Channel Myanmar

Action

Adagio (2023) 6.7
Adagio (2023)  ဇာတ်ကားကတော့ အီတလီ action crime thrillerအမျိုးအစားလေးဖြစ်ပြီး အမှုမှန်သိအောင်ဇာတ်အိမ်အတိုင်းစီမျောကြည့်ရတဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းလေးကိုပြောပြရင် ပါတီပွဲတစ်ခုမှာ မာနွယ်ဟာပွဲထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန် ဖုန်းနဲ့မှတ်တမ်းတင်ရိုက်ယူပြီး ရဲတပ်ဖွဲ့ကိုပြန်ပို့ပေးနေတာပါ...။သို့ပေမဲ့ ရဲတွေဟာ ဒီပွဲထဲမှာ အခြားလျှို့ဝှက်ကင်မရာတွေတပ်ဆင်ထားပြီး မာနွယ့်ကို နှစ်ကွက်တစ်ကွက်ရိုက်ပြီးချောက်ချဖို့ကျန်တယ်ပေါ့။ဒါကို မာနွယ်က သိသွားတော့ ရဲတွေလက်အောက်ကလွတ်အောင်ပြေးရင်း အဖေဖြစ်သူရဲ့ မိတ်ဆွေတွေဆီရောက်သွားပါတယ်...။ဇာတ်လမ်းကရှည်ချင်တော့ ဒီလူတွေဟာ အီတလီလူဆိုးဂိုဏ်းသားတွေဖြစ်နေပါလေရော....ဒီတော့ မာနွယ်တစ်ယောက် ရဲတွေလက်ကလွတ်အောင်ပြေးနိုင်မလား၊ လူဆိုးဂိုဏ်းသားတွေလက်ထဲပဲရောက်သွားမလား...ဘယ်သူတွေက လူကောင်းလူဆိုးတွေဖြစ်နေမလဲဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါတော့ဗျာ....။ File size…1.54GB / 706MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Adagio (2023)

Mr. Natwarlal (2024) 7.5
Mr. Natwarlal (2024) Mr. Natwarlal (2024) IMDb - 8.9/10Madamakkiဆိုတဲ့ ဇာတ်ကားနဲ့နာမည်ရလာတဲ့ Kannada မင်းသားကြီးTanushရဲ့ တစ်ချိန်က နာမည်ကြီးHindi ရုပ်ရှင် Mr. Natwarlalရဲ့ နာမည်ကိုယူထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ plot twistလေးတွေလည်းပါတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ။Mr. Natwarlalဆိုတာက‌တော့ 1950တစ်ခွင်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ပါလီမန်ထိပါတက်လိမ်ပြီး အတော်လေးမွှေသွားတဲ့ လူလိမ်တစ်ယောက်၊ ရဲဘက်အရာရှိတွေ နာမည်ကြားတာနဲ့ အော့နှလုံးနာရတဲ့သူပေါ့။ဒီကားလေးထဲမှာတော့ မိသားစုပြဿနာတွေကနေ ရှောင်ပြေးဖို့အတွက် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို ရန်ဂါနဲ့သူ့အမေနဲ့ နောက်တစ်ရွာမှာ သွားနေဖို့လုပ်ပါတော့တယ်။ ကံဆိုးချင်တော့ ပြဿနာတွေနောက်ကလိုက်လာပြီး မိခင်ကိုပါဆုံးရှုံးလိုက်ရတဲ့အခါ...ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့ ဓနရှင်တွေကို တွန်းလှန်ချင်စိတ်တွေပေါ်လာတဲ့ရန်ဂါတစ်ယောက် Mr. Natwarlalဆိုတဲ့နာမည်နဲ့ လက်တစ်လုံးခြားလုပ်ဖို့ စီစဉ်ပါတော့တယ်။နည်းပညာနဲ့အတူ တိုးတက်နေတဲ့လိမ်နည်းအဖြာဖြာနဲ့ ဒီပြဿနာတွေကို ရဲကရော ဘယ်လိုကိုင်တွယ်မလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ Alexတို့ပဲဖြစ်ပါတယ်) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ...
movie

Mr. Natwarlal (2024)

2024
Taken (2008) 7.7
Taken (2008) Taken 1 (2008) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ    https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်က စီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့် မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့ အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ...
movie

Taken (2008)

4K HEVC
Shri Swapankumarer Badami Hyenar Kobole (2024) 5.8
Shri Swapankumarer Badami Hyenar Kobole (2024) Shri Swapankumarer Badami Hyenar Kobole (2024)====================================ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။ စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ... စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ .... အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား.... ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။File size_(1.4GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:26:00 Genre_Action, Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Char Ou
movie

Shri Swapankumarer Badami Hyenar Kobole (2024)

Extreme Speed Police: The War on Drugs ( 2024 ) 5.7

Extreme Speed Police: The War on Drugs ( 2024 )

A Sound of Thunder (2005)
A Sound of Thunder (2005)  2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie

A Sound of Thunder (2005)

O.Baby (2023)
O.Baby (2023) O Baby 2023 (အိုး ဘေဘီ) IMDb - 4.4/10နိုင်ငံခြားကိုပဲ အထင်ကြီးပြီး နိုင်ငံခြားမှာပဲ အနေများတဲ့မိသားစုတစ်စုအတွင်းက မာရင်ဆိုတဲ့ကောင်မလေးကို သောမတ်စ်လို့ခေါ်တဲ့ကောင်လေးနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့လုပ်ရင်းနဲ့ ကမ္ဘာ့ဆင်ဦးရေအများဆုံး ဇင်ဘာဘွေကို ရောက်ရှိလို့လာပါတယ်။ မာရင်ဟာ အိမ်ထောင်မပြုချင်ပေမယ့်လည်း မိဘတွေရဲ့အလိုကျ ပြန်မပြောနိုင်ဘဲ မင်္ဂလာပွဲကိုလက်ခံလိုက်ရတော့တာပေါ့။ ဘုရားကျောင်းမှာ မင်္ဂလာပွဲပြီးတဲ့နောက် အမျိုးတွေစုံကြရာကနေ တောထဲကို အမဲလိုက်ထွက်ဖို့ ပြင်ကြပါတော့တယ်။သူတို့ အမဲလိုက်ထွက်တဲ့တောထဲမှာ နတ်ဆိုးတောင်ကုန်းဆိုတာရှိပါတယ်။ အဲဒီနတ်ဆိုးတောင်ကုန်းဟာ ဘာအကြောင်းကြောင့်မှန်းတော့ မသိ အလုပ်သမားတွေဟာ ဒီနေရာကို ရှောင်ကြပါတယ်။ ဒီလိုနဲ့ အဲဒီနတ်ဆိုးတောင်ကုန်းပေါ်ကို တောင်တက်ခရီးကြမ်းနှင်ဖို့ ဘေဆယ်တို့ စီစဉ်ကြတဲ့အခါမှာတော့ ......ဘိုးဘွားစဉ်ဆက် နှောင်ကြိုးတွယ်နေတဲ့ ဓလေ့ထုံးတမ်းကို စိန်ခေါ်မိသလိုဖြစ်သွားရာကနေ သူတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ..... အိမ်ထောင်မပြုချင်ဘဲ အလုပ်နဲ့အကိုင်နဲ့ ကိုယ့်အားကိုယ်ကြိုးစားချင်တဲ့ မာရင်လေးရဲ့ အိမ်ထောင်ရေးကိစ္စဟာရော ဘယ်လိုတွေ ဖြစ်လာမလဲ ... ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~KKKZ~Zwe~V~ToMo တို့ပဲ ဖြစ်ပါတယ်) File size…2GB / 897MB Quality…WEB DL 1080p / ...
movie

O.Baby (2023)

2023
The Ministry of Ungentlemanly Warfare (2024) 7.3
The Ministry of Ungentlemanly Warfare (2024)    The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie

The Ministry of Ungentlemanly Warfare (2024)

2024
4K HEVC
The Embroidered Sword and The God of Cookery ( 2024 ) 5.7
The Embroidered Sword and The God of Cookery ( 2024 ) ဒီကားလေးကတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ ကိုယ်ဒေသရဲ့ထူးခြားတဲ့အမွေအနှစ်ကိုအသုံးချပြီး ကိုယ့်ကျေးရွာစီးပွားရေးတိုးတက်ဖို့ လူငယ်လေးတွေကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။- ဘိုးဘေးတွေက မင်ခေတ်ကတော်ဝင်ကိုယ်ရံတော်တပ်ရဲ့အမွေဖြစ်တဲ့ ရှို့ချွင်းဓားနဲ့ ရှို့ချွင်းဓားသိုင်းပညာကို အမွေဆက်ခံထားတဲ့ စားဖိုမှူးလေးတစ်ယောက်-ကိုယ့်ဇာတိရဲ့အဝေးမှာအခြေချခဲ့ပေမယ့် အသဲကွဲပြီး ကိုယ့်မျိုးနွယ်ဇာစ်မြစ်ကိုပြန်လာရှာတဲ့ ဘလော့ဂါမလေးတစ်ယောက်- မြို့ကလာတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပြီး အရာရာကူညီပေးနေတဲ့ ရွာသားကြီး- အစ်မကိုလိုက်ရှာရင် ရွာလေးကိုရောက်လာတဲ့ အစားအသောက်အရည်အသွေးဝေဖန်သူမြို့သားလေး သူတို့(၄)ယောက်ပေါင်းပြီးတော့ ရှို့ချွင်းဓားကိုအကြောင်းပြုပြီးတော့ ကျေးရွာတိုးတက်ဖို့ လုပ်ငန်းတည်ထောင်ကြတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Embroidered Sword and The God of Cookery ( 2024 )

Justice League: Throne of Atlantis (2015) 6.6
Justice League: Throne of Atlantis (2015) IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။ Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေကကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီးမွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူမင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။ အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့်ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့်အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ File size…    1.1 GB /  462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Justice League: Throne of Atlantis (2015)

Justice League: The New Frontier (2008) 6.9
Justice League: The New Frontier (2008) IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့်Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman,အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman,ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash,ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့်ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲစစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင်ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။File size…    ...
movie

Justice League: The New Frontier (2008)

Aavesham (2024) 8
Aavesham (2024) Aavesham (2024) "မြေအောက်လောက"IMDb 8.2 ရုံတင်ငွေ ကုဋေ ၁၅၀ (ဘတ်ဂျက်ငွေ ငါးဆ) ပြန်ရခဲ့တဲ့အပြင် ၂၀၂၄ အတွင်း ဝင်ငွေအကောင်းဆုံးစာရင်းဝင် မလေယာလမ်း အက်ရှင်ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးဟာဆိုရင်ဖြင့် ကျောင်းသားဇာတ်လမ်းဖြစ်ပေမယ့်လို့ ရိုမန့်တွေ အနုအရွတွေထက်စာရင် ထစ်ကနဲရှိ ချမယ့် အက်ရှင်ဇာတ်ကြမ်းလေးဖြစ်ပြီး ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်အာဂျူ ဘီဘီ ရှန်သန်တို့က ဘန်ဂလောက အင်ဂျင်နီယာကောလိပ်တစ်ခုမှာ ပညာသင်ဖို့ရောက်လာကြပါတယ်ကျောင်းမှာ ဂျူနီယာတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်လေ့ရှိတဲ့ စီနီယာတစ်စုက သူတို့အဆောင်က ဘော်ဒါတစ်ယောက်ကို ထိုးလွှတ်လိုက်တာကြောင့် ဂျူနီယာအချင်းချင်း လူစုပြီး ဇိုးတစ်သိုက်ကို ပြန်ချဖို့လုပ်ပေမယ့်သူတို့ပါ အရှက်တကွဲ ဝိုင်းရိုက်ခံလိုက်ရပါတယ် ဒါကို တေးထားတဲ့ အာဂျူက လက်တုံ့ပြန်ဖို့အတွက် အရက်ဘားတွေမှာ လူမိုက်လိုက်ရှာရင်း ဘားတစ်ခုမှာ ဆုံတဲ့ လူထူးဆန်းတစ်ယောက်ကို ဆရာတင်လိုက်တဲ့အခါမှာ ဆိုရင်တော့...ကျောင်းမှာ ဗိုလ်ကျနေတဲ့ စီနီယာတွေကို ပြန်လက်စားချေနိုင်မှာလား အရှုပ်အရှင်းတွေထဲ ရောက်သွားမလား ဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Suri ~ Alex ~ ...
movie

Aavesham (2024)

2024
Willow(1988) 7.2
Willow(1988) Willow (1988)Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာ ဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။ သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့ နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး ...
movie

Willow(1988)

Iron Dart ( 2024 ) 5.7
Iron Dart ( 2024 ) ဒီဇာတ်ကားလေးကတော့ ကိုယ်ရံတော်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ - ယန်အိမ်တော်ရဲ့အ‌ မွေပြဿနာ‌တွေကြောင့် လီကွေ့ဖန်းလို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့ရဲ့မတ်ဖြစ်သူ‌ထံကနေ သမီးလေးလက်ကို‌ဆွဲပြီးထွက်ပြေးနေရတာပါ။အဲဒီအချိန် ထျယ်ရန့်လို့ခေါ်တဲ့ လူငယ်လေးကလည်း မြို့ကို သူ့အဘွားလုပ်ခိုင်းလိုက်တဲ့ကိစ္စလေးကြောင့် မြို့ကိုရောက်နေတဲ့ ဒုက္ခတွေ့နေတဲ့ လီကွေ့ဖန်းတို့သားအမိကိုကယ်လိုက်ပါတော့တယ် ။အဲဒီအချိန်မှာ လူဆိုးတွေကလည်းဆက်တိုက်လိုက်နေတော့ လီကွေ့ဖန်းက ထျယ်ရန့်ကိုသူ့ကို ၃၂နာရီပဲကာကွယ်ပေးဖို့တောင်းဆိုပါတော့တယ် ။ တကယ်လို့ သူတို့သားအမိကိုသာ မနက်ဖြန်၁၀ နာရီထိ ကာကွယ်ပေးရင် သိန်း၅၀ပေးမယ်လို့ကမ်းလှမ်းပါတယ် ။အဲဒီကမ်းလှမ်းချက်ကို ထျယ်ရန့်တစ်ယောက်လက်ခံလိုက်မလား ? ဒါမှမဟုတ် ၃၂နာရီအတွင်း ဘာတွေများဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK   
movie

Iron Dart ( 2024 )

Poojai (2014) 5.3
Poojai (2014) Poojai (2014)"ဆုတောင်းပွဲ" ======================တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။ သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့် နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့ လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…5.3GB / 2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Poojai (2014)

2014
Master of Maoshan ( 2021 ) 5.6
Master of Maoshan ( 2021 ) မောင်ရှန်းတောင်က မောင်ရှန်းဂိုဏ်းက နှစ်ပေါင်း60မှာတစ်ခါ မောင်ရှန်းဆရာကြီးကိုရွေးချယ်လေ့ရှိကြပါတယ် ။ အဲဒီမှာပဲ ယွင်လင်လို့ခေါ်တဲ့ကောင်လေးက အမြဲတမ်း မောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်မက်နေတဲ့သူပေါ့ ။ယွင်လင်ကမောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်ရှိပေမဲ့ သူကမွေးကတည်းက ဟေးချိလို့ခေါ်တဲ့ အဖျက်အစီးစွမ်းအင်နဲ့ မွေးလာတဲ့သူမို့ ကျင့်ကြံဆင့်လည်းမမြင့်ဘဲ အိပ်မက်နဲ့ဝေးနေရတာပါ ။ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းမထင်မှတ်ထားတာတွေဖြစ်စမြဲဆိုတော့ မောင်ရှန်းစုဝေးပွဲ မောင်ရှန်းဆရာရွေးချယ်တဲ့နေ့မှာ ကံအကြောင်းပါပြီးတော့ ‌ယွင်လင်တစ်ယောက် ယွမ်ချိဆေးလုံးရပြီးတော့ မောင်ရှန်းဆရာဖြစ်လို့သွားပါတော့တယ် ။တစ်ချိန်တည်းမှာပဲ သူတို့ညီအစ်ကိုတွေကယ်လိုက်တဲ့ တောက်ဆရာတစ်ယောက်က ကျန်းကျိုးမြို့မှ ာ ပင့်ကူအဆိပ်ပျံ့နေတယ်ပြောတာကြောင့် သူတို့ဆရာတူညီအစ်ကိုလေးယောက်သား ကျန်းကျိုးမြို့က ပြည်သူတွေကိုကယ်တင်ဖို့ စွန့်စားခန်းကြီးစတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

Master of Maoshan ( 2021 )

Chief of Station (2024) 5.5
Chief of Station (2024)  Cheif Of Station (2024) ဇာတ်ကားဟာဟောလီဝုဒ် မင်းသားကြီး Aaron Eckhart အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးထွက်အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက သာမန်ကားတွေနဲ့ မတူတာကတော့ဥရောပတခွင်မှာ လှုပ်ရှားနေကြတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေမျိုးစုံရဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ကျွန်တော်တို့ရဲ့ မင်းသားကြီးဟာ တစ်နေ့သူ့မိန်းမနဲ့နှစ်ပတ်လည် ညစာစာဖို့ သွားတော့မဲ့အချိန်မှာသူ့မိန်းမဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ်။သူ့မိန်းမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်ရဲ့လားသူ့မိန်းမရဲ့ သေဆုံးမှုကို ထောက်လှမ်းရေးအေဂျင်စီတွေကဘယ်လိုတုံ့ပြန်ကြမှာလဲ သူကရော တုံ့ပြန်မှုအပေါ်ဘယ်လိုသဘောထား ရှိမလဲ။ ဒီဇာတ်ကားထဲမှာပြောသွားတဲ့စကားဖြစ်တဲ့ "ဒီထောက်လှမ်းရေးလောကမှာဘယ်သူ့ကိုမှ သေချာသိတယ်ဆိုတာ မရှိဘူး" ဆိုတဲ့စကားအတိုင်း ဒီဇာတ်ကားကို သေချာသိဖို့ဆိုရင်ကြည့်မှသာ ကောင်းမှန်း သိနိုင်မယ်လို့ ပြောရင်း ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ File size…1.28GB / 577MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre …..Action ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Chief of Station (2024)