Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
Civil War (2024)
A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie
Civil War (2024)
4K HEVC
7.9
Hot Fuzz (2007)
သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie
Hot Fuzz (2007)
2007
4K HEVC
5.6
Chillerama (2011)
(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ)Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ...
movie
Chillerama (2011)
6.1
Bunraku (2010)
Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန်ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာနောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင်အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကိုBunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာလူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်းခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အားအကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေအများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကိုယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမားတစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာမြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Bunraku (2010)
8.4
Rathnam (2024)
Rathnam 2024 (ပတ္တမြားမှန် နွံမနစ် )*******************************မူရင်းအသံ Tamilဗားရှင်းပြန်လည် UPDATEပေးထားပါပြီဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် တမီးလ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။IMDb rating အနေနဲ့ကတော့ 8.4 အထိတောင် ရရှိထားလို အတော်လေး ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ဒီဇာတ်ကားကို ဒါရိုက်တာ Hari ကနေ ရိုက်ကူးထားပြီးတော့ 2023 ခုနှစ်က ထွက်ရှိထားတဲ့ Mark Antony ဇာတ်ကားမှ မင်းသားချော Vishal မှလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးရဲ့ အချစ်တော် ဟာသသရုပ်ဆောင် Yogi Babu ကလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်ကားအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း ဇာတ်ကားရဲ့ အစမှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့ ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ...
movie
Rathnam (2024)
The Last Loner (2019)
The Last Loner [2019] (IMDb 4.8/10)ချာနိုင်ဘိုင်းပေါက်ကွဲမှု ဖြစ်စဉ်ပြီးနောက်မှာ ရုရှားအစိုးရဟာ အဲ့နယ်မြေတဝိုက်ကို ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်... ဒီလို ကပ်ဘေးစိုက်ထားတာကိုမှပဲ အခွင့်ကောင်းယူပြီး ကန့်သတ်ဇုန်အတွင်း လျှို့ဝှက်ဓာတ်ခွဲခန်းကွန်ယက်ကြီးတစ်ခု ဖြန့်ကျက်ခဲ့ပါတယ်... ဒီနောက်မှာ ထူးဆန်းတဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားရင်း သေဆုံးသူအရေအတွက်လည်း တိုးပွားလာပါတယ် …. ဒိလို အခြေအနေဆိုးကြီးမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေရောင်းချနေတဲ့ အမဲလိုက်သမားတွေ ရှိနေပါတယ်.... ဇာတ်လမ်းကတော့ အမဲလိုက်သမားဖြစ်သူ ဟက်တာရဲ့ ညီဟာ သူ့အစ်ကိုကို ရှာဖွေဖို့အတွက် ဒီဇုန်ကြီးထဲကို ရောက်လာပြီး မျိုးစုံသော ဒုက္ခသုက္ခတွေအပြင် ရေဒီယိုဓာတ်သတ္တိကြွမှုတွေကြောင့် မျိုးရိုဗီဇပြောင်းလဲနေပြီဖြစ်တဲ့ လူသူသတ္တဝါတွေနဲ့လည်း ယှဉ်ပြိုင်တိုက်ခိုက်ရင်း အသက်မသေအောင် ကြိုးစားရပါတော့တယ်... ဒီတော့ ညီဖြစ်သူက ဟက်တာကို ရှာတွေ့နိုင်လိမ့်မလား ရှာမတွေ့နိုင်ဘူးလားဆိုတာ ပရိသတ်ကြီးကိုယ်တိုင် ရှုစားလိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Action, Sci-fi Quality…. 1080p | 720p File size… 1.1GB | 579MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle ...
movie
The Last Loner (2019)
2019
5.8
Do the World Darts 5 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ငါးကားမြောက်ဖြစ်ပါတယ် အရှေ့ လေးကားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါကွမ်သယ်ပြဇာတ်ရုံအတွက် လိုအပ်တဲ့ပိုးထည်တွေနဲ့ဖဲထည်တွေကို ပိုင်ရှင်ဖြစ်သူ သူဌေးချန်ကကျန်းနန်ကနေမှာခဲ့ပါတယ် ။ နောက်ပြီးအဲဒီအဝတ်အထည်တွေကို ထျန်းရှပို့ဆောင်ရေးကိုတာဝန်ယူပြီး ကွမ်းသယ်လုံကို လာရောက်ပို့ဆောင်ပေးဖို့ အလုပ်အပ်လိုက်ပါတယ် ။ထျန်းရှပို့ဆောင်ရေးရဲ့ ခေါင်းဆောင်ငယ်ဝမ်ကျန့်ဝေက ကတိတည်တဲ့သူဖြစ်ပြီး တရားမျှတမှုကိုလက်ကိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ပို့ဆောင်ရေးအဖွဲ့မှာ သူချစ်ရတဲ့မိန်းကလေးဖေးယန့်ကလည်းပါနေတော့ သူတို့ကွယ်သယ်လုံရောက်ခါနီးမြို့လေးမှာ ခရီးတစ်ထောက်နားပြီးချစ်သူအတွက် ပစ္စည်းလေးတွေဝယ်ဖို့ ဈေးဆိုင်သွားခဲ့တဲ့အချိန် ပစ္စည်းထားတဲ့အခန်းကိုသူခိုးဝင်ပြီး သေတ္တာနဲ့အတူပါလာတဲ့ စာရွက်စာတမ်းတွေပါ မီးလောင်သွားပါတော့တယ် ။ဒီလိုနဲ့ မီးလောင်သွားတဲ့စာရင်းစာအုပ်ကရုံးတော်ကစစ်ဆေးနေတဲ့ ဆားမှောင်ခိုကူးမှုတဲ့ပတ်သတ်နေတဲ့စာအုပ်ဖြစ်နေချိန်မှာတော့...သူဌေးချန်နဲ့ ဆားမှောင်ခိုကူးမှုက ဘယ်လိုဆက်စပ်နေမလဲ ? အရှုပ်အထွေးတွေ သံသယတွေကြား သူဌေးချန်ကပါ သေဆုံးသွားချိန်မှာတော့ အမှုကပိုမိုရှုပ်ထွေးလာပြီး ရုံးတော်နဲ့ထျန်းရှပို့ဆောင်ရေးပူးပေါင်းပြီး နက်နဲတဲ့အမှုတွေကိုဘယ်လိုဖောက်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့မမေ့ပါနဲ့နော် ။Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie
Do the World Darts 5 (2007)
5.8
Do the World Darts 4 ( 2007 )
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက လေးကားမြောက်ဖြစ်ပါတယ် အရှေ့သုံးကားကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ ဇာတ်ကားမှာတော့ ပို့ဆောင်ရေးလောကမှာ အလုအယက် အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် စီရင်စုအရာရှိမင်းက ပို့ဆောင်ရေးပြိုင်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်တယ်…ဒီလိုနဲ့ ထျန်းရှပို့ဆောင်ရေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမယ့် ဒီလောကကို လက်ဝါးကြီးအုပ်ချင်တဲ့ ရှန်ကျိုးပို့ဆောင်ရေးလည်း ရှိနေတယ်…ရှန်ကျိုးပို့ဆောင်ရေးက အမြတ်ရဖို့အတွက်ဆို ဘာမဆို လုပ်တဲ့ ပို့ဆောင်ရေးဖြစ်တာကြောင့် သူဟာ ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကလိမ်ကျမလဲ? ထျန်းရှပို့ဆောင်ရေးကရော ကျော်လွှားနိုင်ပါ့မလား?ဆိုတာကို စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie
Do the World Darts 4 ( 2007 )
5.8
Do the World Darts 3 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက သုံးကားမြောက်ဖြစ်ပါတယ် အရှေ့ ၂ကား ကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာတစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းဟာ မြို့တော်တစ်ခုလုံးမှာ သတင်းပျံ့နှံ့နေပါတယ်။ လူတွေကလည်း အဲဒီအကြောင်းအတွက် သိချင်စိတ်တွေ ပြင်းပြနေပါတယ်။တစ်နေ့မှာ ထုံးကျိုးခရိုင်က သူဌေးကြီးလျိုတာ့ဖုန်က အိမ်တော်ထိန်းတုကို ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာကို အလုပ်အပ်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ အိမ်တော်ထိန်းတု ပြောပုံအရတော့ လျိုတာ့ဖုန်က စီးပွားရေးလုပ်ငန်းကြောင့် အမြဲတမ်း ခရီးထွက်နေရတဲ့အတွက်၊ အခုတစ်လော အိမ်မှာလည်း ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတဲ့အတွက် အသက်ကြီးပြီဖြစ်တဲ့ လျိုတာ့ဖုန်ရဲ့ အမေက သရဲခြောက်တယ်လို့ သံသယဖြစ်နေတယ်တဲ့။လျိုတာ့ဖုန်က သရဲရှိတာကို မယုံပေမဲ့ အမေနဲ့ ဇနီးကို နှစ်သိမ့်ပေးဖို့အတွက် အိမ်ကို ကာကွယ်ဖို့ အမျိုးသမီးဆရာတစ်ယောက်ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှန်ဖေးယန့်ကလည်း လက်ခံခဲ့ပါတယ်။ သူ လျိုအိမ်ကို မရောက်ခင်မှာပဲ ဝိညာဉ်လို ဝတ်စုံဖြူနဲ့ လူတစ်ယောက်က သူ့ကို အပိုတွေ ဝင်မပါဖို့ သတိပေးခဲ့ပါသတဲ့။လျိုအိမ်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးက ဘာဖြစ်လိမ့်မလဲ...... ဝတ်စုံဖြူနဲ့လူကရော တကယ် သရဲလား။ ...
movie
Do the World Darts 3 (2007)
5.8
Do the World Darts 2 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်က လွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံက ထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ် အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီး တရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကို ဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK
movie
Do the World Darts 2 (2007)
5.8
Do the World Darts 1 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Do the World Darts 1 (2007)
4.9
The Knight of Shadows: Between Yin and Yang ( 2019 )
သိုင်းပညာရှင်ဖူဆောင်လင်(Jackie Chan)က လူသားတွေကိုရန်ပြုတဲ့မိစ္ဆာတွေကို ဖမ်းဆီးနှိမ်နင်းသူဖြစ်တယ်။ မိစ္ဆာဖမ်းဆီးသူပီပီ ဝေယျာဝစ္စခိုင်းတဲ့မိစ္ဆာတပည့်လေးကောင်လည်းရှိတယ်။ ဆရာဖူက မိစ္ဆာတစ်ကောင်ဖမ်းပြီးတိုင်း မိစ္ဆာဖမ်းရင်းကြုံရတဲ့အဖြစ်အပျက်တွေကို ဇာတ်လမ်းပြန်ရေးပြီး စာအုပ်ထုတ်ရောင်းလေ့ရှိတယ်။ဒီဇာတ်လမ်းထဲမှာတော့ ဆရာဖူရဲ့စွန့်စားခန်းထဲမှာမှကြုံတွေ့ရမဲ့ လူသားနဲ့မိစ္ဆာကြားကလွမ်းဆွေးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့အတူ ဟာသနဲ့အဆွေး ဆန့်ကျင်ဘက်ခံစားချက်နှစ်မျိုးကိုပေါင်းစပ်ခံစားလို့ရမယ့်ကားတစ်ကားဖြစ်ပါတယ်။ Comedy/ Fantasy Action/ Romance Fanတွေအတွက် အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(3.2 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie
The Knight of Shadows: Between Yin and Yang ( 2019 )
2019
Pusher 3 (2005)
Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ရှေ့နှစ်ကားတုန်းက ...
movie
Pusher 3 (2005)
Getaway (2013)
Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ.ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်.အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ ...
movie
Getaway (2013)
6.1
The Girl in the Spider’s Web (2018)
The Girl In The Spider's Web Genre – Action, Adventure, Crime IMDB – 6.1/10၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။လူသူဝေးတဲ့ တောအုပ်ထဲမှာ အိမ်တစ်လုံးရှိပြီး အဖေနဲ့ သမီးနှစ်ယောက်နေကြပါတယ်။ စိတ္တဇလို ရက်စက်တတ်တဲ့အဖေရဲ့လက်အောက်မှာ ကြီးပြင်းရတဲ့ သမီးနှစ်ယောက်အဖို့ကတော့ တကယ့်အိပ်မက်ဆိုးနဲ့ နေ့ရက်တွေပါပဲ။တစ်နေ့မှာတော့ ဖအေဖြစ်သူရဲ့ ညှင်းဆဲမှုကို မခံနိုင်တော့တဲ့နောက် ဝရန်တာကနေပဲ ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။ မလိုက်နိုင်တဲ့အစ်မဖြစ်သူကတော့ အဖေ့ဆီမှာပဲ ကျန်နေခဲ့ပါတော့တယ်။နှစ်တွေကြာပြီးတဲ့နောက်မှာတော့ အငယ်မလေးလစ်စဘတ်သ်ဟာ ကြေးစားလူသတ်သမားတဖြစ်လဲ မကောင်းတဲ့လူတွေကို အပြစ်ပေးတဲ့ ကြေးစားလူသတ်သမားလုပ်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ သူ့ကို ကမ္ဘာ့နျူကလီးယားလက်နက်တွေကို ထိန်းသိမ်းထားတဲ့ ဆော့ဝဲတစ်ခုကို ပြန်ခိုးပေးဖို့ အလုပ်ဝင်လာပါတယ်။ဒါပေမဲ့ ဒီအလုပ်ဟာ သူထင်ထားသလောက်မရိုးရှင်းဘဲ ပင့်ကူအိမ်လိုရှုပ်ထွေးစွာနဲ့ အတိတ်ကဖြစ်ရပ်တွေပါ ပြန်နွယ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။File size… 1.4 GB / 729 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... ...
movie
The Girl in the Spider’s Web (2018)
7.3
The Fall Guy (2024)
Action , Comedy , DramaIMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင်ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကိုပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt ,Aaron Taylor တို့လို ဟောလီးဝုဒ်ရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲပြေးကြည့်လိုက်ပါတော့..ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်...သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီးတစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်...ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ...
movie
The Fall Guy (2024)
4K HEVC
6.7
Boy Kills World (2024)
ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီးရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ်တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgårdပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီးAction တွေကလည်း The Raid ကို မှီနေတယ်။ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာသတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း*****************ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်းမြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာလုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကိုဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာတောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီးလက်စားချေဖို့ မြို့တက်လာပါတယ်။ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီးအသားကုန် ချကြတာ အဆုံးအထိပါပဲ။ ...
movie
Boy Kills World (2024)
4K HEVC
6.4
Lock Up (1989)
မကြာခင် အကျဉ်းထောင်ကနေ လွတ်မြောက်တော့မဲ့ အကျဥ်းသားလီယွန်နေးဖရန့်ခ်ဟာ ရုတ်တရက်ကြီး စည်းကမ်းအရမ်းတင်းကြပ်တဲ့ ဝါးတားဂိတ်အကျဉ်းထောင်ကို အတင်းအဓမ္မခေါ်ဆောင်ခံရပါတယ်။ဒီလို ခေါ်ဆောင်တာက တရားဝင်အမိန့်ကြောင့်မဟုတ်ဘဲ ထောင်မှူးဒရမ်ဂူးလ်ရဲ့ ရန်ငြိုးကြောင့်ဆိုတာ သိပြီးတဲ့နောက် နေ့ရက်တိုင်း နည်းမျိုးစုံနဲ့ ညှဉ်းဆဲခံရပါတော့တယ်။ ဒရမ်ဂူးလ်က ဘယ်လိုရန်ငြိုးကြောင့် ဒါမျိုးလုပ်ရလဲ၊ ဖရန့်ခ် ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဖရန့်ခ်အဖြစ် မင်းသားကြီးစတားလုန်းပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Lock Up (1989)
7..4
4 Kings 2 (2024)
4 Kings 2 (2024)ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း...4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် ...
movie
4 Kings 2 (2024)
2024
7.1
4 Kings (2021)
4 Kings (2021) ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ 90 ခုနှစ်ဝန်းကျင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လေးခုကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ အဖေတစ်ခု သမီးတစ်ခု အခြေအနေကို ရောက်သွားခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားဟောင်း ဘီလီရဲ့ မှတ်ဉာဏ်ကနေ ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။အဖေနဲ့သမီး ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ကျောင်းသားလူဆိုးဂိုဏ်းကြောင့် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါမှာ ဘီလီက သူနဲ့ သူ့သူငယ်ချင်းရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့ပါတယ်။အဲဒီခေတ်အခါတုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မျှော်လင့်ချက်ကင်းမဲ့ပြီး အနာဂတ်မရှိတဲ့ နေရာလို့ သတ်မှတ်ထားကြတာပါ။ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးဖြစ်သူ အမုန်းခံနေရတဲ့ ဘီလီအတွက် စိတ်ထွက်ပေါက်ဆိုလို့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျောင်းနေဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခဲ့ပြီး ပြဿနာတွေ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်း အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အခါ ...ယနေ့ထိတိုင် သူပေးဆပ်နေရတဲ့ ဘဝသင်ခန်းစာ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ 4 ...
movie
4 Kings (2021)
2021
First
19
20
21
22
23
Last
Previous
Next