Channel Myanmar
Action
Romeo Akbar Walter(2019) 6.6
Romeo Akbar Walter(2019) Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်...  File Size : (1 GB) and ...
movie
Romeo Akbar Walter(2019)
2019
Outlaws Don’t Get Funerals (2019) 4.5
Outlaws Don’t Get Funerals (2019) ဒီတစ်​ခါ​တော့ အမြင်​တစ်​မျိုးနဲ့ရိုက်​ထားတဲ့crime, action ကား​လေးတစ်​ကားကို တင်​ဆက်ေ​ပးလိုက်​ပါတယ်​ဘိုးဘေးဘီဘင်ကစပြီး ဒုစရိုက်သမားမျိုးဆက် ခိုးတယ် ဓားပြတိုက် တယ်လိုအပ်ရင်လူပါသတ်တယ်အဘိုးက ထောင်ထဲမှာ တစ်သက် တစ်ကျွန်းကျနတော။အ​ဖေဖြစ်​သူက ရဲနဲ့သူပစ်ကိုပစ် ပစ်ပြီးသေသွား ခဲ့တယ်။အဘိုးက နာမည်ကြီး သူခိုးဓားပြကြီး အသက် ၇၀ ပြည့်လို့ ထောင်ကခံဝန်နဲ့လွှတ်ပေးလိုက်တဲ့အခါမြေးဖြစ်သူက အင်တာနက် သတင်းမှာတွေ့လိုက်ရတော့ ...ဒုစရိုက်သမားတွေဘက်ခြမ်းက​နေရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါပေးချင်တဲ့မက်ဆေ့ခ်ျ ကလည်း ကောင်းပါတယ်။အားပေးလိုက်ကြပါဦး။ File Size : (936 MB) & (335 MB)Quality :Web-DL 720pRunning Time :2 HrFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar ...
movie
Outlaws Don’t Get Funerals (2019)
2017
Killers Anonymous(2019) 6.6
Killers Anonymous(2019) Killers Anonymous(2019)================ဒီဇာတ်ကားက ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ အမေရိကန် အက်ရှင် ကား တကားပါLion Gates ကုမ္ပဏီက ဖြန့်ချိတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Martin Owen က ရိုက်ကူးထားတာပါ ပါဝင်တဲ့ ဇာတ်ဆောင်တွေကတော့ Jessica Alba Tommy Flanagan Gary Oldman Rhyon Nicole Brown My Anna Buring Michael Socha Tim Mclnnery Sam Hazeldine တို့ ဖြစ်ပါတယ်Killer Anonymous ဆိုတာ လူသတ်သမားတွေကို စုဖွဲ့ထားတဲ့ အဖွဲ့တခုဖြစ်ပြီး လူတယောက်ကို ကိုယ် ဘယ်လိုသတ်ခဲ့တယ် သတ်နေတုန်း ကိုယ်ဘယ်လိုခံစားရတယ် စတဲ့ လူသတ်ခြင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ဖလော်ဆော်ဖီကို အချင်းချင်းဝေမျှရင်း စိတ်ဖိအားလျှော့ချကြတဲ့ ပုံစံနဲ့ လည်ပတ်နေတာပါအဲဒီအဖွဲ့ကို ဘယ်သူက အဓိက ကြိုးကိုင်နေလဲ စီအိုင်အေရဲ့ ပါဝင်ပတ်သတ်မှုတွေနဲ့ master mind တွေ က အစီအစဉ်တခုကို ချတဲ့ အခါ ပါဝင်သူတွေကိုယ်တိုင် မသိလိုက်အောင် လူတစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အသုံးချပြီး ဘယ်လို ဥာဏ်ကစားကြလဲ ကြည့်ပျော်တဲ့ ဇာတ်လမ်းတခုပါ ခင်ဗျာFile Size ...
movie
Killers Anonymous(2019)
2019
Maharshi (2019) 8.0
Maharshi (2019) IMDb Rating - 7.9/102018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ ---------------------------------------------------မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း ...
movie
Maharshi (2019)
2019
Shaft (2019) 6.2
Shaft (2019) နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။တကယ်ကို ကြည့်လို့ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။(Littleneo ဘာသာပြန်ပေးထားပါတယ်)File Size : (1.90 GB) , (950 MB) and (480 MB) Quality : NF WEB-DL ...
movie
Shaft (2019)
2019
Reindeer Games (2000) 5.7
Reindeer Games (2000) ရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့ စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘ၀ခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။ သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။ တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။ ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။ သူ ပျော်ရွှင်နေသေးလို့မ၀ခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ၀င်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့ ကတ်စီနို တစ်ခုကို ၀င်စီးဖို့ တိုင်ပင်ထားတယ်။ သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို ဖြစ်ပြီး ကတ်စီနိုကို ၀င်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ...
movie
Reindeer Games (2000)
2000
The Wolf’s Call (2019) 7.6
The Wolf’s Call (2019) Rating 7.7 အထိရရှိထားတဲ့ ပြင်သစ် Action/Drama/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့ ရေငုတ်သင်္ဘောသားတွေကိုအခြေပြုပြီးရိုက်ကူးထားတာပါ။ရေငုတ်သင်္ဘောတစ်စီးမှာ Sonar ဆိုတဲ့ Radar ကဲ့သို့သော Detection and Navigationလုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့ အသံလှိုင်းသုံးကိရိယာတစ်ခုရှိပါတယ်။အဲဒါကနေရလာတဲ့အသံလှိုင်းတွေကိုကြည့်ပြီး ဒါဟာဘယ်ကလာတဲ့အသံ...ဘယ်လိုရေယာဉ်အမျိုးအစားဆိုတာကိုခွဲခြမ်းစိတ်ဖြာရတဲ့ Analyst တွေလည်းရှိပါတယ်။ဒီကားလေးမှာတော့ အဲလို အသံလှိုင်းစီစစ်ရတဲ့သူဖြစ်တဲ့ ချန်တာရိန်ဆိုတဲ့လူငယ်လေးကိုတည်ထားပြီး ပြင်သစ်နိုင်ငံကိုဘယ်လိုကယ်တင်သွားလဲဆိုတာကိုတွေ့မြင်ရမှာပါ။Drama/Thriller ဆိုတဲ့အတိုင်း ကောင်းကောင်းကြီးခံစားရမှာဖြစ်ပါတယ်။နားပါးလှပါတယ်တဲ့သူကိုမှ ဘယ်လိုလှည့်စားပြီးကမ္ဘာပျက်ကိန်းရောက်အောင် ဘယ်သူတွေလုပ်သွားလဲ။ဘယ်လိုပြန်လည်ဟန့်တားရလဲဆိုတာကိုတွေ့မြင်ရမှာပါ။( ရေတပ်ဆိုက်ရာအသုံးအနှုန်းတွေပါဝင်တဲ့အတွက် အဓိပ္ပါယ်တစ်ချို့ကွဲလွဲတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။အနီးစပ်ဆုံးဖြစ်အောင်ဘာသာပြန်ထားပေမယ့် ကွဲလွဲတာရှိရင်သည်းခံပေးကြပါ။) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ ပါ) File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 55min Format ...
movie
The Wolf’s Call (2019)
2019
We Are Legends ( 2019 ) 5.4
movie
We Are Legends ( 2019 )
2019
Escape Plan: The Extractors (2019) 4.4
Escape Plan: The Extractors (2019) Escape Plan: The Extractors (2019)    1080p BluRay 5.1 Ch Quality နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားဆိုရင် အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တွေ ရဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကား Escape Plan: The Extractors (2019) ဟာဆိုရင်လည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံး နဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ။  1080p ...
movie
Escape Plan: The Extractors (2019)
2019
See You Yesterday (2019) 5.0
See You Yesterday (2019) ကိုယ်ချစ်တဲ့အရာတွေကို ဆုံးရှုံးရပြီးတော့ ပြန်လည်ပြင်ဆင်ဖို့အခွင့်အရေးလည်း သင့်မှာရှိတယ်ဆိုရင် သင်ဘာလုပ်မှာလဲ။ဒီတစ်ခါတော့ Netflix က ထုတ်ထားတဲ့ Sci-fi ကားလေးတစ်ကားဖြစ်တဲ့Time Machine ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ စီဂျေနဲ့ ဆဘတ်ရှန်ဆိုတဲ့ အထက်တန်းကျောင်းသားကျောင်းသူလေးနှစ်ယောက်က တစ်နေ့မှာ Time Machine ကို တီထွင်နိုင်ခဲ့ပြီးအဲဒီ့အချိန်မှာပဲ သူချစ်ရတဲ့အကိုဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အခါမှာဒီစက်ကို အသုံးပြုပြီးတော့ သူတို့ဘာတွေ ဆက်လုပ်ကြမှာလဲ။ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။အားပေးကြပါဦးဗျာ File Size : ( 811 MB) & ( 264 MB)Quality :Web DL 720pRunning Time :1hr 24 minFormat : Mp4Genre :Animation , Adventures , ...
movie
See You Yesterday (2019)
2019
Iron Sky: The Coming Race (2019) 5.1
Iron Sky: The Coming Race (2019) ကမ္ဘာကြီးဘယ်လိုဖြစ်တည်လာတယ်ဆိုတာရယ်ဘယ်လိုပျက်စီးသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး သီအိုရီတွေ၊အတွေးအခေါ်တွေ၊ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေများစွာရှိသလိုအခုရုပ်ရှင်လေးဟာလည်း မတူညီတဲ့ အတွေးအမြင်တစ်ခုနဲ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တော်တော်များများရဲ့ သီအိုရီတွေကို သုံးထားသလိုဆန်းသစ်တဲ့အမြင်စိတ်ကူးအသစ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးပျက်စီးသွားလို့ လကမ္ဘာပေါ်မှာနေထိုင်နေရတဲ့ လူသားမျိုးနွယ်တွေဟာ ရှင်သန်ဖို့အတွက် ဘယ်လိုအခက်အခဲတွေကြားမှာလှုပ်ရှားရုန်းကန်ပြီး ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တွေးစရာလေးတွေ ဖြစ်လာစေနိုင်တဲ့ ကားကောင်းတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File Size : ( 869 MB) & (322 MB)Quality :Web DL 720pRunning Time :1hr 29 minFormat : Mp4Genre :Animation , Adventures , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Tar ...
movie
Iron Sky: The Coming Race (2019)
2019
Kamen Rider Heisei Generations FOREVER (2018) 7.5
Kamen Rider Heisei Generations FOREVER (2018) Rating 7.5 ရရှိထားတဲ့ ကားဖြစ်ပါတယ်...Kamen Rider : Heisei Generation Foreverဟေးဆေး'ဂျင်း'နရေးရှင်း ဖော်အဲဗား ရီဗျုးလုပ်ရမယ်ဆိုရင်ဖြင့်ဇာတ်လမ်းကဒီလို Tid ဆိုတဲ့ Time jacker ဘဲကြီးက Kuuga ကနေစပြီးဟေးဆေးရိုက်ဒါတွေရဲ့သမိုင်းကိုဖျောက်ဖို့ကြိုးစားတယ်။အဲ့ဒီတော့ ခါမန်းလိုက်ဒါတွေဆိုတာက အခုလောကမှာလို တိုကုအစီအစဉ်သက်သက်ဖြစ်ကုန်တယ်။ဒါပေမဲ့ အဲ့ဒါကို ပြန်ဖြေနိုင်မယ့်ကလေးတယောက်ရှိတယ်...အဲဒီကလေးကို ရှင်ဂိုလို့ခေါ်တယ်...သူက ရိယောတာ့ရိုး(Ryotarou)လိုပဲ ဗဟိုမှတ်(Singular point) ..အဲ့ကလေးမှတ်ဉာဏ်ထဲမှာ ခါမန်းလိုက်ဒါတွေကိုမှတ်မိနေရင် Tid က သမိုင်းဖျောက်လို့မရဘူး။ဘာလို့ဆိုတော့ ဗဟိုမှတ် ကောင်ဆိုးလေးဒွေက အချိန်စက်ဝန်းရိုက်ခတ်မှုထဲကလွတ်နေကြလို့။ဒီတော့ဘာလုပ်သလဲ... Kuuga မပေါ်လာခင်အချိန်ကိုပြန်သွားပြီး အဲ့ကလေးကိုဖမ်းသွားတယ်...ခူးဂါကိုမမြင်ဖူးလိုက်အောင်။ဒါပေမဲ့ မပြီးသေးဘူး..သမိုင်းပြောင်းသွားပြီး ခါမန်းလိုက်ဒါဆိုတာ တိုကုအစီအစဉ်အဖြစ်ပြောင်းသွားတဲ့နောက်Ataru ဆိုတဲ့ တိုကုအိုတဘဲလေးတကောင်ရှိလာတယ်။အဲ့ကောင်လေးဆီကို အီမာဂျင်တကောင်ရောက်လာပြီး ဆုတခုတောင်းခိုင်းတယ်......
movie
Kamen Rider Heisei Generations FOREVER (2018)
2018
Imperial Guard Girls ( 2019 )
Imperial Guard Girls ( 2019 ) ဒီဇာက်​ကာ​လေးဟာဆိုရင်​ တရုတ်​နန်းတွင်းကား​လေးဖြစ်​ပြီး Drama/actionကား​လေးတစ်​ကားဖြစ်​ပါတယ်​မိန်းက​လေးကိုယ်​ရံ​တော်​က​လေးများရဲ့ အ​ကြောင်းကိုရိုက်​ကူထားပြီးသစ္စာခံယူမှု ညီအမ​တွေရဲ့​မေတ္တာ​တွေ အချစ်​​ ဆရာကတပည့်​အ​ပေါ်ထားတဲ့​စေတနာ​တွေကို စုံစုံလင်​လင်​ ရိုက်​ပြထားတဲ့ ဇာက်​ကား​လေးပါဇာက်​လမ်း​လေးဟာဆိုရင်​ မင်းသားZhu Di ဟာဆိုရင်​ သူ့အကိုမင်းကြီးဆုံးပြီးမကြာခင်​မှာပဲ သူ့တူဆီက​နေ ထီးနန်းကိုလုယူခဲ့ပါတယ်​ထို့​ကြောင့်​ သူဟာ အမြဲပူပန်​​နေပြီး သူ့တူကို လိုက်​ရှာကာသတ်​ပစ်​ဖို့ရယ်​ရွယ်​ထားပါတယ်​ သူဟာ မင်းသားဘဝကတည်းကမိန်းက​လေးငယ်​ငယ်​​လေး​တွေစုကာ ​လေ့ကျင့်​​ပေးပြီးသူ့ရဲ့ကိုယ်​ရံ​တော်​အဖြစ်​​မွေးမြူထားပါတယ်​ထို့​နောက်​သူ့ရဲ့ပုန်​ကန်​သူ​တွေကိုလိုက်​လံသတ်​ဖြတ်​ခိုင်းခ့ပါတယ်​ကိုယ်​ရံ​တော်​ထဲမှာမှ သူဟာ Qinglianကို အချစ်​ဆုံး ဂရုစိုက်​ဆုံးပါ ​နောက်​ဆုံးမှာ​တော့ Qinglianဟာ တာဝန်​ထမ်း​ဆောင်​ရင်း အချစ်​ကို​တွေ့ရှိသွားပြီး သစ္စာနဲ့ အချစ်​ အားပြိုင်​မှုကို ​တွေ့ရှိရမှာပါသစ္စာကပဲ ခိုင်​မြဲမလား အချစ်​ကပဲ ပိုသွားမလားဆိုတာက​တော့ ​ဇာက်​ကား​လေးကိုပဲ ကြည့်​ရှုအားပေးလိုက်ကြပါအုန်းလို့တိုက်တွန်းပါရစေနော် Translated & Review By XiaoEncoded By LK
movie
Imperial Guard Girls ( 2019 )
The Blizzard ( 2018 ) 4.9
The Blizzard ( 2018 ) အက်ရှင်ဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်ဇာတ်ကားကောင်းလေးတခုကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်​လမ်းအကျဉ်းကစုန့်​​ချောင်​နဲ့ ဟိုင်​ယန်​နဲ့မာထျန်းချိန်​တို့ဟာရဲသင်​တန်း​ကျောင်းမှာအရမ်းချစ်​ကြတဲ့​ဘော်​ဒါ​တွေပါတစ်​​နေ့မှာဟိုင်​ယန်​ကသူ့ရဲ့အ​ဖေသတ်​ခံရတဲ့​နေရာမှာစုန့်​​ချောင်​ကို​တွေ့လိုက်​ပြီးလွတ်​​မြောက်​သွားတဲ့အချိန်​မှာ သူ့အ​ဖေကိုသတ်​သွားတဲ့သူအဖြစ်​မုန်းတီး​နေပါ​တော့တယ်​...ဒါ​တွေအားလုံးကိုကြိုးကိုင်​​နေတဲ့ဟွမ့်​ယွီလုပ်​ငန်းစုရဲ့ပြစ်​မှု​တွေကိုဆက်​ပြီး​ဖော်​ထုတ်​နိုင်​ပါ့မလား..ဘယ်​လိုလှည့်​ကွက်​မျိုး​တွေရှိ​နေတာလဲ..ဆက်​လက်​ခံစားကြည့်​ရှုပါ....အက်​ရှင်​ခန်း​တွေလည်းပါတာမလို့အက်​ရှင်​ကြိုက်​သူ​တွေအတွက်​​တော့ကြည့်​​ကောင်းမဲ့ဇာတ်​ကားတစ်​ပုဒ်​ပါပဲ Translated & Review By Phyo Zaw
movie
The Blizzard ( 2018 )
2018