Channel Myanmar
Action
The Wizards Return: Alex vs. Alex (2013) 6.6
The Wizards Return: Alex vs. Alex (2013)   IMDb 6.6 ရရှိထားပြီး အဆိုတော် ဆယ်ကျော်သက် လူငယ်သရုပ်ေဆာင် ဆယ်လီနာဂိုမက် ပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ကားလေးတကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကို Disney ကရိုက်ကူးထားပြီး တခြား ရိုက်ကူးထားတဲ့ကားတွေလိုပါပဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါ ဇာတ်လမ်း အကျဉ်းလေးကတော့  ရူဆို မိသားစု ဟာ အီတလီ တက်စ်ကယ်နီမြို့မှာ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံဖို့ သွားရာမှာ လူငယ်ဖြစ်သူ အဲလစ်က သူ့ရဲ့ မှော်အတတ်ကို အသုံးပြုလိုက်ရာမှ မထင်မှတ်ပဲ အရေးယူခံလိုက်ရာမှ ဘယ်လိုတွေများ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူ လိုက်ကြပါတော့ဗျာDownload From V.I.PDownload  From Pcloud
movie
2013
The Nice Guys (2016) 7.4
The Nice Guys (2016) The Nice Guys (2016) IMDb - 7.4/10_____Rotten - 92%   ယခုဇာတ်ကားကို ကြည့်နေစဉ်မှာ ကျွန်တော်ဘယ်ဇာတ်ကားတွေကို သွားသတိရမိစေလဲဆိုတော့ Chinatown နဲ့L.A. confidential ဇာတ်ကားတွေပဲ။ ဒါပေမဲ့ ထိုဇာတ်ကားတွေနဲ့ ကွာခြားချက်တစ်ခုကတော့ အသောမတတ်နိင်အောင် ရယ်မောနေစေရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ ဟာသလို့ပြောရမယ်ဆိုရင် "Lethal Weapon" နဲ့ "Boogie Nights" တို့နဲ့လည်းသွားဆင်တူသေးတယ်။ ခင်ဗျားဟာ ဇာတ်အိမ်ကောင်းကောင်းတစ်ကား ကြည့်ချင်မယ်။ Action ခန်းတွေကိုလည်း များနိုင်သမျှများ၊ ကြမ်းနိုင်သမျှကြမ်းစေချင်မယ်။ ဒီကြားတည်း ဟာသခန်းလေးတွေလည်း ကြည့်ချင်သေးတယ်ဆိုရင်တော့ 2016 အတွက် ရှားရှားပါးပါး ယခု The Nice Guys ဆိုတဲ့ တစ်ကားလေးပဲ ထွက်ပေါ်လာခဲ့တယ်။ နောက်ထပ် တစ်ချက်က ဇာတ်သိမ်း၊ အားမရခဲ့ပေမဲ့ ယုတ္တိရှိတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အပြင် လက်တွေ့လောကကြီးတွေထဲမှာလည်း ယခုအတိုင်းပင် ငွေကြေးရှိရင် ဥပဒေတွေက လွတ်မြောက်စမြဲပင်လေ။ ဒီဇာတ်ကားကို ...
movie
The Nice Guys (2016)
2016
Keeping Up with the Joneses (2016) 6.9
Keeping Up with the Joneses (2016)
2016
Collide (2016)
Collide (2016) IMDb 5.7 ရရှိထားတဲ့ Collide (2016) ဟာ Nicholas Hoult , Felicity Jones, Anthony Hopkins တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာကြောင့် စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရတာ အရမ်းကိုလန်းတဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ အချစ်အတွက် ချစ်တဲ့သူအတွက်ဆိုရင် သူ့ဘ၀ ရပ်တည်မှု ပုံစံ အရာရာကို ပြောင်းလဲ ပစ်ဖို့ အသင့်ရှိတဲ့ အရမ်းချစ်တတ်တဲ့ ကောင်လေး တစ်ယောက် နေရာက Nicholas Hoult နဲ့ ရောဂါသည်ကောင်မလေး နေရာက Felicity Jones တို့ရဲ့ အရမ်းချစ်တတ်ကြတဲ့ ချစ်သူပုံစံလေးကိုလည်း မြင်တွေ့ရမှာပါ ။ အဲဒီလိုနဲ့ အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ရိုးသားစွာနဲ့ တည်ဆောက်နေချိန်မှာပဲ လျှို့ဝှက်ထားခဲ့တဲ့ ချစ်သူ ကောင်မလေးရဲ့ ရောဂါ အခြေအနေ ...
movie
Collide (2016)
Duelist (2005) 6.0
Duelist (2005) ဒီ​ဇာတ်​​လမ်း​လေးက​တော့.. စိတ်​မြန်​လက်​မြန်​အလုပ်​လုပ်​တတ်​ပြီးဒေါသထွက်မြန်တဲ့ နန်းတွင်းစုံ​ထောက်​နမ်​ဆွန်​တစ်​​ယောက်ငွေအတုပြသနာကိုဖြေရှင်းရာကနေ ဒုစရိုက်​ဘက်​​တော်​သားတစ်​ဦးနောက်ကိုခြေရာခံလိုက်ခဲ့ပါတယ်.. အဲ့ဒုစရိုက်သမားလို့သူထင်နေတဲ့တစ်ယောက်ကတော့ အေးစက်တဲ့မျက်နှာကိုပိုင်ဆိုင်ထားပြီးတော့ ဓားစွမ်းကလည်းသူ့ထက်ပိုသာနေပါတယ်... တစ်ရက်ပြီးတစ်ရက်အဲ့ဓားသမားနောက်ကိုနောက်ယောင်ခံလိုက်ရင်းကနေ တိတ်​တခိုးချစ်​မိသွားခဲ့ပါတယ်... အဲ့နောက်ပိုင်းမှာတော့  တကယ့်ပြသနာကြုံလာရတဲ့အခါသူချစ်မိသွားတဲ့သူကိုပဲကာကွယ်ပေးမလား... အဲ့ပြသနာတွေကိုဘယ်လိုဖြေရှင်းမလဲ... ဝန်​ကြီးချုပ်​ရဲ့ရည်​ရွယ်​ချက်​အမှန်ကိုဖော်ထုတ်နိုင်မလားဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...   Size...(1 GB)  Format…mp4 Duration...01:51:54 Subtitle….Myanmar Subtitle (Hardsub) Translator…Pyae Phyo Hein Encoder….Moe Myint Lwin  Download with VIP Link  Download with Pcloud  Download with Pcloud (Small Size)  Download with Openload    
movie
Duelist (2005)
2005
The Purge:Election Year (2016)  Purge ကတော့ လူတိုင်းနဲ့ရင်းနှီးနေပြီးသားကားဖြစ်မှာပါ...ဒီကားထဲမှာအရက်စက်ဆုံးလူသတ်မှု့တွေနဲ့ လူသားအချင်းချင်းသုတ်သင်ရှင်းလင်းကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်...ဇာတ်လမ်းရဲ့အကြောင်းကိုပြောပြရမယ်ဆိုရင်....အမေရိကန်အစိုးရဟာ နှစ်စဉ်နှစ်တိုင်းMarch လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုအစဉ်မြဲကျင့်သုံးလာခဲ့ပါတယ်...ဒါကို သန့်စင်ရှင်းလင်းတဲ့လုပ်ရပ်လို့လည်း နာမည်တပ်ထားကြပါတယ်...ဒီလိုသန့်စင်ရှင်းလင်းမှု့တွေကို ရှုံ့ချတဲ့ သူကတော့သမ္ပတအဖြစ်အရွေးခံမယ့်အမျိုးသမီး အမတ်လောင်း Roan ပဲဖြစ်ပါတယ်...ဘာလို့လဲဆိုတော့ အဲ့ဒီသုတ်သင်ရေးပွဲတော်မှာ သူမမိသားစုဝင်တွေပါစတေးခံခဲ့ရလို့ဖြစ်ပါတယ်....ဒါကြောင့် သူမသမ္ပတလောင်းအဖြစ်ရပ်တည်လာမယ့်သက်တမ်းတစ်လျောက်မှာတော့ သူမဟာဒီသုတ်သင်ရေးပွဲတော်ညကိုတခြားပြိုင်ဘက်အမတ်နဲ့ ယှဉ်ပြိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်.....ကောင်းတာလုပ်ရင်လူမုန်းများလာသလို သူမအတွက်လည်းလုပ်ရိုးအစဉ်လာဖြစ်တဲ့ဒီသုတ်သင်ရေးပွဲတော်ကိုဆန့်ကျင်တဲ့အတွက်အန္တရာယ်ကပိုပြီးတော့ များပြားလာခဲ့ပါတယ်...ဒါကြောင့် ဒီသုတ်သင်ရေးညမှာသူမတစ်ယောက်အန္တရာယ်ကင်းအောင်နေထိုင်ရမှာဖြစ်ပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာအနိုင်ရအောင်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်.....ဒီလို ရက်ရက်စက်စက်သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတဲ့ လူသတ်ညမျိုးမှာသူမတစ်ယောက်အသက်ရှင်နိုင်မလား.....ဘယ်လိုအန္တရာယ်မျိုးတွေကျရောက်လာနိုင်မလဲ.....သူမကို သူမရဲ့ကိုယ်ရံတော်ကဘယ်လိုနည်းတွေနဲ့ကာကွယ်မလဲဆိုတာကိုသည်းထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်..... File size…(1GB  )  Format…mp4 Duration….01:48:48 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin
movie
The Purge:Election Year (2016)
2016
Tomorrowland ( 2015 ) 6.4
Tomorrowland ( 2015 ) IMDb 6.5 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး . မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာ ဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့ ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့ အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက် ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီး ထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့ အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။ အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့ စီမံကိန်းတစ်ချို့ကို ...
movie
Tomorrowland ( 2015 )
The Huntsman: Winter’s War (2016) 6.1
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016)_________IMDb - 6.1/10   IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့်ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားကကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့Snow White and the Huntsman ရဲ့ အဓိကဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာစုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာကဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler ...
movie
The Huntsman: Winter’s War (2016)
Tai Chi Master(1993)
Tai Chi Master(1993) ကဲဒီနေ့တော့ IMDb rating 7.3/10 ရရှိထားတဲ့1993တုန်းကနာမည်ကြီးကားလေးတင်ပေးပါမယ်။ ဒီဇာတ်ကားကတော့ကျွန်တော်(စိုးထွေး)ရဲ့၁၃ကားမြောက်ဘာသာပြန်ကားလေးပါ။ သေချာပါတယ်ဒီဇာတ်ကားကိုကြည့်ပြီးသူတွေတော်တော်များများရှိကြမှာပါ။ ဒါပေမဲ့ဒီဇာတ်ကားလေးဟာရှားပါးဇာတ်ကားလေး တစ်ကားဖြစ်လာပြီလို့ပြောရင်မှားမယ်မထင်ပါဘူး။ ဒါကြောင့်ဒီရှားပါးဇတ်ကားလေးကို အမျိုးတွေကိုမြန်မာစာတန်းထိုးနဲ့အရသာရှိရှိကြည့်ရှုနိင်ဖို့အတွက်ကျွန်တော်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီဇတ်ကားကိုကြည့်ရှုချင်ကြတဲ့ပရိတ်သတ်တွေလည်းရှိကြဦးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဇာတ်ကားအကြောင်းလေးအနည်းငယ်ကိုပြောရရင်တော့ငယ်စဉ်ကတည်းကရှောင်လင်ကျောင်းမှာပညာသင်ကြားတဲ့သူငယ်ချင်း၂ယောကအကြောင်းတခုကြောင့်အပြင်လောကကိုရောက်သွားတဲ့အခါ ဘာဆက် ဖြစ်မလဲ။ တစ်ဦးကကြင်နာတတ်သူ တစ်ဦးကခက်ထန်ရက်စက်ပြီးရာထူးအာဏာမက်သူ . . . ရာထူးအာဏာမက်သူအတွက်ရာထူးစည်းစိမ်ကိုမက်ပြီးသွေးသောက်သူငယ်ချင်းကို ဘယ်အချိန် သစ္စာဖောက်မလဲ။ သူငယ်ချင်းရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဒဏ်ရာရသွားခဲ့သောကျန်သူတစ်ဦးကကောပြန်ကောင်းလာမှာလား။ထိုက်ကျိရဲ့သဘောတရားကိုနားလည်ပြီး သူငယ်ချင်းကိုဘယ်လိုပြန်လက်စားချေမလဲ စသဖြင့်ဇာတ်ကားတစ်ကားလုံးပရိတ်သတ်တွေကိုအကြိုက်တွေ့စေမှာပါ။ မင်းသားမင်းသမီးတွေကကတော့ ပရိတ်သက်အကြိုက် နာမည်ကြီးမင်းသားဂျက်လီနဲ့အတူနာမည်ကြီးမင်းသမီးမီရှဲယိုလည်းအတူတူပါဝင်သရုပ်ဆောင်ထားလို့မကောင်းမှာပူစရာမလိုတော့ပါဘူး။ကဲ ထုံးစံအတိုင်းပဲ Download ဆွဲပြီးအားပေးကြပါကုန် . . .(ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)Download and Direct Watch HD720P   Download and Direct Watch HD small file 480P
movie
Tai Chi Master(1993)
Stone Cold (1991) – မြန်မာစာတန်းထိုး
Stone Cold (1991) – မြန်မာစာတန်းထိုး ၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ ပရိသတ်တွေ ရင်းနှီးတဲ့သူတော့မဟုတ်ပါဘူး။ တစ်ချိန်က အမေရိကန်ဖွတ်ဘော ကစားခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီးဒီကားက သူရဲ့ရုပ်ရှင်သရုပ်ဆောင်ဘ၀အစရဲ့ ပထမဆုံးကားဖြစ်ပါတယ်။IMDb rating 5.8/10 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မစ္စစ္စပီပြည်နယ်တစ်ဝိုက်မှာ ညီအကိုများလို့နာမည်ကြီးတဲ့ဆိုင်ကယ်စီးတဲ့ ဂိုဏ်းတစ်ခုက မကောင်းတဲ့အလုပ်တွေအကုန်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။ ဒါကို FBI က ဖြိုခွဲချင်တဲ့အတွက်ခပ်ကြမ်းကြမ်းနေတတ်တဲ့ရဲသား ဂျိုးဟဖ်(မင်းသား)ကို အဲဒီဂိုဏ်းထဲဝင်ခိုင်းပြီးဂိုဏ်းကို ဖမ်းဖို့ အကွက်ဆင်တာ ဖြစ်ပါတယ်။ မင်းသားအနေနဲ့ ညီအကိုတွေရဲ့ယုံကြည်မှုရအောင် လုပ်ဆောင်အပြီး တစ်ဂိုဏ်းလုံးကို ဖမ်းကာနီးမှာပဲဒုစရိုက်မှုပပျောက်အောင်လုပ်နေတဲ့ ခရိုင်ရှေ့နေ ၀ှစ်ပါတန်ကိုပါ ညီအကိုတွေကလုပ်ကြံကြတော့မှာ ဖြစ်သလို သူ့ကိုလည်း သူလျှိုမှန်းသိသွားကြတဲ့အတွက်ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။အက်ရှင်တွေက ဒီဘက်ခေတ်လောက် သိပ်မကောင်းပေမယ့် အဲဒီခေတ်ကအရမ်းပေါက်ခဲ့တဲ့ကားလေးပါ။ ခံစားကြည့်ကြပါ။(ငယ်ငယ်က ဒီကားကို သမ္မတရုံမှာ ကြည့်ပြီး ဆိုင်ကယ်သမားဖြစ်ချင်ခဲ့တယ်။မှတ်မှတ်ရရ ရုပ်ရှင်ရုံမှာ ချိတ်ထားတဲ့ပိုစတာကြီးက စိတ်ဝင်စားစရာတစ်ကွက်မှမရှိတဲ့ မင်းသားကဖွတ်ကြီးကို ဖက်ထားတဲ့ပုံကြီးဗျ :D)(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ Ko Nyi Nyi Kyaw ...
movie
Stone Cold (1991) – မြန်မာစာတန်းထိုး
The Raid 2 (2014) 8.0
The Raid 2 (2014) The Raid 2 (2014) IMDb - 8.0/10_____Rotten - 81%  ဒီဇာတ်ကားက အင်ဒိုနီးရှား သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။ IMDb Rating (8/10)... Rotten Tomatoes (81%) ...Metacritic (71%) ထိရရှိထားပါတယ်။ အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။ ၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့  The Raid: Redemption ရဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ .......... လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ...
movie
The Raid 2 (2014)
2014
The Raid: Redemption (2011) 7.6
movie
2011
War (2007) 6.3
War (2007) Unicode ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား တွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့ အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ  ကြေးစားလူသတ်သမား ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့ သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့် ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့် ဇာတ်ကားကောင်းတစ်ကား လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ :D Zawgyi ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား တွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့ အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ  ကြေးစားလူသတ်သမား ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့ သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့် ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့် ဇာတ်ကားကောင်းတစ်ကား လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ :D
movie
War (2007)
2007
The Siege of Jadotville (2016) 7.2
The Siege of Jadotville (2016) The Siege of Jadotville (2016)IMDb - 7.2/10_____Rotten - 64%  (UNICODE)The Siege of Jadotville ---------------- "ကျုပ်အထင်ကတော့ ကျုပ်တို့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့လာခဲ့တဲ့ တပတ်မပြည့်ခင်ဘဲ ကျုပ်တို့တစ်တပ်လုံးသေတော့မယ်ထင်တာဘဲဗျို့" ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပြီ။ ရာစုနှစ်တစ်ခုရဲ့ တစ်ဝက်မကျိုးခင်မှာဘဲ လူသန်းပေါင်းများစွာဟာ ကမ္ဘာစစ်နှစ်ခုနဲ့အတူ ချုပ်ငြိမ်းသွားခဲ့ကြပါပြီ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးပြီး ၅၂ ရက်တိတိ အကြာမှာ အနာဂတ်မှာ ကမ္ဘာစစ်တွေကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းအကြီးကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးမှုနဲ့အတူ စစ်တွင်းကတည်းက ဒါမှမဟုတ် စစ်ကြီးမတိုင်ခင်ကတည်းက ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ တိုင်းပြည်တွေဟာလည်း ကိုလိုနီနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးစားနေကြပါတယ်။ စစ်ကြီးပြီးဆုံးပြီး ၁၅ နှစ်နည်းပါးကြာမြင့်လာသည့်တိုင် ကမ္ဘာကြီးရဲ့ တချို့နေရာတွေဟာ စစ်တွင်းမှာဘဲ ဆုံးဆုံးနှစ်လို့ ကောင်းနေပါသေးတယ်။ အမေရိကတိုက်မှာဆိုရင် ကျူးဘားတော်လှန်ရေးကြီးဟာ ၁၉၆၀ အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းလာခဲ့ပြီး ...
movie
The Siege of Jadotville (2016)
2016
Tag (2015) 6.1
Tag (2015)  အမျိုးသမီး အထက်တန်းကျောင်းမှ ကျောင်းသူ အားလုံးသည် အားလပ်ရပ် အပန်းဖြေခရီးထွက်လာရသဖြင့် ပျော်ရွှင်နေကြသည်... ကား နှစ်စီး ဖြင့် ခရီးဆက်နေရပြီး ကျောင်းသူ များသည် ထိန်းမနိုင်လောက်အောင် ကားပေါ်တွင် ဆော့နေကြပြီး တစ်ဦးနဲ့တစ်ဦး နောက်ပြောင်ရုံမကပဲ တစ်ခါတစ်ရံ လမ်းသွားလမ်းလာများကိုပါ ပြုတင်းပေါက်မှ ခေါင်းလေးများပြူထွက်ပြီး စနောက်ခဲ့ကြလေသည်... ထို ကျောင်းသူများ ထဲတွင်မှ အတည်ငြိမ်ဆုံးသော မစ်ဆူကို ကတော့ သူမ ၀ါသနာပါသော ကဗျာလေးတွေကို ငြိမ်သက်စွာ ဒိုင်ယာရီ စာအုပ်လေးထဲတွင် ချရေးလျက်ရှိနေခဲ့ပြီး ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများဖြင့် အဆက်သွယ်ပြတ်နေခဲ့ပါတယ်... ထိုသို့ အချင်းချင်းစနောက်နေရင်း မစ်ဆူကို ထံမှ သူငယ်ချင်းများက စာအုပ်ဆွဲယူရာ ဘောလ်ပင်န် လေး ကျသွားသဖြင့်  မစ်ဆူကို တစ်ယောက် အပြုံးမပျက် စိတ်မဆိုးပဲ ခုံပေါ်မှ အောက်သို့ ဒူးလေးထောက်ပြီး သူမ ဘောလ်ပင်န် ကို လှမ်းအယူမှာတော့ ခုနက ဆူညံပွတ်လောရိုက်နေသော  ကျောင်းသူများ၏ အသံသည် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေတော့ရာ မစ်ဆူကို တစ်ယောက် အံ့သားသင့်၍ ဘေးဘီသို့ လှည့်ကြည့်လိုက်သော အခါတွင်တော့.... (သွေးထွက်သံယို အခန်းများ အများဆုံးပါဝင်လို့ ...
movie
Tag (2015)
2015
The Losers (2010) 6.4
The Losers (2010) ဒီကားကတော့ အက်ရှင်ကားကြိုက်တဲ့သူတွေအကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…. စစ်ဆင်းရေးတစ်ခုအတွက်ကြောင့် U.S. Special Force တစ်ဖွဲ့ကို Bolivian တောထဲကိုစေလွှတ်ပြီး စစ်ဆင်ရေးကိုစတင်စေခဲ့ပါတယ်… Clay , Jensen , Roque , Pooch နဲ့  Cougar တို့ဟာပစ်မှတ်ဖြစ်တဲ့ရန်သူဖြစ်တဲ့ Max ကိုဥာဏ်မျိုးစုံနည်းပေါင်းစုံနဲ့ ရှာဖွေခဲ့ရပါတယ်…. စစ်ဆင်ရေးမှာသူတို့တွေ လှည့်စားခံလိုက်ရပြီးနောက်ပိုင်းမှာတော့ သူတို့ကိုယ်သူတို့သေသူတွေအဖြစ်သတ်မှတ်လိုက်ပြီး သူတို့ကိုလာပြီးဆက်သွယ်တဲ့ Aisha နဲ့အလုပ်ထပ်မံလုပ်ကိုင်ခဲ့ပါတယ်…. သူတို့တွေစစ်ဆင်ရေးတစ်ခုကိုအတူတူလုပ်ရင်း Max ကိုချေမှုန်းနိုင်မယ့် အစီစဉ်တွေကိုဘယ်လိုချလဲ… ဘယ်လိုတွေရန်သူတွေနဲ့အဖွဲ့လိုက်ဥာဏ်သုံးပြီး တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်… ဒီကားဟာ အဖွဲ့လိုက်လှုပ်ရှားမှု့တွေကိုအခြေခံထားလို့ တစ်ယောက်ချင်းစီနဲ့ နာမည်နဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်…..File size…(845 MB , 597 MB)  Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Translator…Zayyar Htet Encoder….Moe Myint Lwin zawgyi ဒီကားကတော့ အက်ရှင်ကားကြိုက်တဲ့သူတွေအကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…. စစ်ဆင်းရေးတစ်ခုအတွက်ကြောင့် U.S. Special Force တစ်ဖွဲ့ကို Bolivian တောထဲကိုစေလွှတ်ပြီး စစ်ဆင်ရေးကိုစတင်စေခဲ့ပါတယ်… Clay , Jensen , Roque , Pooch နဲ့  Cougar တို့ဟာပစ်မှတ်ဖြစ်တဲ့ရန်သူဖြစ်တဲ့ Max ကိုဉာဏ်မျိုးစုံနည်းပေါင်းစုံနဲ့ ရှာဖွေခဲ့ရပါတယ်…. စစ်ဆင်ရေးမှာသူတို့တွေ လှည့်စားခံလိုက်ရပြီးနောက်ပိုင်းမှာတော့ သူတို့ကိုယ်သူတို့သေသူတွေအဖြစ်သတ်မှတ်လိုက်ပြီး သူတို့ကိုလာပြီးဆက်သွယ်တဲ့ Aisha နဲ့အလုပ်ထပ်မံလုပ်ကိုင်ခဲ့ပါတယ်…. သူတို့တွေစစ်ဆင်ရေးတစ်ခုကိုအတူတူလုပ်ရင်း Max ...
movie
The Losers (2010)
2010
Dragon Eyes (2012) 4.5
Dragon Eyes (2012)         ကဲ ပထမဆုံး Gong Xi  Fa Cai ပါလို့ နှုတ်ခွန်းဆက်ဆုတောင်း ပေးပါတယ် အားလုံးပဲ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးပါဗျ ကဲ ဒီတစ်ခါတော့ မင်းသားကြီး ဗင်ဒိန်းပါဝင်ထားတဲ့ ဂိုဏ်စတား ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဗျ ဇာတ်လမ်း ကတော့ ဂိုဏ်စတားကားတို့ ထုံးစံအတိုင်း အသတ်အပုတ်တွေ နဲ့ Martial Art ခေါ် သိုင်းကစားကွက်တွေကို တ၀ကြီး ကြည့်ရမှာဖြစ်ပါတယ် ကဲ အက်ရှင်ကြိုက်ပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြမှာပါဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ St. Jude မြို့ဟာ ဂိုဏ်းစတားတွေ မင်းမူ သောင်းကျန်းရာနေရာဖြစ်ပြီး မြို့သားတွေဟာ ထိပ်လန့်ကြောက်ရွှံ့စွာနဲ့ နေထိုင်ကြရပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဟောင် ဆိုတဲ့ လူစိမ်းတစ်ယောက် ရောက်ရှိလာရာမှာ ဂိုဏ်းအဖွဲ့တွေဟာ ဖြိုခွဲခံရပါတော့တယ် ဒီလိုနဲ့ ဂိုဏ်းစတားတွေက သိုင်းပညာသင်ကြားဖို့ အတွက် သိုင်းပညာရှင် ဘန်ဒမီ ကို ဖိတ်ခေါ်ပြီး သင်ကြားလေ့ကျင့်ခိုင်းပါတော့တယ် ကဲ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဆက်လက်သာကြည့်လိုက် ကြပါတော့ဗျာ လို့  ...................................................။unicode ကဲ ပထမဆုံး Gong Xi  Fa Cai ပါလို့ နှုတ်ခွန်းဆက်ဆုတောင်း ပေးပါတယ် အားလုံးပဲ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးပါဗျ ကဲ ဒီတစ်ခါတော့ မင်းသားကြီး ဗင်ဒိန်းပါဝင်ထားတဲ့ ဂိုဏ်စတား ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဗျ ဇာတ်လမ်း ကတော့ ...
movie
Dragon Eyes (2012)
2012
Car II (2011) 6.3
Car II (2011)  ကဲ ဒီတစ်ခါ အားလုံးနဲ့ ရင်းနှီးပြီးသား ကာတွန်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက car 2 ဖြစ်ပြီး IMDB မှာ တော့ ၆.၃ အထိရထားပါတယ်ဗျ ကလေးကော လူကြီးပါ နှစ်သက်မယ် ကားလေး တစ်ကားဆိုတာကိုတော့ ပြောနေစရာလိုလောက်ပါဘူးနော် ဇာတ်လမ်း အကျဉ်းလေးကတော့ စတားကွင်း ပြိုင်ပွဲကြီးရဲ့ ချန်ပီယံ မက်စ် တစ်ယောက် ဟာ သူ့ဆရာ နဲ့ တခြားပင်လယ်ရပ်ခြားမှာ သွားရောက်ပြိုင်ဆိုင်ဖို့ သွားရောက်ရာမှာ လမ်းခရီး မှာ သူ့ နည်းပြ ဆရာဟာ အဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ဘယ်လိုများ အခက်အခဲတွေက စောင့်ကြိုလေမလဲမက်စ် တယောက်ကော သွားရောက်ပြိုင်ဆိုင်နိုင်မှာလား ဒါမှ မဟုတ် လမ်းမှာပဲ ဘာတွေ များဖြစ်မလဲဆိုတာကို ဆက်လက် ကြည့်ရှူကြရမှာဖြစ်ပါတယ်ဗျ :D unicode ကဲ ဒီတစ်ခါ အားလုံးနဲ့ ရင်းနှီးပြီးသားကာတွန်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကcar 2 ဖြစ်ပြီး IMDB မှာ တော့၆.၃ ...
movie
Car II (2011)
2011
The Burma Conspiracy (2011) 6.2
The Burma Conspiracy (2011) လာဂိုဝင့်ခ်ျ ... ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ .... သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီး လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ ... ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့ လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ ... လာဂိုဝင့်ခ်ျဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ ... 2011 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating - 6.2 ရရှိထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။ ဒီကားဟာ လာဂိုဝင့်ခ်ျ ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။ တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ .. တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ အခြေအနေတွေကို ယှဉ်ထိုးရိုက်ကူးထားတဲ့ ...
movie
2011