမြစ်ပြတ်သလောက်ရှင်းနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ခရိုင်လေးမှာ ပြန်လည်ထူထောင်ခဲ့ပေမယ့် မမျှော်လင့်တဲ့ အဖြစ်ဆိုးက ကံကြမ္မာတပတ်ပြန်လည်လာသောအခါဝယ်... မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတကားဖြစ်ကြောင်းသာညွှန်းပါရစေ   (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)    IMDb 7 Rotten Tomatoes 71% Metacritic 78% ရထားတဲ့ 28 weeks later ဇာတ်ကားဟာတော့သာမန် ရောဂါကူးစက်တဲ့ zoombie ကားတွေနဲ့မတူဘဲ အချစ်မေတ္တာ အတိမ်အနက် ကိုပါတွေ့မြင်နိုင်မှာပါ ရောဂါကိုအမြစ်ပြတ်သလောက်ရှင်းနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ခရိုင်လေးမှာ ပြန်လည်ထူထောင်ခဲ့ပေမယ့် မမျှော်လင့်တဲ့ အဖြစ်ဆိုးက ကံကြမ္မာတပတ်ပြန်လည်လာသောအခါဝယ်... မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတကားဖြစ်ကြောင်းသာညွှန်းပါရစေ(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)    File Size         : 790 MB Quality           : Blu ray Rip 720P Running Time : 1hr 40 minute Format           ...
movie
28 Weeks Later (2007)
2007
The Finest Hours (2016) 6.8
The Finest Hours (2016) The Finest Hours (2016) IMDb - 6.8/10______Rotten - 64%အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့ သေမလောက်ထိတ်လန့်စရာကောင်းပေမယ့် ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့ ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ ဆီတင်သဘောၤတွဲကြီး နှစ်စင်းဟာ ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့ ဇာတ်အိမ်တည်ထားပါတယ် ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ် ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို ထွက်လာရပါတော့တယ် တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောၤပေါ ်က သဘောၤသားတွေရဲ့ အသက် ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ တွေကိုတင်ဆက်ထားပြန် ပါတယ် ဆဲလ်ဘက်လို့ခေါ ်တဲ့သဘောၤသားရဲ့ခေါင်းဆောင် ှုမှုအောက်မှာသဘောၤသားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော သဘောၤသားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့ လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့ မလားဆိုတာကိုတော့……………………ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့် ဒီဇာတ်ကားလေးဟာ IMDb rating 6.8/10ရရှိထားပြီး Action,Thriller အမျိုးအစားဖြစ်ပါတယ် Actionကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။File Size :799 MB Quality :720 Blu-Ray Format :MP4 Substitle :Myanmar Substitle(hardsub) Encoder       ...
movie
The Finest Hours (2016)
Double Team (1997) 4.8
Double Team (1997) Double Team (1997)_____IMDb - 4.8/10     ဒီနေ့အတွက် ကျွန်တော်(စိုးထွေး)ရဲ့(၁၆)ကားမြောက်ဇာတ်ကားလေးကိုပရိတ်သတ်တွေဆီမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားအညွန်းကိုမပြောခင် ကျွန်တော် ပရိတ်သတ်တွေအကြောင်းကိုအရင်ပြောချင်ပါတယ် ။ ကျွန်တော်တို့တင်တဲ့ဇာတ်ကားတွေရဲ့အောက်မှာရေးတဲ့ ပရိတ်သတ်တွေရဲ့Commentတွေကို ကျွန်တော်တို့အမြဲတန်း လေးလေးစားစားဖတ်ပါတယ်။ ပရိတ်သတ်တွေတောင်းဆိုသမျှဇာတ်ကားတွေကိုလည်း အတတ်နိင်ဆုံးလုပ်ပေးနိင်အောင် ကျွန်တော်တို့ညီအစ်ကိုမောင်နမတွေအမြဲတစေကြိုးစားနေကြပါတယ်။ အခုတော့မင်းသားကြီးဗန်ဒိန်းဇာတ်ကားကို တောင်းဆိုသူတွေလည်းအများကြီးတွေ့ခဲ့လို့ ကျွန်တော်ဘာသာပြန်ဖြစ်ခဲ့တာပါ။    ဒီဇာတ်ကားလေးကတော့ကြာပါပြီတော်တော်လေးကိုကြာနေပါပြီ။ ဇာတ်လမ်းအစမှာဦးနှောက် အရမ်းကောင်းမွန်တဲ့ထိပ်သီးလူဆိုးခေါင်းဆောင်စတားဘရို့ကို ဖမ်းဆီးဖို့တာဝန်ယူရသည့် အေဂျင့်ဂျက်ကွင်း . . . သူ့ရဲ့မတော်တဆမှုတခုကြောင့်စတားဘရို့ရဲ့ရင်သွေးငယ်သေဆုံးသွားပြီးနောက် ဂျက်ကွင်း ကိုအညို းထားပုံ၊ ဂျက်ကွင်းရဲ့ကိုယ်ဝန်သည်ဇနီးကို ပြန်ပေးဆွဲထားပြီးဂျက်ကွင်းကိုလက်စားချေဖို့ကြို းပန်းပုံ၊ စတားဘရို့ရဲ့လက်ထဲကသားနဲ့ဇနီးကိုဂျက်ကွင်း ဘယ်လိုကယ်တင်မလဲစသဖြင့်မင်းသားကြီးဗန်ဒိန်းရဲ့ အက်ရှင်အလန်းများနဲ့စတားဘရို့ရဲ့သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်ကားကောင်းတစ်ကားအဖြစ်ညွန်းဆိုလိုက်ပါတယ်။    (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)  File Size                          : 850 MB Quality   ...
movie
Double Team (1997)
1997
Days Of Glory (2006)
Days Of Glory (2006) ဒီဇာတ်ကား ကို အညွှန်းရေးဖို့ စဉ်းစားတော့ နည်းနည်း လေး သတိထား ရတယ်ဗျ။ ဇာတ်လမ်းက အပြောမတတ်ရင် ဆဲ ခံရတယ် ဆိုတာမျိုး မညွှန်းတတ်ရင် ထိလွယ်ရှလွယ် ဖြစ်တတ်လို့ပါ။ ဇာတ်ကားက ကောင်းလွန်းလို့ ဖြစ်ရတာပါ လို့ပဲ ပြောပါရစေဒုတိယကမ္ဘာစစ်မှာ ဂျာမဏီတို့ အင်အားကြီးစိုးစဉ်အကြောင်း နောက်ခံထားပြီးရိုက်ကူးထားပါတယ် ပြင်သစ် နိုင်ငံ နာဇီတွေ လက်အောက် ရောက်နေချိန် က ဇာတ်အိမ် တည်ထားတဲ့ အချိန်ပါ။ ဒါကို ပြင်သစ်တွေက ပြန် တော်လှန်ဖို့အတွက် စစ်အင်အားစုဆောင်းရာမှာ အာဖရိကန် လူမျိုး လေးဦးကလည်း ပြင်သစ် တပ်မတော် ထဲ ဝင်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြင်သစ် တပ်တွင်း လူမျိုးရေး(ဘာသာရေး) ခွဲခြားမှုတွေကို ပါ တွန်းလှန်ဖို့ ကြုံခဲ့ရပါတယ်။ဒီ ဇာတ်ကားမှာ အရင်ခေတ် နိုင်ငံတွေရဲ့ စစ်တပ်တွင်းအခြေအနေ နဲ့ ပြင်သစ်နိုင်ငံရဲ့ လူမည်းတွေအပေါ် ...
movie
Days Of Glory (2006)
Who Am I: No System Is Safe (2014) 7.6
movie
2014
Haunted (2011) 6.2
Haunted (2011) Haunted (2011) IMDb - 6.2/10_____Rotten - 74%   ကျွန်တော်ရဲ့ ပထမဆုံး 3D effect Movies စကြည့်ဖူးတာက တော့ ဒီရုပ်ရှင်ကားလေးပဲပေါ့ဗျာ2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားပါ။ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။ ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမေကာင်းအောင် ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။ ကျွန်တော့် ရဲ့ ပထမဦးဆုံး 3D Feeling ခံစားခဲ့ရတဲ့ ဇာတ်ကားကို ကျွန်တော့် အမေ သွားပြမိလို့ 3D TV ဝယ်ခိုင်းထားတဲ့ ...
movie
Haunted (2011)
2011
Navy Seals  VS  Zombies(မြန်မာစာတန်းထိုး)
Navy Seals VS Zombies(မြန်မာစာတန်းထိုး) CM ရဲ့ Zombie ပရိသတ်တွေအတွက် ၂၀၁၅ မှာ အသစ်ထွက်ထားတဲ့ Zombie ကားသစ်လေးပါ CIA က သုတေသနလုပ်နေတဲ့ ဇီဝလက်နက်တစ်မျိုးကြောင့် ဘတန် ရူးဂ် မြို့လေးက လူတွေ ရောဂါကူးစက်ခံရပြီး zombie တွေ ဖြစ်သွားတယ် အဆိုပါမြို့လေးမှာ ဟောပြောပွဲပြုလုပ်နေတဲ့ ဒုသမ္မတ ပြန်ခေါ်ထုတ်နိုင်ဖို့အတွက် SEAL တပ်ဖွဲ့ဝင်တွေကို ထိုမြို့လေးဆီကို စေလွှတ်လိုက်တယ် နောက်ပိုင်းမှာတော့ လူလုပ် ဗိုင်းရပ်ကြောင့် ဖြစ်တယ်ဆိုတာကို SEAL အဖွဲ့ဝင်တွေ သိသွားတဲ့အချိန်မှာ အဲ့ဒီမြို့က CIA ရဲ့ သိပ္ပံပညာရှင်တွေရှိနေတဲ့ အစိုးရဓာတ်ခွဲခန်းလေးဆီကို သူတို့သွားပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကြိုးစားကြတယ် နောက်ဆုံးမှာတော့ အခြားမြို့တွေဆီ ရောဂါပိုး မကူးစက်နိုင်အောင် မြို့ကိုဖျက်စီးဖို့ CIA နဲ့တာဝန်ရှိသူတွေ ဆုံးဖြတ်ချက်ချခဲ့ပါတယ် SEAL အဖွဲ့ဝင်တွေဒီမြို့လေးကို ကယ်တင်နိုင်မလား သူတို့အဖွဲ့ထဲလူတွေအားလုံး အသက်ရှင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ဆက်လင်စောင့်ကြည့်ရမှာဖြစ်ပါတယ် Rating ...
movie
Navy Seals VS Zombies(မြန်မာစာတန်းထိုး)
The Jungle Book (1967) 7.6
movie
The Jungle Book (1967)
Tangled Ever After (2012) 7.6
movie
Run All Night (2015) 6.6
Run All Night (2015) Run All Night (2015)IMDb - 6.6/10_____Rotten - 59%   2015 မှာ ထွက်ရှိထားတဲ့ Run All Night ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် အားလုံးစောင့်မျှော်နေတဲ့ဇာတ်ကားလို့ထင်ပါတယ်..ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ Taken ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Liam Neeson သရုပ်ဆောင်ထားပါတယ်.. IMDb Rating 6.6 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..မကြည့်ခင် Movie Review လေး အရင်ခံစားကြည့်လိုက်ရအောင် :) ဇာတ်လမ်းလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာအကြောင်းပါ... မိုက်ကယ်ကတော့ လူကောင်းလေးပါ သမ္မာအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ပေမဲ့ သူ့အဖေကတော့ အရင်တုန်းက သူ့သူငယ်ချင်းနဲ့တူတူ ဘိန်းအရောင်းဝယ်လုပ်ရင်း တချိူ့သော သူငယ်ချင်းတွေကိုတောင် သတ်ခဲ့ပါတယ် တနေ့တော့ သူ့သူငယ်ချင်းသားဒန်နီက လူသတ်တာကို မိုက်ကယ်မြင်သွားလို့ဆိုပီး မိုက်ကယ်ကိုသတ်ဖို့လုပ်တယ် အဲဒါကို သူ့အဖေက အရင်လက်ဦးပီး ဒန်နီကို သတ်လိုက်ပါတယ် အဲဒီမှာ သူနဲ့သူ့သူငယ်ချင်း ရန်ဘက်ဖြစ်သွားတော့ပါတယ် သူ့သူငယ်ချင်းက ပြန်လက်စားချေပုံ သူကလဲ သူ့သားကို ဖခင်တစ်ယောက်အနေနဲ့ အသက်စွန့်ကာကွယ်ပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်  Filesize : 655 MB Quality : 720p Format: mp4 Running Time : 1h 54m IMDb ...
movie
Run All Night (2015)
2015
Beastly (2011)
Beastly (2011) 2011 မှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb Rating 5.6 ရရှိထားပါတယ်..ရိုက်ကူးတင်ဆက် တဲ့ဒါရိုက်တာကတော့ Daniel Barnz က ဖြစ်ပါတယ်..သရုပ်ဆောင်တွေအဖြစ် Alex Pettyfe ( I am Number Four ) ကားမှ မင်းသားနဲ့အတူ Vanessa Hudgens က ပါဝင်သရုပ်ဆောင်ထားပြီး.. ကျွန်တော့်အမြင်အရတော့ တော်တော်မိုက်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...Kyle Kingson ဟာ ရုပ်ရည်ချောမောတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်..သူ့ရဲ့ချောမောတဲ့ရုပ်ရည် ကြောင့် စိတ်ဝင်စားတဲ့မိန်းကလေးတွေအများအပြားလည်းရှိပါတယ်..ဂရင်းကုမ္မဏီရဲ့ဥက္ကငှလည်း ဖြစ်တဲ့အတွက် ကိုင်ကင်းဆန် ဟာ မာန်မာနထောင်လွားသလို သူများကိုလည်းနှိမ်တတ်ပါတယ်.. တစ်နေ့မှာတော့ ကင်ဆန်တစ်ယောက် စုန်းပညာတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုလူပုံအလယ်မှာ ရုပ်ရည်နဲ့ပတ်သတ်ပြီးစော်ကားမော်ကားပြောဆိုမှုကြောင့် ထိုမိန်းကလေးက ကျိန်စာတိုက်လိုက်တဲ့အခါ အလွန်ရုပ်ဆိုးတဲ့လူထူးဆန်းပုံစံအဖြစ်ရုပ်ပျက်သွားပါတယ်..တစ်နှစ်အတွင်း သူ့ကို တကယ့်စိတ်ရင်းနဲ့ ချစ်တယ်လို့ ပြောတဲ့မိန်းကလေးတစ်ယောက်ပေါ်လာမှသာ ကျိန်စာကနေ လွတ်မြောက်မှာဖြစ်ပြီး တစ်နှစ်အတွင်းမတွေ့ခဲ့ရင်တော့ တစ်သက်လုံးဒီအတိုင်းနေရမှာပဲဖြစ်ပါတယ်.. ရုပ်အရမ်းဆိုးပြီးကြောက်စရာကောင်းသွားတဲ့ ကင်ဆန်ကို တကယ်ချစ်တဲ့ မိန်းကလေး ပေါ်လာမလာ.ဆိုတာ ရင်ခုန်စွာနဲ့ ဘယ်လိုတွေဖြစ်ပျက်မလဲဆိုတာ စောင့်ကြည်ရမှာပဲ ဖြစ်ပါတယ်..အပျင်းပြေကြည့်ချင်တဲ့သူတွေအတွက်ရော..ဇာတ်ကားကောင်းကြည့်ချင်တဲ့သူတွေအတွက် ရော ကျွန်တော်ကြည့်ဖို့အကြံပေးချင်ပါတယ်..ဇာတ်ကားကောင်းတစ်ကားပါ :)Filesize : 555 MB Quality : Blu-ray720p Format : mp4 Running Time : 86 minutes IMDb ...
movie
Beastly (2011)
Empire State (2013)
Empire State (2013) ပရိတ်သတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Dwayne Johnson(နပန်းမင်းသားကြီး ဒရော့) ဟာရဲစုံထောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီကားမှာတော့ ရာဇဝတ်မှုတွေများပြားလှတဲ့ နယ်မြို့လေးမှာ ဘဏ်ဖေါက်ထွင်းခံရတာနဲ့ဇာတ်လမ်အစပေါ့။ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ပတာနီ ဟာ အယ်ဒီ နဲ့သူငယ်ချင်းဖြစ်ပြီး အယ်ဒီကတော့ လူလိမ်လူရှုပ် တစ်ယောက်ဖြစ်တယ်၊ဇာတ်လမ်းမှာတော့ ပတာနီဟာ မိသားစုအတွက် တစ်ဖက် တစ်လမ်းကနေ ဝင်ငွေရှာဖို့အတွက် ဘဏ်မှာအလုပ်လုပ်ရာမှ ဘဏ်ရဲ့အားနည်းချက်တွေကိုသိပြီး ငွေနည်းနည်းခိုးတာကို အယ်ဒီကိုပြောပြတဲ့အတွက် အယ်ဒီက လောဘဇောကပ်ပြီး လူဆိုးတွေနဲ့ပူးပေါင်းကာ ဘဏ်မှငွေများကို ဖေါက်ထွင်းရယူပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်၊ IMDB မှာတော့ Ratings: 5.2 ရရှိထားပြီး ကြည့်သင့်တဲ့ကားကောင်းတခုဖြစ်ပါတယ် (ဇာတ်ကားအညွန်းရေးပေးသူကတော့ CM ပရိသတ် ကိုရာဇာပဲ ဖြစ်ပါတယ်
movie
Empire State (2013)
Premium Rush (2012) 6.5
Premium Rush (2012) Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။  ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie
Premium Rush (2012)
2012
The Colony (2013) 6.3
The Colony (2013) The Colony (2013)_____IMDb - 5.3/10   ဒီ တစ်ခါတော့ သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပြီဗျို့!!!၂၀၄၅ကို သွားလိုက်ကြစို့ ၂၀၄၅ ကို ရောက်ပြီ။ လူတွေ ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ဖို့ နည်းတစ်ခုရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့တာကတော့ ရာသီဥတု ထိန်းချုပ်စက် ကြီး တီထွင်နိုင်ခဲ့တာပါပဲ။ကိုယ့်ရှူး ကိုယ်ပတ် တယ်ပဲ ပြောရမလား တစ်ရက်ကျတော့ အဲ့စက်ကြီး ချွတ်ယွင်း လာပါတော့တယ်။ နှင်းတွေ အဆက်မပြတ် ကျနေတာ ဘယ်လိုမှ ရပ်တန့်လို့မရတော့ဘူးပေါ့ဗျာ။လူတချို့ကတော့ အလွန်ပြင်းထန်လှတဲ့အအေးဒဏ်ကို ခံနိုင်ဖို့ မြေအောက် လှိုင်ခေါင်းတွေ ထဲ ဝင်ရောက် နေထိုင် ကြပါတော့တယ်။ ဒီမှာပြဿနာက စပြီ။ ဒီလှိုင်ခေါင်းတွေအောက်မှာ ရောဂါကူးစက်မှုနဲ့ အစာရေစာ ပြတ်လပ်မှု တွေကို ထိန်းချုပ်ဖို့ လိုအပ်လာပြီလေ။စစ်သားနှစ်ယောက်ဖြစ်တဲ့ Briggs (Laurence Fishburne) နဲ့ Manson (Bill Paxton)တို့ဟာ မြေအောက်နေလူသား ...
movie
The Colony (2013)
2013
From Vegas to Macau II (2015) 4.6
From Vegas to Macau II (2015) From Vegas to Macau II (2015)_____IMDb - 4.6/10   ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။ မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။ မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။ ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ ...
movie
From Vegas to Macau II (2015)
2015
Tracers (2015) မြန်မာစာတန်းထိုး 5.6
Tracers (2015) မြန်မာစာတန်းထိုး  မြန်မာပရိသတ်တွေ ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ တေလာလော့တ်နာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန်သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်ပါနယူးယောက်မြို့မှာ စက်ဘီးနဲ့အလုပ်လုပ်တဲ့ ဆက်သားတစ်ဦးဖြစ်တဲ့ ကမ်ဟာတစ်နေ့မှာ မြို့ထဲကို စက်ဘီးစီးသွားတုန်း မတော်တဆ စက်ဘီးလဲရင်း နစ်ကီဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်။ အဲဒီနောက်တော့ နစ်ကီဟာ သူ့အပေါင်းအဖော်တွေနဲ့ ကမ်ကိုမိတ်ဆက်ပေးခဲ့ပြီး နစ်ကီတို့အဖွဲ့ဟာ ဓားပြတိုက်၊ လုယက်မှုတွေလုပ်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ခုန်ပျံကျော်လွှားရင်း အဖွဲ့လိုက်ဓားပြတိုက်တဲ့ နစ်ကီတို့အဖွဲ့နဲ့ ပူးပေါင်းနိုင်ဖို့အတွက် သူတို့လိုဖြစ်အောင် ကမ်ဟာအခုန်အပျံတွေ လေ့ကျင့်ခဲ့ပါတယ်။ တရုတ်မာဖီးယားဂိုဏ်းနဲ့ အကြွေးမကင်းဖြစ်နေတဲ့ ကမ်က နစ်ကီတို့အဖွဲ့ထဲကို ၀င်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဖွဲ့တွေအတူတကွ ဓားပြတိုက်ကြရင်း ကမ်နဲ့ နစ်ကီတို့လည်း ချစ်ကြိုးသွယ်ခဲ့သလို အဖွဲ့သား အချင်းချင်း သစ္စာဖောက်မှုတွေရှိလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦး။ ဒီဇာတ်လမ်းမှာ ပါကာလို့ခေါ်တဲ့ အခုန်အပျံအားကစားကို အသားပေးပြီး ရိုက်ပြထားတာမို့ ပါကာကို စိတ်ဝင်စားသူတွေ လည်း နှစ်သက်ကြမှာပါ။ ကမ်အဖြစ် တေလာလော့တ်နာ၊ နစ်ကီ ...
movie
Tracers (2015) မြန်မာစာတန်းထိုး
2015