Channel Myanmar

Action

The Mask (1994) 6.9
The Mask (1994)  1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ်IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77%Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်...The Truman Show, Man ...
movie

The Mask (1994)

1994
Slyth: The Hunt Saga (2024)
Slyth: The Hunt Saga (2024) Sltyth : The Hunt Saga (2024)Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကို အရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့် Slyth : The Hunt Saga ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရော သူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာ အသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်‌ဘေးဆိုး ဖြစ်လာပါတော့တယ်။ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာက ဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေး တစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်း အမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ... အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့ လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။အညွှန်း ကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ, Char Ou ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Slyth: The Hunt Saga (2024)

2024
13 Bombs (2023) 6.7
13 Bombs (2023) 13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie

13 Bombs (2023)

2023
Time Trap (2017) 6.2
Time Trap (2017)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ...အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို့ လှိုဏ်ဂူတစ်ခုထဲကိုဝင်ဖို့အကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်း‌ပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖို့ပြင်ကြပါတယ်။သူတို့နဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတို့သုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိုဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတို့လေးယောက်လည်းလှိုဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိုဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိုဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို့ ပြန်တက်ဖို့လုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။အဲဒါကိုသူတို့က အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတို့ကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ "ကယ်ပါ" ဆိုပြီးပေါ်ထွက်လာပါတော့တယ်.... ဘာဖြစ်လို့ကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.4 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Adventure, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Time Trap (2017)

Enter the Fat Dragon (1978) 6.5
Enter the Fat Dragon (1978) ဒီဇာတ်ကားလေးကလည်း ဟောင်ကောင်မင်းသားကြီးတစ်လက်လည်းဖြစ်သလို နာမည်ကြီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Sammo Hung ရဲ့ လက်ရာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ Ah lung လို့ခေါ်တဲ့ ဝက်‌မွေးမြူ‌ရေးလုပ်တဲ့ လူငယ်လေးက ဘရုစ်လီကိုအရမ်းကြိုက်ပြီး ငယ်ငယ်ကတည်းက ဘရုစ်လီလိုဖြစ်ရမယ်ဆိုပြီး ခြေလှမ်းကွက်တွေလက်သီးသိုင်းတွေကို ကြိုးစားပြီးလေ့ကျင့်နေတဲ့သူပါ။ဒါပေမဲ့ သူကိုယ်တိုင်ကညဝတုတ်လေးဖြစ်နေတော့ လေ့ကျင့်နေသမျှက ရယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူမြို့ကစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ထွက်လာတုန်း စားသောက်ဆိုင်မှာ လူရမ်းကားတစ်စုပြဿနာရှာနေတာနဲ့တိုးပါတော့တယ် ။ သူလည်းသူ့ကိုယ်သူသက်သေပြတဲ့အနေနဲ့ လူရမ်းကားတွေကိုတိုက်ထုတ်ပြီး စားသောက်ဆိုင်ကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီအငြိုးကြောင့် မကျေနပ်တဲ့ လူရမ်းကားတွေဟာ သူ့ရဲ့အလုပ်ဖော်ကောင်မလေးကို ပြန်ပေးဆွဲသွားချိန်မှာ‌တော့...Ah lung တစ်ယောက် လူရမ်းကားတွေကိုနိုင်ပါ့မလား ? ထင်ထားသလိုရော သူ့ရဲ့သိုင်းပညာက မြင့်မားပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့ အခုပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy  Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Reviewed By Kay Thwe Phyoe Encoded by ...
movie

Enter the Fat Dragon (1978)

Godzilla: Tokyo S.O.S. (2003) 6.5
Godzilla: Tokyo S.O.S. (2003) Godzilla: Tokyo S.O.S. (2003) ====================== IMDb Rating - 6.5/10ဂေါ်ဇီလာရဲ့ မူလဖန်တီးရှင်ဖြစ်တဲ့ ဂေါ်ဇီလာကားတွေဟာ Godzilla (1954) နဲ့အစပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ရှိခဲ့တဲ့ကားတွေကို ခေတ်အပိုင်းအခြားတွေနဲ့အကြမ်းဖျင်းသတ်မှတ်ခွဲခြားထားပါတယ်။ အဲ့ဒါ တွေကတော့ -Shōwa era (1954–1975) Heisei era (1984–1995) Millennium era (1999–2004) Reiwa era (2016–present) တို့ဖြစ်ကြပါတယ်။အခုတင်ဆက်ပေးနေတဲ့ Millennium era (1999–2004) ဇာတ်ကားတွေ ကတော့ လက်ရှိ Shin Godzilla 2006 နဲ့ Godzilla Minus One တို့မတိုင်ခင် အခုခေတ်နဲ့အနီးစပ်ဆုံးဇာတ်ကားတွေပါ။ Millennium era ဇာတ်ကားတွေက standalone ဇာတ်ကားတွေများပြီး 1954 Godzilla တစ်ကားကိုသာ reference ယူလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှတင်ဆက်ပေးပြီးဖြစ်တဲ့ Godzilla Against Mechagodzilla နဲ့ Godzilla: Tokyo S.O.S တို့သာ ဇာတ်လမ်းချင်းအချိတ် အဆက်ရှိပြီး 1954 Godzilla ကိုသာမက Mothra 1961 ကိုပါ ...
movie

Godzilla: Tokyo S.O.S. (2003)

2003
Fights Break Sphere 3 (2024) 5.9
Fights Break Sphere 3 (2024) CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie

Fights Break Sphere 3 (2024)

Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Wonder Woman 1984 (2020)

2020
4K HEVC
Justice League: Crisis on Infinite Earths Part Two (2024)
Justice League: Crisis on Infinite Earths Part Two (2024)  DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(1.6 GB)/(825 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Animation, Science Fiction, Action  Subtitle….Myanmar Subtitle ...
movie

Justice League: Crisis on Infinite Earths Part Two (2024)

The Kung Fu Cult Master (1993) 6.4
The Kung Fu Cult Master (1993) တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ။. နဂါးနိုင်ဓါးရဲ့ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်း ပုံမှန်ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲနဲ့ယှဉ်ရင်တော်တော်များများ ကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ပါ..သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကို ကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီး နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။အဲဒီဓားနှစ်လက်ထဲမှာ ယွဲ့ဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့ လစကြာသိုင်းကျမ်းရဲ့လျှို့ဝှက်ချက်ကိုထည့်ဖွက်ထားတယ်လို့ဆိုကြတယ်။ ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါ သိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့် သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Kung Fu Cult Master (1993)

6 Hours Away (2024) 5.4
6 Hours Away (2024) 6 Hours Away [2024] (IMDb - 5.7/10)ခရစ်နဲ့ ဆာရာတို့ဟာ မာယာဆိုတဲ့ သမီးလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစု ဘဝလေးကို တည်ဆောက်ထားကြပါတယ်... တစ်နေ့ ဆာရာ အလုပ်ကိစ္စနဲ့ ခရီးသွားတုန်း... FBI အေးဂျင့်နှစ်ယောက်က ခရစ်ဆီရောက်လာပြီး သူတို့ ဆာရာကို စောင့်နေတာ ကြာပြီးဖြစ်ကြောင်းနဲ့ ဆာရာဟာ လာဘာကာ မူးယစ်ဂိုဏ်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပက်သက်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီး ဖြစ်ကြောင်း၊ အခုတော့ လုပ်ကြံမှုတစ်ခုအတွင်းမှာ သေဆုံးပျောက်ကွယ်သွားကြောင်း အသိပေးသွားပါတယ်...ခရစ်ဟာလည်း ဒီစကားတွေကို မယုံကြည်ပေမယ့် ဇနီးသည်နဲ့ကလည်း အဆက်အသွယ်မရ ဖြစ်နေခဲ့ပါတယ်... ဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖုန်းကောလ်ကြောင့် ဂျိမ်းမောင့်ဂိုမာရီကို လိုက်ရှာပါတော့တယ်... ဂျိမ်းဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးတော့ ဆာရာကို အသက်ရှင်လျက် ပြန်တွေ့ချင်ရင် ဂျိမ်းရဲ့ပြိုင်ဘက်ဂိုဏ်းက အဖွဲ့ဝင် ၆ယောက်ကို ၆နာရီအတွင်း သတ်ပေးရမယ်လို့ ခိုင်းစေပါတော့တယ်... ဒီလိုနဲ့ တချိန်က မရင်းတပ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ခရစ်လည်း ဇနီးသည်ကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် မူးယစ်ရာဇာရဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားအဖြစ် တာဝန်ထမ်းဆောင်လိုက်ပါတော့တယ်... ၆နာရီအတွင်းမှာ သူသတ်ရမယ့် လူတွေဟာ မူးယစ်ဂိုဏ်းဝင်တွေဖြစ်တာကြောင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရင်း ...
movie

6 Hours Away (2024)

2024
Fuks 2 (2024) 5.5
Fuks 2 (2024) Fuks 2 (2024)ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ ...
movie

Fuks 2 (2024)

2024
The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Kung Fu Ping Pong ( 2024 ) 5.8
Kung Fu Ping Pong ( 2024 ) ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာ တင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်က အပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့ တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့ စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာ တရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက် ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီး စားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာ ခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့ စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ? သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေက လက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Kung Fu Ping Pong ( 2024 )

The New Legend of Shaolin ( 1994 ) 6.3
The New Legend of Shaolin ( 1994 ) ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို ...
movie

The New Legend of Shaolin ( 1994 )

Target List (2023) 7.1
Target List (2023)  ခင်ပွန်းသည်က ဖောက်ပြန်တာခံရတဲ့ ဒွန်နာအတွက်တော့ သမီးလေးဂရေစီဟာ အရာရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာဆိုတဲ့နတ်ဆိုးက သမီးလေးကို သူ့ရဲ့ဘဝထဲကနေ ထပ်ပြီးတော့ ခေါ်ဆောင်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ဒွန်နာတစ်ယောက် WANDဆိုတဲ့ ကင်ဆာကုထုံးသစ်ကို စမ်းသပ်တီထွင်ဆဲကာလဖြစ်ပြီး သမီးလေးကိုမကယ်တင်နိုင်လိုက်ဘူးပေါ့။ဒီလိုနဲ့ နှစ်ပေါင်းများစွာစမ်းသပ်ရင်း ဂရေစီဆုံးသွားပြီး ၃ နှစ်အကြာမှာ ‌နမူနာWANDကိုထုတ်လုပ်တဲ့အဆင့် လူသားတွေနဲ့စမ်းသပ်မှုစတင်မယ့်ကာလမှာ ထုတ်ကုန်ကို ကြေညာဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြေညာလိုက်တာက သူတို့ရဲ့သေမင်းကို ဖိတ်ခေါ်လိုက်တာမှန်း ဒီသု‌တေသနပညာရှင် ၅ ယောက်မသိနေတဲ့အခါ...ထုတ်ကုန်ကြေညာဖို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ညကနေစလို့ ဓာတ်ခွဲခန်းကို မီးလာရှို့ပြီး သုတေသနအဖွဲ့တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားတွေရောက်လာချိန်မှာတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်နေတဲ့ ကလိုက်ဒ်နဲ့ ဒွန်နာကိုလုပ်ကြံတာပေမဲ့ ခင်ပွန်းဟောင်းကိုထိပြီး သီသီလေးလွတ်မြောက်လာတဲ့ဒီနှစ်ယောက် အသက်ဘေးလွတ်အောင်ရုန်းကန်ရင်း တရားခံကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။Nerdပီပီ တစ်ခါတရံမှာ ဇီဇာကြောင် အူကြောင်ကြောင်အတွေးတွေနဲ့ကလိုက်ဒ်နဲ့ လက်ရဲဇာတ်ရဲ တဇွတ်ထိုးဆန်တဲ့ဒွန်နာတို့နှစ်ယောက်ရဲ့ တရားခံရှာပုံတော်ကို ဟာသလေးနှောလို့ အတူရှုစားလိုက်ရအောင်ပါ။ File size…(1.35 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, ...
movie

Target List (2023)

Stockholm Bloodbath (2023)
Stockholm Bloodbath (2023)  အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ်ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ် File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:25:00 Genre... Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Stockholm Bloodbath (2023)

Akelli (2023) 6.2
Akelli (2023) Akelli (2023)"လှောင်အိမ်ထဲက လိပ်ပြာ" ==============================၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန်အခြေခံ သည်းထိတ်ရင်ဖို၊ ဒရာမာရုပ်ရှင်တစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆုံးသွားတဲ့ အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဂျိုတီ။ လဲရာသူခိုးထောင်းဆိုသလိုပဲ သူတပါးအတွက်နဲ့ ရှိတဲ့အလုပ်ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ဂျိုတီဟာ အလုပ်ရှာဖို့ကြိုးစားရင်း ရွေးစရာမရှိတဲ့အတွက် အဲဒီကာလတုန်းက စစ်ဖြစ်နေခဲ့တဲ့ အီရတ်နိုင်ငံက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။အီရတ်ကိုရောက်ရောက်ခြင်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်တွေ့လိုက်ရတဲ့ ဂျိုတီဟာ အိန္ဒိယကို ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ပြန်ခွင့်မရသေးခင်မှာ အိုင်းစစ် စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့အခါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.9GB / 742MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Akelli (2023)

2023
Due Justice (2023)
Due Justice (2023)  အက်ရှင်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်စ်က ရေတပ်ကနေထွက်ပြီး အိမ်ခြံမြေရှေ့နေအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ တစ်ရက်မှာတော့ မက်စ်ဟာ မထင်မှတ်ဘဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုရဲ့ကိစ္စထဲကို ၀င်ပါမိသွားတဲ့အခါမှာတော့ မက်စ်ရဲ့ မိသားစုဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့မက်စ်တစ်ယောက် ဒီလူသတ်မှုနောက်ကွယ်ကတရားခံတွေကို ရှာဖွေပြီး သူ့မိသားစုအတွက် တရားမျှတမှုကိုပြန်ယူပေးဖို့အတွက် ကြိုးစားရာကနေ စီအိုင်အေနဲ့ တခြားမှောင်ခိုစီးပွားရေးလုပ်ငန်းရှင်တွေကပါ ပါ၀င်ပတ်သက်လာတဲ့နောက်မှာတော့...မက်စ်ရဲ့မိသားစုက ဘာကိစ္စအကြောင်းမဲ့သတ်ခံလိုက်ရတာလဲ၊ သတ်ဖြတ်ခဲ့တဲ့သူတွေကရော ဘာအကြောင်းပြချက်တွေကြောင့်သတ်ခဲ့တာလဲ၊ မက်စ်နဲ့အတူ ဒီလူဆိုးဂိုဏ်းတွေကိုရော တခြားဘယ်သူတွေက လိုက်လံစုံစမ်းနှိမ်နင်းဦးမလဲ၊ မက်စ်တစ်ယောက် နောက်ဆုံးမှာ သူ့မိသားစုကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့သူတွေကို လက်စားချေနိုင်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Due Justice (2023)

My Father Is A Hero ( 1995 ) 6.6
My Father Is A Hero ( 1995 ) 1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်း သိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးက ရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့် မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီး အရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာ သူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီး ဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကို သားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Drama , Action, Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

My Father Is A Hero ( 1995 )

1995