Channel Myanmar

Action

Bio Raider (2017)
Bio Raider (2017) အခုတစ်ခါတော့ ၂၀၁၇ ခုနှစ်ထွက် ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကလဲ လွန်ခဲ့တဲ့ ၂ပတ်က ထွက်ရှိခဲ့ပြီး စာတန်းထိုးဖိုင် ထွက်ရှိမလာတာကြောင့် ကိုယ်တိုင် ဖန်တီးပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက အဖေတစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးပြထားပြီး သားသမီး ဘယ်ဘ၀ ရောက်နေပါစေ အနစ်နာခံ ချစ်တဲ့ အဖေတစ်ယောက်ရဲ့ ဘ၀ ကို ပုံဖော်ပြထားတာပါဇာတ်လမ်း အကျဉ်းလေးကတော့မြို့တစ်မြို့က နာမည်ကြီးသမားတော်တစ်ယောက်ဟာ ညို နဲ့ လေ ဆိုတဲ့ တပည့် နှစ်ယောက်ရှိပြီး တပည့် ၂ယောက်ဟာ ပညာစုံတဲ့ အခါမှာ မိမိတို့ အဆင်ပြေရာအရပ်ကို ထွက်ခွာ သွားကြပါတယ် သမားတော်ကြီးဟာအသက်ရှည်ဆေးကိုစမ်းသပ်ဖော်စပ်နေပြီး အောင်မြင်လုခင်အခြေအနေကိုရောက်ရှိလာပါတယ်  ဒီလိုနဲ့ တစ်နေ့မှာ သမားတော်ကြီးရဲ့ သမီးဟာ ရောဂါတစ်ခု ဖြစ်လာတဲ့ အခါမှာ သမားတော်ကြီးဟာ သူ့ရဲ့ အောင်မြင်ခါနီး ဆေးကိုတိုက်လိုက်ပါတယ် ကံမကောင်းစွာ နဲ့ပဲ ဆေးအမယ်တစ်ခု လိုသွားခဲ့ပြီး သမားတော်ကြီးရဲ့ သမီးလေးဟာ သွေးစုပ်ကောင်ဘ၀ ကိုရောက်သွားပါတော့တယ် ဒီလိုနဲ့ အနှစ်၂၀ကြာခဲ့ပြီး မန်ချူးရီးယားကို ဂျပန်က သိမ်းပိုက်တဲ့ခေတ်မှာ လေသမားတော်ဟာ ဥရောပက ပြန်လာခဲ့ပြီး ဂျပန်အရာရှိတွေနဲ့ ...
movie

Bio Raider (2017)

Kaho Naa… Pyaar Hai (2000) 6.9
Kaho Naa… Pyaar Hai (2000)   ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ့ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ...
movie

Kaho Naa… Pyaar Hai (2000)

2000
A Company Man (2012) 6.7
A Company Man (2012)   ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့ တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။ Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။ တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။ မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘ၀ထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။ Single motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။ အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘ၀ကနေသားကောင်ဘ၀အဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။ Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘ၀လေးထူထောင်နိုင်မလား။ အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။ မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အ၀နဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။ Ratingအနေနဲ့လည်6း.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။   (ဘာသာပြန်သူကတော့ CM မှ Translator တစ်ဦးဖြစ်သူ Thinzar Thaung Htike San ပဲဖြစ်ပါတယ်)  File Size : (700 MB) and (280 MB) Quality : Bluray720p Running Time : 1hr 36minutes Format : Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated By Thinzar Thaung Htike San Encode By Thanhtike Zaw
movie

A Company Man (2012)

2012
The Bullet Vanishes 6.6
The Bullet Vanishes   2012 ခုနှစ်ကထွက် ရှိထားတဲ့ ထိုင်ဝမ် ဟောင်ကောင် စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDb rating 6.6 ရထားပြီး သဲထိပ်ရင်ဖိုကြိုက်ပရိတ်သတ်တွေကတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ ဇာတ်လမ်း အကျဉ်းလေးကတော့ မိုးတွေ ရွာနေတဲ့ ညတစ်ညမှာ ရှန်ဟိုင်း လက်နက်စက်ရုံက နေ ကောင်မလေးတစ်ယောက်ဟာ သေတ္တာတစ်လုံးကို ခိုးယူသွားခဲ့ပြီး ခိုးယူသွားခဲ့ တဲ့ သေတ္တာထဲမှာ ရုရှားတွေရဲ့ ကျည်ဆန်တွေ ပါနေတာကို သိလိုက်ရတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမယ် ဟောင်ကောင် နဲ့ ထိုင်ဝမ် ရဲ ဌာန တွေကကော သူတို့နယ်ဖက်ရောက်လာတဲ့ ဒီသေတ္တာကို ဘယ်လိုတွေ များ ဖြေရှင်းကြမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ကြရမှာပါဘာသာပြန်ကတော့ Real YNWA ဖြစ်ပါတယ်  
movie

The Bullet Vanishes

2012
The Prison (2017) 6.6
The Prison (2017)  2017 ခုနှစ်ထွက် IMDb 6.5 ရထားတဲ့ ကိုရီးယား အက်ရှင် သဲထိပ်ရင်ဖို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက တော့ ထောင်ထဲမှာ တွေ့ကြုံရတဲ့ မသမာမူတွေ ငွေအင်အားနဲ့ အနိုင်ယူမူတွေ အာဏာနဲ့ ရက်စက်မူတွေကြောင်း ထောင်ထဲမှာ အစောင့်တွေရဲ့ မျက်နှာ လိုက်မူတွေ ကို အသားပေးရိုက်ကူး ပြထားပြီး အကျဉ်းသားတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံ အခက်အခဲ နဲ့ ထောင်ထဲမှာအသက်ရှင်ဖို့ ရုန်းကန် ရပုံတွေကိုကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ရဲအရာရှိဟောင်း တစ်ယောက်ဟာထောင်ထဲက ရာဇ၀တ်မူတွေကိုဖ်ေထုတ်ဖို့အတွက် အကျဉ်းထောင်ထဲ သို့ဝင်လာခဲ့ပြီး သူကိုယ်တိုင် ည အချိန်မှာ အကျဉ်းသားတွေရဲ့ ရာဇ၀တ်မူတစ်ခုကိုကြုံတွေ့ရပြီး သက်သေတွေဖျောက်ဖျက်ခံ လိုက်ရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာဘာသာပြန်ကတော့ Saw Wanna ဖြစ်ပါတယ်ဗျ  :)
movie

The Prison (2017)

2017
The Mole Song: Undercover Agent Reiji (2013)
The Mole Song: Undercover Agent Reiji (2013) အမြဲတမ်း တလွဲတွေလုပ်တတ်တဲ့ Reiji Kikukawa ဟာ ပေါတောတောနေတတ်ပေမယ့် တရားမျှတမှုကို မြတ်နိုးလိုလားသူတစ်ယောက်ပါ အဲဒါကြောင့် သူဟာ ရဲအကယ်ဒမီတက်ခဲ့တယ် ဒါပေမဲ့ အနိမ့်ဆုံးရမှတ်တွေ မှတ်တမ်းတွေနဲ့ပဲ သင်တန်းဆင်းခဲ့ပြီး ရဲသားတစ်ယောက်ဖြစ်လာပါတယ် တစ်ရက်မှာတော့ မမျှော်လင့်ပဲ စည်းမျဉ်း စည်းကမ်းကိစ္စတွေနဲ့ ပတ်သတ်ပြီး ရဲချုပ်က သူ့ကို အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ သေချာဇာတ်တိုက်ထားတဲ့ အရာတစ်ခုပါပဲ။ သူဟာ သူလျှိုတစ်ယောက် ငပွေးတစ်ကောင်အဖြစ် ဘဝတစ်ဆစ်ချိုး ပြောင်းလဲလာခဲ့ပါတယ်။ သူ့ရဲ့ပစ်မှတ်က Sukiyakaki ဂိုဏ်းခေါင်းဆောင် Shuho Todoroki ပါ ။ အဲဒီဂိုဏ်းက Kanto နယ်တဝှမ်းမှာတော့ အကြီးမားဆုံး ရာဇဝတ်ဂိုဏ်းတစ်ခုပါပဲ။ တစ်ရက်မှာတော့ Sukiyakaki ရဲ့ နံပါတ်နှစ်ဖြစ်တဲ့ Masaya Hiura က Reiji ကို မျက်စိကျသွားပြီး သူ့ရဲ့ သွေးသောက်ညီအကိုအဖြစ် ရာကူဇာဂိုဏ်းထဲကို ထည့်သွင်းခဲ့ပါတယ် Reiji တစ်ယောက် ဘယ်လို အခက်အခဲများစွာ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြတ်ကျော်ပြီး ရာကူဇာဂိုဏ်းက Shuho Todoroki ဆီ ...
movie

The Mole Song: Undercover Agent Reiji (2013)

2013
$50K and a Call Girl: A Love Story (2014) 7.1
$50K and a Call Girl: A Love Story (2014) R-Rated ဇာတ်လမ်းကိုမှ IMdb (7.1) ရရှိထားတဲ့ Rating မြင့်ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rose တစ်ယောက် ဦးနှောက်ကင်ဆာကျွမ်းနေပြီဖြစ်ကြောင်း...အသက်ရှင်ရန် ၆လသာ အချိန်ရတော့ကြောင်း သူ့ကိုယ်သူသိလိုက်ရတဲ့အချိန်မှာတော့... သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ခရီးသွားရင်း ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်... သူ့ရဲ့ချစ်လှစွာသော လက်ထပ်ခါနီးတဲ့ အစ်ကိုက လက်ထပ်ဖို့စုထားတဲ့ ဒေါ်လာ၅သောင်းကို သူ့ခရီးမှာသုံးဖို့ စပွန်ဆာပေးခဲ့ပုံတွေ... ခရီးမှာ ဘက်ပဲ့နေတဲ့ Rose ခမျာ အဖော်ရဖို့ ကောင်မလေးတစ်ယောက် ခေါ်ခဲ့ပုံတွေ.... စေစပ်ထားတဲ့ သူ့အစ်ကိုစုံတွဲ သူ့ကြောင့် ကတောက်ကစဖြစ်ရပုံတွေ... ကိုယ့်ကိုကိုယ် သေမှာသိနေတဲ့ လူတစ်ယောက်ရဲ့ခံစားချက်တွေ... သေခါနီးလူတစ်ယောက်ရဲ့နားမှာ လှုပ်ရှားရုန်းကန်နေရတဲ့ လူတစ်စုရဲ့အကြောင်းတွေကိုဟာသနှောကာ ရိုဆန်ဆန် လက်တွေ့ကျကျ ဘယ်လိုတွေ့မြင်ရမလဲဆိုတာကတော့....။(ဘာသာပြန်နဲ့ အညွှန်းကတော့ Thinthtoo Zaw ဖြစ်ပါတယ်။)  File Size…(800MB) and (310MB)Quality…BluRay 720p Format…mp4 Duration…01:30:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Blade
movie

$50K and a Call Girl: A Love Story (2014)

2014
The Villainess (2017) 6.7
The Villainess (2017) The Villainess (2017) IMDb - 6.7/10_____Rotten - 84%အမျိူ းသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျို းမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျို းတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့စားရမှာဖြစ်ပါတယ်။Cannes ...
movie

The Villainess (2017)

2017
Thor Vs Hulk (2009)
Thor Vs Hulk (2009)   Asgardရဲ့ ဘုရင်ကြီးဖြစ်​တဲ့Odinဟာနှစ်​စဉ်​တိုင်း ​ တစ်နှစ်ကိုတစ်ကြိမ် ကာလရှည်အိပ်စက်ပါတယ် ဒီလို အိပ်​စက်​အနား​ယူ​နေချိန်​မှာOdinရဲ့​မွေးသားဖြစ်​တဲ့Lokiဟာနန်းဆက်ခံမယ့်Thorကိုအနိုင်​ရဖို့အတွက်​Dr.Bannerရဲ့ခန္ဓာကိုယ်​က​နေHulkကိုခွဲထုတ်ပြီး Thor ကိုတိုက်ခိုက်စေပါတယ် ဒါပေမယ့် ဒေါသဘုရင် Hulkကြီးကို ပြန်​ထိန်းချုပ်​လို့မရနိုင်​​တော့ပဲဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့  ဆက်လက်ကြည့်လိုက်ပါတော့ Imb rating 7.1ရရှိထားလို့ Ratingကောင်းတဲ့ Animationတစ်​ကားဖြစ်​လို့ပရိတ်သတ်များအကြိုက်တွေ့စေပြီး Marvel Fanများအတွက်လည်း စိတ်ကျေနပ်မှုပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားအဖြစ်ပြီး သင်ကော marval fanတစ်ယောက်သာဆို Thor နဲ့ Hulk သတ်ကြ ရင် ဘယ်သူ နိုင်မယ်လို့ထင်ပါသလဲဘာသာပြန် နဲ့ အညွန်းကတော့ မင်း ပြည့်စုံ ပါ
movie

Thor Vs Hulk (2009)

The Wall (2017) 6.2
The Wall (2017) The Wall (2017) IMDb - 6.2/10_____Rotten - 65%  ဒီကားလေးကတော့ယခုနှစ်၂၀၁၇၅လပိုင်းထွက်ကားသစ်လေးပါ။ စစ်ကားလို့ထင်ရပေမယ့်ဒီကားလေးကတမူထူးခြားပါတယ်။ အဲဒါထက်အဓိကသရုပ်ဆောင်နှစ်ယောက်မှာလဲနပန်းသမားကြီးJohnCenaပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဒီကားလေးကပုံမှန်စစ်ကားအတိုက်အခိုက်ကားတွေကနေကွဲထွက်နေတာပါ။ အပစ်အခတ်တွေထက်စကားပြောခန်းပိုပြီးပါတာတွေ့ရမှာပါ။ ပုံမှန်ကြည့်နေကျအမေရိကန်စစ်ကားတွေလိုစစ်တပ်ဆိုင်ရာအမြင်ထက်စစ်ပွဲအကြောင်းကို တဖက်ရှုထောင့်ကနေဖော်ပြပေးထားတာပါ။ ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်နေပေမယ့်မကောင်းတဲ့တမျိုးကြီးတော့မဟုတ်ပါဘူး။ တွေးစရာလေးတော့ရမယ်ထင်ပါတယ်။ ဇာတ်ကားလေးကို၂၀၀၇ခုနှစ်စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးကာလအီရတ်နိုင်ငံတနေရာမှာဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန်စစ်တပ်လက်ဖြောင့်သမားနှစ်ဦးဖြစ်တဲ့အိုက်ဇက်နဲ့လက်ထောက်တပ်ကြပ်ရှိန်းတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာပစ်ခတ်မှုဖြစ်တဲ့အတွက်အကူအညီခေါ်လို့သွားရောက်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ အချိန်အတော်ကြာအောင်စောင့်ကြည့်ပေမယ့်ဘာမှမထူးခြားတာကြောင့်တပ်ကြပ်ရှိန်းတယောက် အောက်ကိုဆင်းကြည့်တာမှစပြီးဲဂိုလ်ဆိုးဝင်တာပါပဲ။ Jubaလို့ခေါ်တဲ့အသံတိတ်သေနတ်သမားဆိုတဲ့အတိုင်းအမေရိကန်လက်ဖြောင့်သမားတွေထက်တောင် ကျွမ်းကျင်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ ရှိန်းတယောက်အပစ်ခံရပြီးနောက်အိုက်ဇက်လည်းနောက်ကလိုက်ကူဖို့ဆင်းသွားပါတယ်။ ဒါပေမယ့်သူလည်းအပစ်ခံလိုက်ရပြီးနှစ်ယောက်သားရန်သူလက်ဖြောင့်သမားရဲ့ထိန်းချုပ်မှုအောက်မှာရောက်သွားပါတယ်။ ဇာတ်လမ်းလေးကိုတော့အဲလိုလေးကျောရိုးတည်ထားပါတယ်။ ဇာတ်ကွက်ထက် စကားပြောခန်းကပိုပြီအခရာကျတဲ့အတွက်ဇာတ်ကားကိုကြည့်ပါမှပိုပြီးအရသာရှိမယ်လို့ပြောချင်ပါတယ်။ ဒီကားထဲမှာပါတဲံJubaဆိုတဲ့အသုံးအနှုန်းဟာတကယ့်လက်တွေ့မှာလည်းအီရတ်စစ်မြေပြင်မှာအမေရိကန်စစ်သားများစွာရဲ့ အသက်ကိုခြွေယူနိုင်ခဲ့တဲ့အသံတိတ်သေနတ်သမားတယောက်ကိုသုံးနှုန်းတဲ့စကားဖြစ်ပါတယ်။ အပစ်အခတ်ကိုဦးစားပေးတာမဟုတ်လို့အကြမ်းပတမ်းတွေတွေ့ရမှာမဟုတ်ပါဘူး။ Ratingအနေနဲ့ကလည်း6.2ထိရထားပါတယ်ဗျာ။   (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung  ပါ )  File Size : (700 MB) Quality : 720p Bluray Running Time : 1hr 28minutes Format : Mp4 Genre : Action, Drama, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Wall (2017)

2017
Gangster Squad 6.7
Gangster Squad Gangster Squad (2013)_____IMDb - 6.7/10    ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie

Gangster Squad

2013
Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie

Poseidon (2006)

2006
Garo:Gold Storm Sho (2015 )
Garo:Gold Storm Sho (2015 ) Garo GoldStorm Sho ( 2015 )ဒီဂျပန်Movieကားလေးကတော့ MyDramaListမှာ Rating 7.8/10 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ရွှေရောင်သူရဲကောင်းလက်ရှိမျိုးဆက်ဖြစ်တဲ့ Doigai Ryuugaရဲ့ 2013က " The One to Shine Light into the Darkness " ဇာတ်လမ်းတွဲပြီးဆုံးတဲ့နောက်မှာ နောက်ထပ်ထွက်ရှိလာမယ့် ဒုတ်ယမြောက် " Garo- Goldstorm " Seriesအတွက် အစပျိုးထားပေးတဲ့ Movieလေးပဲဖြစ်ပါတယ် ။ မြုပ်ကွက်တွေနဲ့အရမ်းကိုကြည့်ကောင်းတဲ့ Series တွေကိုတော့ အချိန်ရလို့အဆင်ပြေရင် တင်ဆက်ပါဦးမယ်။ အခု ဒီMovieလေးကတော့ ရှေ့ကထွက်ခဲ့တဲ့ဒီGaroမျိုးဆက်ရဲ့ Series ကို မကြည့်ပေမယ့် နားလည်နိုင်လောက်တဲ့အတွက် ဘာသာပြန်တင်ဆက်လိုက်ရတာပါ။ ဒီMovieရဲ့ဇာတ်လမ်းအကျဉ်းလေးကတော့ ... တစ်မြို့ပြီးတစ်မြို့ Horrorတွေကို ရှင်းလင်းပေးပြီးလူသားတွေကိုကာကွယ်ပေးနေတဲ့ ရွှေရောင်သူရဲကောင်း Dougai Ryuugaဟာ Vol City မှာရှိတဲ့ Horrorအားလုံးကိုရှင်းလင်းပြီးတဲ့အခါမှာ ခရီးဆက်ဖို့အတွက် လာတဲ့လမ်းမှာ မာကိုင်းဆရာမလေးRianကိုဒုက္ခပေးဖို့ကြိုးစားနေတဲ့ Volcityရဲ့နောက်ဆုံးလက်ကျန် Horrorတွေဖြစ်တဲ့ Muradoနဲ့သူတပည့်တွေကို Rianနဲ့အတူတိုက်ခိုက်ခဲ့ကြပြီးတဲ့နောက်... အဲ့ဒီတစ်ချိန်တည်းမှာပဲ Ryuuga ဟာသူ့ရွှေထည်ဝတ်စုံမှာလွှမ်းမိုးစပြုလာပြီဖြစ်တဲ့ ...
movie


Stratton (2017) 5
Stratton (2017)   အခုမိတ်ဆက်ပေးချင်တဲ့ Stratton ဆိုတဲ့ဇာတ်ကားလေးကတော့ ဗြိတိန်အက်ရှင်ကားလေးပါ SBS ရဲ့တာဝန်ရှိသူ Stratton ကသူ့ရဲ့ပါတနာ Marty နဲ့အတူ ဇီဝလက်နက်ကို ယူဖို့ အီရတ်က ဓာတ်ခွဲခန်းမှာ သွားရောက်ရှာဖွေရပါတယ် မစ်ရှင်ကလွဲပြီး သူ့သူငယ်ချင်း Marty က သေလောက်တဲ့ဒဏ်ရာရသွားပါတယ် အဲနောက်တော့ သူ့ရဲ့အထက်လူကြီး သတင်းရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသေဆုံးပြီလို့ထင်ထားခဲ့တဲ့ အရင်က ဆိုဗီယက်တာဝန်ရှိသူ Barovski က လက်စားချေဖို့ပြန်လာတယ်ဆိုတဲ့သတင်းပါ အဲအခါမှာ Stratton နဲ့သူ့အဖွဲ့ဟာ စိတ်ကူးယဉ်လို့မရနိုင်လောက်တဲ့ အဖြစ်အပျက်တွေကိုတားဆီးဖို့ အချိန်နဲ့အမျှ လေ့ကျင့်ရပါတော့တယ် သူတို့တွေ ဘယ်လိုလေ့ကျင့်ကြမယ်ဆိုတာနဲ့ Barovski ကိုနိုင်အောင်တိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ပီပီပြင်ပြင်နဲ့ ရိုက်ပြထားတဲ့အက်ရှင်ကားကောင်းလေးပါ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့မလို့ ကြည့်ရှုသင့်တဲ့အက်ရှင်ကားတစ်ကားလို့ ပြောလို့ရပါတယ် CM ပရိသတ်ကြီးရေ  File Size : (700 MB) and (280MB) Quality : Bluray 720p Running Time ...
movie

Stratton (2017)

2017
S.W.A.T. Under Siege (2017) 6.6
S.W.A.T. Under Siege (2017) SWAT ဆိုတဲ့အမေရိကန်နိုင်ငံရဲ့ အထူးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လိုအပ်တဲ့အရေးပေါ်စစ်ဆင်ရေးတွေ ကယ်ဆယ်ရေးတွေကို လုပ်ကိုင်ပေးနေရတဲ့ အထူးတပ်ဖွဲ့ပါ။   အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်ခံစားနေတုန်း တပ်ဖွဲ့ဝင်တွေကို ပြန်လာဖို့လှမ်းခေါ်ခံရပါတယ်။ သူတို့လုပ်ရမယ့် စစ်ဆင်ရေးကတော့ DEA မူးယစ်နှိပ်နှင်းရေးအဖွဲ့က ကုန်တင်ကုန်ချ ဆိပ်ကမ်းဆိပ်အဟောင်းတစ်ခုမှာ မူးယစ်ဆေးဝါးတွေအများဆုံးပါတဲ့ ကွန်တင်နာတစ်ခုရောက်လာတယ်လို့ သံသယဖြစ်လို့ သွားစစ်ဆေးမယ့်နေရာကို လုံခြုံရေးလိုက်ပါထိန်းသိမ်းပေးရင်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများစုက သာမန်စစ်ဆင်ရေး ပေါ့ပေါ့ပါးပါးပြီးသွားမယ်ထင်ခဲ့ပေမယ့် တကယ်တမ်း တိုက်ပွဲကပြင်းထန်ခဲ့တယ်။ သူတို့ မူးယစ်ဆေးလို့ ထင်ခဲ့တဲ့ကွန်တင်နာထဲမှာ ပါလာတာကတော့ ကင်းမြီးကောက်ပုံတက်တူးကြီးနဲ့ ဗလတောင့်တောင့် လူမဲတစ်ဦးပဲ ပါလာပါတယ်။ သူတို့နဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တဲ့ DEA ကလူတွေလည်း တိုက်ပွဲကျသွားလို့ သူတို့ပဲ ဒီမဟေဠိဆန်တဲ့လူကို ခေတ္တထိန်းသိမ်းထားရဖို့ ဖြစ်လာပါတယ်။ ဒီလူကို စစ်မေးရင်းနဲ့ သူ့ခေါင်းထဲမှာ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်တယ်လို့ သိလာရပြီး သူ့ကိုလိုချင်နေတဲ့လူတွေကလည်း များလှပါတယ်။ သူတို့ တပ်ဖွဲ့ထဲမှာလည်း အပြင်ကို သတင်းပေးတဲ့သစ္စာဖောက်တစ်ယောက်လည်း ရှိနေတယ်လို့ သိလိုက်ရတယ်။ -ဒီလူ့ဆီမှာပါတဲ့ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်မယ့်အချက်ဆိုတာ ဘာများလဲ - ...
movie

S.W.A.T. Under Siege (2017)

2017
Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie

Extraordinary Mission (2017)

2017
The Covenant (2006) 5.3
The Covenant (2006)   ဒီဇာတ်ကားလေးကတော့ witch ကားလေးပါ အစ်ဝစ်ခ်ျမြို့မှာ ပေါ်ပြူလာဖြစ်တဲ့ ကောင်လေး ၄ ယောက်ရှိပါတယ် အချစ်ဆုံးသူငယ်ချင်းလေးယောက်ကို အစ်ဝစ်ခ်ျရဲ့သားတွေလို့သိကြပါတယ် သူတို့လေးယောက်ဟာ ၁၇ ရာစုက witch တွေကနေ ဆင်းသက်လာတဲ့ မှော်ပညာပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးတွေပါ သူတို့ ၁၈ နှစ်ပြည့်တဲ့အချိန်မှာ သူတို့စွမ်းအားတွေကို အဆင့်မြှင့်တင်ပေးခြင်းခံရပါတယ် သိပ်မကြာခင်သူတို့ကျောင်းကို ပဉ္စမမြောက်မိသားစုက ကောင်လေးတစ်ယောက်ပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ကြည့်ရှုကြပါဦးနော် Magic တို့ သဘာဝလွန်တို့ ကြိုက်တတ်တဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့် ဇာတ်ဝင်ခန်းလေးတွေလည်းပါလို့ အားပေးကြပါဦးလို့   (ဘာသာပြန်သူကတော့ ကိုကျော်ကျော်ပါ)  File Size : (600 MB) and (320 MB) Quality : Bluray 720p Running Time : 1hr 37minutes Format : Mp4 Genre : Action, Fantasy, Horror Translated By ကျော်ကျော် (CU - Mdy) Encode By ...
movie

The Covenant (2006)

2006
Assassins (1995) 6.3
Assassins (1995) Assassins (1995)_____IMDb - 6.3/10    ကြေးစားလူသတ်လောကရဲ့ ထိပ်သီး နံပါတ် တစ် လူသတ်သမား Syvester Stallone ရောဘတ် ရတ် ..... လွန်ခဲ့တဲ့ ၁၅ နှစ်က နံပါတ်တစ် ကြေးစားလူသတ်သမားကို ပြန်သတ်ပြီး ရောဘတ် ရတ်က ကြေးစားလောကမှာ နံပါတ် တစ် ဖြစ်လာခဲ့တယ် ။ ရောဘတ်ရတ်ရဲ့ အလုပ်တွေကို ကြားဖြတ်လုပ်ဆောင်ပြီး ကြေးစားလောကရဲ့ ထပ်သီး နံပါတ်တစ် လူသတ်သမား ဖြစ်ချင်နေတဲ့ Antonio Banderas မီဂူရယ် ဘိန်း ... နံပါတ်တစ် နေရာတစ်ခုစာအတွက် အားပြိုင်နေကြတဲ့ ကြေးစားလူသတ်သမား နှစ်ယောက် ကြားက စီးပွားရေးအရှုပ်ထုပ် ဖိုင်တွေ ခိုးလာတဲ့ သူခိုးမလေး အဲလက်ထရာ ။ သူခိုးမလေး အဲလက်ထရာက တကယ်တမ်းပစ်မှတ် ဖြစ်လာတဲ့အခါ ကြေးစားလူသတ်သမားနှစ်ယောက် ဘယ်လိုရုန်းကန်ကြမလဲ ။ သူခိုးမလေး လက်ထဲက ဖိုင်တွေက ဘာတွေမို့လဲ သူ ပစ်မှတ်လို့ သတ်မှတ်ခြင်းခံရတာလဲ ဆိုတာတော့.....    ဘာသာပြန်ကတော့ စည်သူထက် ဖြစ်ပါတယ် ...
movie

Assassins (1995)

1995
Sleight (2016) 5.9
Sleight (2016)   အခု ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်မှာထွက်ခဲ့တဲ့ Sleigh ဆိုတဲ့ ဇာတ်ကားလေးပါ ဒီထဲမှာ ဘိုဆိုတဲ့ကောင်လေးဟာ မိဘ၂ပါးဆုံးပါးသွားတဲ့နောက် ကျောင်းဆက်မတက်တော့ဘဲ မျက်လှည့်ပညာနဲ့ အသက်မွေးရင်း သူ့ရဲ့တစ်ဦးတည်းသောညီမလေးတီနာကို စောင့်ရှောက်နေခဲ့ပါတယ် ပြီးတော့ ညပိုင်းတွေမှာ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ် မျက်လှည့်ဆရာဖြစ်တဲ့သူ့အနေနဲ့ ရဲတွေမိတဲ့အခါ ရဲတွေကိုလှည့်စားဖို့လွယ်ကူပေမယ့် သူ့ခေါင်းဆောင်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားမိတဲ့အခါမှာ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရတယ် သူဘယ်လိုဖြေရှင်းမယ် ဆိုတာတော့ကြည့်ရှုကြပါလို့ သူ့ကောင်မလေးဟိုလီကရော သူ့အကြောင်းတွေသိသွားတော့ သူ့ကိုဆက်ချစ်ပြီး သူ့အနားမှာ အခက်အခဲတွေကို တူတူရင်ဆိုင်ဖြေရှင်းပေးမှာလား သူ့ကိုပစ်သွားမလား သူတို့ရည်းစားနှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်အပြင် ဘိုရဲ့ အံ့ဩစရာမျက်လှည့်တွေကိုလဲ ရှုစားရမှာဖြစ်လို့ မျက်လှည့်ကြိုက်တဲ့ပရိတ်သတ်တွေ တကယ့်ကိုသဘောတွေ့မယ် ဇာတ်ကားလေးပါ ပြီးရင် ဘိုပြတဲ့မျက်လှည့်ပြကွက်တွေရဲ့ နောက်ကွက်ကတကယ့်အကြောင်းကိုလဲ သိရမှာမလို့ အားပေးကြပါဦးလို့   (ဘာသာပြန်သူကတော့ မေသရဖီလွင် ပါ)  File Size : (650 MB) and (200 MB)Quality : Bluray 720pRunning ...
movie

Sleight (2016)

2016