Channel Myanmar
Action
Extreme Fox (2014)
Extreme Fox (2014)  2014 ခုနှစ်ထွက်ထားတဲ့ မြေခွေး နတ်သမီးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့လူနဲ့ နတ်ကြားက ချစ်ချင်းတရား ကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပြီးတော့ နတ်နဲ့ မိစ္ဆာကြားက ရန်ငြိုးတွေကြီးမားကြပုံကိုပါတွေ့မြင်ကြရမှာပါ ဒီကားကတော့ Chinese Ghost Story တို့လို ဇာတ်ကားတွေကို ကြည့်ရတာ ကြိုက်နှစ်သက်ကြတဲ့ သူတွေ နဲ့ မြေခွေးမ ချောချော လေးတွေကို ငမ်းချင်တဲ့သူတွေ အနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ ကားလေးပါပဲဇာတ်လမ်း အကျဉ်းလေးကတော့ နေပြည်တော်ကြီးမှာ မင်းမှုထမ်းစာမေးပွဲကျရှုံးပြီး ပြည်တော်ပြန်လာတဲ့ ကျောင်းသားလူပျိုလေး ဟာ မထင်မှတ်ထားပဲမြေခွေးဝိညာဉ်နဲ့ တွေ့ဆုံမိပြီး ဘယ်လိုတွေ ချစ်ကြိုးသွယ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပဲဖြစ်ပါတယ် Qty - DVD RipDuration - 1hr 30minGern - Action/ MysterySubtitle - Myanmar HardsubEncoder - Kyaw Ye Aung  
movie
Extreme Fox (2014)
2014
The Humanity Bureau (2017) 5.5
The Humanity Bureau (2017) မင်းသားကြီးNicolas Cageရဲ့၂၀၁၇ကားကောင်းလေးကိုညွန်းပါရစေ။ဒီကားလေးမှာကမ္ဘာကြီးဟာတဖြေးဖြေးလူတွေရဲ့ နှိပ်စက်မှုကြောင့်ယိုယွင်းပျက်ဆီးလာပါတော့တယ်။အစားရေစာရှားပါးတယ်တယ်။သောက်သုံးရေရှားပါးလာတယ်။နောက်ဆုံးအ၀တ်အစားတောင်ဝတ်စရာမရှိအောင်ရှားပါးလာပါတော့တယ်။တကယ်ကိုဆုတ်ကပ်ရောက်နေတဲ့ခေတ်ပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲလူသားမျိုးနွယ်စုကိုကယ်တင်ဖို့ဆိုပြီးအမေရိကန်ပြည်ထောင်စုကနေလူသားဖွံ့ဖြိုးရေးဌာနတစ်ခုကိုဖွင့်လိုက်ပါတယ်။လူသားတွေရဲ့အခြေအနေကိစ္စအ၀၀ကိုအဲဒီဌာနကအာဏာအပြည့်သုံးပြီးလုပ်ပိုင်ခွင့်ပေးထားလိုက်ပါတယ်။မင်းသားကြီးနီကိုလပ်စ်ကေ့ဟာအဲဒီဌာနကအေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။အစိုးရရဲ့မူဝါဒဖြန့်ဖြူးမှုတွေကြောင့် သူ့အလုပ်ဟာလူတွေကိုပိုမိုကောင်းမွန်တဲ့ဘ၀ဆီပို့ပေးနေတာလို့ရိုက်သွင်းခံရသူပါ။ဥပဒေအရနိုင်ငံသားတစ်ဦးဟာကုန်ထုတ်လုပ်မှုစွမ်းရည်၊နိုင်ငံအတွက်အကျိုးမဖြစ်ထွန်းနိုင်ရင် ရာဇ၀တ်မှုမြောက်တဲ့အတွက် အဲဒီလူတွေကိုသွားရောက်ဆွေးနွေးပြီးဧဒင်ဥယျာဉ်သစ်ဆိုတဲ့မြို့ကိုပို့လေ့ရှိပါတယ်။အဲဒီမှာဘ၀အသစ်တည်ဆောက်ပြီး နိုင်ငံအတွက်အကျိုးရှိတဲ့လူဖြစ်စေဖို့ပါ။Krossအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြီးNicolas Cageဟာထိုလူတွေကို သွားရောက်စစ်ဆေးပြီးဧဒင်ဥယျာဉ်မြို့သစ်ဆီကိုပို့ပေးရတဲ့သူပဲဖြစ်ပါတယ်။တစ်နေ့ပုံမှန်အတိုင်းအလုပ်လုပ်နေရင်း အမှုတစ်ခုမှာလူသေမှုဖြစ်သွားပါတယ်။အဲဒီကနေမှတဆင့်ပြင်ပပြည်သူလူထုရဲ့ရင်ထဲကတကယ့်ခံစားချက်ကိုတဖြေးဖြေး သဘောပေါက်လာပြီး အစိုးရရဲ့လုပ်ရပ်တွေကိုသံသယရှိလာပါတော့တယ်။အဲဒီနောက် လျို့ဝှက်ချက်တစ်ခုကိုတွေ့သွားတဲ့Krossတစ်ယောက် သူ့သံယောဇဉ်ဖြစ်မိတဲ့မိသားစုနဲ့အတူဝေးရာကိုပြေးပါတော့တယ်။Krossတစ်ယောက်ဘာကြောင့်ဒီလိုလုပ်သွားရတာလဲ။ဌာနမှာရာထူးတက်ပြီးအလားအလာရှိတဲ့အနာဂတ်ရှိနေသော်လည်း လူသားတွေကိုချစ်တဲ့Krossတစ်ယောက်ဘာလိုစတေးခံသွားခဲ့သလဲ။ဒီကိစ္စတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။မင်းသားကြီးရဲ့သဘာရင့်သရုပ်ဆောင်မှုတွေအပြင်တဖြေးဖြေးယိုယွင်းလာတဲ့ကမ္ဘာကြီးရဲ့အခြေအနေကိုလည်းမီးမောင်းထိုးပြထားတဲ့ကားလေးဖြစ်ပါတယ်။ဆိုတော့မင်းသားကြီးNicolas Cageရဲ့ပရိသတ်တွေအနေလက်မလွတ်သင့်တဲ့ကားလေးဖြစ်သလိုကြည့်ရတာစိတ်ဝင်စားစေမယ့်ကားလေးလည်းဖြစ်တာကြောင့်ဒီကားသစ်လေးကိုညွန်းလိုက်ရပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)  File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Action, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL X264 AC3-EVO Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
The Humanity Bureau (2017)
2017
Judwaa (1997) 6.0
Judwaa (1997) Judwaa  မြန်​မာလို​တော့အမြွှာ​ပေါ့အခု Varun Dhawan(Diwale ကားထဲက Sharukh Khan ရဲ့ညီ) ဒီမင်းသားရိုက်​ထားတာ​တော့ Judwaa 2 ​ပေါ့အခု Judwaa 1 ကို​တော့ Salman Khan က မင်းသမီး ၂လက်နဲ့ ​​သရုပ်​​ဆောင်​ထားပါတယ်​မင်းသားကြီး Salman Khan ဆို အပျိုအအိုကအစကြိုက်​ကြတယ်​ဆိုတာ ကျ​နော်​ရဲရဲကြီးအာမခံရဲတယ်​Salman Khan ၂ ကိုယ်​ခွဲပါဒီကားထဲမှာဆိုရင်​ဖြင့်​ Salman Khan ငယ်​ငယ်​တုန်းက အက​တော်​တာကိုမြင်​​တွေ့ရမှာပါ..သီချင်း​တွေအများကြီးပါ..ခံစားပါခုက Body ကြီးသွား​တော့ ကတာအရင်​​လောက်​မလှ​တော့ပါဘူးဇာတ်​လမ်းက ​ပျော်​​ပျော်​ရွှင်​ရွှင်​​လေးပါပဲ မိသားစုနဲ့ကြည့်​လို့​ကောင်းတဲ့ အမျိုးအစားပါ...ဇာတ်​လမ်းအကျဉ်း​က​တော့ ရဲအုပ်မယ်လ်ဟို​တျား​​​​တစ်​​ယောက်​ ​​လူဆိုးကြီးရာတန်​ကို ဖမ်းမိပြီး​တော့​ထောင်​ဒဏ်​​သေဒဏ်​​ပေးလိုက်​တာ လူဆိုးရုတ်​တရက်​တိုက်​ခိုက်​လို့ ရဲက​ခြေ​ထောက်​ကို​သေနတ်​နဲ့ပစ်​ရာမှ ​ဆေးရုံ​ရောက်​သွားတယ်​တစ်​ချိန်​တည်းမှာပဲ ထိုရဲရဲ့မိန်းမကလည်း သားဖွားခါနီး ထို​ဆေးရုံးကိုတင်​ရပါတယ်​လူဆိုးကလည်း ​ဆေးကုပြီးအပြီး ရဲ​တွေကိုပြန်​ခုခံ​လေ​ရောထိုအချိန်​မှာ ရဲအုပ်​ မယ်​လဟိုတျားမိန်းမ အမြွှာ​လေး​မွေးပြီး​တော့လူနာခန်းထဲ​ရောက်​နေချိန်​ပေါ့အဲ့မှာလင်​မယား၂​ယောက်​ကြည်​နူး​နေချိန်​ ရာတန်​ဝင်​လာပြီး​တော့ တိုက်​ခိုက်​​တော့တာ​ပေါ့က​လေး​တစ်​​ယောက်​ကိုရဲကချီထားပြီး ​နောက်​တစ်​​ယောက်​ကို​တော့ လူဆိုးက မိခင်လက်ထဲကလုကာ ​​ဓားစာအဖြစ်​​ခေါ်သွားပါတယ်​ပြီး​တော့လူဆိုးကိုလိုက်​ဖမ်းတဲ့အခါ ...
movie
Judwaa (1997)
1997
Wolf Warrior 2 (2017) 6.0
Wolf Warrior 2 (2017) စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie
Wolf Warrior 2 (2017)
2017
Jagga Jasoos (2017) 6.7
Jagga Jasoos (2017) ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်ဗျာ့ ဟိုးရှေးရှေးတုန်းကပေါ့ မူဟီနာဂူရီလို့ ခေါ်တဲ့ မြို့လေးရဲ့ ဆေးရုံလေးတစ်ခုမှာ ကလေးငယ်တစ်ယောက် ဖွားမြင်လေခဲ့တယ်။ကလေးရဲ့ ကံဆိုးမှုလားပဲ သူ့ကို မွေးဖွားပြီး သိပ်မကြာခင်မှာပဲ အက်ဆီဒန့် တစ်ခုပြီး မိဘနှစ်ပါးလုံး သေဆုံးခဲ့ကြတယ်။သူ့ကို လာခေါ်မယ့်ဆွေမျိုးသားခြင်း ဘယ်သူမှ မရှိလေဘူ့း့ ဒီဆေးရုံလေးကပဲ သူ့ကမ္ဘာလေးဖြစ်ခဲ့ရတယ့့်နှစ်တွေအလီလီ ဆေးရုံမှာ ဖြတ်သန်းနေထိုင်ရင်းတနေ့မှာတော့ ရထားပေါ်က ခုန်ချလိုက်တဲ့ လူတစ်ယောက်ကို မြင်သွားပြီး အပြေးသွားကြည့်တဲ့အချိန်မှာ အဲ့ဒီလူကြီးက ဒဏ်ရာတွေ အများကြီးနဲ့ သတိလစ်မေ့မျောနေတယ်ဒီလူကြီးသတိရလာတော့ ဆေးရုံပေါ်ရောက်နေပြီ ဘေးနားမှာ ကောင်လေးတစ်ယောက် ဆေးပုလင်းလာချိတ်ပေးတယ် " မင်းနာမည် ဘယ်လိုခေါ်လဲ " ဘာမှ မဖြေပဲ ကောင်လေးပြန်ထွက်သွားတယ်နောက်နေ့ ဆေးပုလင်းထပ်လာချိတ်ပေးတယ် "မင်းနာမည် ဘယ်လို ခေါ်လဲ" ထပ်မေးတယ် ကောင်လေးလှည့်ပြန်သွားလိုက်တယ် ဘေးနားက ဆရာဝန်မကြီးက ပြောမှ သိရတယ် ကောင်လေးက စကားထစ်နေလို့ စကားမပြောဘူးတဲ့စကားထစ်နေတဲ့ ကောင်လေးဟာ ဆေးရုံပေါ်က လူကြီး အကူအညီနဲ့ စကားပြောနိုင်ခဲ့တယ် သူပြောတဲ့ ...
movie
Jagga Jasoos (2017)
2017
Badlapur (2015) 7.5
movie
Badlapur (2015)
2015
Birth of the Dragon (2016) 4.5
Birth of the Dragon (2016) အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အက်ရှင်ကားအလန်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၁၉၆၄ခုနှစ် ဆန်ဖရန်စစ်စကိုမြို့မှာအခြေခံပြီးရိုက်ထားတာပါ။ဒီဇာတ်လမ်းထဲမှာဆိုရင်ဘရုစ်လီဆိုတဲ့လူတစ်ယောက်ကကိုယ်ခံပညာမှာကျော်ကြားဖို့အတွက်ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ဝေါင်ဂျက်မန်းဆိုတဲ့ကွန်ဖူးဆရာကြီးနဲ့တွေ့တဲ့အခါမှာ သူဟာဘာစည်းမျဉ်းမှမရှိပဲတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတယ်။ဘရုစ်လီနဲ့ကွန်ဖူးဆရာကြီးဝေါင်ဂျက်မန်းတို့ဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းအောင်တိုက်ခိုက်ကြမယ်ဆိုတာဒီဇာတ်ကားထဲမှာအမှန်အကန်မြင်တွေ့ရမှာပါ။  (ဘာသာပြန်သူကတော့ Saw Wunna ပါ)  File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre :Action, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Wunna Encoded by Thanhtike Zaw
movie
Birth of the Dragon (2016)
2016
Total Recall (1990) 7.5
movie
Total Recall (1990)
1990
24 Hours to Live (2017) 5.8
24 Hours to Live (2017) မေးခွန်းလေးတစ်ခုလောက်မေးပါရစေဒီမေးခွန်းက သိပ်ကိုရိုးရှင်းပေမဲ့ တကယ်တမ်းပြန်ဖြေဖို့ရယ် လက်တွေ့လုပ်ဖို့ရယ်က မရိုးရှင်းတော့ဘူးမေးခွန်းလေးကတော့......သင့်ရဲ့ အသက်ရှင်သန်ခွင့်၂၄နာရီပဲ ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ....ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲအဓိက နဲ့ သာမညဆိုတာ ဘယ်လိုခွဲမလဲဒီကားက ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းကို ရိုက်ပြထားတယ်သူဟာ ကြေးစားပီပီ ထက်မြက်တယ် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တယ်တစ်နေ့တော့ ကြေးစားအလုပ်တစ်ခုကို လုပ်ဆောင်နေစဉ်မှာ တစ်ဘက်အဖွဲ့အစည်းရဲ့ တုန့်ပြန်မှုကြောင့် သူသေဆုံးသွားတယ်ဒါပေမဲ့ ဆန်းကြယ်တာကသူ့အလုပ်ရှင်က သူ့ကို အသက် ၂၄ နာရီပြန်ရှင်အောင်လုပ်ပေးလိုက်တယ်....ကဲ သူဘာတွေဆက်လုပ်မလဲ... ဘယ်လိုတွေရင်ဆိုင်မလဲ ..... File Size : (700 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 33min Format : Mp4 Genre :Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Encoded ...
movie
24 Hours to Live (2017)
2017
The Wolf Hunters (2017) 7.6
The Wolf Hunters (2017) ဒီဇာတ်ကားကတော့ SWAT Team အဖွဲ့ဝင်တစ်ယောက်"လန်ဟိုင်"ရဲ့တိုင်းပြည်အပေါ်ရောမိသားစုအပေါ်ရောတာဝန်ကျေပွန်အောင်ထမ်းဆောင်သွားခဲ့တဲ့အကြောင်းလေးပါညီဖြစ်သူ"လန်ထျန်း"ကအစ်ကိုဖြစ်သူရဲ့အလုပ်ဖြစ်တဲ့ SWAT team အဖွဲ့ဝင်၊ရဲအရာရှိအလုပ်ကိုအရမ်းအားကျ၊အရမ်းလုပ်ချင်ခဲ့ပေမယ့်လဲဥာဏ်သိပ်မကောင်းလို့လက်ရှိမှာတော့ရိုးရိုးသာမန်ပစ္စည်း delivery လိုက်ပို့တဲ့ဝန်ထမ်းအလုပ်သာလုပ်နေရပါတယ်အစ်ကိုဖြစ်သူ"လန်ဟိုင်"မှာလဲမိန်းမနဲ့ကွဲ၊သမီးလေးမှာလဲကျောက်ကပ်မကောင်းဖြစ်နေပြီးမိမိအလုပ်တာဝန်များကိုသာလုပ်ဆောင်နေ၍မိသားစုအပေါ်အချိန်မပေးနိုင်ဖြစ်နေခဲ့တယ်တစ်နေ့မှာတော့"ရေခဲမီး"လို့အမည်ရတဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့မူးယစ်ဆေးတစ်မျိုးပေါ်ပေါက်လာ၍ပြည်သူ့ရဲတပ်ဖွဲ့မှာထိုဆေးလာရာဇစ်မြစ်လမ်းကြောင်းလိုက်လံရှာဖွေဖမ်းဆီးရပါတော့တယ်သို့သော်ညီဖြစ်သူမှာထို"ရေခဲမီး"မူးယစ်ဆေးရောင်းဝယ်သူများနဲ့ပါဝင်ပက်သက်မိပြီးအစ်ကိုဖြစ်သူမှာလဲရဲတပ်ဖွဲ့၏သံသယဝင်ခြင်းကိုခံရပြီးအလုပ်မှတာဝန်ရပ်ဆိုင်းခြင်းခံလိုက်ရပါတော့တယ်သမီးဖြစ်သူလေးကိုလဲ"မူးယစ်ဆေးဝံပုလွေ"ဟုခေါ်သည့်မူးယစ်ဆေးအကြီးစားရောင်းဝယ်သူမှပြန်ပေးဆွဲ၊ညီဖြစ်သူကိုလဲဖမ်းဆီးထားရာ"လန်ဟိုင်"တစ်ယောက်ထိုသူပြောစကားကိုပင်နားထောင်၍သူခိုင်းသမျှကိုသည်းခံ၍လုပ်ပေးနေရသည်လွန်စွာလျင်မြန်ပါးနပ်သောပြည်သူ့ရဲတပ်ဖွဲ့မှလဲ"လန်ဟိုင်"ကိုတာဝန်ရပ်ဆဲလိုက်ပေမယ့်၎င်းသမီးပြန်ပေးဆွဲခံရသည်ကိုသိလျှင်သိချင်းအကွက်ကျကျချကာ"မူးယစ်ဆေးဝံပုလွေ"ကိုဖမ်းဆီးကြပါတော့တယ်ဒါပေမယ့်"လန်ဟိုင်"တစ်ယောက်သူ့ညီရော၊သမီးရော၊မိန်းမကိုပါအသက်ရှင်လျက်ပြန်လည်ကယ်တင်နိုင်ပါ့မလား.......  (ဘာသာပြန်သူကတော့ Nicky ပါ)  File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 22min Format : Mp4 Genre :Action,Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nicky Encoded by Thanhtike Zaw
movie
The Wolf Hunters (2017)
Valerian and the City of a Thousand Planets (2017) 6.5
Valerian and the City of a Thousand Planets (2017) Valerian and the City of a Thousand Planets (2017) IMDb - 6.5/10_____Rotten - 48%   2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့  ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။  ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 ...
movie
Valerian and the City of a Thousand Planets (2017)
2017
Bhoomi (2017) 5.5
Bhoomi (2017) Bhoomi ဆိုတာ ့့့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက်ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာBhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေးအဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ်ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ့့့့ဗီရှဲလ် ့့့့့ အင်း ့့့့့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက် ့့့့ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့် ့့့့ ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ် ့့့့့အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ ့့့့့့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ် ့့့့ဒိုလီ ့့့့" လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ ့့့့"ဒိုလာပူးရ်ရဲ့ ...
movie
Bhoomi (2017)
2017
Guilty of Mind (2017) 5.2
Guilty of Mind (2017) ဒီတစ်ခေါက်မှာတော့ သဲထိတ်ရင်ဖို စုံထောက်အက်ရှင်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ၂၀၁၇ ခုနှစ်ထဲမှာထွက်ရှိထားတာဖြစ်ပြီးခပ်ကြမ်းကြမ်း အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေကောပဟေဠိဆန်တဲ့ ပုစ္ဆာတွေကိုဖြေရှင်းပြီးထောက်လှမ်းတာကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေပါကြိုက်နှစ်သက်မယ့်ကားလေးတစ်ကားပါ ဇာတ်ကားအကျဉ်းလေးကတော့ Fang Mu ဟာ စုံထောက်ဌာနရဲ့ ဘုရားပေးတဲ့လက်ဆောင်လို့ပြောရလောက်အောင် စုံထောက်ရာမှာ ထူးချွန်တဲ့ အရာ ရှိပါ တစ်နေ့မှာ သူဟာ လူသတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ လူသတ်သမားကို ဖော်ထုတ်စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတော့တယ် သူနဲ့ အတူတူတွဲဖက်အဖြစ်ရဲတပ်ဖွဲ့ခေါင်းဆောင် Tai Wei ကို တာဝန်ထမ်းဆောင်စေပါတယ်  ဒီလိုနဲ့ Fang Mu ဟာလူသတ်သမားကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရင်း လူသတ်မှုဟာ တိမ်မယောင် နဲ့ နက်နဲနေတာကို သိလိုက်ရတဲ့ အခါမှာတော့ဘာတွေဆက်ဖြစ်မလဲ တရားခံကကော ဘယ်သူလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p Web dlDuration - 1hr 45minGern -Action/ Thril / CrimeSubtitle - Myanmar HardsubTranslator ...
movie
Guilty of Mind (2017)
2017
Acts of Vengeance (2017)
Acts of Vengeance (2017)  2017 ခုနှစ်ထွက်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက IMDb မှာ ၅.၈ ရထားပါတယ် ဒီကားထဲမှာ ဖရန့်အဖြစ်တော့အားလုံးနဲ့ ရင်းနှီးနေတဲ့ မင်းသားကြီး Antonio Banderas ကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေ့နေဖြစ်သူ ဖရန့်ဗီလာရာဟာသူ့မိန်းမနဲ့ သမီးဖြစ်သူဟာဧည့်ခံပွဲတခုကိုသွားရာက အသတ်ခံလိုက်ရပါတယ်။သူကိုယ်တိုင်ကတော့ ပွဲကိုလာဖို့ကတိပေးခဲ့ပေမယ့်အလုပ်များနေတာကြောင့် မသွားဖြစ်ခဲ့ပါဘူး။ သူ့မိန်းမနဲ့သမီးလေး အသတ်ခံရတဲ့အမှုကိုသူ့ခမျာအသည်းအသန်ဖော်ထုတ်စေချင်ပေမယ့် ဘာသက်သေမှမကျန်မျက်မြင်သက်သေလည်းမရှိတာကြောင့်ခက်ခဲနေပါတယ်။ သူကြားခဲ့ရသမျှဟာ နှစ်သိမ့်စကားတွေချည်းပါပဲ။သူသာကတိအတိုင်း ပွဲကိုသွားခဲ့ရင်...ဆိုပြီး ယူကြုံးမရဖြစ်ပြီးလက်ဝှေ့ပွဲတွေမှာ အထိုးခံပြီး သူ့ကိုယ်သူအပြစ်ပေးနေပါတယ်။ ဒါပေမယ့် သူ့အမှုကို သေချာမစုံစမ်းတော့ပဲ အမှုပိတ်ခါနီးဖြစ်လာချိန်မှာတော့ဖရန့်ဟာ လူသတ်သမားကို သူကိုယ်တိုင်ဖော်ထုတ်ပါတော့တယ်။ သူတဖြည်းဖြည်း သဲလွန်စနောက်ကိုလိုက်ခဲ့ချိန်မှာတော့ လူသတ်သမားဟာသူရင်းနှီးသူဖြစ်နေပါတယ်။ ဘာကြောင့်သူ့မိန်းမနဲ့ သမီးလေးကိုသတ်တာလဲ။ လူသတ်သမားကို ဘယ်လိုခဲရာခဲဆစ် လိုက်ခဲ့ရလဲဆိုတာတော့...ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ် :D Qty - 720p Web - dlDuration - 1hr 27 minGern - Action / ThrillSubtitle - Myanmar HardsubTranslator - Rebel HninEncoder - ...
movie
Acts of Vengeance (2017)
2017
Eliminators(2016) 5.5
Eliminators(2016) ကျွန်တော်တို့ငယ်ငယ်ကတော့ စာရေးဆရာမဟာဆွေစာအုပ်တွေဖတ်ဖြစ်တယ် သူ့ဇာတ်လိုက်တွေလို အလေးတွေမ ကျန်းမာရေးကောင်းအောင်လုပ် ယောင်္ကျားပီရသအောင်နေရမယ် စာရိတ္တကောင်းအောင်နေရမယ် ကိုယ်ခံပညာတတ်ကျွမ်းရမယ် နောက်ပိုင်းရုပ်ရှင်တွေကြည့်တော့လည်း အက်ရှင်ကားတွေအတော်ကြိုက်မိတယ် သူတို့ဆီကမင်းသားတွေအတော်များများက ကိုယ်ခံပညာတွေအတော်တတ်ကြတာကိုးယောက်ျားပီသတယ် အနစ်နာခံကိုယ်ကြိုးစွန့်တယ် ကျွန်တော်တို့သိပ်သဘောကျမိတဲ့ ဇာတ်ကောင်စရိုက်တွေပေါ့ ...... ဒီကားရဲ့မင်းသား Scott Adkins ကိုအားလုံးရင်းနှီးကြမှာပါ...Undisputed ကားတွေ Ninja,Ninja: Shadow of a Tear,Holby City, Doctor Strange, The Bourne Ultimatum, Zero Dark Thirty,EastEnders, Hollyoaks, Doctors စတဲ့ကားတွေမှာပါဝင်သရုပ်ဆောင်ထားတယ်....သူတတ်တဲ့ကိုယ်ခံပညာတွေတော့အတော်များတယ်. Taekwondo. Kickboxing Ninjutsu, Karate, Capoeira, Jujutsu, Judo, Jeet Kune Do, Krav Maga, Wushu နဲ့ gymnastics စတဲ့ကိုယ်ခံပညာတွေတတ်ကျွမ်းပါတယ် Judo သင်တန်းလည်းဖွင့်ထားတယ်....သူ့အက်ရှင်ခန်းတွေ ဘာလို့လန်းနေလဲဆိုတာ ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်... ဒီကားထဲမှာတော့ Scltt Adkins ဟာ သိုးမက်စ်အမည်နဲ့သရုပ်ဆောင်ထားပါတယ်... သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်...ဒီသမီးလေးဟာသူ့ဘ၀မို့အစစအရာရာဂရုစိုက်တယ် တစ်နေတော့ လူဆိုး ၃ယောက်ဟာ အိမ်မှားပြီး သိုးမက်စ်တို့သားအဖ ...
movie
Eliminators(2016)
2016
With Prisoners (2017) 6.3
With Prisoners (2017) With Prisoners အမည်​ရတဲ့ဇာတ်​ကားဟာ 2017 မှာဖြန့်​ချိထားတဲ့တရုတ်​ဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ဖြစ်​ပါတယ်​IMDB 6.3 ရရှိထား​သော အက်​ရှင်​ ဒရာမာဇာတ်​လမ်း​ကောင်​တစ်​ပုဒ်​ဖြစ်​ပါတယ်​ပါဝင်​သရုပ်​​ဆောင်​သူ​တွေက​တော့ Raymond Chui ,Edward Chui,Amy Tam စတဲ့သရုပ်​​ဆောင်​များပါဝင်​အားပြိုင်​ထားပါတယ်​ဇာတ်​လမ်းအကျဉ်း​က​တော့ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့လူမိုက်​ဖြစ်​​နေတဲ့ လန်​ရစ်​ဖန်​ တစ်​​ယောက်​နှစ်​သစ်​ကူးညမှာ ရဲအရာရှိကိုရိုက်​နှက်​မှုနဲ့ လူငယ်​ပြုပြင်​ထိန်းသိမ်း​ရေးစခန်းသွားရပါ​တော့တယ်​စခန်းမှာ သူဘယ်​လိုဆိုးရွားတာ​တွေကြုံ​တွေ့ရမလဲ.....လမ်းမှန်​ပြန်​​လျှောက်​နိုက်​မလား....ဆရာဖြစ်​သူအရာရှိဟိုက​ရော မတရားတာ​တွေဘယ်​လို​ဖော်​ထုတ်​မလဲဆိုတာ......စတာ​တွေရိုက်​ကူးတင်​ဆက်​ထားတဲ့အက်​ရှင်​ဒရာမာ ပညာ​ပေးဇာတ်​လမ်း​လေးဖြစ်​ပါတယ်​  (ဘာသာပြန်သူကတော့ အိပပစံပါ)  File Size : (850 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Drama, Action Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Pa Pa San Encode by Thanhtike Zaw
movie
With Prisoners (2017)
2017
Paradox (2017) 7.1
Paradox (2017) ပရိတ်သတ်တွေစောင့်စားနေတဲ့ထိုင်းမင်းသားတိုနီဂျာရဲ့ဇတ်ကားကောင်းလေးလုံးဝအကြည်ထွက်လာလို့တင်ဆက်ပေးလိုက်ပါတယ်တရုတ်နဲ့ထိုင်းဖက်စပ် ရိုက်ကူးထားတဲ့အက်ရှင်ကားကောင်းတစ်ကားပါratingလည်းအလွန်မြင့်တာမို့ဇတ်ကားကောင်းတစ် ကားဆိုတာသံသယရှိစရာမလိုတော့ပါဘူးအားလုံးပဲ မှတ်မိကြမှာပါဂျက်ကီချမ်းနဲ့လူးဝစ်ကိုးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့rob-b-hood ဇတ်ကားကိုပါဘယ်နှစ်ကြိမ်ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ဇတ်ကားလေးပါပဲlouis koo ကတော့ဒီဇတ်ကားမှာသူ့ရဲ့အကောင်းဆုံးလုပ်ဆောင်မှုတွေသရုပ်ဆောင်မှုတွေကိုသက်သေ ပြသွားခဲ့ပါတယ်ဇတ်လမ်းအစမှာတော့သမီးလေး ပျောက်ဆုံးသွားလို့သောကများနေတဲ့ဖခင်တစ်ယောက် သမီးလေးကိုပြန်လိုက်ရှာဖို့တရုတ်နိုင်ငံကနေထိုင်းနိုင်ငံကိုရောက်ရှိလာပြီးသမီးဖြစ်သူကိုပြန်လိုက်ရှာတဲ့အခါပြန်တွေ့နိုင်မှာလားထိုင်းမှာရှိနေတဲ့ရဲစုံထောက်နှစ် ယောက်ကကောသူ့ကိုကူညီနိုင်မှာလားရက်စက်ကြမ်း ကြုတ်တဲ့လူဆိုးဂိုဏ်းတွေလက်ထဲကနေသမီးလေးကို ပြန်ရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါတိုနီဂျာရဲ့အက်ရှင်အကြမ်းအရမ်းတွေကိုလည်းပြန်လည်မြင် တွေ့ရမှာပါကောင်းမွန်ပြီးစိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ဇတ်ကားတစ်ကားလို့ပြောကြားရင်းဒေါင်းကြည့်လိုက် ကြပါနော်  (ဇာတ်လမ်းအညွှန်းကိုတော့ ကိုစိုးထွေးရေးပေးထားတာဖြစ်ပြီးဘာသာပြန်သူကတော့ Nicky ပါ)  File Size : (800 MB) and (360 MB) Quality : WEB-DL 720p Running Time : 1hr 41min Format : Mp4 Genre :Action, Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nicky Encode by Thanhtike Zaw
movie
Paradox (2017)
2017
Tropic Thunder (2008) 7.0
Tropic Thunder (2008) ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr...Night at The Museum မင်းသားကြီး Ben Stiller...ဂါလီဗာ မင်းသားကြီး Jack Black...မင်းသားကြီး Tom Cruise...စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။ IMDb Rating -7 နဲ့ Rotten Tomatoes -82% ရရှိထားပြီး Comedy ဇာတ်ကားတွေထဲမှာ ထိပ်တန်းက အမြဲပါဝင်နေမယ့် ဇာတ်ကားပါ။Comedy ဟာသကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။  File Size…(900 MB) and (400 MB)Quality…BluRay Rip ...
movie
Tropic Thunder (2008)
2008