Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
5.7
The Treasure Protector ( 2024 )
ရှားရှင်းရှင်းဟာ အငိုအဆိုအလွန်ကောင်းတဲ့ ဈာပနာပွဲစီစဉ်သူတစ်ယောက်ပါ။ မိဘမဲ့ဖြစ်တဲ့သူဟာ သူငယ်ငယ်ကတည်းကတိတ်တခိုးချစ်ရတဲ့ ကောင်မလေးကိုလက်ထပ်ပြီး မိသားစုလေးတည်ဆောက်ဖို့ဟာ သူ့အတွက်အိပ်မက်ကြီးဖြစ်ခဲ့တယ်။ ယောက္ခမလောင်ကြီးက ယွမ်(၁)သိန်းနဲ့ တင်တောင်းဖို့ပြောလာတဲ့အတွက် ရရာနည်းနဲ့ ပိုက်ဆံရှာဖို့ကြိုးစားတော့တာပေါ့။အဲဒီအချိန်မှာ ရှန်ထျန်းမင်နဲ့ ရှန်ကျားယီတို့သားအဖဟာ သဲကန္တာရထဲမှာ နိင်ငံရတနာရှေးဟောင်းပစ္စည်းတစ်ခုကိုရှာတွေ့သွားတဲ့အချိန်မှာ မသမာသူတွေနဲ့ကြုံပြီး အသက်ဘေးကြုံနေရပါတယ်။ လျှို့ဝှက်တဲ့လူတစ်ယောက်က ရှန်ကျားယီကို ကယ်လိုက်ပေမယ့် ရတနာပစ္စည်းကိုယူသွားခဲ့ပါတယ်။ အဖေထားခဲ့တဲ့နောက်ဆုံးပစ္စည်းကို ပြန်ယူနိုင်ဖို့အတွက် ရှန်ကျားယီက အဲဒီလူကိုလိုက်ရှာရင်း ငွေလိုနေတဲ့ရှားရှင်းရှင်းကို အခကြေးငွေပေးပြီးငှားလိုက်ပါတယ်။ဒီလိုနဲ့ ရှားရှင်းရှင်းရဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ဘဝကနေပြီးတော့ နိုင်ငံ့ရတနာကိုကာကွယ်စောင့်ရှောက်သူ သူရဲကောင်းအဖြစ်ပြောင်းလဲသွားမယ့် ဘဝလမ်းခရီးဟာစတင်လိုက်တာပဲဖြစ်ပါတယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Treasure Protector ( 2024 )
7
Juliet 2 (2023)
Juliet 2 (2023) ဂျူးလိယက်IMDb-8.2/10လူတိုင်းရဲ့ဘဝမှာ လက်မလွှတ်နိုင်တဲ့သူကိုယ်စီရှိကြပါတယ်။ တချို့တွေလည်း ရင်ထဲကသူ့ကို မေ့မရကြသလို ဂျူးလိယက်တစ်ယောက်လည်း အဖေတစ်ခုသမီးတစ်ခုဘဝမလို့ အဖေဆုံးသွားတာက သူ့ရဲ့ဘဝတစ်ခြမ်းကို ဖဲ့ပေးလိုက်ရသလို ခံစားနေရတာပေါ့။နေ့ဘက်မှာလည်း မပျော်ရွှင်နိုင် ညဘက်ရောက်တော့လည်း အဖေ့ကိုပဲတမ်းတနေလို့ အိပ်ဆေးတွေသောက်နေရတဲ့ဂျူးလိယက်တစ်ယောက် အဖေ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ သူတို့တစ်ချိန်ကအိမ်ဟောင်းကို အပေါင်ပြန်ရွေးဖို့ ထွက်လာခဲ့တာပေါ့။အလုပ်ကိစ္စမပြီးပြတ်သေးတာကနေ အလုပ်နဲ့ပတ်သက်တဲ့ငွေတွေလည်းပါလာပြီး မိန်းကလေးတစ်ယောက်တည်း နယ်ဘက်ကိုခရီးထွက်လာတာဆိုတော့ မ သမာသူတွေရဲ့မျက်စိကျစရာ ပစ်မှတ်ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ V ~ ToMoတို့ပဲဖြစ်ပါတယ်) File size…1.5GB / 654MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ V ~ ToMo
movie
Juliet 2 (2023)
Die Hart the Movie(2023)
Die Hart the Movie(2023)***********************ဟာသမင်းသား ကယ်ဗင်ဟာ့ထ်ရဲ့ ဟာသအက်ရှင်ကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Game of Thrones ရဲ့ နာမည်ကြီးမင်းသမီး Nathalie Joanne Emmanuel ပါပဲ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ကယ်ဗင်ဟာ့က ကယ်ဗင်ဟာ့အနေနဲ့ပဲ သရုပ်ဆောင်ထားတာပါ။ကယ်ဗင်ဟာ ဒဝိန်းသရော့ဂျွန်ဆန်နဲ့အတူ အက်ရှင်ဟီးရိုးရဲ့ တွဲဘက်ဟာသကောင်အနေနဲ့ဇာတ်ကားတွေအများကြီး သရုပ်ဆောင်ရင်း လက်ရှိအခြေအနေကို စိတ်ပျက်လာပါပြီ။သူက အက်ရှင်ကားမှာ ဟာသကောင်အနေနဲ့မဟုတ်ဘဲ အတည်အက်ရှင်ဟီးရိုးအနေနဲ့ ရိုက်ချင်တာပါ။ဒါပေမဲ့ သူ့ကိုဘယ်သူမှ အတည်မမှတ်ကြပါဘူး။ အဲဒီမှာပဲ အက်ရှင်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာကလောက်ဗန်ဒဗဲဒီက သူ့ကို အက်ရှင်ကားတစ်ကားမှာမင်းသားလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ မင်းသားလုပ်ဖို့ဆိုရင် အက်ရှင်သင်တန်းတစ်ခုကို အောင်မြင်အောင်တက်ရမယ်လို့ ပြောပါတယ်။ အဲဒီကျောင်းကနေပဲ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်း၊ဂဲဂဒေါ့တို့လိုလူတွေကို မွေးထုတ်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။အဲဒီ လျို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဘယ်လိုတွေ တလွဲတွေဖြစ်မလဲဆိုတာကို....File Size :(1.8GB) and (646MB) Quality :Web-Dl 1080P5.1Ch,720p Format…mp4 Duration…01:18:00 Genre : Action, Comedy Subtitle : ...
movie
Die Hart the Movie(2023)
5.5
Die Hart 2 – Die Harter (2024)
Action , Comedy , နာမည်ကြီး Comedy Actor တွေဖြစ်တဲ့ Kevin Hart နဲ့John Sena တို့ရဲ့ Die Hart 2 ဖြစ်ပါတယ်...ဟာသလောကနေအနားယူပြီး တွမ်ခရုစ်လို အက်ရှင်စတားဖြစ်ချင်တဲ့ ကယ်ဗင်ဟတ်အတွက်...စီဂျီအိုင်ဂရင်းစခရင်တွေဆိုတာ စိတ်ပျက်စရာဖြစ်လာတယ်...စတန့်သမားမပါဘဲ အက်ရှင်တွေကို ကိုယ်တိုင်လုပ်မယ်ဆိုပြီးကယ်ဗင်ဟတ်ဟာ သူ့ရဲ့သစ္စာအရှိဆုံး စတန့်သမားကိုအလုပ်ဖြုတ်လိုက်ပါတယ်....အဲ့ဒီနောက်ကစပြီး သူ့ဘဝမှာ ဂြိုလ်ဆိုးဝင်သလိုဖြစ်ပြီး....လူဆိုးဂိုဏ်းတစ်ခုက ပြန်ပေးဆွဲတာကို ခံလိုက်ရတယ်...ဒါပေမယ့် သူကိုယ်တိုင်ကတော့ အက်ရှင်ရုပ်ရှင်ရိုက်နေတယ်ထင်ပြီး အလိုက်သင့်နေနေခဲ့တယ်...ဒါပေမယ့် အဖြစ်အပျက်တွေအားလုံးဟာ သူ့ career ကိုပျက်စီးဖို့ကြံနေတဲ့ လူတစ်ယောက်က နောက်ကွယ်ကနေကြိုးကိုင်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ကယ်ဗင်ဟတ်နဲ့ ဂျွန်ဆီးနားတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမယ့်အက်ရှင်ဟာသကားကောင်းလေးဖြစ်ပါတယ်.... ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…1.35GB / 624MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Die Hart 2 – Die Harter (2024)
6
Bad Manners (2023)
Bad Manners (2023) ဇိုးဒီနေ့မှာတော့ CMဘောလိဝုဒ်ပရိသတ်ကြီးအတွက် ကန်နာဒါ အက်ရှင် ဇာတ်ကြမ်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Amar (2019) ကားထဲကမင်းသား Abishek Ambareesh ကပါဝင်သရုပ်ဆောင်ထားပါတယ်။ရုဒရာလို့ခေါ်တဲ့ ရုဒ်က လူဆိုးပါ။ လူဆိုးလူမိုက်ပေမယ့် မိသားစုအကြွေးကြောင့် ရဲဌာနမှာ အလုပ်လုပ်နေရပါတယ်။ ရဲပေမယ့် အမူအကျင့်မကောင်းလို့လည်း နာမည်ကြီးနာမည်ပျက်နေတဲ့သူပါ။ဒီလိုလူကတစ်နေ့မှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ပျောက်သွားတဲ့အခါ အလုပ်မပြုတ်ဖို့အရေး အပူတပြင်း ရှာပုံတော်ဖွင့်ရပါတော့တယ်။ဒီလိုနဲ့သေနတ်လေး တစ်လက်ရှာရာကနေ ပြည်တွင်းမှာ လက်နက်ခိုးထုတ်လုပ်နေတာတွေ၊ ဓားပြမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ နိုင်ငံရေးနောက်ကွယ်က လက်မည်းတွေအထိ နက်ရှိုင်းသိပ်သည်းတဲ့ အမှုတစ်ခုကို အစလိုက်မိသလို ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ရုဒ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့မလဲဆိုတာကို ခပ်မိုက်မိုက် အသတ်အပုတ်၊ အတိုက်အခိုက်ခန်းတွေနဲ့ ဒီကားလေးမှာ ဆက်စောင့်ကြည့်ပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်) File size… 2.64GB /1.27GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bad Manners (2023)
2023
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
N/A
Sniper: Ghost Shooter (2016)
ဓာတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်တဲ့သူတွေနဲ့ အကျိုးစီးပွားကာကွယ်တဲ့ သူတွေအကြား စနိုက်ပါတိုက်ပွဲကို ကြည့်ရှုရမှာပါ Ghost Shooter ဆိုတဲ့အတိုင်း အမည်မသိ စနိုက်ပါသမားတစ်ယောက်က ဘယ်သူလဲ?ပြီးတော့ တိုက်ပွဲတစ်ခုမှာ အသာစီးရဖို့ ဘာက အရေးကြီးတယ်လို့ ပရိတ်သတ်များထင်ပါသလဲ? လက်ရည်တစ်ခုတည်းနဲ့ အောင်မြင်နိုင်ပါ့မလား? စနိုက်ပါတွေနဲ့ အပြန်အလှန်အပြီဆော်တဲ့ Action ကား မျိုးကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို pick ကြည့်ပါလို့ အကြံပေးချင်ပါတယ်။File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama , Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie
Sniper: Ghost Shooter (2016)
2016
6.1
San Andreas (2015)
Genre - Action,Adventure,Thriller IMDb - 6.1/10ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ...ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။File size… 7GB / 1.5 GB / 813 MB Quality… BluRay 4k ...
movie
San Andreas (2015)
4K HEVC
7.5
A Touch of Zen (1971)
Directed by King Hu Genre - Action,Adventure,Drama IMDb - 7.5/10ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။(2004)နောက် A Touch of Zenကို ...
movie
A Touch of Zen (1971)
Hard to Kill (1990)
Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ...ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Hard to Kill (1990)
6.6
RED 2 (2013)
Red 2 (2013)Redဖန်တွေအတွက် Red 2ကို တင်ဆက်ပေးလိုက်ပါပြီ။ Red 2ကိုလည်း Redထဲက chractersတွေ ပြန်လည်ပါဝင်လာပါတယ်။ Die Hard, Glass, Pulp Fiction, 12 Monkeys, The Fifth Element အစရှိတဲ့ ရုပ်ရှင်ကောင်းတွေရဲ့ မင်းသားကြီး Bruce Willisက ဦးဆောင်ထားပြီး Dangerous Liaisons, Places in the Heart, The Killing Fields, Being John Malkovich, In the Line of Fire တို့ရဲ့ မင်းသားကြီး John Malkovichအပြင် The Queen, Prime Suspect (TV Series), Gosford Park, The Madness of King George, ...
movie
RED 2 (2013)
2013
4K HEVC
7.0
RED (2010)
Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie
RED (2010)
2010
4K HEVC
6.0
Above the Law (1988)
ဒီကားလေးကတော့နာမည်ကြီးမင်းသားကြီး Steven Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၈၈ ကထွက်ထားတဲ့ action/thriller ကားလေးဖြစ်ပါတယ် ဒီရုပ်ရှင်ကို Steven Seagal ကိုယ်တိုင် produce လုပ်ထားတာဖြစ်ပြီးတော့သူရဲ့ပထမဆုံးပွဲဦးထွက်ပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့...သိုင်းပညာမှာတော်တဲ့ CIA အေးဂျင့်ဟောင်းဖြစ်တဲ့ Nico Toscani ကသူ့ပါတနာ Delores နဲ့ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာအန္တရာယ်ရှိတဲ့မှောင်ခိုကူးမှူတစ်ခုကိုစုံစမ်းခဲ့မိကြပါတယ် ဒါပေမဲ့အထက်ကလူကြီးတွေကအဲ့ဒီအမှုကိုဆက်မစုံစမ်းဖို့အမိန့်ပေးတာကို Nico တစ်ယောက်လက်မလျှော့ဘဲအမှန်တရားကိုဆက်လက်ရှာဖွေတာကို action scenes တွေနဲ့ကြည့်လို့ကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Above the Law (1988)
6.1
Moonwalkers (2015)
၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်းတစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင်လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူးနှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက်အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန်နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လိုဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီးHarry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီးIMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကိုပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ...
movie
Moonwalkers (2015)
5.2
Mutant Chronicles (2008)
Mutant Chronicles (2008)=================="တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။"ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ ...
movie
Mutant Chronicles (2008)
5..0
Humen Escort Group (2020)
ခေတ်ပျက်တစ်ခုကို နောက်ခံထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ..အကျင့်ပျက် မင်းတစ်ပါးလက်အောက်မှာ အာဏာရကြီးစိုးနေတဲ့အမတ်တစ်ဦးရဲ့ ဆိုးချင်တိုင်းဆိုးတဲ့အရာကို ပုံဖော်ထားတာပါ..ဘယ်လောက်ဆိုးလဲဆိုရင် ယန်မိသားစုကို သတ်တဲ့အပြင်...မင်းသမီးနေရာအစားထိုးတဲ့အထိ လုပ်ခဲ့တယ်...သို့ပေမယ့် မင်းသမီးယောင်ဆောင်နေရတဲ့ ယန်အမျိုးသမီးတစ်ယောက်ဘာတွေဆက်လုပ်ပြီး ဘယ်လိုရှောင်ပြေးလွတ်မြောက်မယ်ဆိုတာဇာတ်ကားလေးကြည့်သင့်တယ်နော်...Translated & Review By Chu ChuEncoded By LK
movie
Humen Escort Group (2020)
2020
6.4
Blood Work (2002)
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie
Blood Work (2002)
House of Lies (2024)
House of Lies (2024) "မုသားအိမ်တော်"အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အခုလက်ရှိ ခေတ်စားနေတဲ့ Cryptocoin နဲ့ ဆက်စပ်နေတဲ့ ဇာတ်လမ်းဖြစ်ပြီး Murder Mubarak (2024) မှ မင်းသား Sanjay Kapoor အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ"ကိုယ်တတ်နိုင်တာထက် ပိုပြီးသုံးဖို့ မကြိုးစားနဲ့" ဆိုတဲ့စကားနဲ့ ဆန့်ကျင်လို့ အာလ်ဘတ်ပင်တို ဆိုတဲ့ အဘိုးကြီးကတော့ "ကြွယ်ဝစွာနေထိုင်ဖို့ မတွေးရင် ဘယ်တော့မှ ကြွယ်ဝလာမှာမဟုတ်ဘူး" လို့ မှတ်ယူထားပုံပါပဲခရစ်ပတိုကွိုင်ကြောင့် ၃၅ ကုဋေထိ ဘယ်သို့ဘယ်ပုံရယ်မသိ နေ့ချင်းညချင်း ကြွယ်ဝသွားတယ် ဒီလိုကနေ သူ့ရဲ့မွေးနေ့ပါတီမှာပဲ ထူးဆန်းစွာသေဆုံးသွားခဲ့တယ် မွန်ဘိုင်းက ထူးချွန်တဲ့ စုံစမ်းရေးအရာရှိ မစ္စတာရာ့ဂျ်ဗီးရ်တစ်ယောက် အရာရာအပြစ်အနာအဆာကင်းမဲ့ပုံ ထင်ရတဲ့ "ပင်တို မိသားစု" ကို စစ်မေးရင်း ...သံသယတရားခံတွေကို ဆွဲထုတ်လို့ မြှုပ်နှံထားတဲ့ အလိမ်အညာတွေကို ရှာလို့တွေ့မှာလား နက်နဲတဲ့ ပဟေဠိတွေကို တစ်နာရီ မိနစ်နှစ်ဆယ်ခန့်သာရှည်တဲ့ ဒီရုပ်ရှင်လေးမှာ အပိုစာသားတွေသိပ်မပါပဲ ကြည့်ရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Yunni ~ ...
movie
House of Lies (2024)
5.9
Marked for Death (1990)
ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ်မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat
movie
Marked for Death (1990)
5.7
Joshua Tree (aka) Army of One (1993)
ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Joshua Tree (aka) Army of One (1993)
First
17
18
19
20
21
Last
Previous
Next