Channel Myanmar
Action
Big Fortune Hotel (2015)
Big Fortune Hotel (2015) တရုတ် ပာာသ သရဲကားပါ ၂၀၁၅ လောက်ကထွက်ခဲ့တာပါ ဇာတ်ကားကပုံစံကတော့ မလေးရှားမှာ ကောင်လေးတယောက်လှည့်လည်ရင်းနဲ့ ဆီဒစ် ဆိုတဲ့သရဲမလေးနဲ့တွေ့ဆုံခဲ့ပါတယ် ဆီဒစ် ဆိုတဲ့သရဲမချောလေးပာာဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ် ၃၀ က အသတ်ခံခဲ့ရတာပါ လက်စားချေလိုသေးတာကြောင့် သရဲမဖြစ်နေသေးတာပါ ကောင်လေးနဲ့ သူ့သူငယ်ချင်းတွေအကူအညီနဲ့ ဆီဒစ်သူ့ကိုသတ်တဲ့တရားခံကိုရှာတွေ့သွားနိုင်မလား? မျက်စိရှေ့မှာမြင်တာအားလုံးကရော အမှန်ဖြစ်နိုင်ပါ့မလား? အမှုကိုဖော်သွားရင်း ဇာတ်ကားကို မပျင်းရအောင် ဟာသလေးတွေနဲ့တည်ဆောက်ထားတာပါ သရဲမလေးကလည်းအရမ်းချောတော့ ကြည့်ရတာပိုမိုက်တာပေါ့ဗျာ ပင်ပန်းနေတဲ့နေ့လေးမှာ ဟာသကားလေးကြည့်ပြီး အပန်းဖြေလိုက်ပါ    (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ ကွီးငြိမ်းချမ်းထက် ပါ)  File Size : 700 MB/300 MB Quality : Bluray720p Running Time : 1hr 28minutes Format : Mp4 Genre : Action, Horror, Comedy Translator : Nyein Chan Htet Encoder :Thanhtike Zaw
movie
Big Fortune Hotel (2015)
2015
Out of Love 6.7
Out of Love Out of Love encapsulates the sweltering and devastating dynamics of love in the turbulent relationship between Varya and Nikolai, where genuine love and hope contend with destruction and despair.ဒီနေ့တော့ Romantic တရုတ်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Kyoichi Katayama ရဲ့  Socrates in Love ဆိုတဲ့စာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားပါ။Oho Ou , Zhang Huiwen , Yang Zi တို့ပါဝင်ထားပြီး အမှန်အကန်ဖီးလ်ချင်သူတွေကြည့်ကြပါကုန်။ဇာတ်ကြောင်းကတော့…အထက်တန်းကျောင်းမှာ ခယ်ဒဆိုတဲ့ကောင်လေးက သူသဘောကျတဲ့ကောင်မလေးရှယွယ်နဲ့ဆုံစည်းခဲ့တယ်။ဒါနဲ့ ရေဒီယိုအသံလွှင့်အစီအစဉ်တစ်ခုမှာ ရှယွယ်အကြောင်းကို စာရေးသားပြီး ခယ်ဒကပေးပို့ခဲ့တယ်။ဖြစ်ချင်တော့ စာထဲမှာရှယွယ်ဟာသွေးကင်ဆာဖြစ်နေတဲ့အကြောင်းလိမ်ပြီး ဇာတ်လမ်းကို ဖတ်ကောင်းအောင်ရေးလိုက်မိတယ်။ဒါပေမယ့်…ရှယွယ်ဟာ တကယ့်အပြင်မှာလဲ ...
movie
Out of Love
2016
The Warrior’s Gate (2016)
The Warrior’s Gate (2016) ဒီဇာတ်ကားဟာ တရုတ်-အနောက်တိုင်း ဖက်စပ် အင်္ဂလိပ်စကားပြော သိုင်းကားဖြစ်ပါတယ်။ Action,Adventure,Fantasy ဇာတ်ကားမျိုးဖြစ်ပြီး IMDb Rating (5.3/10) ရရှိထားတဲ့ဇာတ်ကားပါ။ ဇာတ်ကြောင်းကတော့ လက်ရှိ Timeline ကနေ အခြား Timeline တစ်ခုကိုသွားပြီး ကိုယ်ရံတော်မင်းသမီးလေးကို ဂိမ်းဆန်ဆန်မကောင်းဆိုးဝါးတွေလက်ထဲကနေ ကွန်ဖူးအစွမ်းတွေနဲ့တိုက်ခိုက်ပြီး ကယ်တင်ရမှာပါ။ ထိုင်ဝမ်မင်းသား Mark Chao ,  တရုတ်မင်းသမီး Ni Ni , အမေရိကန်မင်းသား Uriah Shelton , အင်္ဂလိပ်မင်းသမီး Sienna Guillory စတဲ့ ဇာတ်ကောင်များအပြင် အခြားဇာတ်ရံတွေလဲ ပါဝင်ထားပါတယ်။  File size…(900MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Missy Win  Download and Watch (Yoteshin Link)Download and Watch (360MB) (or) Download and Watch (CM ...
movie
The Warrior’s Gate (2016)
Naam Shabana (2017) 6.3
movie
Naam Shabana (2017)
2017
Power Rangers (2017)
Power Rangers (2017) Mighty Morphin Power Rangers 2017 Reboot Movieနာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာကောင်းကောင်းကြီးအာမခံပါတယ်….တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး…ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ငယ်ဘ၀ဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့်အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်…..ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေPower Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်းလူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်….ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကိုဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို ”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်….ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာကပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်…နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီးကောင်းမွန်လှပစေခဲ့ပါတယ်…ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေZord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့ အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်….နောက်ပြီးတော့ Mid-Credits Scene ...
movie
Power Rangers (2017)
Wonder Woman (2009) 7.3
Wonder Woman (2009) Wonder Woman (2009) IMDb - 7.3/10_____Rotten 83%    Wonder Woman ဇာတ်ကားကြီး မလာခင်မှာ ကြည့်ထားနှင့်ဖို့အတွက် Animation ကားကို အရင်တင်ဆက်ပေးလိုက်ပါတယ်။IMDB 7.3 ရရှိ ထားတဲ့ အတွက် ကောင်းမွန်လှတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အထူးပြောနေစရာမလိုပါဘူး။ဇာတ်လမ်းကတော့ အမေဇုန်လို့ခေါ်တဲ့ အမျိုးသမီးသူရဲကောင်းမျိုးနွယ်စုကနေစပါတယ်။မျိုးနွယ်စု ဘုရင်မ ဟစ်ပိုလစ်တာ ဟာဆိုရင် စစ်နတ်ဖုရား အေးရီးစ် နဲ့ စစ်ဖြစ်ရာမှ အနိုင် ရရှိခဲ့ပြီး ဇုစ်ရဲ့ မေတ္တာရပ်ခံမှု့ကြောင့် အေးရီးစ် ကို မသတ်ပဲ အကျဉ်းချ ပြီး သာမစ်စကယ်ရာလို့ ခေါ်တဲ့ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ်မရှိတဲ့ ကျွန်းတစ်ကျွန်းကို အမေဇုန် မျိုးနွယ်တစ်စုလုံးပြောင်းရွှေ့နေထိုင်ကျပါတယ် မကြာခင်မှာပဲ ဟစ်ပိုလစ်တာဟာ ထူးဆန်းတဲ့ အစွမ်းတစ်ခုနဲ့ Wonder Woman လို့ခေါ်တွင်မဲ့ ဒိုင်ယာနာကို မွေးဖွားခဲ့ပါတယ်။ ဒိုင်ယာနာ လေးတဖြည်းဖြည်း အရွယ်ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ ကျွန်းကို တိုက်လေယာဉ် အုပ်စုမှ စတိဗ် လို့ခေါ်တဲ့ လူတစ်ယောက်က လေယာဉ် တိုက်ခိုက်မှု့ကြောင့် လေယာဉ် ပျက်ကျပြီးရောက်ရှိလာပါတယ်။ဒီမှာပဲ စတိဗ်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ချပါတော့တယ်။ စတိဗ်ကို ...
movie
Wonder Woman (2009)
2009
Pandorum (2009)
Pandorum (2009) ၂၁၇၄ ခုနှစ် မှာ ကမ္ဘာကြီးရဲ့ သဘာဝ ရင်းမြစ်တွေ ဟာ ကုန်ဆုံးသွားခဲ့ပြီး လူသားတွေနေထိုင်ဖို့ နေရာမလုံလောက်တော့ပါဘူး။လူသားတွေဟာ အခြေချစရာ အိမ် အသစ် ကိုရှာဖွေ ရတော့တာပေါ့။ဒီလိုအခြေအနေတွေကြောင့် လူသားတွေဟာ Tanis ဂြိုလ်ဆီကို အာကသယာဉ်တစ်စီးကို လွှတ်ပြီး နေထိုင်ဖို့ အဆင်ပြေမပြေ လေ့လာပါတော့တယ်။လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက် လေးတစ်ခုပေါ့။ဒီလို သွားတဲ့အခါ ခရီးက ဝေးကွာလွန်းတဲ့အတွက် hyper-sleep လို့ခေါ်တဲ့ နည်းပညာနဲ့ အိပ်စက်စေပြီး ခရီးသွားခိုင်းပါတယ်။ခရီးသွားနေစဉ်မှာပဲ တပ်ကြပ် ဘောင်ဝါရဲ့ အခန်းဟာ စက်ချို့ယွင်းမှု့ဖြစ်ပြီး တပ်ကြပ်ဘောင်ဝါ တစ်ယောက် နိုးထလာခဲ့ပါတယ်။ဒါပေမဲ့ ကြာမြင့်စွာအိပ်စက်မှု့ကြောင့် သူဟာ ဝေခွဲမရဖြစ်ပြီး မှတ်ဥာဏ်ပျောက်ဆုံးနေပါတယ်။မကြာခင်မှာ သူသိလာတာက ဓာတ်ပေါင်းဖို ချို့ယွင်းမှု့ဖြစ်နေပြီး စွမ်းအင် အရမ်းကို တိုးလွန်းနေပါတယ်။ မကြာခင်မှာပဲ တစ်ခြားသူတွေ အသီးသီး နိုးထလာခဲ့ ပါတယ်။သူတို့ဟာလည်း အသီးသီး မှတ်ဥာဏ်ပျောက်ဆုံးပြီး ဘာကိုမှမှတ် မိကျတော့ပါဘူး မကြာခင် သူတို့ထပ်မံ သိလာရတာက အန္တရာယ် ရှိတဲ့ တခြားသတ္တ၀ါတွေ ယာဉ်ထဲမှာ ရှိနေတယ်ဆိုတာပါပဲ …. သူတို့ အသက် ကို ကယ်တင်ဖို့ တစ်ခုထဲသောနည်းက ...
movie
Pandorum (2009)
Charlie’s Angels: Full Throttle (2003) 4.9
movie
Charlie’s Angels: Full Throttle (2003)
2003
Captain America: The First Avenger (2011) 6.9
Captain America: The First Avenger (2011) ကပ္ပတိန် အမေရိက ဆိုရင်တော့ အထူးညွန်းနေစရာမလိုပဲ အားလုံးသိကျပါတယ်။ မာဗယ်လ် ရဲ့ နာမည်အကျော်ကြားဆုံးဟီးရိုးတစ်ယောက်ပါပဲ။ဇာတ်လမ်း အကျဉ်းလေး ကို ပြန်ပြောပြရမယ်ဆိုရင် စတိဗ်ရော်ဂျာဟာ နိုင်ငံ အတွက် စစ်ပွဲတွေတိုက်ခိုက် ပေးချင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ခန္ဒာကိုယ် အချိုးအစား ကျန်းမာရေးအခြေအနေ တို့ကြောင့် အကြိမ်ကြိမ် အပယ်ခံရပါတယ်။ ဒါပေမဲ့ တစ်နေ့ သိပ္ပံပညာ ရှင်တစ်ယောက်ရဲ့ ဖိတ်ခေါ်စမ်းသပ်မှု့ကြောင့် သူ့ဘ၀ အကြီးအကျယ်ပြောင်းလဲ သွားပါတော့တယ်။သာမန် လူသားတစ်ယောက်နေ စူပါဟီးရိုးတစ်ယောက်ဖြစ်သွားပါတယ်။တစ်ဖက်မှာလည်း ဟစ်တလာ ရဲ့ တပည့်တွေက ဟိုက်ဒရာလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး ထူးဆန်း သဘာဝလွန်လက်နက်တွေ စမ်းသပ် အသုံးချနေပါတယ် .... စတိဗ် တစ်ယောက် ဒီအဖွဲ့တွေကို ဘယ်လို ရင်ဆိုင် မလဲ ... ဟိုက် ဒရာ ရဲ့ အထူးလက်နက် က ဘာတွေလဲ နောက်ထွက်တဲ့ Avengers ကားတွေ နဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲဆိုတာတွေ ကို ...
movie
2011
The Assignment (2016) 4.5
The Assignment (2016) ဒီကားလေးကိုစကြည့်ဖြစ်တာကဇာတ်လိုက်မင်းသမီးကို ကြိုက်လို့ပေါ့ဗျာ... အားလုံးသိကြတဲ့အတိုင်း Fast & Furious က လက်တီ ဆိုတဲ့ ခပ်ကြမ်းကြမ်းကောင်မလေးအဓိကပါဝင်ထားတဲ့ဇာတ်ကြမ်းကားပါ... ဒီလိုနဲ့စကြည့်ဖြစ်ခဲ့တယ်ဆိုပါတော့ဗျာ.... ကြည့်နေရင်းနဲ့  မင်းသမီးရဲ့ဇာတ်ကောင်အနေထားကိုကြိုက်သွားတယ်ဗျ.... ဘာလို့လဲဆိုတော့ ဒီကားမှာ သူမဟာအရင်ကားတွေနဲ့လုံးဝကွဲထွက်ပြီး  ယောကျာင်္းလေးကြေးစားလူသတ်သမား တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားရလို့ဖြစ်ပါတယ်.... သူမရဲ့ ခပ်ကြမ်းကြမ်းပင်ကိုယ်ပုံစံနဲ့ဆိုရင်တော့တကယ့်ကို ကွက်တိဖြစ်မယ့် ဇာတ်ကောင်သရုပ်ပေါ့ဗျာ... ဒီလို ခပ်ကြမ်းကြမ်းကြေးစားယောကျာင်္းသားတစ်ယောက်ကို  ဆေးသိပ္ပံဆရာဝန်တစ်ယောက်က ကလဲ့စားချေတဲ့အနေနဲ့ မိန်းမတစ်ယောက်ဘ၀ကို လုံးဝပြောင်းလဲခွဲစိတ်ပေးလိုက်ပါတယ်..... အဲဒီမှာ သူ့ကိုဒီလိုဘ၀မျိုးဖြစ်အောင်လုပ်လိုက်တဲ့ ဆရာဝန်ကိုသတ်ဖို့အတွက် ဆရာဝန်ရဲ့နီးစပ်ရာလူတွေကို တစ်ယောက်ချင်းစီလိုက်သတ်ပြီး ရှာတာကနေစတော့တာပါပဲ.... အဲလိုမျိုးကောင်မလေးတစ်ယောက်ကယောကျာင်္းတစ်ယောက်လိုကြမ်းကြမ်းတမ်းဘယ်လိုတွေ သတ်ဖြတ်မလဲ....ဘယ်လိုကလဲစားချေမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားမှာ မိသားစုနဲ့ကြည့်လို့အဆင်မပြေတဲ့အခန်းတချို့ပါတယ်ဆိုတာ ထပ်ပြီးတော့လည်းပြောပြပါရစေ....Quality…..BluRay 720p Duration…..01:35:00 Format…Mp4 File Size…(748 MB , 318  MB) Translator…..Soe Kyaw Kyaw San Encoder…..Moe Myint LwinDownload with Yoteshin Link Download with Openload Download with Openload (Small Size)   
movie
The Assignment (2016)
Baby (2015) 8.1
Baby (2015)   Bollywood Star တစ်​​ယောက်​ဖြစ်​တဲ့ stunt ​တွေလဲလူစားမထိုး... ကိုယ်​ခံပညာလဲကျွမ်းကျင်​တက်​​မြောက်​ထားတဲ့ shay Kumar နဲ့ Baahubali ထဲက ဗီလိန်​ကြီး Rana Daggupati တို့တွဲဖက်​သရုပ်​​ဆောင်​ထားပြီး.... Action/Thriller အမျိုးအစားဖြစ်​ပါတယ်​.... ဇာတ်​လမ်းအကျဉ်းက​တော့...အိန္ဒိယမှာ ပါကစ္စတန်​ စစ်​​သွေးကြွ​တွေဘုံးခွဲမယ့်​အ​ကြောင်း​ပေါ့..... Ashay Kumar က လျှိ့ဝှက်​​အေးဂျင့်​အဖြစ်​သရုပ်​​ဆောင်​ထားပြီး... သူ့တပည့်​ Rana Daggupati နှင့်​အတူ ဘယ်​လိုနည်း​တွေနဲ့ Pakistan စစ်​​သွေးကြွ​တွေကို ဖမ်းဆီးမလဲ သတ်​ပစ်​မလဲဆိုတာ​တွေကို...ရင်​တထိတ်​ထိတ်​နဲ့ ကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်​... Rustom ထဲကလို Ashay Kumar ရုပ်​တည်​တည်​နဲ့လှုပ်​ရှားမှု action ​တွေကိုမြင်​​တွေ့ရမှာပါ... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Khant Shwe Thaik  ပဲ ဖြစ်ပါတယ်)File Size : 0.99 GB Quality : Bluray 720P Running Time : 2hr 39minutes Format : Mp4 Genre : Action, Adventure, Thriller Translator : ...
movie
Baby (2015)
Roaring Fire (1981) 6.6
Roaring Fire (1981) Roaring Fire (1981)_____IMDb - 6.6/10    ဂျပန်ဇတ်ကားဟောင်းလေးပေမဲ့ငယ်ငယ်ကတည်းကကျွန်တော်နစ်သက်ခဲ့ဖူးတဲ့ဂျန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အရင်ကဘယ်လောက်နာ မည်ကြီးလဲဆိုရင်ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးတဲ့ရုပ် ပြကာတွန်းစာအုပ်မှာထည့်ရေးရတဲ့အထိပါပဲပရိတ်သတ်တွေထဲဖတ်ဖူးသူရှိမယ်ထင်ပါတယ်ပန်းချီဒီရဲဂျာရဲ့မရဏခရီးကြမ်းလို့ထင်ပါတယ်ကြာပြီဆိုတော့စာအုပ် နာမည်ကိုသိပ်မမှတ်မိချင်တော့ပါဘူးအရမ်းကောင်းတဲ့အက်ရှင်ကားလေးပါကျွန်တော်တို့မမွေးခင်ကတည်းကရိုက်ကူးထားတဲ့ဂျပန်ရုပ်ရှင်ရဲ့အဆင့်အတန်းကိုဒီဇတ် ကားမှာတွေ့နိင်ပါတယ်ငယ်စဉ်ကတည်းကအမေရိကားမှာကြီးပြင်းလာတဲ့လူငယ်လေးဂျိူးဂျီမိမိရဲ့ဖခင်လို့ထင်မိခဲ့တဲ့သူကမိမိကိုမွေးစားထားတဲ့လူဖြစ်နေသောအခါမိဘအရင်းကိုရှာဖွေဖို့ဂျပန်ကိုပြန်လာခဲ့တယ်မိမိမှာမွေးချင်းအစ်မနဲ့အမွှာအစ်ကိုတစ်ယောက်ရှိနေတာကိုသိခဲ့တဲ့ နောက်မိမိရဲ့အဖေရဲ့ညီအရင်းဖြစ်တဲ့ဦးလေးတော်သူကမိမိတို့ဘိုးဘွားပိုင်စည်းစိမ်ကိုသိမ်းပိုက်ရန်ကြံစည်လာ သောအခါကိုယ်ခံပညာတော်သောဂျိူးဂျီတစ်ယောက်မိမိရဲ့ညီအစ်ကိုမောင်နမကိုဘယ်လိုကာကွယ်မလဲစိတ် ဝင်စားဖွယ်ကြည့်ရှုရမှာပါအက်ရှင်အလန်းစားတွေနဲ့ ကျွန်တော်ကြိုက်နစ်သက်သလိုပရိတ်သတ်တွေလည်း ကြိုက်နစ်သက်မယ်လို့ယုံကြည်ရင်းကဲဒေါင်းလော့သာဆွဲကြပါတော့လို့  ဘာသာပြန်နဲ့ အညွန်းကတော့ကိုစိုးထွေးပါ
movie
Roaring Fire (1981)
1981
Cliffhanger (1993)
Cliffhanger (1993) ဒီတစ်ခါအက်ရှင်ပရိတ်သတ်ကြီးအကြိုက်တွေ့စေမဲ့တခေတ်တခါကနာမည်ကြီးခဲ့တဲ့အက်ရှင်မင်းသားကြီးစတားလုံးရဲ့1993ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်အိမ်ဟာ2016မှထွက်ရှိထားတဲ့Hard Target 2နဲ့ဇာတ်အိမ်တည်ဆောပ်ထားတာအတော်လေးတူပါတယ် IMDb 6.4ရရှိပြီးRotten tomatoes 69%ရရှိထားတဲ့ကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်အပိုင်းမှာဒေါ်လာသန်း၇၀ရင်းထားပြီး Box office ဒေါ်လာသန်း၂၅၅ရရှိထားပါတယ် အက်ရှင်ကိုတအားကြီးအသားမပေထားပေမဲ့ တောင်တက်သမားတစ်ယောက်ရဲ့စွန့်စားခန်းတွေအသေအချာရိုက်ပြထားပါတယ် ဇာတ်လမ်းအစမှာတော့သူငယ်ချင်းသုံးယောက်တောင်တက်ရာမှဆားရန့်တစ်ယောက်မတော်တဆသေဆုံးမှုနဲ့ကြုံခဲရပါတယ်။ ဒါကြောင့်မို့ဂေးဟာတောင်မတက်တော့ပဲတောင်တက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့ပါတယ် ဇာတ်လမ်းရဲ့တဖက်မှာလည်းအခွန်အေဂျင့်မစ္စတာထရဲ့ဗဲ့စ်ဟာနိုင်ငံတော်ရဲ့ငွေကြေးတွေကိုရယူဖို့ လေကြောင်းလမ်းမှာငွေကြေးတွေကိုလဲလှည့်ဖို့ အကောင်အထည်ဖော်ပါတော့တယ် မုန်တိုင်းဒဏ်ကြောင့်မအောင်မြင်ပဲ ရော်ကီတောင်ပေါ်လေယာဉ်ပျက်ကျသွားပါတယ် ရော်ကီတောင်မှာလည်းဂေးရှိနေတဲ့အတွက် သူတို့ငွေတွေကိုပြန်ရှာဖို့ဂေးကိုအကူအညီတောင်းရာမှဂေးဟာထရဲ့ဗဲ့စ်တို့အဖွဲ့က သူ့ကိုသေနတ်ထောက်လုပ်ခိုင်းတာကိုသိပြီး အဖွဲ့ထဲကလူတွေကိုဘယ်လိုမျိုးကိစ္စဖြတ်မလဲ မစ္စတာထရဲ့ဗဲ့စ်တို့အဖွဲ့လည်းတောင်ပေါ်ကိုကျသွားတဲ့ငွေတွေကိုပြန်ယူလို့ရပါ့မလားဆိုတာကြည့်ရှုလိုက်ကြပါအုံးDownload From Op
movie
Cliffhanger (1993)
Colossal (2016) 6.4
Colossal (2016) ဇာတ်လမ်းအကျဉ်းလေးကတော့ “ဂလော်ရီယာ” ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေ ရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်။ ဇာတိမြို့မှာ ငယ်သူငယ်ချင်း “အော်စကာ” နဲ့ပြန်ဆုံပါတယ်။ အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။ ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ။ ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်။ မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက် ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်။ ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်။ ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲ မကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်။ NATO နှင့် နိုင်ငံတကာ တပ်ဖွဲ့တွေကလည်း မကောင်းဆိုးဝါးကြီးကို နှိမ်နှင်းဖို့ အသင့်အနေထားပြင်နေကြရပါပြီ။ ...
movie
Colossal (2016)
Planet Hulk (2010) 6.8
Planet Hulk (2010) Marvel ရဲ့ Animation ကားကောင်းလေး တစ်ကား ကို တင်ဆက် ပေးလိုက်ပါတယ်။ ဒီကားကတော့ ဟော့ခ် တစ်ယောက် ကို မထိန်းနိုင်တော့လို့ Iron Man နဲ့ အပေါင်းအပါတစ်စု က ဟော့ခ် အတွက်လည်း အဆင်ပြေနေစေမဲ့ ဂြိုလ် တစ်ခုကို ပို့လိုက် ရာက ဇာတ်လမ်းစတာပါ။ အစကတော့ ဟော့ခ်ထက် ဥာဏ်ရည် ပိုမြင့် တဲ့ သတ္တ၀ါတွေ ဟော့ခ် ကိုဒုက္ခပေးမဲ့ သူတွေ မရှိတဲ့ ဂြိုလ် ကိုပို့လိုက်တာပါ ဒါပေမဲ့ လမ်းမှာ ဟော့ခ် ရဲ့ သောင်းကျန်းမှု့ကြောင့် လမ်းကြောင်းလွဲပြီး ဆခရာ လို့ခေါ်တဲ့ ဂြိုလ် ကို ရောက်ရှိသွားပါတော့တယ်။ အဲ့ဂြိုလ်မှာက ဘုရင်ဆိုးတစ်ယောက် အုပ်ချုပ်နေပြီး အစွမ်းအစရှိတဲ့ သူတွေကို အချင်းချင်း ဖျော်ဖြေ တဲ့ အနေနဲ့ အသေ တိုက်ခိုက်ခိုင်းတဲ့ နေရာပါ။ ...
movie
Planet Hulk (2010)
2010
Unknown (2011) 6.8
Unknown (2011) Unknown (2011) IMDb - 6.8/10_____Rotten - 55%  မင်းသားကြီး Liam Neeson ရဲ့အက်ရှင်ကားကောင်းလေးတစ်ကား ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဒီကားမှာ Liam Neeson ဟာ ဒေါက်တာ မာတင် ဟဲရစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့ ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူ တွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ  ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့ ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။ လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ် လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကို မမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ် ဒါပေမဲ့ ...
movie
Unknown (2011)
2011
Hands of Stone (2016) 6.6
Hands of Stone (2016)   Movie Review IMDb 6.6 ရထားတဲ့ "Hand of Stone - သံမဏိလက်သီး" ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက လက်ဝှေ့ကားတကားဖြစ်ပြီး ပနားမားလူမျိုးလက်ဝှေ့ချန်ပီယံတယောက်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ငယ်စဉ်ထဲကလက်ဝှေ့ဝါသနာအထုံပါပြီး ဘ၀ကိုဆင်းရဲစွာဖြတ်သန်းလာရတဲ့ ရော်ဘတ်တိုဒူရမ်ဟာ လက်ဝှေ့နည်းပညာမှာ စနစ်တကျသင်ဖို့ ၇၂နှစ်အရွယ် ရေးအာဆယ်ဆိုတဲ့ လက်ဝှေ့နည်းပြလောကမှ အနားယူထားတဲ့ လူတယောက်ကို အကူအညီတောင်းခဲ့တယ် ရော်ဘတ်တိုဒူရမ်တဖြည်းဖြည်းအောင်မြင်ပြီး နေရာတနေရာရလာပြီးနောက် သူ့ရဲ့ ပြင်မရတဲ့ ရိုင်းစိုင်းတဲ့စိတ်၊ မာနကြီးတဲ့စိတ်ကြောင့် ဘ၀တဆစ်ချိုးပြောင်းလဲပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ? ဘယ်လိုအတိုက်အခိုက်တွေနဲ့ ကြုံရမလဲ? အောင်မြင်မှုပြန်ရဖို့ ဘယ်လိုတွေကြိုးစားရမလဲ? စိတ်ဓါတ်ပိုင်းဆိုင်ရာ ဗဟုသုတရစေမဲ့ကားမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Sofy ပဲ ဖြစ်ပါတယ်)File Size : 800 MB / 400 MB Quality : Bluray 720P Running Time : 1hr 51minutes Format : Mp4 Genre : Action, Biography, Drama Translator : Sofy Encoder ...
movie
Hands of Stone (2016)
Rangoon (2017) [War] [Saif Ali Khan] 6.0
Rangoon (2017) [War] [Saif Ali Khan]   ဇာတ်ကားနာမည်လေးနဲ့တင်စိတ်ဝင်စားဖို့ကောင်းသွားပြီဆိုတာသိကြမှာပါ။ ဒီကားလေးကဒီနှစ်၂၀၁ရခုနှစ်ထုတ်အိန္ဒိယကားလေးဖြစ်ပါတယ်။ ဇာတ်အိမ်ကိုဒုတိယကမ္ဘာစစ်နောက်ခံထားပြီးမင်းသမီးအသားပေးကားလေးဖြစ်ပါတယ်။ ၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်မီးတောက်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံဟာလည်းကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပ်းနေတဲ့အချိန်ဖြစ်ပါတယ်။ အိနိယအမျိုးသားတပ်မတော်ခေါင်းဆောင်ဟာလည်းမဟတ္တမဂန္ဒီရဲ့အကြမ်းဖက်ဝါဒကိုသဘောမတွေ့ဖြစ်နေတာပါ။ သူကတုတ်တုတ်ချင်းလှံလှံချင်းရှင်းချင်သူပါ။ အဲဒီအချိန်အင်ဒိုချိုင်းနားဒေသမှာဂျပန်အင်ပါယာတန်ခိုးထွားလာတာနဲ့အတူအိန္ဒိယတပ်မတော်ဟာဂျပန်တွေနဲ့မဟာမိတ်ဖွဲ့လိုက်ပါတယ် ဗြိတိသျှတပ်မတော်အတွင်းကအိန္ဒိယတပ်သားတွေအနေနဲ့အိန္ဒိယတပ်မတော်နဲ့ရောဂျပန်တပ်မတော်နဲ့ပါတိုက်ပွဲဝင်ရတော့တယ်။ အဲဒီအချိန်မှာပဲအိန္ဒိယကသဘင်သည်မင်းသမီးလေးဂျူလီကလည်းရုပ်ရှင်လောကမှာအောင်မြင်လာသူဖြစ်ပါတယ်။ အင်ဒို-မြန်မာနယ်စပ်မှာစစ်ရေးတင်းမာလာတာနဲ့အမျှအင်္ဂလိပ်တပ်ကနေပြီးတော့တိုက်ပွဲဝင်နေတဲ့ သူ့တပ်သားတွေစိတ်ဓာတ်မြင့်လာအောင်အားပေးတဲ့အနေနဲ့ဂျူလီကိုသွားရောက်ဖျော်ဖြေဖို့လွတ်လိုက်ပါတယ်။ ခရီးစဉ်အတွင်းမှာပဲစစ်ပွဲသုံ့ပန်းအဖြစ်လွတ်လာတဲ့မာလိတ်ရဲ့အစောင့်အရှောက်နဲ့သွားရောက်ကြပါတယ်။ ဒါပေမယ့်မြစ်တခုကိုအဖြတ်မှာ ဂျပန်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရထားလည်းပျက်စီးသွားပါတယ်။ အင်္ဂလိပ်တပ်နေနဲ့ဂျူလီတယောက်သေဆုံးသွားပြီလို့ထင်ထားခဲ့ပေမယ့်မာလိတ်ရဲ့ကယ်ဆယ်မှုနဲ့အတူလွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုစစ်ပွဲအရှုပ်အထွေးတွေကြားမှာပဲမင်းသမီးတယောက်ပြည်တော်ပြန်နိုင်မလား။ ဘယ်လိုအခက်အခဲတွေတွေ့ပြီးဘယ်လိုကျော်လွားခဲ့ရလဲဘာတွေဆက်ဖြစ်မလဲ ရန်ကုန်မှာဘယ်လိုဇာတ်လမ်းလေးတွေရှိမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်လိုက်ရအောင်ဗျာ။ အဲဒီခေတ်ရန်ကုန်မြို့ရဲ့အခြေအနေအငွေ့အသက်လေးတွေကိုပါခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားကလည်း၃နာရီနီးပါးတောင်ဆိုတော့ဇာတ်လမ်းအလှည့်အကွက်လေးတွေကိုအားရပါးရခံစားရမှာပါ။ ကဲမြန်မာနိုင်ငံရဲ့ကိုလိုနီခေတ်အငွေ့အသက်လေးတွေကိုခံစားရင်းဇာတ်ကားလေးကိုဘယ်လိုအဆုံးသတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန်သူကတော့ Tariq L Walker ပဲဖြစ်ပါတယ်) File Size : 0.99 GB/570 MB Quality : Dvd Rip 720P Running Time : 2hr 50minutes Format : Mp4 Genre : Action, Drama, History Translator : Tariq L Walker Encoder :Thanhtike Zaw 
movie
Kidnap (2017) 5.9
movie
Kidnap (2017)
2017