Channel Myanmar
Action
Kill’em All (2017)
Kill’em All (2017)   မင်းသားကြီးဗန်ဒိန်းရဲ့ 2017ထွက်အက်ရှင်ကား အသစ်စက်စက်ပါ။ Jean-Claude Van Dammeအပြင် အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Peter Stormare, Maria Conchita Alonso နဲ့ Autumn Reeser တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတစ်ခုအပြီးမှာ လူစိမ်းတစ်ယောက်က ဒေသအတွင်းကဆေးရုံတစ်ရုံကို သေလုမျောပါးသေနတ်ဒဏ်ရာတွေနဲ့ရောက်လာပါတယ်။ ဆေးရုံမှသူနာပြုလေးမှ အသက်ကယ်နေစဉ်အချိန်အတွင်းမှာ နိုင်ငံခြားလူဆိုးဂိုဏ်းတစ်ဂိုဏ်းက ထိုသူစိမ်းကိုသတ်ဖို့ဆေးရုံအတွင်းသို့ဝင်ရောက်လာပါတော့တယ်။ မင်းသားကြီးဗန်ဒိန်းရဲ့ထုံးစံအတိုင်း အက်ရှင်ခန်းအမိုက်စားတွေနဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်တဲ့CMပရိသတ်တွေ အားရကျေနပ်ကြမယ့်ဇာတ်ကားတစ်ကားပါ (ဘာသာပြန်သူကတော့ linnthura1988 ပဲဖြစ်ပါတယ်) File Size : 750 MB/280MB Quality : Bluray 720P Running Time : 1hr 36minutes Format : Mp4 Genre : Action Translator : linnthura1988 Encoder :Thanhtike Zaw  
movie
Kill’em All (2017)
Meet The Robinsons (2007) 6.9
Meet The Robinsons (2007) ဥာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ ... မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့် ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး... ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း) ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့် မှတ်ဥာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်.. တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့.. တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး… စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး… အနာဂတ်ကလာတာ ကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ ... ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်... သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို့ Quality…..BluRay 1080p Duration…..01:35:00 Format…Mp4 File Size…(738 MB , 561 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint  
movie
Meet The Robinsons (2007)
2007
Extortion (2017) 6.4
Extortion (2017) မိသားစု တစ်စု ပင်လယ်ကမ်းခြေကို အပန်းဖြေ ခရီးထွက်ခဲ့ကြပါတယ်။ အဲနောက်မှာတော့ ကမ်းခြေကို ရောက်တဲ့အခါမှာတော့ သူတို.တည်းတဲ့ ဟိုတယ်ကနေ သင်္ဘောတွေငှားတာ တစ်စီးမှမရခဲ့ပါဖူး နောက်ဆုံးတော့ လှေတစ်စီးတော့ရခဲ့ပါတယ်။ အဆိုပါ လှေနဲ. ပင်လယ်ထဲ ခရီးထွက် ပျော်ပါးပြီးတဲ့နောက် မမျှော်လင့်စရာ ဖြစ်ရပ်တစ်ခုနဲ.ကြုံခဲ့ပြီး လှေဟာပင်လယ်ထဲမှာပျက်စီးသွားခဲ့ပါတယ်။ သူတို.မိသားစုဟာ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းကြီးတစ်ခုပေါ်ရောက်သွားပါတယ်။ သူတို.မိသားစုတစ်စု လူသူမရှိတဲ့ ကျွန်းကြီး တစ်ခုပေါ်မှာ ဘယ်လိုအသက်ရှင်နေထိုင် စားသောက်ကြမလဲဆိုတာ ကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ linnthura1988 ပဲဖြစ်ပါတယ်။ File Size : 800 MB/360MB Quality : WEB DL 720P Running Time : 1hr 48minutes Format : Mp4 Genre : Action, Adventure, Crime Translator : linnthura1988 Encoder :Thanhtike ZawDownload From Yoteshin link   Download Here WEB DL 720p (800 MB) Openload Link  Download Small File Size 360p (360 MB) Openload ...
movie
Extortion (2017)
Bangkok Dangerous (2008) 5.4
Bangkok Dangerous (2008) ဂျိုး(နီကိုလတ်ကေ့ဂျ်) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါသူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက်သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ်အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ်ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအဝင် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာမှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။ File Size : 680MB/330MB Quality : 720P Running Time : 1h 39min Format : Mp4 Genre : ...
movie
Bangkok Dangerous (2008)
2008
Singam 3 (2017) 6.9
Singam 3 (2017)    အိန္ဒိယအက်ရှင်ရဲဇာတ်ကားပါ အရင်Singam 1 နဲ့ 2 ကိုတော့ CMပရိသတ်တော်တော်များများကြည့်ပြီးကြလောက်ပါပြီ ဒီဇာတ်ကားမှာလည်း အရင်ကားတွေလို အိန္ဒိယရဲတွေရဲ့အကြောင်းကို ပရိသတ်တွေမြင်တွေ့ခံစားရမှာပါ ၃ကားမြောက်ထွက်လာတဲ့ယခုဇာတ်ကားဟာ အရင်ကားတွေထက်လည်းရိုက်ကွက်တွေပိုကောင်းလာတယ် ဒီကားမှာလည်း အရာရှိSingamတစ်ယောက် ဘယ်လိုအခက်အခဲပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ပရိသတ်များရှုစားကြည့်ရင်းသိနိုင်မှာပါ အိန္ဒိယအက်ရှင်ကားကြမ်းကြမ်းတွေကြိုက်တတ်တဲ့ ပရိသတ်တွေကို အထူးကျေနပ်စေမယ့်ဇာတ်ကားတစ်ကားပါ File Size : 0.99 GB/670MB Quality : DVD Rip 720P Running Time : 2hr 35minutes Format : Mp4 Genre : Action,Trill Encoder :Thanhtike Zaw Download From Yoteshin link   Download Here DVD Rip 720p (0.99 GB) Openload Link  Download Small File Size 360p (670 MB) Openload Link
movie
Singam 3 (2017)
Dragon Hunter (2017) 6.0
Dragon Hunter (2017) ဂူကျင်းကျောင်းတော်ကြီးအောက်မှာ လျို့ဝှက်စွာသိမ်းထားတဲ့ အနက်ရောင်တောင်ဝှေးတစ်ချောင်း... မြွေနက်မလေးတစ်ကောင်က မှားယွင်းမြိုချမိပြီး နဂါးမိစ္ဆာကြီးဖြစ်သွားတဲ့အခါမှာ... ကျားမိစ္ဆာတစ်ကောင်သောင်းကျန်းနေလို့ နှိမ်နင်းဖို့ မွေးရာပါ ကျားအမှတ်အသားပါတဲ့ ဆရာတက်ရှ်ဆိုတဲ့ကျားနိုင်ဆရာကို သွားရှာဖို့ ဂူကျင်းကျောင်းတော်က ဘုန်းကြီးကယ်တစ်ပါးကိုစေလွှတ်လိုက်ပါတယ် ထိုဘုန်းကြီးကယ်မှာ မွေးရာပါ နဂါးနိုင်အမှတ်အသားပါလာပြန်ပြီး နဂါးမိစ္ဆာကိုနှိမ်နင်းဖို့ ပါရမီပါနေသူဖြစ်နေပြန်ပါတယ်.. နဂါးမ မြိုချထားတဲ့ အနက်ရောင်တောင်ဝှေးဆီက အစွမ်းတွေရချင်နေတဲ့ မိစ္ဆာကြီးဟာ ဆရာယောင်ဆောင်ပြီး သူ လက်သပ်မွေးထားတဲ့ တပည့်မလေးကို.. နဂါးအမှတ်အသားပါတဲ့ ဘုန်းကြီးလေး ရှူရှင်ကို သိမ်းသွင်းခိုင်းဖို့ကြိုးခိုင်တဲ့အခါမှာ.. ကျားနိုင်သူရဲကောင်း ဆရာတက်ရှ် ကိုရော..ရှာတွေ့မှာလား.?? နဂါးမိစ္ဆာကြီးကိုရော နှိမ်နင်းနိုင်မှာလား?? တပည့် မြေခွေးမလေးကိုရော သူ့ဆရာ မိစ္ဆာကြီးရန်ကနေ ကာကွယ်ပေးနိုင်မှာလား?? အားလုံးသော တာဝန်တွေဟာ ဘုန်းတော်ကြီးရှူရှင် အပေါ်ကျရောက်လာပါတော့တယ်...... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အောင်ချမ်းငြိမ်း ပဲဖြစ်ပါတယ်) File Size : 700 MB/270MB Quality : WEB DL 720P Running Time : 1hr 20minutes Format : Mp4 Genre : Fantasy Action Comedy Translator : Aung Chan Nyein Encoder :Thanhtike ...
movie
Dragon Hunter (2017)
Cyborg X (2016)
Cyborg X (2016) ဒီကားလေးက rating 4.8 IMDb ရရှိထားပါတယ်။ ဂျက်ကီမော ဆိုတဲ့နည်းပညာရှင်က အသိဥာဏ်တုပါတဲ့စက်ရုပ်တွေတီထွင်ခဲ့ပါတယ်။ ဒါဟာသိပ္ပံပညာနဲ့လူသားတွေနေရာအစားထိုးဖို့ကြိုးစားခဲ့တဲ့ဖြစ်ရပ်ပါ ဒီလိုသာမာန်ထက်သာလွန်နေတဲ့စက်ရုပ်လူသားတွေမှာလည်း သာမာန်လူတွေထက်အားနည်းချက်ဆိုတာလည်းရှိစမြဲပါပဲ... အဲဒါတွေရဲ့အကျိုးရလဒ်တွေဟာ အခုတော့အစပျိုးလာခဲ့ပါတော့တယ်... သမ္မတက လူသားထက်သာလွန်နေတဲ့ စက်ရုပ်တွေထုတ်နေတာကိုသိပြီး ပူးပေါင်းဖို့ကမ်းလှမ်းလာပါတယ်။ ကံဆိုးချင်တော့ သူတို့ဖိုင်ထဲကို ဗိုင်းရပ်စ်ဝင်ပြီး စက်ရုပ်တွေကို အထိန်းချုပ်ခံလိုက်ရတယ်။ စက်ရုပ်တွေက လူတွေကိုအစုလိုက်မာအပြုံလိုက်ကို မညှာမတာသတ်တော့တာပါပဲ။ အဲ့ဒီမှာ အသက်ရှင်ကျန်ရစ်နေတဲ့လူတစ်စုက စက်ရုပ်တွေကိုပြန်တိုက်တယ်။ သေသွားပြီလို့ထင်တဲ့ ဂျက်ကီမောကိုပြန်တွေ့ပြီး သူနဲ့အတူ စက်ရုပ်တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတယ်။ အင်အားချင်းမမျှတော့ စက်ရုပ်တွေလက်ထဲမှာ အသက်ပေးလိုက်ရတဲ့သူတွေလည်းရှိတာပေါ့။ နောက်ဆုံးမှာ ဂျက်ရဲ့ညီမကိုတောင် စက်ရုပ်အဖြစ်ပြောင်းလိုက်ကြတယ်။ နောက်ပိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ရအောင်နော်... အသတ်အပုတ်နဲ့ ကြောက်စရာကောင်းတဲ့ ကားတွေကြည့်ချင်တဲ့သူတွေအတွက်အထူးနှစ်သက်စေမယ့် အက်ရှင်ဇာတ်ကြမ်းကြမ်းကားကောင်းတစ်ကာားဆိုရင်လည်း မမှားပါဘူး....Quality…..BluRay 720p Duration…..01:30:00 Format…Mp4 File Size…(776 MB , 273 MB ) Encoder…..Moe Myint Lwin Translator…..Hin Oo Wai Download With YoteShin Link Download with CM Cloud Download with Openload Download with Openload (Small Size)
movie
Cyborg X (2016)
The Lego Batman Movie (2017) 7.3
The Lego Batman Movie (2017) The LEGO Batman (2017) IMDb - 7.3/10_____Rotten - 90%    2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်. ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲက ဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာ ဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင် အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေ တစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်... DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB Entertainment Lego ကုမ္ပဏီ တို့ ပေါင်းပြီး Lego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကို တင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းက ဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့ Lego Minifigures collectorsတွေကြားရေပန်းစား ခဲ့ပြီး ဖြစိပါတယ်    ဇာတ်လမ်းအကျဉ်းကတော့ Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့် Batman ရဲ့ respect ကို ရယူချင်တဲ့ Joker ဟာအကြံအစည်သစ်တစ်ခုနဲ့ ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့ အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ် ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက် ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ...
movie
The Lego Batman Movie (2017)
2017
Tangled: Before Ever After (2017) 6.6
movie
Charlie’s Angels (2000) 5.5
movie
Charlie’s Angels (2000)
2000
Hunter’s Prayer (2017) N/A
Hunter’s Prayer (2017)   2017 ခုနှစ်ထွက် Thrill အမျိုးအစား ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးခြင်ပါတယ် သဲထိပ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်တွေဆို ကြိုက်နှစ်သက်ကြမယ်ဆိုတာ ရဲရဲကြီးအာမခံရဲပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူးကပ်စ် ဟာတစ်ကိုတော် လူပ်ရှားတဲ့ ကြေးစားလူသတ်သမားပါ တစ်နေ့မှာတော့ သူဟာ အယ်လ်လာ ဆိုတဲ့ကောင်မလေးကို လုပ်ကြံဖို့ ငှားရမ်းခံရပါတော့တယ် တကယ့်လက်တွေ့လုပ်ကြံရာမှာတော့ လူးကပ်စ်ဟာ အယ်လာကိုမလုပ်ကြံနိုင်ခဲ့ပဲ သူဟာ သူ့ကိုငှားရမ်းစေခိုင်းတဲ့သူတွေကို ပြန်လည်ပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် လူးကပ်က အယ်လာကိုဘာလို့ မလုပ်ကြံတော့တာလဲ ဘာကြောင့်လဲဆိုတာကိုတော့ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ ဘာသာပြန်က တော့ လင်းသူရဖြစ်ပါတယ်Download Large File From CM Link Download Small File From CM Link Download Large File From Op Download Small File From Op
movie
Hunter’s Prayer (2017)
2017
Boone: The Bounty Hunter (2017) 6.9
Boone: The Bounty Hunter (2017) နာမည်ကျော် ကြေးစား လူမုဆိုး ဘွန်းန် တစ်ယောက် သူတို့ ရဲ့  Rating ကျဆင်းလာတဲ့ Boone: The Bounty Hunter ရုပ်သံအစီအစဉ်ကို တာဝန်ရှိသူတွေက ရပ်တန့် ပစ်လိုက်ဖို့ ပြောတဲ့အခါမှာ ဘွန်းန် တစ်ယောက် သူ့ အဖွဲ့ သားတွေရဲ့ အလုပ်အာမခံချက်အတွက် မူးယစ်ရာဇာ တစ်ယောက်ရဲ့  အမှုကို လက်ခံခဲ့ပါတယ် တရားခံက မက္ကဆီကို ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတဲ့အချိန်မှာ ဘွန်းန် လည်း အဲ့ဒီနောက်ကိုလိုက်ပြီး တရားခံဖမ်းဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ မက္ကဆီကို မှာ ဘွန်းန် ကိုထောက်ခံသူဟာ မရှိသလောက်ကိုနည်းပါးပါတယ် ကံဆိုးချင်တော့ အဲ့ဒီဒေသလေးဟာလည်း မူးယစ်ရာဇာ ကြီးဆိုးနေတဲ့ ဒေသဖြစ်နေပြန်တယ် ဒီလိုအခြေအနေတွေမှာ ဘွန်းန် တစ်ယောက် သူတို့ အလုပ်ကို ဘယ်လိုကယ်တင်မလဲ ဒုက္ခရောက်နေတဲ့ သူ့ မိတ်ဆွေတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ တွေကို စိတ်ဝင်စားဖွယ်ရိုက်ကူး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့  Scrn ပဲဖြစ်ပါတယ်)File Size : 700 MB/300MB Quality : WEB DL ...
movie
Boone: The Bounty Hunter (2017)
2017
Batman & Robin (1997) 3.7
Batman & Robin (1997) Unicodeဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Batman & Robin ဇာတ်ကားဟာ DC Comics ဇာတ်ကောင် Batman နဲ့ Robin ကိုအခြေခံပြီး ထုတ်လုပ်ခဲ့တဲ့ 1997 ခုနှစ်ထွက် အမေရိကန်စူပါဟီးရိုးရုပ်ရှင်ပဲဖြစ်ပါတယ်.... ဒီကားဟာ Warner Bros ရဲ့စတုတ္တမြောက်နဲ့နောက်ဆုံးအရစ်ကျ ထုတ်လုပ်မှု့လည်းဖြစ်ခဲ့ပါတယ်.. ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Schumacher နဲ့  Akiva Goldsman တို့ကပူးတွဲရိုက်ကူးခဲ့ပါတယ်... နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Arnold Schwarzenegger, George Clooney Chris O'Donnell,  Alicia Silverstone နဲ့ Uma Thurman တို့နဲ့ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်... ဒီကားမှာ မစ္စတာ ရေခဲအဖြစ်သရုပ်ဆောင်တဲ့ ကျွန်တော်အသိများတဲ့ အာနိုးဟာဖြင့် သူ့မိန်းမကို ပြန်လည်ကယ်တင်ဖို့ ဘာမဆိုလုပ်ချင်နေတဲ့ ဒေါက်တာတစ်ဦးပါ... သူ့မိန်းမကိုပြန်လည်ကယ်တင်ဖို့အတွက်လုပ်ရာကနေ နောက်ပိုင်းမှာတော့ မကောင်းမှု့ဘက်ကိုဦးတည်သွားခဲ့ပါတယ်.. နောက်ထပ် ဗီလိန်တွေကတော့ မတော်မဆထိခိုက်မှု့ဖြစ်လာရာကနေ အစွမ်းရှိလာနဲ့ လှပတဲ့ အဆိပ်မယ်နဲ့ Bane တို့ပဲဖြစ်ပါတယ်.... ဒီကားထဲမှာ Batman နဲ့ Robin တို့နားလည်မှု့လွဲရာကနေပြီးတော့ သူ့ရဲ့ဝတ်စုံကိုပြန်လည်အားဖြည့်ဖို့ စိန်တွေကို လိုက်လံခိုးယူနေတဲ့ မစ္စတာရေခဲတို့တွေ့ဆုံခဲ့ကြပါတယ်... နောက်ဆုံးမှာတော့ မစ္စတာရေခဲဟာ အဆိပ်မယ် ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ Batman နဲ့ Robin တို့ကို တိုက်ခိုက်မှု့များကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... Zawgyi ဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Batman & ...
movie
Batman & Robin (1997)
1997
Detective K: Secret of Virtuous Widow (2011) 6.3
movie
2011
Repo Men (2010) 6.3
Repo Men (2010)   အရင်ဆုံးပြောချင်တာကတော့ ဒီဇာတ်လမ်းက rating R အမျိုးအစားပါ သွေးထွက်သံယိုတွေကို သေချာရိုက်ပြတဲ့အခန်းတွေလည်းပါပါတယ် ဆဲဆိုပြီးပြောတဲ့အခန်းတွေလည်း ပါပါတယ် အဖော်အချွတ်အနည်းငယ်လည်း ပါဝင်ပါတယ် ဒါလေးကြိုပြောပါရစေစိတ်ကူးယဉ်သိပ္ပံဇတ်လမ်းဖြစ်ပြီးတော့နောက်တစ်ချိန်မှာ တကယ်ဖြစ်လာနိုင်စရာရှိတယ်လို့ ကျနော်ကတော့ ထင်ပါတယ်လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို လူတစ်ဦးမှ တစ်ဦးသို့မျက်မှောက်ခေတ်မှာ လဲလှယ်ပေးနိုင်ကြပါပြီ နောင်တစ်ချိန်မှာ စက်ပစ္စ္စည်းများနဲ့အစားထိုးလာနိုင်တဲ့အချိန် ဒီလိုဖြစ်လာနိုင်စရာတွေလည်း ရှိပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်းသားဟာ ငွေကြေးပေးသွင်းရန်ရက်လွန်နေသောလူသားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ဝယ်ယူတပ်ဆင်သူတွေဆီက အင်္ဂါအစိတ်အပိုင်းများကိုလိုက်လံသိမ်းဆည်းသူတစ်ယောက်ပါ ဒီလိုအနိဌာရုံအလုပ်ကို ထမင်းစားရေသောက်သလိုအလွယ်တကူလုပ်ကိုင်နိုင်ခဲ့တဲ့ စစ်ပြန်လူသားတစ်ယောက်က ကိုယ်တိုင်လူနာနေရာမှာနှလုံးအစားထိုး တပ်ဆင်လိုက်ရတဲ့အခါ ...ဘာတွေဆက်ကြုံရမလဲ ဆိုတာကတော့ငွေရောင်ပိတ်သားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှု့ခံစားကြပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Min Thet Oo ဖြစ်ပါတယ်)File Size : 850 MB/330MB Quality : Bluray 720P Running Time : 1hr 51minutes Format : Mp4 Genre : Action, Crime, Sci-F Translator : Min Thet ...
movie
Repo Men (2010)
2010
Ordinary Person (2017)
Ordinary Person (2017) ၁၉၈၇ နွေဦးကာလမြင်ကွင်း နဲ့အတူ အလုပ်ကြိုးစားတဲ့ စုံထောက်ဆန်းဂျင်းတို့ မိသားစု ပုံရိပ်လေးနဲ့ အစပြုထားပါတယ်။ ဆန်းဂျင်းမှာ ဇနီးရယ်၊ သားလေး တစ်ယောက်ရယ် မိသားစုသုံး ယောက်ရှိပြီး ရိုးသားကြိုးစားအ လုပ်လုပ်ရင်း သူ့မိသားစုကို အိမ် ကောင်းကောင်းနဲ့ ထားနိုင်ဖို့ ရည် ရွယ်ထားပါတယ်။ တစ်ရက်မှာတော့ တောင် ကိုရီးယားမှာ လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်တဲ့ တရားခံဆိုသူ တေးဆောင်ကို ဖမ်းဆီးဖို့ ဖြစ်လာ ခဲ့ပါတယ်။ အဲဒီအမှုကို လိုက်ဖို့အ တွက် အထူးရဲတပ်ဖွဲ့ အကြီးအကဲကျိုးနမ်ရဲ့ တာဝန်ပေးချက်အရ ဆန်းဂျင်းဟာ လျှို့ဝှက်စစ်ဆင် ရေးတစ်ခုမှာ ပါဝင်ခဲ့ရပါတယ်။ သတင်းထောက် ဂျယ်ဂျင်း ဟာလည်း လူသတ်ကောင်တေး ဆောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး မသင်္ကာစရာ အချက်အလက်အ ချို့ကို ခြေရာခံမိထားပါတယ်။ ဒါ ကြောင့် ဆန်းဂျင်းကို ဒီအမှုနဲ့ပတ် သက်ပြီး ဆက်မလိုက်ဖို့ ဂျယ်ဂျင်း က အကြံပြုခဲ့ပေမယ့် ...
movie
Ordinary Person (2017)
Yamada : The Ayotaya of Samurai (2010) 6.0
Yamada : The Ayotaya of Samurai (2010) ဒီတစ်ခါထိုင်းဆာမူရိုင်းကားလေးတင်ဆက်လိုက်ပါတယ် ဒီကားကတော့အားလုံးသိပြီးသားKing Naresuanကားရဲ့ကျောထောက်နောက်ခံ IMDB 6ရထားပြီး ထိုင်းလူမျိုးတွေရဲ့မျိုးချစ်ကိုအခြေပြုထားတဲ့ကားတစ်ကားပါ ဂျပန်ဆာမူရိုင်းတစ်ယောက်ဖြစ်တဲ့ရာမာဒါနာဂါမာဆာဟာအယုဒ္ဓယရဲ့တိုင်းတပါးကြေးစားစစ်သားတစ်ဦးပါ ရာဇဝတ်သားတွေနှိမ်နှင်းတဲ့ဂျပန်ကြေးစားအဖွဲ့မှာရာမာဒါနဲ့ဆန့်ကျင်ဘတ်ကူရိုဒါဆိုတဲ့လူယုတ်မာတစ်ဦးရှိပါတယ် ကူရိုဒါဟာရာမာဒါကိုသတ်ဖို့ကြိုးစားပေမယ့်ထိုင်းလူမျိုးတွေရဲ့ကယ်တင်ခြင်းကိုခံရပြီးထိုင်းနိုင်ငံကိုရောက်သွားခဲ့ပါတယ် ထိုင်းနိုင်ငံသားတစ်ယောက်အဖြစ်ခံယူခွင့်ရအောင်ဘယ်လိုရုန်းကန်မလဲကြည့်ရှုကြပါအုံး သူတစ်ပါးတိုင်းပြည်နေရတဲ့အခက်ဒုက္ခကိုအသေအချာရိုက်ထားတာဖြစ်ပြီးဆွေးမျိုးတွေကိုလွမ်းဆွေးတမ်းတာကိုနူးနူးညံ့ညံ့ပလွေသံလေးနဲ့လုပ်ထားတာပါ ဆွေမျိုးတွေကိုအလွမ်းအဆွေး အတမ်းအတတွေခံစားရမှာပါ ထိုင်းနဲ့ဂျပန်တွဲဖက်ရိုက်ထားတာဖြသ်လို့လုံးဝလက်မလွှတ်သင့်တဲ့ကားလို့ညွှန်းလိုက်ပါတယ် (တချို့စာတန်းထိုးတွေမှာရှေ့ကြောင်းပြောပြတာတွေဖြစ်တဲ့အတွက်အမှားပါရင်သည်းခံပေးပါလို့ကြိုပြောချင်ပါတယ်)Download From OwnCloud
movie
Yamada : The Ayotaya of Samurai (2010)
2010