Channel Myanmar

Action

Morgan (2016) 5.8
Morgan (2016)  မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများကမွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်..သူဟာသိပ္ပံပညာ​ရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီးရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီးထားတာဖြစ်တဲ့အတွက် ဉာဏ်​ရည်ဉာဏ်သွေးကောကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာကောင်းမွန်တဲ့သူတစ်ယောက်ပေါ့..တစ်နေ့မှာ​တော့​မော်ဂန်လေးဟာစိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ်ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကိုလွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလားအဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့​ အသက်5နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲအဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ....အသက်ရှင်ခွင့်ရမလား​ အဆုံးသတ်ခံရမလားဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ......... File size…1.30GB / 611MB Quality…Blu-Ray 1080p   / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Morgan (2016)

Raundal (2023) 7
Raundal (2023) Raundal (2023) "လယ်သမား"IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ …ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ်စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ်သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်းအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ် File size… 3.2GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Raundal (2023)

2023
Furiosa: A Mad Max Saga (2024) 7.8
Furiosa: A Mad Max Saga (2024) ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် ...
movie

Furiosa: A Mad Max Saga (2024)

4K HEVC
Son of Batman (2014)
Son of Batman (2014) Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/AdventureSon of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် "Batman and Son" comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ :)ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ...
movie

Son of Batman (2014)

Twilight of the Warriors: Walled In (2024) 6
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Twilight of the Warriors: Walled In (2024)

4K HEVC
Homefront (2013) 6.5
Homefront (2013) ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie

Homefront (2013)

Soul of Light (2023) 5.0
Soul of Light (2023) Soul of Light (2023)============ဒီဇာတ်ကားကတော့ ကျောက်ဖေးယုံရဲ့ ရာဇ၀င်ကို သေချာရိုက်ပြထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာ ဂိုဏ်းအသီးသီးရဲ့ ယှဥ်ပြိုင်မှု့တွေ...သူတော်စင်တွေရဲ့ ဓားကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာတွေကို ကြည့်ရှု့ကြရမှာပါဇာတ်လမ်းအညွှန်းဟုန်အိမ်တော်ရဲ့ သားဖြစ်သူ ဟုန်ရီဟာဆိုရင် ငယ်ငယ်တည်းက အနိုင်ကျင့်ခံရပြီး သိူင်းပညာမသင်ခဲ့ရပါဘူး နောက်ပိုင်းမှာ သူတို့အိမ်တော်ပျက်သုံးပြီး သူ့ကို မြေခွေးအိမ်တော်က ကောင်မလေးနဲ့တွေ့တဲ့နောက်...သူ့ဆီမှာ ဆန်းကြယ်တဲ့ ယင်ယန်ဓာတ်ရှိနေတာကို သိလိုက်ရတဲ့အခါ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chen ပါ )File size_(1.3GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:11:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Chen
movie

Soul of Light (2023)

Batman: Mystery of the Batwoman (2003) 6.6
Batman: Mystery of the Batwoman (2003) Batman: Mystery of Batwoman(2003) IMDb: 6.6/10 Rotten Tomatoes: 60% Genre: Animation/Action/Crime Batman: Mystery of Batwoman ဟာ ၂၀၀၃ခုနှစ်ထွက် ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း ဘတ်မန်းနဲ့ ရော်ဘင်တို့နှစ်ယောက် ပြဿနာတစ်ခုကြုံနေရပါတယ်။ အဲဒါကတော့ စူပါဟီးရိုးအသစ် ဘတ်ဝူးမန်းပေါ်လာတာဖြစ်ပါတယ်။ သူ(မ)ဟာ ဘာဘရာ(ဘတ်ဂဲလ်) မဟုတ်သလို အရင်ကရှိခဲ့ဖူးတဲ့လူလည်းမဟုတ်ပါဘူး။ လုံးဝကိုအသစ်ဖြစ်ပါတယ်။နာမည်ကျော်လူဆိုး ပင်ဂွင်း၊ ဒစ်ကမ့်နဲ့ ရူးပတ်သွန်းတို့သုံးယောက်ဟာ ကက်ရှ်နီးယားဒေသအတွက် တရားမဝင်လက်နက်များကိုထုတ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်းတင်ပို့ခါနီးမှာ အမျိုးသမီး စူပါဟီးရိုးအသစ်တစ်ယောက်က သူတို့ကိုလာတားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါပေါ်လာတဲ့ တစ်ယောက်ကဘယ်သူမှမမြင်ဖူးတဲ့ ဟီးရိုးအသစ်ဖြစ်ပါတယ်။ ဘတ်မန်းနဲ့ရော်ဘင်တို့နှစ်ယောက်တောင် ဘယ်သူမှန်းမသိခဲ့ပါဘူး။တစ်ဖက်မှာက ပင်ဂွင်းတို့အုပ်စု... တစ်ဖက်မှာက ဘတ်ဝူးမန်း... ဘတ်မန်းတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာလဲ။File size…    1.2 GB /  573 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ...
movie

Batman: Mystery of the Batwoman (2003)

Batman: Assault on Arkham (2014) 7.4
Batman: Assault on Arkham (2014) Batman: Assault on Arkham (2014) IMDb: 7.4/10Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့ Suicide Squad ဇာတ်ကားမှာတုန်းကAmanda Waller ကို သိခဲ့ကြမှာပါအဲ့ဒီ့ Amanda Waller ဟာ ဒီကားမှာလည်း Mission တစ်ခုအတွက်Suicide Squad အဖွဲ့သားတွေကို စုဆောင်းပါတယ် အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ်။ Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကို သူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို ချိုးဖောက်ဝင်ရောက်စေပါတယ်ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာကအားလုံးသိတဲ့ အတိုင်းပဲ Batman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူး ဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာ ...
movie

Batman: Assault on Arkham (2014)

2014
Showdown in Little Tokyo (1991) 6.1
Showdown in Little Tokyo (1991)  ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းLos Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ ...
movie

Showdown in Little Tokyo (1991)

Legacy of Rage (1986) 6.0
Legacy of Rage (1986)  ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:30:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Legacy of Rage (1986)

Hellboy (2004) 6.8
Hellboy (2004) Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie

Hellboy (2004)

2004
4K HEVC
War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
Peach Blossom Origin (2023) 5.0
Peach Blossom Origin (2023) Peach Blossom Origin (2023)====================ခူရွီးနဲ့ ရှန်းဂူ စစ်ပွဲတွေမှာ နဂါးနီအစည်းအရုံးက အရေးနိမ့်ပြီး လူပြည်လောကကနေ နှောင်ထုတ်ခံလိုက်ရပါတယ်...နတ်ဆိုးနယ်မြေလို့ သတ်မှတ်ထားတဲ့ မီးတောက်နယ်မြေက ခေါင်းဆောင်ယန်ကတော့ ဒါကို လက်မခံနိုင်ဘဲ တစ်ချိန်လုံး လူ့ပြည်လောကကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာပေါ့ဒါပေမယ့် အဲ့လို လူပြည်ကို ပြန်သွားဖို့ဆိုရင် အစောင့်အရှောက်မြေပုံ လိုပါတယ်အဲ့အစောင့်အရှောက်မြေပုံကို သူတော်စင်တွေက ဘယ်မှာ၀ှက်ထားကြလဲနတ်ဆိုးတွေက ဘယ်လိုရအောင်ရှာပြီး လူလောကကို ချုပ်နှောင်ဖို့ကြိုးစားကြမလဲဆိုတာကို ကြည့်ကြရမှာပါ..( ဘာသာပြန်ပြီး အညျွန်းရေးသားထားသူကတော့ Chen ပါ )File size_(1.4GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Chen
movie

Peach Blossom Origin (2023)

Our Mother’s Secret Affair (2024) 6
Our Mother’s Secret Affair (2024) Our Mothers Secret Affair ( 2024 )မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။ သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။ သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။ သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါ သူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက်အညွှန်း နဲ့ ဘာသာပြန်ကတော့ M ပဲ ...
movie

Our Mother’s Secret Affair (2024)

2024
Chinatown Cha Cha (2024)
Chinatown Cha Cha (2024) တရုတ်တန်း ဒိုင်ယာရီ(၂၀၂၄)ဂျိုင်ဖိဆွတ်အပြီးမှာလာမယ့် ထည်ဝါခမ်းနားချစ်ပုံပြင်များအတွဲ ၂ ရဲ့ လေးတွဲမြောက်က မင်းသမီးချောလေး Mint ရဲ့ ဒုတိယ movie ခြေလှမ်းဖြစ်တဲ့ Chinatown Cha Cha ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဟာသဇာတ်မြူးလေးကရော ဘယ်လိုတွေခွီရမလဲ ရှုစားကြပါဦး။တစ်မိသားစုလုံး တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ချော်ကံဆိုးနေတဲ့မိသားစုရဲ့သမီးဖြစ်တဲ့ကီး သူ့ရဲ့ကံကောင်းပုံကိုပြောရမယ်ဆို မွေးမွေးချင်းမှာပဲ ဆရာဝန်လက်ထဲကချောပြီးပြုတ်ကျလို့ အူဝဲပေါက်စထဲက ကံတွေ မဟားတရား ဆိုးတဲ့ ကီးတစ်ယောက် ခုချိန်မှာလည်း စာတမ်းအတွက်အကြံမထွက်လို့ တိုင်ပတ်နေပြန်ပါပြီ။ဒီလိုနဲ့ ဘုရားကျောင်းမှာ ဝတ်သွားပြုရင်း သူ့အကြောင်းအကုန်သိနေတဲ့ ထူးဆန်းတဲ့အဘိုးကြီးနဲ့တွေ့ပြီး အတိတ်က ကျိန်စာဆိုတဲ့အရာကို သိလိုက်ရတဲ့အခါ... ကျိန်စာရဲ့အရင်းအမြစ် သူ့ရဲ့အဘေးဖြစ်တဲ့ခွန်၊ တစ်ချိန်ကနာမည်ဆိုးထွက်တဲ့ ဘိုင်ဆွန်ဂိုဏ်းခေါင်းဆောင်ဖြစ်နေပါသတဲ့။ ဒီကံဆိုးမှုတွေကနေ လွတ်ကင်းဖို့ ‌ကီးတစ်‌ယောက် အခေါင်းထဲဝင်အိပ်ရင်းကနေ အဘေးခွန်သက်ရှိထင်ရှားရှိနေတဲ့အတိတ်ကာလက ထိုင်ဆိုတဲ့လူရဲ့ခန္ဓာကိုယ်ထဲရောက်သွားပါတော့တယ်။ ကံဆိုးမှုတွေပပျောက်ဖို့ သူ့ရဲ့ဘဝပေးမစ်ရှင်ကို ကီးတစ်ယောက်ထမ်းဆောင်နိုင်ပါ့မလားဆိုတာ အခွီအလွဲလေးတွေနဲ့ရောစပ်လို့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်.Genre..... Action, Comedy, Drama Quality…. 1080p | 720p File size… ...
movie

Chinatown Cha Cha (2024)

Gam Gam Ganesha (2024) 7
Gam Gam Ganesha (2024) Gam Gam Ganesha (2024)"ဂျင်ပေါ်က ထုံးများ" =====================================Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့ အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။ သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခု ကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့ လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့ လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.46GB / 1.17GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie

Gam Gam Ganesha (2024)

2024
September Babies (2024)
September Babies (2024)  September Babies ရုပ်ရှင်ဟာ ၂၀၂၄ ထွက် ဂျာမနီ စကားပြော အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း: အဖွဲ့ တစ်ခုကထိန်းချုပ်နေတဲ့ လောကကြီးမှာ ဘွန်နီနဲ့ဘိုနို လို့ခေါ်တဲ့ ဘွန်နှစ်ယောက်ရယ် ညှင် ဆိုတဲ့လူတစ်ယောက်ရယ် ၁၂ နှစ်အရွယ် ဇီယာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်ရှိနေပါတယ်။ဇီယာဟာ အဖွဲ့က ကျွေးမွေးထားပြီး လေ့ကျင့်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဘွန်နှစ်ယောက်ရော ညှင်ရောက အတော်လေးကိုကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဇီယာမသိခဲ့တာက ခါးသီးတဲ့အမှန်တရားရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့မှာ ပရင့်စ်(မင်းသား) ဆိုတဲ့လူတစ်ယောက်ရှိနေပြီး သူကပဲအကုန်လုံးကိုထိန်းချုပ်ထားပါတယ်။လက်တွေ့မှာ ၁၂ နှစ်အရွယ်ကောင်မလေးအတွက် ဒီလောကကြီးက ကြမ်းတမ်းလှပါတယ်။ အဲတော့ ဇီယာ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇီယာပြန်လာတဲ့အခါမှာတော့....File size…(741 MB)/(361 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Drama, Thriller, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer
movie

September Babies (2024)