Channel Myanmar

Action

Small Soldiers (1998) 6.1
Small Soldiers (1998) ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie

Small Soldiers (1998)

1998
Liao Zhai Qun Yao Pu (2019)
Liao Zhai Qun Yao Pu (2019) ဒီကား​လေးက 2019ထွက်​ကားသစ်​​လေးဖြစ်​ပါတယ်​..ဇာတ်လမ်းအညွှန်းလေးကတော့မမလေးဟွမ်ဟာ မြို့လေးရဲ့အချမ်းသာဆုံးသော အမျိုးသမီးချောဒါပေမယ့် ကျိန်စာမိထားလို့ အမြဲတမ်းပဲ အိပ်ပျော်နေရတယ်မ​ကောင်းဆိုးဝါးနှိမ်​နင်းတဲ့သူတစ်​​ယောက်​ဟာ ပျားဘုရင်​မမ​ကောင်းဆိုးဝါးကိုနှိမ်​နင်းဖို့လိုက်​ရှာရင်း ​မှော်​အတတ်​နဲ့ပြုစားခံထားရလို့​မေ့​မြော​နေတဲ့မမ​လေးဟွမ်​နဲ့ သူ့ချစ်​သူ သခင်​​လေးပိုင်​တို့ရဲ့အချစ်​​ရေးကို မြင်ပြီး ကူညီပေးဖို့အကြောင်းဖန်လာပါတော့တယ်သူတို့ချစ်​သူနှစ်​ဦးကိုပြုစားထားတာက ပျားဘုရင်​မပဲလား..​နောက်​ကွယ်​က ထိန်းချုပ်​​နေတဲ့သူကဘယ်​သူရှိဦးမလဲ..ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အချစ်အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပြီးအပျင်းပြေ ဖြစ်ဖြစ်လောက်တော့ ကြည့်လို့ကောင်းပါတယ်ဒေါင်းရတာမတန်မယ့်ကားမျိုးတော့မဟုတ်ပါဘူး  This Movie Brought To You By Channel MyanmarTranslated & Review By Phyo ZawEncoded By LK
movie


Black Site (2019) 5.8
Black Site (2019) ဒီကားလေးကတော့ ခပ်ဆန်းဆန်းပါပဲ လူသားတွေက နတ်ဘုရားတွေကိုဖမ်းပြီးအခြားဒိုင်မင်းရှင်းတစ်ခုကိုပို့ပြီး နယ်နှင်ဒဏ်ပေးကြသတဲ့။အဲ့လိုမျိုးတွေလုပ်တဲ့နေရာကို အမဲရောင်နယ်မြေလို့ခေါ်တယ်။အဲ့မှာ ရန်ဆိုတဲ့ကောင်မလေးတစ်ယောက်လဲ အလုပ်လုပ်တယ်။သူ့ရဲ့မိဘတွေက သူငယ်ငယ်တည်းက နတ်ဘုရားတစ်ပါးကြောင့် သေဆုံးခဲ့ရတယ်။အဲ့ကတည်းက ရန်ကလဲ ပုံမှန်မဟုတ်တာတွေကို တစ်ခါတစ်လေ မြင်ရတတ်တယ်။တစ်နေ့တော့ သူတို့အမဲရောင်နယ်မြေထဲမှာ နတ်ဘုရားတစ်ပါးကိုနယ်နှင်ဒဏ်ပေးဖို့ ဖမ်းလာခဲ့တယ်။ဒါပေမဲ့ ရောက်လာတာက အဲ့နတ်ဘုရားတစ်ပါးတည်း မဟုတ်တဲ့အခါ...အမဲရောင်နယ်မြေမှာ ဘယ်လိုအဖြစ်တွေ ကြုံတွေ့ရမလဲ...ရောက်လာတဲ့နတ်ဘုရားကရော ရန်နဲ့ဘယ်လိုပတ်သက်နေမလဲ...ဆိုတာကတော့ Black Site ဆိုတဲ့ကားလေးထဲမှာ ခံစားကြည့်ရှုကြပါ  File Size : (818 MB) & ( 303 MB)Quality : WEB-DL 720pRunning Time : 1 hr 31 minFormat : Mp4Genre : Action ...
movie

Black Site (2019)

2018
The Trough (2018) 4.7
The Trough (2018) ဒီကားလေးကတော့ ဟောင်ကောင် အက်ရှင်ကားလေးဖြစ်ပါတယ် ဒီကားက အက်ရှင်နဲ့ ဒရာမာကိုရောစပ်ထားတဲ့ဇာတ်မျိုးဖြစ်ပါတယ်။ ဇတ်ကားထဲမှာဆိုရင် မင်းသားဖြစ်တဲ့ ယုချောင်ဆိုတဲ့ဘဲက လူဆိုးအသွင်ယူထားတဲ့ရဲသားတစ်ယောက်ပေါ့ဗျာ။ သူက ခေတ်ပျက်သူဌေးတွေကြီးစိုးနေတဲ့မြို့လေးမှာရဲလုပ်နေတာ။ တစ်မြို့လုံးမှာက လုပ်ချင်တိုင်းလုပ်သောင်းကျန်းနေတဲ့သူတွေကြီးပဲ။ ဒါကိုသူနဲ့သူ့သူငယ်ချင်းတစ်စုက တိုက်ဖျက်ချင်တယ်။ ဒီတော့ သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ ဒီမြို့ရဲ့ စီးပွားရေးတွေ နယ်ပယ်အသီးသီးကိုချုပ်ထားတဲ့သူကိုအပြစ်ရှင်းကြမယ်ပေါ့။ အဲ့ဒီအဖွဲ့က မိဘမဲ့ကလေးတွေကိုဖမ်းဆီးချုပ်နှောင်ထားတာမျိုးတွေရှိတယ်။ ဖမ်းဆီးခံရတဲ့ကလေးတွေက စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းချက်ရှိတဲ့ကလေးတွေချည်းပဲ။ ဒီတော့ အဲ့ဒီကလေးတွေကိုဒီအဖွဲ့ကြီးက ဘာလို့ ဖမ်းဆီးချုပ်နှောင်ထားရတယ်ဆိုတဲ့အကြောင်းရယ် ယုချောင်တို့ကရောတကယ်ပဲ သူတို့ရည်ရွယ်သလိုလုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာဆက်လက်ကြည့်ရှုလိုက်ရအောင်။  File Size : (1 GB) & (438MB) Quality : 1080p.BluRay Running Time :1hr  51min Format : Mp4 Genre    : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Desu Encoded by Arkar Phyo (Yrfatt)
movie

The Trough (2018)

2018
The Brave (2019) N/A
The Brave (2019) The Brave(2019) IMDb...6.5 Albanian မြို့ဟာ   မူးယစ်ဆေးတွေနဲ့ ဂန်းစတားတွေကျက်စားရာမြို့... မြို့ရဲ့အဓိကစီးပွားရေး ဟာ မူးယစ်ဆေးလိုဖြစ်နေတယ်.. မူးယစ်ဆေးတွေရဲ့ အဓိက ကြိုးကိုင်သူကို အစိုးရဘက်က ဖမ်းချင်ပေမယ့်လည်း သက်သေမခိုင်လုံလို့ ဖမ်းဆီးရခက်နေတယ်... ရဲဘက်နဲ့အစိုးရပိုင်းကလူတွေကလည်း မူးယစ်ဂိုဏ်းနဲ့မကင်းသလို အဖွဲ့တောင့်လွန်းတဲ့ သူတို့ကြောင့် လူနည်းစုလိုဖြစ်နေတဲ့ ရဲဝန်ထမ်းကောင်းတွေအတွက် အချိန်ကုန်လူပင်ပန်းတာပဲအဖတ်တင်နေသလိုပါပဲ... သို့ပေမယ့် ဒီအခြေအနေတွေကိုပြင်ဆင်ပြီး မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်ဖို့ အထူးစုံထောက်အရာရှိတစ်ဦးနဲ့ အထူးအေ့ဂျင့်တစ်ဦးနဲ့ပူးပေါင်းမိတဲ့အချိန်မှာတော့... ကိုင်း မူးယစ် အက်ရှင် မှုခင်းကားတွေသဘောကျတဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ... File Size : (900 MB) and (313 MB) Quality : WEB-DL 720p, Format…mp4 Duration…01:40:00 Genre : Action, Crime, Thriller | Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
movie

The Brave (2019)

2019
2.0 (2019) 7.0
2.0 (2019) ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiranရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။----------------------------------------------- မတောင်းခင် ကြိုပြောပါရစေဗျာ။ဒီဇာတ်ကားကြည်တောက်ရှင်းမထွက်ခင်မှာရှေ့ကဇာတ်ကားကို တင်ပေးဖို့ စိတ်ကူးရှိခဲ့ပါတယ်။ဒါပေမဲ့ မူလတမီးလ် ဗားရှင်း ဘလူးယေးမရှိတာမျိုးတွေ၊ ဟင်ဒီအသံထွက်နဲ့ ဘလူးယေးကျတော့စုံမစုံတာမျိုးတွေပဲ တွေ့ခဲ့ပါတယ်။အချိန်ပေးမရှာတာလည်း ဖြစ်ပါလိမ့်မယ်။အဲ့ဒီအတွက် ပထမကားကို ခုလောလောဆယ်တော့ မရနိုင်သေးပါဘူးလို့ ပြောပါရစေ။တောင်ပိုင်းကားမို့ သူတို့ပြည်နယ်အကြိုက်ရိုက်ထားတာဖြစ်လို့ တချို့ပရိသတ်တွေအတွက်တော့အကြိုက်တွေ့မှာမဟုတ်ပါဘူး။လောလောနဲ့ ဇာတ်ကားနှစ်ကားကိုတပြိုင်နက်အမြန်ဆုံးရေးထားတဲ့အတွက်လွဲချော်မှုတစ်စုံတစ်ရာပါရင် ခွင့်လွှတ်ပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint ...
movie

2.0 (2019)

2019
The Kid Who Would Be King (2019) 6.1
The Kid Who Would Be King (2019) UNICODEMerlin စီးရီးတွေကို ကြည့်ဖူးတဲ့လူတိုင်းဒီကားလေးကိုစိမ်းမယ်မထင်ပါဘူး...ပုံပြင်တွေထဲက King Arthur နဲ့ ကျောက်တုံးထဲ စိုက်ဝင်နေတဲ့Excalibar ဓားကို လူတိုင်းကြားဖူးကြမှာ အသေအချာပါပဲ။The kid who would be king (2019) က အဲဒီပုံပြင်ထဲကလိုExcalibar ဓားကို ဆွဲထုတ်နိုင်ခဲ့တဲ့ ကလေးရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတဲ့Adventure , Action , Family ဇာတ်ကားလေးပါ။King Arthur က ကျောက်တုံးထဲက ဓားကိုဆွဲထုတ်ပြီးတော့ဗြိတိန်ရဲ့ ဘုရင်ဖြစ်လာပြီး မွေးစားညီမဖြစ်သူ Morgana ရဲ့လက်က ကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ Morgana က နယ်မြေတွေအစိတ်စိတ်ကွဲလူတွေ မျှော်လင့်ချက်မဲ့ပြီး ခေါင်းဆောင်မဲ့နေတဲ့အချိန်ပြန်လာမယ်လို့ ကျိန်စာဆိုခဲ့ပါတယ်။Arthur ကလည်း အဲဒီအချိန်မှာ Excalibar ပြန်ပေါ်လာပါစေလို့ သစ္စာပြုခဲ့တယ်။၁၂ နှစ်အရွယ် မူလတန်းကျောင်းသားလေး Alex ရဲ့ ခေတ်မှာExcalibar က ပြန်ပေါ်လာပြီးတော့ Morgana ကလည်းပြန်အင်အားကောင်းလာပါတယ်။ ဓားကိုဆွဲထုတ်နိုင်ခဲ့တဲ့ ဘုရင်လေး Alex ...
movie

The Kid Who Would Be King (2019)

2019
Hurricane (2018) 5.9
Hurricane (2018) Hurricane(2018) က ဒုတိယ ကမ္ဘာစစ်က ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ဗြိတိန် တော်ဝင်လေတပ်ရဲ့ အင်အား ၂၀% ဖြစ်တဲ့ ပိုလန်သားတိုက်လေယာဉ်မှုးတွေနဲ့ဖွဲ့စည်းထားတဲ့ ရန်သူတွေကိုချေမှုန်းနိုင်စွမ်းအမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ ၃၀၃ တပ်ဖွဲ့အကြောင်း တစေ့တစောင်းပြသထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Jan Zumbach က ဇာတ်ကားအစမှာအသိမ်းခံထားရတဲ့ ပြင်သစ်နိုင်ငံထဲက ဂျာမန်လေယာဉ်တစ်စင်းကိုခိုးယူပြီးအင်္ဂလန်ကိုခိုလှုံဖို့ရောက်လာပါတယ်။အရင်ရောက်နေတဲ့ ရဲဖော်ရဲဖက်တွေနဲ့ ပြန်တွေ့ပြီးတော်ဝင်လေတပ် တစ်နေရာမှာ တာဝန်ထမ်းခွင့်ရပါတယ်။လူမျိုးကြီး ဝါဒကို လက်ကိုင်ထားတဲ့ အင်္ဂလိပ်တွေက ပိုလန်သားလေယာဉ်မှုးတွေကိုအထင်သေးပြီး နှိမ်ထားကြပေမဲ့ သူတို့ရဲ့ အရည်အချင်းက ထင်ရှားနေတာကိုတွေ့လာရတဲ့အတွက် ၃၀၃ ဆိုတဲ့ တပ်ဖွဲ့က နာမည်ကြီးလာပါတယ်။ဒုတိယကမ္ဘာစစ်အကြောင်း၊ လေကြောင်းတိုက်ပွဲတွေကို စိတ်ဝင်စားသူများအတွက်တော့ကြည့်ကောင်းမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File Size : (1 GB) & ( 345 ...
movie

Hurricane (2018)

2018
Blood and Bone (2009) 6.7
Blood and Bone (2009)   ဟုတ်ပါတယ်...Undisputed II ထဲမှာ ကျွန်တော်တို့ရဲ့ အချစ်တော် လက်ဝှေ့ကျော် Yuri Boyka ရဲ့ ခြေထောက်ကို ချိုးသွားတဲ့ကောင်ပဲဗျ။ ဒီ Blood and Bone ဇာတ်ကား ထဲမှာတော့ လမ်းဘေး တိုက်ပွဲတွေမှာ ပွဲတိုင်းနိုင်တဲ့ Bone နေရာကနေသရုပ်ဆောင်ထားတယ်ဗျ။ IMDB 6.7 ထိရရှိထားတဲ့ Action ကားလေးပါ။ Fight Scene တွေက Boyka လောက်မကောင်းဘူးလို့ထင်ပေမဲ့ သူ့ဟာလေးနဲ့သူတော့ မဆိုးဘူးဗျ။ IMDB 6.7 ကလည်း အလကားပေးထားတာတော့မဖြစ်နိုင်ပါဘူး။ဇာတ်လမ်း အကျဉ်းကတော့ လမ်းဘေးလက်ဝှေ့ပွဲတွေမှာ ထောင်ထွက် Bone တစ်ယောက် နေရာရအောင် လုပ်ယူလာပြီး လမ်းပေါ်က ဘုရင်လို့တင်စားလောက်တဲ့ James ဆိုတဲ့ လူဆိုးခေါင်းဆောင်ဘေးက ကောင်မလေး Angelaနားကပ်လို့ရအောင် ကြိုးစားရင်း ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို Action , Fighting အရသာအပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
movie

Blood and Bone (2009)

2009
Warfighter ( 2018 ) 5.6
Warfighter ( 2018 ) ဒီဇာတ်ကားထဲမှာတော့ action,drama,romance သုံးခုစလုံးပါဝင်နေပါတယ်ဇာတ်ကားရဲ့အဓိကဇာတ်ဆောင်မင်းသားဟာလက်တွေ့နဲ့အိပ်မက်ဆိုးနှစ်ခုကြားမှာနေ့တိုင်းနီးပါးရှင်သန်နိုင်ဖို့ကြိုးစားနေရပြီးတဖက်မှာလည်းအိမ်ထောင်ဦးစီးတာဝန်မလစ်ကွက်အောင်အဲ့ဒါအပြင်သူ့အလုပ်ဖြစ်တဲ့စစ်သားတယောက်ရဲ့တာဝန်ကိုလည်းထမ်းဆောင်ရင်းနေထိုင်သူတယောက်ပါတနေ့မှာတော့ သူတို့အဖွဲ့ကိုအထူးစုံစမ်းဖို့စေလွှတ်ခြင်းခံရပါတယ်လုပ်ရမယ့်စစ်ဆင်ရေးကအထူးစုံစမ်းရေးဖြစ်ပေမယ့်ဟိုမှာဖမ်းခံထားရတယ့်ဓါးစာခံတွေကိုတွေ့တဲ့အခါမှာတော့ဘယ်လိုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြမလဲ..စစ်ဆင်ရေးအောင်မြင်ပြီးသူတို့မိသားစုတွေဆီပြန်လာနိုင်မလား....အိပ်မက်ဆိုးကအမြဲနှောင့်ယှက်ခံနေရတယ့်မင်းသားကရောစစ်ဆင်ရေးနဲ့အဲ့အိပ်မက်ဆိုး ၂ခုကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာ....ဒီကားထဲမှာ မိသားစုတွေရဲ့စိုးရိမ်ပူပန်မှု,ညီအကိုချစ်စိတ်ဓါတ်တွေ,သစ္စာရှိမှုတွေ,သူတို့အဖွဲ့ခေါင်းဆောင်အမိန့်ကိုနောက်ဆုံးချိန်ထိတာဝန်ယူမှုတွေကိုဝမ်းနည်းစွာကြည့်ရှူ့ရမှာဖြစ်ပါတယ် File Size : (986 MB) & ( 369 MB)Quality : WEB-DL 720pRunning Time : 1 hr 45 minFormat : Mp4Genre :  Action , Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Warfighter ( 2018 )

2018
The Bullet Vanishes (2012) 6.6
The Bullet Vanishes (2012)  The Bullet Vanishes ( 2012) ထွက် ဇာတ်ကားလေးကတော့ IMDB Rating 6.6 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Plot Twist တွေကလည်း အလန်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်အလုပ်လုပ်ဖို့ရူးသွပ်နေတဲ့ ထောင်မှုး ဆောင်ဒုန်လူ နဲ့ ထျန်းချန်မြို့မှာ သေနတ်ပစ်လက်အမြန်ဆုံး စုံထောက် ကောင်းကျွေး တို့ ပူးပေါင်းပြီး တစ္ဆေကျည်ဆန်အမှုကိုလိုက်ကြတာပါ။ တစ္ဆေကျည်ဆန်လို့ခေါ်ရတဲ့အကြောင်းက လက်နက်စက်ရုံက အလုပ်သမလေး ယန် မတရားအသတ်ခံရချိန်မှာ ကျိန်စာတိုက် သွားခဲ့ပါတယ်။ နောက်တော့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးကြပြီးတော့ ကျည်ဆန်ကိုရှာမတွေ့ပါဘူး။ တကယ့်ကျိန်စာကြောင့်ပဲလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်ကပဲ ဟန်ဆောင်ပြီး သတ်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။ ပြီးတော့ ဇာတ်ကားကို ကြည့်ရင်း မေးမိနေမှာက ပြီးပြည့်စုံတဲ့ လူသတ်မှုဆိုတာ တကယ်ရှိလားဆိုတာပေါ့။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
movie

The Bullet Vanishes (2012)

2012
Asura: The City of Madness(2016) 6.6
Asura: The City of Madness(2016) Asura: The City of Madness(2016)IMDb...6.6,,,Rotten..80%" ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိ်မ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ...သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ...နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့...ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်..."ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ....သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ....ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်...သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့  ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး...ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ...The king,The Divine Moveနဲ့ Cold eye  တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (2.13GB),(1.03GB) and ...
movie

Asura: The City of Madness(2016)

2016
Triple Threat(2019) 5.6
Triple Threat(2019) Triple Threat(2019) IMDb....7.5 Ong Bak မင်းသား တိုနီဂျား၊ The Raid ရဲ့ မင်းသား Iko Uwais နဲ့ ထိုက်ချိမင်းသား တိုက်ဂါးချန်း တို့ ပူးပေါင်းပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကို တင်ပေးထားပါတယ်။ ဗီလိန်နေရာမှာတော့ ဘွိုင်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်း ပါဝင်ထားတာမို့ ဘယ်လောက်ကြမ်းကြမလဲ ပြောဖို့မလိုလောက်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့ မဟာဂျာယာမှာ လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက် အကြီးအကျယ်လာလှူဒါန်းတဲ့ တရုတ်မလေး ထန်းရှောင်ရှန်းကို ကော်လင်တို့ ကြေးစားအဖွဲ့က လုပ်ကြံဖို့ကြိုးစားတာမှာ ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ ။ သူတို့ သုံးယောက်နဲ့ ကော်လင်တို့က အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။ အကျဉ်းပြောရရင်တော့ ချတဲ့ကားပါ။ ချပါတယ် အားတိုင်း။ သေနတ်ရှိရင်တောင် ဘေးချပြီး ချပါတယ်။ တွေ့ရာနေရာမှာ အားတိုင်းချပါတယ်။ ကြည့်ရင်းနဲ့ ကြည့်တဲ့သူပါ ချချင်နေလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်...  File Size ...
movie

Triple Threat(2019)

2019
Destroyer (2018) 6.3
Destroyer (2018) ဒီကားလေးကတော့ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီး ကြီးNicole Kidman အဓိကပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ငယ်ရွယ်တဲ့စုံထောက်မိန်းကလေး၁ယောက် ဘဏ်ဓါးပြမှုတွေနဲ့ဆိုးသွမ်းတဲ့အဖွဲ့ကိုတိတ်တဆိတ်စုံစမ်းဖို့စေလွှတ်ခံခဲ့ရပါတယ်ဒါပေမယ့်ကံဆိုးစွာပဲသူ့ရဲ့စစ်ဆင်ရေးကျရှုံးသွားခဲ့ပြီးသူချစ်တဲ့လူကောတခြားလူတွေရောအသတ်ခံလိုက်ရတဲ့အခါမှာတသက်လုံးသူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့ပဲနေထိုင်လာခဲ့ရင်း....သူလက်စားပြန်ချေချင်တဲ့လူပြန်ပေါ်လာတဲ့အချိန်လက်စားချေဖို့ဘယ်လိုတွေကြိုးစားမလဲ...တဖက်မှာလည်း သူ့ရဲ့သမီးနဲ့ပြေလည်အောင်ညှိနှိုင်းပြီးပြဿနာတွေရှင်းရ....သမီးကိုချစ်တဲ့စိတ်,စိုးရိမ်စိတ်တွေနဲ့တဖက်မှာလည်းလက်စားချေလိုစိတ်တွေကိုမင်းသမီးကြီးကဘယ်လိုတွေသရုပ်ဆောင်ပြီးဇာတ်ကိုဆွဲခေါ်သွားမလဲဆိုတာတွေကိုဒီကားလေးမှာမြင်ရမှာဖြစ်ပါတယ် File Size : (1 GB) & ( 410 MB)Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo 
movie

Destroyer (2018)

2018
Silence Snow ( 2019 )
Silence Snow ( 2019 ) Ewenkiမျိုးနွယ်စုတွေဟာတောင်ပေါ်မှာပဲနေထိုင်ရင်းသမင်မွေးမြူကာအသက်ရှင်နေထိုင်လေ့ရှိပါတယ်..တစ်နေ့မှာအစိုးရကနေသူတို့ကိုတောင်အောက်လူနေမှုဘဝထဲမှာရပ်တည်နိုင်ဖို့စီစဉ်ညှိနှိုင်းမှုတွေပြုလုပ်ပေးခဲ့ပါတယ်..သူတို့တွေလူနေမှုဘဝထဲမှာအဆင်ပြေနိုင်ပါ့မလား…တစ်ဖက်မှာလည်း ဝူဟောက်နဲ့ကျောက်ကျန့်ကော်တို့ဟာသူငယ်ချင်းအရင်းတွေပါ..သူတို့တွေဟာလေထီးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အခါ ဝူဟောက်ရဲ့မိန်းမဖောက်ပြန်နေတာသိလိုက်ရတဲ့အတွက်ကျောက်ကျန့်ကော်ကလက်လွန်ပြီးသူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့သူကိုသတ်လိုက်မိပြီးထွက်ပြေးတိမ်းရှောင်ရင်း Ewenkiမျိုးနွယ်စုတို့နေထိုင်တဲ့တောင်ပေါ်ရဲ့တောင်အောက်နားမှာရှိတဲ့သစ်စက်မှာပုန်းလျှိုးပြီးနေနေရပါတယ်…ကျောက်ကျန့်ကော်လက်လွန်ပြီးသတ်လိုက်မိတဲ့သူရဲ့အစ်ကိုဟာလည်းသူ့ညီကိုသတ်တဲ့သူကိုမြေလှန်ရှာမယ်ဆိုပြီး နေရာအနှံလိုက်ရှာနေပါတယ်..ဒီလိုနဲ့သစ်စက်မှာကျောက်ကျန့်ကော်က ဝူဟောက်နာမည်နဲ့ရပ်တည်နေတဲ့အခါ..ဝူဟောက်ကဘာများဖြစ်သွားလို့လဲ.နောက်ကွယ်မှာဘယ်လိုအကြောင်းတွေရှိနေတာလဲ..Ewenkiတွေကိုရွှေ့ပြောင်းပေးဖို့ရောက်လာတဲ့ရဲမူးရောက်လာချိန်မှာတော့ဝူဟောက်အကြောင်းကိုစုံစမ်းဖို့ဖြစ်လာတဲ့အခါ…ဆက်လက်ကြည့်ရှုကြပါနော်Translated & Review By Phyo Zaw Encoded By LK
movie

Silence Snow ( 2019 )

Shocking Kung Fu Of Huo’s ( 2019 )
Shocking Kung Fu Of Huo’s ( 2019 ) ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အမှန်အကန်ဖိုက်ပြီး စိတ်ဝင်စားမှုအပြည့်နဲ့စောင့်ကြည့်ရမယ့်ကားပဲဖြစ်ပါတယ် ( ဂျင်းမဟုတ် :3 )ဇာတ်လမ်းအညွန်းကတော့သိုင်းလောကရဲ့အရှုပ်တော်ပုံတော့မဟုတ်ဘူး ကွန်ဖူးလောကရဲ့အရှုပ်တော်ပုံလို့ပဲဆိုရမယ်..ရှန်ဟိုင်းမှာအနောက်တိုင်းသားတွေလာပြီးတော့တရုတ်ကွန်ဖူးကိုကင်မရာရိုက်ပီး ခိုးဖို့ပြင်တဲ့ခေတ်လို့ပဲပြောရမလားတရုတ်ကွန်ဖူးကိုလှောင်ပြောင်နေတဲ့ခေတ်လို့ပဲပြောရမလားပဲဒီလိုခေတ်ကိုအခြေခံထားတဲ့ဇာတ်ကားပါပဲလက်သီးနက်ပြိုင်ပွဲလို့ တင်စားထားတဲ့ ပြိုင်ပွဲမှာတရုတ်ကွန်ဖူးပညာရှင်တွေ တောက်လျောက်ရှုံးသေဆုံးကြရတယ်တစ်နေ့မှာတော့ ဒါတွေကိုပြန်အဖတ်ဆယ်နိုင်မယ့်သူရဲကောင်းတစ်ယောက်ထွက်ပေါ်လာခဲ့တယ်..အနက်ရောင်မိစ္ဆာဆိုတဲ့သူရဲကောင်းတစ်ဦးပါပဲ…ဒါပေမယ့် အနက်ရောင်မိစ္ဆာဆိုတဲ့နာမည်နဲ့ပြိုင်ခဲ့သူတွေဟာတစ်ယောက်တည်းမဟုတ်ဘူးဘယ်၂ယောက်ရှိခဲ့တာလဲ…ဘာကြောင့်ဒီလိုလူတွေပြောင်းလဲနေတာလဲတကယ်လို့များ အနက်ရောင်မိစ္ဆာ၂ယောက်ချကြမယ်ဆိုရင်ရောဘယ်သူများနိုင်မှာလဲ ?နားရှုပ်သွားပြီလား မပူပါနဲ့ကြည့်ရတာတော့လုံးဝမရှုပ်တဲ့အပြင် စိတ်ဝင်စားမှုအပြည့်နဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်ဇာတ်လမ်းရဲ့ ၃ ပုံ ၂ပုံကတိုက်ပွဲတွေနဲ့ပဲပြည့်နေတာပါTranslated & Review By Chu Chu Encoded By LK
movie

Shocking Kung Fu Of Huo’s ( 2019 )

Special ID ( 2013 ) 5.6
Special ID ( 2013 ) အက်ရှင်ကား ဖိုက်တင်ကား ကြိုက်နှစ်သက်သူများအတွက်မင်းသား Donnie Yenရဲ့ ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဟောင်ကောင်မှာတရားမ၀င် မှောင်ခိုဂိုဏ်းတွေသောင်းကျန်းနေတဲ့ကာလမှာရဲတွေက အရေးယူဖို့သက်သေရှာဖွေတဲ့အနေနဲ့ချန်ကျစ်လုံကို သူလျိုအဖြစ်စေလွှတ်ထားခဲ့တယ်..ငယ်ငယ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ချန်ကျစ်လုံတစ်ယောက် သူလျိုဘ၀မှာဘယ်လိုမျိုးဒုက္ခတွေကြုံတွေ့ရမလဲမှောင်ခိုဂိုဏ်းကရောသူ့ရဲ့ဘ၀အမှန်ကိုသိရှိသွားမှာလားဒါ့အပြင်လူသတ်မှုကြီးတခုဖြစ်လာတဲ့အခါမှာတော့ချန်ကျစ်လုံတစ်ယောက်ဘယ်လိုတွေဆက်လက်လုပ်ဆောင်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပါဟောင်ကောင်အက်ရှင်ကားတွေရဲ့ထုံးစံအတိုင်းအက်ရှင်အပိုင်းကတော့ အထွေအထူးပြောစရာမရှိအောင်ကောင်းပြီးသားမို့ ဆက်လက်ခံစားကြည့်ရှုပါTranslated & Review By Ei Pyae Encoded By LK
movie

Special ID ( 2013 )

2013
Cyan Wizard ( 2019 ) 5
Cyan Wizard ( 2019 ) 2019 ထွက်ဇာတ်ကားသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်မကောင်းဆိုးဝါးတွေကြီးစိုးနေတဲ့ခေတ်ကာလကြီးမှာ လူသားတွေဟာကြောက်လန့်စွာနဲ့ နေထိုင်ခဲ့ရတယ်..မကောင်းဆိုးဝါးလို့သူတို့ထင်တဲ့လူတစ်ဦးကိုလည်း မီးရှို့သတ်ပစ်ဖို့လည်းဝန်မလေးကြဘူးတာအိုဆရာလေးတစ်ဦးကလည်း မကောင်းဆိုးဝါးတွေကိုမကောင်းမြင်တဲ့သူတစ်ဦးပါပဲ..တစ်နေ့မှာတော့အဖြစ်အပျက်တခုကြောင့် တာအိုဆရာလေးရဲ့ မကောင်းဆိုးဝါးအပေါ်အမြင်တွေဟာပြောင်းလဲသွားရပါတယ်သူ့အဖေကိုကယ်တင်ဖို့အတွက်ရော ဘယ်လိုတွေစွန့်လွှတ်မှုတွေလုပ်ရမလဲပြီးတော့ လူသားနဲ့ မကောင်းဆိုးဝါးကြားထဲက ခြားနားချက်ကိုရှာဖွေရင်း လူသားဖြစ်ဖြစ် မကောင်းဆိုးဝါးဖြစ်ဖြစ် ချစ်ခြင်းမေတ္တာတရားကသာလောကကြီးမှာအလှပဆုံးသော အမှတ်တရတွေဖြစ်တယ်ဆိုတာကိုပုံဖေါ်ထားတဲ့ဇာတ်လမ်းကောင်းလေးပါပဲ ဆက်လက်ကြည့်ရှုခံစားပါ This Movie Brought To You By Channel MyanmarTranslated & Review By CM_Chinese TeamEncoded By LK  
movie

Cyan Wizard ( 2019 )

2019
The Sholay Girl (2019) 8.4
The Sholay Girl (2019) The Sholay Girl (2019) ဒီဇာတ်လမ်းကတော့ အိန္ဒိယရဲ့ ပထမဆုံး စတန့်မင်းသမီး ရက်ရှ်မား ပသန် ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တဲ့ မတ်လ(၈)ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ဘ၀ရပ်တည်မှုကို အတ္ထုပ္ပတ္တိ နဲ့ ရုပ်ရှင် တွဲဖက်ပြီး ပြသခဲ့တဲ့အတွက် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ယနေ့ခေတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်လာကြပါပြီ။ အရင်ခေတ်က အမျိုးသမီးတွေကတော့ အနှိမ်ခံရတဲ့အချိန်တွေ အိမ်တွင်းပုန်းခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ရက်ရှ်မားက ဒီအစဉ်အလာတွေကို ချိုးဖျက်ပြခဲ့ပါတယ်။ ရက်ရှ်မားလုပ်တဲ့အလုပ်အကိုင်က ယောက်ျားတိုင်းတောင် မလုပ်ရဲ၊ မလုပ်ဝံ့တဲ့ စတန့်သမားပါ။ ရုပ်ရှင်ကားတစ်ကားမှာ ယုတ္တိရှိရှိရိုက်နိုင်ဖို့က စွန့်စားခန်းတွေ ပါပါတယ်။ စွန့်စားခန်းအများစုမှာ မင်းသား မင်းသမီးတွေက ကိုယ်တိုင်ရိုက်ကူးလေ့ မရှိပါဘူး။ အသက်နဲ့ရင်းပြီး လုပ်ရတဲ့အခန်းတွေဆိုရင် စတန့်သမားတွေရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ စတန့်သမားတွေ လုပ်နိုင်ရင် လုပ်နိုင်သလောက် ဇာတ်လမ်းရဲ့အနှစ်သာရက ပိုပြီးပြည့်ဝလာပါတယ်။ စတန့်သမားအများစုကတော့ ယောကျာ်းလေးတွေပါ။ မင်းသမီးတွေအတွက်ဆိုရင် ဆံပင်တုတွေစွပ်ပြီး မိတ်ကပ်တွေလိမ်းပြီး ကူညီကြရတာပါ။ ရက်ရှ်မားက ဒီကွက်လပ်ကို ဖြည့်ခဲ့တာပါ။ လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ ရက်ရှ်မား ဖြတ်သန်းခဲ့ရတဲ့ ခရောင်းလမ်းကြီးကို ဒီဇာတ်ကားမှာ မြင်ရပါမယ်။ ဒါကတော့ ရက်ရှ်မားရဲ့စကားပါ။ "မျှော်လင့်ချက်ဆိုတာ အရိပ်လိုပဲ လို့ ပြောကြပါတယ်။ ရှင့်အနားကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှောင်ထဲမှာ နေတဲ့သူကတော့ အရိပ်ရှိမှာ ...
movie

The Sholay Girl (2019)

2019