Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
5.7
Halo: Nightfall Season (1)
ဒီကားကတော့ စီးရီးသဘောအနေနဲ့ Season 1 တစ်ခုတည်းသာ၂၀၁၄ကထွက်ပြီး ပြီးဆုံးသွားခဲ့တဲ့Action စီးရီးတစ်ခုဖြစ်ပါတယ်....အခုတင်ဆက်ပေးထားတာကတော့ စီးရီးကို Movie တစ်ခုအနေနဲ့ပေါင်းစည်းပြီးရိုက်ကူးထားတာကြောင့် တစ်ကားလုံးကိုအပြည့်ဝကြည့်ရမှာပဲဖြစ်ပါတယ်....သိပ္ပံနဲ့စိတ်ကူးယဉ်ယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ Action War Type ပုံစံဖြစ်ပါတယ်...စစ်ဆင်ရေးတစ်ခုကိုဆင်နွှဲနေရာကနေ ရန်သူလို့သံသယရှိတဲ့လူတွေနောက်ကိုလိုက်ရင်းအမည်မသိတဲ့ဂြိုလ်တစ်ခုကိုရောက်သွားတဲ့ Soldier Team တစ်ခုရဲ့ကံကြမ္ပာဟာဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်....သူတို့တွေဟာ သာမာန်စစ်သားအဖွဲ့မဟုတ်ပဲ အထူးလက်နက်တပ်ဆင်ထားတဲ့ အဖွဲ့ဖြစ်လို့သာမာန်လူတွေကိုင်ထားတဲ့ လက်နက်တွေထက် သာလွန်တဲ့လက်နက်တွေကိုကိုင်ဆောင်ထားပါတယ်...ဒါပေမယ့် ဒီဂြိုလ်ကိုသူတို့ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့အစွမ်းထက်လှတဲ့လက်နက်တွေဟာသူတို့ကိုပြန်ပြီးတော့ ဒုက္ခပေးလာပါတော့တယ်....ဘယ်လိုဒုက္ခပေးမလဲဆိုတော့ထူးဆန်းတဲ့အကောင်တွေကြောင့်ဖြစ်လို့ပါပဲ...အဲလိုသူတို့တွေတောင်နားမလည်နိုင်တဲ့အကောင်တွေက သူတို့ကိုဘယ်လိုတွေသုတ်သင်ပြီး သူတို့အဖွဲ့ကိုခြောက်ခြားအောင်လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ.... Quality…..BluRay 720p Duration…..01:38:00 Format…Mp4 File Size…(704 MB , 281 MB) Translator…..Hnin Oo Wai Encoder…..Moe Myint Lwin
movie
Halo: Nightfall Season (1)
2014
6.4
Magnificent Warriors (1987)
ဒီဇတ်ကားကိုစကြည့်ရတဲ့အချိန်တုန်းကကျွန်တော်အ တော်လေးငယ်ပါသေးတယ် မီရှဲယိုကိုအဲဇတ်ကားကနေစပြီးကြိုက်ခဲ့တယ်လို့ပြောလို့ရတယ် နောက်ပိုင်းမှာသူ့ကားတွေအတော်ကြည့်ဖြစ်တယ် မင်းသမီးမီရှဲယိုဟာကမ္ဘာကျော်မင်းသားကြီးတွေနဲ့အတူတူသရုပ်ဆောင်ခဲ့ ပြီး အာရှသာမကကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးပါအက်ရှင်တွေသာမကဒရာမတွေပါပိုင်နိင်တဲ့မင်းသမီး ဖြစ်ကြောင်းကို the lady ဆိုတဲ့ဇတ်ကားမှာတွေ့နိင်ပါ တယ် ဂျိမ်းစ်ဘွန်းကားမှာလည်းပါဝင်သရုပ်ဆောင်ဖူးတဲ့ထိုမင်းသမီးဟာဂျက်ကီချမ်း ဂျက်လီတို့နဲ့အပြိုင်နာမည် ကြီးတဲ့မင်းသမီးတစ်ဦးပါပဲ ဇတ်လမ်းအကျဉ်းကိုပြောပြရရင်တော့တရုတ်နဲ့ဂျပန်စစ်ဖြစ်နေတဲ့ကာလအတွင်းမင်းသမီးမီရှဲယိုဟာ မျိုးချစ်တော်လှန်ရေးသမားတစ်ဦးကိုသွားရောက်ကယ်တင်တဲ့ဇတ်လမ်းလေးပါ လမ်းခုလတ် မှာဘာတွေကြုံရမလဲဘယ်သူတွေနဲ့တွေ့ကြုံရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာပါ အက်ရှင်သာမကဟာသလည်းရောနှောပါဝင်တာမို့သေချာပါတယ် cmပ ရိတ်သတ်တွေအကြိုက်တွေ့မယ်လို့ထင်ပါတယ် ကျွန် တော်ကြိုက်ခဲ့တဲ့ဇတ်ကားလေးကိုအကောင်းဆုံးကွာလတီနဲ့ဘာသာပြန်ပေးလိုက်ပါတယ် ဒေါင်းလော့ဆွဲပြီးသိမ်းထားကြပါလို့ပဲပြောကြားရင်း (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ) File Size : (680 MB) and (330 MB) Quality : Dvdrip 480p Running Time : 1hr 31minutes Format : Mp4 Genre : Action, Drama Translated By Soe Htwe Encode By Thanhtike Zaw
movie
1987
4.7
[21+] Gun Woman (2014)
2014 ခုနှစ်ကထွက်ရှိခဲ့ပြီး ခပ်ကြမ်းကြမ်း ဂျပန် အပေါင်းနှစ်ဆယ့်တစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက ကျတော်ကျိဖူးသမျှ Japan Gore movies တွေထဲမှာ တော်တော်ကြမ်းတဲ့ ဇာတ်ကားပါ ပြီးတော့ ဇာတ်ကားရဲ့ story line နဲ့ plot twist တွေက 21+ လို့တောင် မထင်ခြင်စရာပါပဲ နောက်တခုက သွေးသံရဲရဲ ခန်းတွေ ဆင်းရဲသားအခန်းတွေ ပေါပေါသောသော ပါတာမို့ ပုရိသအကြိုက်ကားတစ်ကားဖြစ်မယ်ဆိုတာတော့ ရဲရဲြက်ီးအာမခံရဲပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာဝန် တယောက် တစုံတခုသောအကြောင်းတစ်ခုကြောင့် ကလဲ့စားခြေဖို့အာသီသပြင်းထန်နေတဲ့ဆရာဝန် အဲ့ဒီ့ ဆရာဝန်က ဘာကြောင့် အသဲအသန် ကလဲ့စားခြေဖို့ ဆာလောင်နေလဲ တနေ့ ကံတရားက မျက်နှာသာပေးလာတော့ မိန်းမပျိုလေးတယောက်ကို ဝယ်ပြီး ရက်စက်တဲ့ လူသတ်သမ ဖြစ်အောင် သေချာလေ့ကျင့်ပေးလိုက်တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ပါ (ဘာသာပြန်ကတော့ ကိုကွန်ပိုက်ပါ :)
movie
[21+] Gun Woman (2014)
2014
Sky on Fire (2016)
အဖေတူအမေကွဲ မောင်နှမ၂ယောက်... ညီမဖြစ်သူ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရောက်နေပြီဆိုတာ သိလိုက်ရတဲ့အခါ... တစ်ဖက်မှာလည်း ကင်ဆာရောဂါကိုအမြစ်ပျက်အောင်ကုပေးနိုင်တဲ့ ဆေးကိုဖော်စပ်နေတဲ့ ဆရာဝန်ကြီးတစ်ယောက် ဆေးရုံမီးလောင်မှုနဲ့အတူ သေဆုံးသွားခဲ့တယ် ဆေးကိုဆက်ပြီးဖော်စပ်တာ အောင်မြင်သွားတဲ့အခါမှာတော့ ... အဲ့တော့ ညီမဖြစ်သူရဲ့ ကင်ဆာရောဂါကိုပဲ ပျောက်အောင်ကုသပေးနိုင်မှာလား... ဆရာဝန်ကြီး ဆုံးသွားတဲ့ မီးလောင်မှုက မတော်တဆဖြစ်တာလား... မတရားမှုတွေကို ဖြေရှင်းနိုင်မှာလားဆိုတာကို အသည်းတယားယား ရင်တဖိုဖိုကြည့်ရှုရမယ့် အက်ရှင်ဒရမ်မာဇာတ်ကားလေးဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Myint Thinzar ပဲဖြစ်ပါတယ်) File Size : (750 MB) and (350 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Action, Crime, Thriller Translated By Myint Thinzar Encode By Thanhtike Zaw
movie
Sky on Fire (2016)
2016
5.3
Once Upon a Time in Venice (2017)
ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3 (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်) File Size : (700 MB) and (260 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
Once Upon a Time in Venice (2017)
2017
6.1
Solomon Kane
Solomon Kane (2009) IMDb - 6.1/10_____Rotten - 67% မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie
Solomon Kane
2009
6.6
God of Gamblers III Back to Shanghai (1991)
ဒီဇာတ်ကားမှာတော့ စတီဖင်ချောင်က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး Action,Comedy,Fantasy အမျိုးအစားဇာတ်ကားပါ။စတီဖင်ချောင်ဇာတ်ကားအတိုင်း အူတက်အောင်ရယ်ရတဲ့ဇာတ်ကားပါ။ ဖဲကစားတဲ့ လူစွမ်းကောင်းတွေအကြောင်း ကြည့်ကြပါဦး။God of Gamblers ဇာတ်ကား (၃) ကားလုံးကို https://channelmyanmar.to/?s=god+of+gamblers မှာရှာပါ။ File Size…(900MB) and (430MB) Quality…BluRay Rip 720p Format…mp4 Duration…01:56:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Missy Win
movie
1991
6.9
God of Gamblers II (1991)
ဒီဇာတ်ကားမှာတော့ စတီဖင်ချောင်က လောင်းကစားလူစွမ်းကောင်းအဖြစ် စတင်ပါဝင်လာတာမို့ ဟာသတွေအတော်များများပါပါတယ်။Andy Lau က လောင်းကစားသူရဲကောင်းအဖြစ်ပါဝင်ထားပြီး Action,Comedy အမျိုးအစားဇာတ်ကားပါ။God of Gamblers ဇာတ်ကား (၃) ကားလုံးကို https://channelmyanmar.to/?s=god+of+gamblers မှာရှာပါ။ File Size…(900MB) and (400MB) Quality…BluRay Rip 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Missy Win
movie
God of Gamblers II (1991)
1991
7.4
God of Gamblers (1989)
ဒီဇာတ်ကားဟာ စတီဖင်ချောင် ဆက်ရိုက်ကူးမယ့် God of Gamblers ဇာတ်ကားတွေရဲ့ အစပထမဇာတ်ကားပါ။ဒီဇာတ်ကားထဲမှာ စတီဖင်ချောင်မပါသေးပါဘူး။ချောင်ယွန်ဖက်ကို အဓိကဇာတ်ဆောင်အဖြစ် လောင်းကစားဘုရင်အနေနဲ့မြင်တွေ့ရမှာပါ။Andy Lau လဲပါဝင်ထားပြီး Action,Comedy,Drama အမျိုးအစားဇာတ်ကားပါ။God of Gamblers ဇာတ်ကား (၃) ကားလုံးကို https://channelmyanmar.to/?s=god+of+gamblers မှာရှာပါ။ File Size...(950MB) and (440MB) Quality...BluRay Rip 720p Format...mp4 Duration...02:06:00 Subtitle...Myanmar Subtitle(Hardsub) Encoder...Nyeinsaeya Aung Translated by Missy Win
movie
God of Gamblers (1989)
1989
6.4
Wow… လို့ အရင်ပြောပါရစေ… Resident Evil: The Final Chapter နဲ့ ဂျင်းသိပ်ခံရတာတွေ ဒီ Animation Movie နဲ့ ပြန်ဖြေသိမ့်လိုက်ရတယ်… IMDb 7.1/10 ထိရထားတယ် ဆိုရင် သိလိုက်တော့… ကိုယ်တွေ လွမ်းနေတဲ့ ခရစ် ပါမယ် ရေဗက္ကာ ပါမယ် လီယွန် ပါတယ် ဇတ်လမ်းက နည်းနည်းတော့ Game ဆန်မယ် ကိုယ်တွေက Game အဆော့များလို့လား မပြောတက်ပေမယ့် Game Story နဲ့ နဲနဲသွားဆင်နေတယ် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့ Resident Evil 7: Biohazard (Game) လိုမျိုး ဇတ်လမ်း ကြိုမသိနိုင်တဲ့ပုံစံမျိုး နဲ့ ဇတ်သိမ်းသွားတယ်… အမှန်အတိုင်းပြောရရင် ရမယ်ရှာပြီး ဆွဲဆန့်ထားတဲ့ Resident Evil ဇတ်လမ်းတွေဟာ တစ်ဖြေးဖြေး ချာလာပေမယ့် ခုနောက်ပိုင်း Japan က Game နဲ့ Animation တွေဟာ ဖန်တရာတေနေတဲ့ ...
movie
Resident Evil: Vendetta (2017)
2017
Truck (2008)
2008 ခုနှစ်ကထွက်ရှိခဲ့ တဲ့ သည်းထိပ်ရင်ဖို ကားလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာဖခင်တစ်ယောက်ရဲ့ မိမိသားသမီးအပေါ်ထားရှိတဲ့မေတ္တာတရားနဲ့ထူးဆန်းလှတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ရိုက်ကူးပြထားတာပါထရပ်ကား ဒရိုင်ဘာ ယူဟဲဂျင်းဟာ သူ့သမီးလေး ဆေးကုဖို့ပဆံ အရေးပေါ်လိုအပ်နေချိန်မှာ ပုံမှန်ထက်ပိုတဲ့ အကြေးငွေနဲ့အလုပ်တစ်ခုကို ကမ်းလှမ်းလာတဲ့ အခါမှာ လက်ခံ လိုက်မိပြီး သူသယ်ပေးရတာက တော့ လူသေအလောင်းများ ဖြစ်နေပြီး သယ်ဆောင်ရာလမ်းတစ်လျှောက်မှာ ရဲများနဲ့ စစ်ဆေးခံရပြီး ရဲများကလဲ ဆက်တိုက် ဖြစ်နေတဲ့ရက်စက်တဲ့ လူသတ်မူတွေကို စုံစမ်းနေတဲ့ အခါမှာတော့ ကဲ ……ဘာသာပြန်ကတော့ မင်းပြည့်စုံ ပါ
movie
Truck (2008)
2008
6.0
CHiPS (2017)
ကဲအခုနှစ်2017 ကမှထွက်ထားတဲ့Comedy/Actionကားလေးပါဗျာ။မင်းသားကိုတချက်ကြည့်လိုက်တာနဲ့သိလောက်မှာပါ။ဂျွန်ဘိတ်ကာနဲ့ပေါ့ခ်ျရီလိုဆိုတဲ့သူနှစ်ယောက်ဟာကာလီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ကိုတူတူအသစ်ဝင်လာကြတဲ့သူတွေပါ။ဒါပေမယ့်ဝင်လာရတဲ့အကြောင်းအရင်းတွေကတော့မတူကြပါဘူး။ဂျွန်ဘိတ်ကာကအရင်ကဆိုင်ကယ်ပြိုင်ပွဲမောင်းတဲ့သူပါ။အတိတ်ကရွှေရောင်နေ့ရက်တွေမှေးမှိန်သွားပြီးတဲ့နောက်အိမ်ထောင်ရေးပြန်လည်အဆင်ပြေစေဖို့ရဲဝင်လုပ်တာပါ။ပေါ့ခ်ျရီကတော့FBIအထူးစုံထောက်ဖြစ်ပြီးအဲဒီအမြန်လမ်းရဲတပ်ဖွဲ့ရဲ့အမှုတခုကိုဖြေရှင်းဖို့အသွင်ယူပြီးရောက်လာခဲ့တာပါ။နှစ်ယောက်လုံးတူတူရောက်လာကြပြီးပူးတွဲတာဝန်ပေးခံလိုက်ရတဲ့အခါမှာတော့ပေါ့ခ်ျရဲ့ကြောင်တောင်တောင်အကျင့်တွေဘိတ်ကာရဲ့အူအူပုံစံတွေအတွေးအခေါ်တွေကြောင့်ဘယ်လိုတွေပေါက်ကရဖြစ်ကြမလဲ။တယောက်ကအခုမှရဲလုပ်မယ့်သူ၊တယောက်ကအတွေ့အကြုံရှိတဲ့သူဘယ်လိုတွေအဆီအငေါ်မတည့်ဖြစ်ကြမလဲ။သူတို့နှစ်ယောက်ဘယ်လိုကတောက်ကဆတ်တွေဖြစ်ပြီးရယ်စရာတွေလုပ်ပြမလဲ။အမှုကရောဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။အားလပ်ချိန်ကိုအားရပါးရရယ်လိုက်မောလိုက်အပန်းဖြေလိုက်ကြရအောင်ဗျာ။[မင်းသားကတော့ပေါက်ကရလုပ်မယ့်မင်းသားဆိုတာသိမှာပါ:P]။ပြောတာလေးတွေကနည်းနည်းတော့ဆဲတာလေး18+တွေပါပါမယ်။မိသားစုနဲ့မကြည့်သင့်ပါဘူး။(ဘာသာပြန်သူကတော့ The Fridays ဖြစ်ပါတယ်)File Size : 750 MB/400 MB Quality : Bluray 720p Running Time : 1hr 40minutes Format : Mp4 Genre : Action, Comedy, Crime Translator : The Fridays Encoder :Thanhtike Zaw
movie
CHiPS (2017)
2017
5.7
Vampire Cleanup Department (2017) IMDb - 5.7/10_____Rotten - 80% ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လို့ခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။ အဲဒီအဖွဲ့ဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲ့အနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိုက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲ့က အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲ့ရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။ ဒါနဲ့ပဲ ဗီစီဒီအဖွဲ့က ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတို့ကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲ့ရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို့ အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။ ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲ့ဝင်အဖြစ် ...
movie
Vampire Cleanup Department (2017)
2017
7.3
Okja (2017)
ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း ...
movie
Okja (2017)
2017
6.5
U.S. Marshals (1998)
အဆိုးဆုံး ဝရမ်းပြေးတွေကို အကြမ်းဖက် လိုက်ဖမ်းပေးရတဲ့ အဖွဲ့အစည်း US Marshals..... ကား မတော်တဆမှုကနေ တဆင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရှရင်ဒန် ၊ ရှရင်ဒန်ဟာ လူသတ်မှု နှစ်မှုအတွက် အလိုရှိနေတဲ့ အဆင်မြင့် အဖွဲ့အစည်းက ဝရမ်းပြေးတစ်ယောက်ပေါ့ ။ ရှရင်ဒန် ပတ်သက်နေတာ ဘယ်လိုအမှုမျိုးလဲ ။ တရုတ်လက်အောက်က ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရုန်းကန်နေမှုမှာ အမေရီကန်က ကူညီမှု မှန်သမျှ သတင်းကို တရုတ်ကို ရောင်းစားတဲ့ သူလျှိုအမှုပေါ့ ။ အဲဒိအမှုမှာ ရှရင်ဒန်က အေးဂျင့် နှစ်ယောက်ကို သတ်လိုက်မိတယ် ။ ရှရင်ဒန်ကို ကားမတော်တဆမှု ကနေတဆင့် မိသွားတော့ နယူးယောခ့်ကိုပို့တယ် ။ လမ်းမှာ သူ့ကို နှုတ်ပိတ်အစဖျောက်ချင်တဲ့ အဖွဲ့အစည်းက သတ်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျပြီး ရှရင်ဒန် လွတ်မြှောက်သွားတယ် ။ ရှရင်ဒန်ကို ပြန်ဖမ်းမိဖို့အတွက် US Marshals အဖွဲ့ကို တာဝန်ပေးလိုက်တော့တယ် ...
movie
U.S. Marshals (1998)
1998
4.9
Altitude (2017)
Thriller,Action ဇာတ်ကားလေးပါ။မင်းသမီး Denise Richards နဲ့ Greer Grammer တို့ပါဝင်ထားပြီး မင်းသားကြီးကတော့ Dolph Lundgren ပါ။လေယာဉ်ပြန်ပေးဆွဲမှုနဲ့ FBI အေးဂျင့်တွေကို အခြေခံရိုက်ကူးထားပါတယ်။ File size…(800MB) and (230MB) Quality…BluRay Rip 720p Format…mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Wunna
movie
Altitude (2017)
2017
Begum Jaan (2017)
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ...
movie
Begum Jaan (2017)
2017
7.6
Saala Khadoos (2016)
The story of a former boxer who quits boxing following a fallout with the authorities over the underlying politics but goes on to coach a fisherwoman to fulfill his dream through her. Thisi is a simultaneously shot Hindi version of the Tamil film Irudhi Suttru.Imdb rating 7.6/10 ရှိထားတဲ့ဘောလိဝုဒ်ကားကောင်းလေးတစ်ကားပါ။အက်ရှင်ဒရာမာဇာတ်ကားဖြစ်သလို အားကစားအကြောင်းအခြေခံထားတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။လက်ဝှေ့အားကစားအကြောင်းကိုရိုက်ထားတဲ့ဇာတ်ကားလေးပါ။အနားယူလိုက်ပြီဖြစ်တဲ့လက်ဝှေ့ကစားသမားဟောင်းတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်ကိုလက်ဝှေ့ပညာမှာထူးချွန်အောင်လေ့ကျင့်ပေးရင်းနဲ့ လက်ဝှေ့သမားတွေရဲ့ဘဝဇာတ်ကြောင်းကိုအပြည့်အဝခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်လက်ဝှေ့ကားကြိုက်တတ်တဲ့CMပရိသတ်တွေကျေနပ်နိုင်ကြမယ့်ဇာတ်ကားလေးပါ။File Size : 800 MB/400 MB Quality : Bluray 720p Running Time ...
movie
Saala Khadoos (2016)
2016
5.5
Boss
A young man disowned by his family is aided by a big business owner.ဒီတစ်ခါတော့ ဘောလီဝုဒ် ဖန် တွေအတွက်အက်ရှင် အလန်းစားတွေနဲ့ဟာသ ခပ်မြူးမြူးတွေ ဝေဝေဆာဆာနဲ့ သီချင်း အလန်းတွေ နောက်ခံတေးဂီတ အမှန်အကန်တွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်တဲ့ #အက်ရှေးရဲ့ ကားကောင်းတကားတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ….. ဖခင်ဖြစ်သူက စိတ်ဆိုးပြီး အိမ်ပေါ်က နှင်ထုတ်ခံလိုက်တဲ့ လူငယ်လေးတစ်ယောက်ဟာ လမ်းခုလတ်မှာ လုမိုက်ကြီး တစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်တဲ့အတွက် သူကိုယ်တိုင်ပါ #ဆရာ ဆိုတဲ့ နမည်ကြီး ဒုစရိုက်သမား တစ်ယောက် ဖြစ်သွားပါတော့တယ်။နှစ်တွေကြာလာတဲ့ အခါ သူ့ဖခင်ကြီးက သူ့အိမ်ကို ရောက်လာပါတော့တယ်လာရခြင်းကတော့ သူ့သားကို လိမ်ဖမ်းထားတဲ့ ရဲလက်က လွတ်အောင် ကူညီပေးဖို့ အလုပ်လာအပ်တာပဲ ဖြစ်ပါတယ်ဒါပေမယ့် သူ့အဖေ ကယ်ခိုင်းတဲ့ သူ့ညီလေးကို သူ့အဖေထက်အရင် ရဲတစ်ယောက်က သတ်ဖို့ ခိုင်းထားတာပါ။ဒီတစ်ခါမှာတော့ အဖေနဲ့ညီကို ကယ်ဖို့ ဒေလီကို#ဆရာ ထွက်လာဖို့ ...
movie
Boss
2013
6.0
Doomsday (2008)
သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie
Doomsday (2008)
2008
First
227
228
229
230
231
Last
Previous
Next