Channel Myanmar

Action

Returner ( 2002 ) 6.5
Returner ( 2002 ) IMDb Rate 6.5 ရရှိထားတဲ့ဂျပန်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်Action / Adventure / Sci-Fi အမျိုးအစားတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်တော့ အတော်လေးကိုသဘောကျမယ့်ဇာတ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့Spoil မဖြစ်အောင်နည်းနည်းရှောင်ရေးလိုက်ပါမယ်ဂြိုလ်သားတွေကျုးကျော်မှုကို အသေအကြေတိုက်ခိုက်နေရတဲ့လူသားတွေထဲက မီလိဆိုတဲ့ ကောင်မလေးတစ်ယောက်တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ဖို့ အချိန်ယန္တရားအကူအညီနဲ့အတိတ်ကို ပြန်လည်ရောက်ရှိခဲ့တယ်။ဒီတာဝန်ကို ထမ်းဆောင်ရာမှာ မိယာမိုတိုဆိုတဲ့ ကြေးစားလူသတ်သမားပါ ပါဝင်လာခဲ့ရတယ်။ဒီတာဝန်ကြီးက ဘာတာဝန်လဲ...ဒီကျူးကျော်ဂြိုလ်သားတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမှာလဲ...မီယာမိုတိုကရော ဒီတာဝန်ကို ဘယ်လို ကူညီပေးမှာလဲ...ခံစားချက်ကောင်းတစ်ခုကို ပေးနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Translated & Review By Chu ChuEncoded By LK
movie

Returner ( 2002 )

2002
Devil’s Vendetta ( 2019 ) 5
Devil’s Vendetta ( 2019 ) ဒီကား​လေးကနတ်​ဘုရား​လောင်းလျာ​လေးနဲ့ ​မြေ​ခွေးနတ်​ဆိုးမ​လေးကြားကအချစ်​​တွေကို ​ဖော်​ပြထားတဲ့ 2019ထွက်​ဇာတ်​ကား​ကောင်း​လေးဖြစ်​ပါတယ်​...တန့်​စိမ်းဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ဟာ ​ကောင်းကင်​စာအုပ်​ဆိုတဲ့အစွမ်းထက်​တဲ့စာအုပ်​​လေးကိုပိုင်​ဆိုင်​ထား​ပေမယ့်​သူကိုယ်​တိုင်​​တောင်​မသိထားတဲ့အပြင်​ သူကိုယ်​တိုင်​ကနတ်​ဘုရားအ​လောင်းအလျာ​လေးဖြစ်​​နေတာကိုလည်းမသိခဲ့ပါဘူး..ဒီလိုနဲ့ ​ကောင်းကင်​စာအုပ်​ရှိ​နေ​ကြောင်းအာရုံခံမိသွားတဲ့​မြေ​ခွေးနတ်​ဆိုးတစ်​သိုက်​ဟာ သူ့ဆီက​နေလုယူနိုင်​ဖို့အမျိုးမျိုးကြံစည်​ပါ​တော့တယ်​...ဒါ​ကြောင့်​နတ်​ဆရာလွမ်​ကိုသူ့ကိုကာ​ကွယ်​​ပေးဖို့ငှါးရမ်းထားခဲ့ပါတယ်​..ဒီလိုနဲ့​မြေ​ခွေးနတ်​ဆိုးမ​လေးမိန့်​အယ်​ဟာ တန့်​စိမ်းကိုချစ်​မိသွားပြီးဘယ်​လို​တွေကာကွယ်​​ပေးမှာလဲ...သူတို့နှစ်​ဦး​ပေါင်းစည်းနိုင်​ပါ့မလား..ဘယ်​လို​တွေကြုံ​တွေ့ရမှာလဲဆိုတာ​တွေကို ကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie

Devil’s Vendetta ( 2019 )

2019
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019) CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ ...
movie

Pokémon Detective Pikachu (2019)

2019
The Scoundrels ( 2018 ) 6.5
The Scoundrels ( 2018 ) IMDb 6.5 ရရှိထားတဲ့ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်မြောက်ဝမ်လွေ့ကအရမ်းတော်တဲ့နိုင်ငံ့လက်ရွေးစင်ဘတ်စကတ်ဘောလုံးသမားဖြစ်ပါတယ်ပရိသတ်ကိုထိုးမိသောကြောင့်အသင်းမှနှုတ်ထွက်ခံရပါတယ်အလုပ်မရှိသူငယ်ချင်းမရှိနဲ့သူ့ဘဝဆိုးရွားလာတယ်ကြီးမားတဲ့လျော်ကြေးကြောင့်ကားပွဲစားဆိုင်မှာအလုပ်သွားလုပ်တယ်သူ့ဘေးမှာမိန်းကလေးသူငယ်ချင်းရှင်းကျယ်ပဲသူ့ကိုဂရုစိုက်တယ်တစ်နေ့မှာသူအလုပ်လုပ်ရင်းတစ်ကိုယ်လုံးသွေးတွေနဲ့ရန်ရာဝေ့ကိုတွေ့သွားပြီး မိုးကာဓားပြဖြစ်တဲ့အစ်ကိုပြောင်းကသူ့ကိုသေနတ်နဲ့ခြိမ်းခြောက်လို့သူ့နဲ့တစ်ဖွဲ့တည်းဖြစ်သွားတယ်ရဲတွေလိုက်ဖမ်းရင်းဘာတွေဆက်ဖြစ်ဦးမလဲမြောက်ဝမ်လွေ့နဲ့အစ်ကိုပြောင်းနဲ့ဘာတွေကြံစည်နေလဲသူတို့ရဲလက်ထဲကလွတ်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်စောင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော် Translated & Review By XiaoEncoded By LK
movie

The Scoundrels ( 2018 )

2018
Hippi (2019) 8.0
Hippi (2019) ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိရင် "နိဗ္ဗာန်"ပဲ။ မိန်းကလေးတစ်ယောက်နဲ့  ချစ်သူဖြစ်သွားပြီဆိုရင်တော့ "နိဗ္ဗာန် ပျောက်ဆုံးသွားပြီ"တဲ့။ဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ?တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ့  ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်....အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .?ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ?အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို့ ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ့  မကြာမကြာဆိုသလို ကြုံတွေ့ ရတတ်ပါတယ် ...
movie

Hippi (2019)

2019
Point Blank (2019) 5.7
Point Blank (2019) Netflix ရဲ့ အက်ရှင် ကားအသစ်တင်ပေးထားပါတယ်။မင်းသားကတော့ Avengers တွေထဲက Falcon ပါပဲ။ဒီဇာတ်လမ်းမှာတော့ သူက သူနာပြု ပေါလ် ပါ။ပေါလ်မှာ ကလေးမွေးခါနီး မိန်းမတစ်ယောက်ရှိပါတယ်။လူသတ်ပြီး ဒဏ်ရာနဲ့ ဝရမ်းပြေးတစ်ယောက်ကို ပေါလ်ရဲ့ ဆေးရုံမှာရဲတွေက လာပို့ထားချိန် ပေါလ်ရဲ့ မိန်းမကို တရားခံရဲ့ ညီက ပြန်ပေးဆွဲသွားပါတယ်။ပြီးတော့ သူ့အစ်ကိုကို ကယ်ထုတ်လာပေးဖို့ အကြပ်ကိုင်တဲ့အချိန်မှာပေါလ်တစ်ယောက် မထင်ထားဘဲ ဒုစရိုက်အဖွဲ့တွေနဲ့ ရဲတွေရဲ့ ကြားမှာ ညှပ်ပါတော့တယ်။ပေါလ် နဲ့ ဝရမ်းပြေးအေ့ဘ်တို့ စွန့်စားခန်းတွေကို ကြည့်လို့ကောင်းအောင် ရိုက်ထားတာပါပဲ။ (Littleneo ဘာသာပြန်ပေးထားပါတယ်) File Size : (1.40 GB) , (700 MB) and (350 MB) Quality : NF WEB-DL (1080p ...
movie

Point Blank (2019)

2019
Lego DC Batman: Family Matters (2019) 6.1
Lego DC Batman: Family Matters (2019) LEGO DC: Batman - Family Matters (2019) IMDb - 6.1/10_____Rotten - 55%    ဇာတ်လမ်းအကျဉ်း ဘရုစ်ဝိန်းတစ်ယောက် crime fighting အတွက်ပဲ အာရုံရောက်လွန်းနေရာကနေ တစ်နေ့ သူ့ကုမ္ပဏီကို ရောင်းဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဒီအချိန်မှာပဲ Bat Family Member တွေဆီကို ထူးဆန်းစွာနဲ့ ဖိတ်စာတစ်စောင်စီ ရောက်လာခဲ့တော့တယ်။ ဖိတ်စာပို့တဲ့လူကလည်း သူတို့တစ်ယောက်ချင်းစီ သရုပ်မှန်တွေကို သိနေခဲ့တယ်။ ဒီအချိန်မှာပဲ ဘတ်မန်းရောင်းလိုက်တဲ့ ကုမ္ပဏီကို ဗီလိန်တစ်ယောက်က ဝယ်လိုက်ပြီး ကုမ္ပဏီရဲ့ Advanced AI Technology ကို သုံးကာ Gotham မြို့ကြီးကို ဖျက်ဆီးဖို့ လုပ်ပါတော့တယ်။ LEGO animation ဖြစ်တဲ့အတွက် DC Character တွေကို ချစ်စရာLEGOပုံစံလေးတွေနဲ့ မြင်ရမှာပါ။ Gotham ရဲ့ Villain တွေလည်း အကုန်လုံးနီးပါး ပါဝင်ထားပါတယ်။ နောက်LEGO DC ကားအတွက် Credit Scene ကိုပါ ထည့်ထားပေးတာဆိုတော့ လုံးဝကြည့်ကောင်းမယ့် LEGO ကားတစ်ကားဆိုတာ ကျိန်းသေပါတယ်။    File Size : ...
movie

Lego DC Batman: Family Matters (2019)

2019
Fighting ( 2014 ) 5
Fighting ( 2014 ) ထိုးကြကြိတ်ကြ ဖိုက်တင်ခန်းအက်ရှင်ခန်းတွေကိုမှ ကြိုက်သူတွေအတွက်ဇာတ်ကားနာမည်လေးနဲ့တင် ကြိုက်မယ်ထင်ပါတယ်ကောင်းလော့ဖေးကမိဘမဲ့ကလေးဖြစ်ပြီး သူ့ကိုမွေးစားလိုက်တဲ့လောင်ကောင်းကိုအဖေလို့သူမသတ်မှတ်ထားပဲသူ့ရဲ့တကယ့်အဖေအစစ်ကိုရှာချင်နေတယ်...သူကြိုက်တဲ့ဆရာမချန်မှာလိပ်ပြာရင်ထိုးရှိပြီး ခိုးယူလာပြီးနောက်မှာရုတ်တရတ်ကောင်းလော့ဖေးကတရုတ်ဂျပန်စစ်ဖြစ်နေတဲ့အချိန်ကာလခေတ်ကိုရောက်ရှိသွားခဲ့တယ်...ဆရာမရန်နဲ့တွေ့ပြီးနောက်နာမည်ကျော်လက်ဝှေ့သမားဂျပ်စင်နဲ့သေနတ်အပစ်တော်တဲ့နာမည်ကြီးတူလုံတို့ကိုသိသွားတယ်...ကိုယ့်ဇာတိမြေကိုကာကွယ်ချင်တဲ့တူလုံကလက်ဝှေ့ပြိုင်ပွဲမှာပထမဆုရရင်စစ်လေယာဉ်မှူးတန်းလုပ်လို့ရကြောင်းသိတဲ့အခါဝင်ပြိုင်တယ် အဲ့ကနေဘာတွေစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာဆက်လက်ခံစားကြည့်ရှုပါ Translated & Review By XiaoEncoded By LK
movie

Fighting ( 2014 )

2014
Peak Rescue ( 2019 )
Peak Rescue ( 2019 ) ဒီကား​လေးဟာ 2019ထွက်​ Action,Drama,War အမျိုးအစားဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ဖြစ်​ပါတယ်​ဒီကားဟာ Orilandမှာကျင်းပတဲ့ Asian Summit အကြီးအကဲ​ပေါင်းစုံညှိနှိုင်းအစည်းအ​ဝေးပွဲကြီးမှာ အကြမ်းဖက်​သမားတစ်​စုဟာ Dirty bombsနဲ့Dirty bullets ကို Udriveနဲ့ထိန်းချုပ်​ပြီး ​ဖောက်​ခွဲတိုက်​ခိုက်​ဖို့ကြံစည်​​နေကြပါတယ်​...ဒီကြံစည်​မှုကြီးကိုတားမြစ်​နိုင်​ဖို့ ပိုင်​ယန်​ဆိုသူကအကြမ်းဖက်​အဖွဲ့အစည်းနဲ့ပတ်​သက်​ပြီး သတင်း​ပေးသူလျိုအဖြစ်​အစိုးရအတွက်​​ဆောင်​ရွက်​ရင်း Dirty bombsကိုထိန်းချုပ်​နိုင်​တဲ့ UDriveကို ယူ​ဆောင်​ထားတဲ့အခါအကြမ်းဖက်​သမား​တွေရဲ့လိုက်​လံသတ်​ဖြတ်​ခြင်းကိုခံရပါ​တော့တယ်​..ပိုင်​ယန်​ကိုကာကွယ်​နိုင်​ဖို့ အထူးလျို့ဝှက်​တပ်​ဖွဲ့ဖြစ်​တဲ့ဟန်​​ဟောက်​တို့အဖွဲ့တစ်​စုက တာဝန်​ယူဖို့ဖြစ်​လာတဲ့အခါ...ဇာတ်​လမ်းတစ်​ခုလုံးကိုစိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​..
movie

Peak Rescue ( 2019 )

Daughter of the Wolf (2019) 5.4
Daughter of the Wolf (2019) စစ်တပ်မှာတာဝန်ထမ်းဆောင်နေသော ကလယ်ရာဟာတစ်နေ့သူ့အဖေဆုံးပါးသွားသည်ကိုသိရှိပြီးအိမ်သို့ပြန်လာခဲ့ပါတယ်...သို့သော်လဲတစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို အိမ်ပြန်ရောက်ပြီးဘယ်လောက်မှမကြာခင်မှာပဲ သူ့သားချာလီပြန်ပေးဆွဲခံလိုက်ရပါတယ်...ပြန်ပေးဆွဲသမားများထဲမှတစ်ယောက်ရဲ့အကူအညီနဲ့သူ့သားနောက်ကိုခြေရာခံလိုက်လာသော ကလယ်ရာတစ်ယောက် အောင်မြင်နိုင်ပါ့မလား...ပြန်ပေးဆွဲသမားတွေရဲ့ရယ်ရွယ်ချက်အစစ်အမှန်ကရောဘာဖြစ်မလဲ...ကလယ်ရာ့စီမှာဖမ်းဆီးခံထားရတဲ့ပြန်ပေးဆွဲသမားကရောကလယ်ရာ့ကိုဘာကြောင့်ကူညီခဲ့ရတာလဲ...ဒီကားမှာသားကိုချစ်လွန်းလှသောမိခင်မိန်းမသားတစ်ယောက်ချမ်းအေးလွန်းလှသည့်နှင်းများဖုံးလွှမ်းရာဒေသမှာအချိန်မရွေးထွက်လာရန်ပြုနိုင်သောနှင်းတောင်ဝံပုလွေများကိုအံတုရင်ဆိုင်ပုံများကိုတွေ့မြင်နိုင်မှာပါ File Size : (826 MB) & (301 MB)Quality :Web-DL 720pRunning Time :1 hr 28 minFormat : Mp4Genre : Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Daughter of the Wolf (2019)

2019