Channel Myanmar

Action

Bad Boys for Life (2020) 6.9
Bad Boys for Life (2020) Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie

Bad Boys for Life (2020)

2020
4K HEVC
Bad Boys II (2003) Bad Boys 2 6.6
Bad Boys II (2003) Bad Boys 2 Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie

Bad Boys II (2003) Bad Boys 2

2003
4K HEVC
Bad Boys (1995) 6.9
Bad Boys (1995) Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File ...
movie

Bad Boys (1995)

1995
4K HEVC
Bad Boys: Ride or Die (2024) 7.0
Bad Boys: Ride or Die (2024) ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်းchannel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။အစဉ်လိုက်ဆိုရင်1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ ...
movie

Bad Boys: Ride or Die (2024)

4K HEVC
Kowloon Walled City ( 2021 ) 6.3
Kowloon Walled City ( 2021 ) Kowloon walled city  ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့ လူမသိ သူမသိ ပျက်စီးသွားတဲ့ အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ... ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါက တရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေး အောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့ အားလုံး မျက်စိကျစရာ နေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်...သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ ပေကျင်းတို့လောက် စီးပွားရေး အခွင့်အလမ်းမရှိတော့တာလဲလို့ မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ ပြောပါရစေ...တော်လှန်ရေးကာလမို့ စီးပွားရေးက မကောင်း ခေတ်ကပျက် စနစ်က မရှိ စည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါ အတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲ ဘိန်းဘုရင်တွေပေါ်လာတယ်...ဘိန်းက လူကိုဖျက်... ဖျက်တဲ့ဘိန်းကို လူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံ ငွေမလောက်တော့ လောင်းကစားဝိုင်းပြေး နောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကို သင့်ရာနေရာရောင်းချ... ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီး အဖော်အချွတ်နဲ့ ငွေရှာတဲ့ အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့...ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ ကာလဆိုရင်မမှားဘူးပေါ့... ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကို အမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်း ရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ.. Filesize : 1.28 GB / 737 MB Quality : WEB-DL 1080p , 480p Format ...
movie

Kowloon Walled City ( 2021 )

Leha (2024) 5.0
Leha (2024)  ဒီဇာတ်ကားကတော့ မှုခင်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ပရိသတ်တွေအနေနဲ့ သဘောကျလောက်မယ့် ဇာတ်ကားဖြစ်ပါတယ်။Malaysian Crime Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့Comedy လေးတွေလည်း အနည်းငယ်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်‌တော့ Khai နဲ့Sani တို့ သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့လုံခြုံရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြီးတော့ Khai ဟာအဲဒီကုမ္ပဏီက ဝန်ထမ်းမလေး Leha ကို ကြိတ်ကြိုက်နေတာပါ။ဒါပေမယ့် Leha က ကုမ္ပဏီကိုဟန်ပြပြီးတော့ နောက်ကွယ်မှာတရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့အကြောင်းကိုသိထားတာကြောင့် ကုမ္ပဏီရဲ့ပစ်မှတ်ထားတာကို ခံနေရပါတယ်။Leha ကို Khai နဲ့ Sani တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ရဲ့လက်ကနေဘယ်လိုတွေကာကွယ်ပေးသွားမလဲ၊ Leha ကရော ဒုစရိုက်အဖွဲ့အကြောင်းကို ဘယ်လိုရအောင်ဖော်ထုတ်မလဲဆိုတာတွေကိုရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…  2.43GB / 864MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle ...
movie

Leha (2024)

Texas Rangers (2001) 5.5
Texas Rangers (2001)  ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ၁၈၀၀ ပြည့်နှစ်အလွန်ကာလတွေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပြည်တွင်းစစ်မတိုင်ခင်က ကပ္ပတိန်မက်နယ်လီကတက္ကဆက်ရိန်းဂျားအဖွဲရဲ့ ခေါင်းဆောင်ပါ။ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန်တက္ကဆက်ပြည်နယ်မှာ သူခိုးဓားပြ တွေက ကြီးစိုးနေတဲ့အတွက် ပြည်နယ်အစိုးရက ကပ္ပတိန်မက်နယ်လီကိုတက္ကဆက်ရိန်းဂျားအဖွဲကို ပြန်လည်ဖွဲစည်းစေတဲ့အခါသူခိုးဓားပြတွေကို နှိမ်နင်းဖို ဖြစ်လာပါတော့တယ်။ကပ္ပတိန်မက်နယ်လီနဲ့ အတွေ့အကြုံမရှိသေးတဲ့လူငယ်လေးတစ်ဖွဲက သူခိုးဓားပြတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာ၁၈၀၀ ပြည့်နှစ်အလွန် အမေရိကန်လူနေမှုဘ၀ နဲ့ယဉ်ကျေးမှုအကြောင်းကိုတွေ့မြင်ရမှာပါ။ အမေရိကန်ကောင်းဘွိင်တွေရဲ့ အပစ်အခတ် အသတ်အပုတ်တွေကိုအက်ရှင်ဆန်ဆန်ရှုစားရမှာဖြစ်ပြီး ကောင်းဘွိင်ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမဲ့အက်ရှင်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။  File size…  1.54GB / 781MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action ,  Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Texas Rangers (2001)

Babumoshai Bandookbaaz (2017) 7.1
Babumoshai Bandookbaaz (2017) Babumoshai Bandookbaaz (2017)IMDb Rating -7/10 Google User - 86% Genre - Crime/Thrillerဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့  2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ...
movie

Babumoshai Bandookbaaz (2017)

2017
Detective Dee : The Mystery of Humanoid Puppet ( 2024 ) 5.8
Detective Dee : The Mystery of Humanoid Puppet ( 2024 ) Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချော Dylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာ မီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကို နန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။ မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့ သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့ သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီး သစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။ စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေ စိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့် စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Filesize : 913 MB / 559 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee : The Mystery of Humanoid Puppet ( 2024 )

Justice League: Crisis on Infinite Earths Part Three (2024)
Justice League: Crisis on Infinite Earths Part Three (2024)  DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Animation, Science Fiction, Action  Subtitle….Myanmar ...
movie

Justice League: Crisis on Infinite Earths Part Three (2024)

The Tiger (2015)
The Tiger (2015) The Tiger (2015)*****************Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင်နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတွေ များစွာပါဝင်တဲ့The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ်အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ်အမဲလိုက်ခွင့် မပေးဘဲ သူတို့ ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို့ ကျက်စားရာဖြစ်တဲ့ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ‌ဂျီရီတောင်ကတောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီးဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံးသေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကိုတောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို့ တွန်းအားပေးလာပါတော့တယ်။တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို့ ထိပ်တိုက်တွေ့ကြရာမှာဘယ်သူနိုင်သွားမလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Miri မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…3.2GB / 1.6GB Quality…BluRay 1080p/ ...
movie

The Tiger (2015)

The Brothers Grimm (2005) 5.9
The Brothers Grimm (2005)  "The Brothers Grimm" ရုပ်ရှင်ကတော့သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Matt Damon၊ Heath Ledger နဲ့ Lena Headey တို့ကအဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ်ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

The Brothers Grimm (2005)

Liberty Stands Still (2002) 5.7
Liberty Stands Still (2002)  ဒီကားကတော့၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Liberty Stands Still လို့ခေါ်တဲ့ Action/Thriller ဇာတ်ကားလေးဖြစ်ပါတယ်.....Blade မင်းသားလို့ လူသိများကြတဲ့ မင်းသားကြီး Wesley Snipes ရဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ.....သူ့ရဲ့ ဇာတ်လမ်းလေးကတော့... Liberty လို့ခေါ်တဲ့သေနတ်ထုတ်လုပ်သူတစ်ဦးရဲ့ ဇနီးက သူ့သမီးသေဆုံးမှုကို ကလဲ့စားချေချင်နေတဲ့လူတစ်ဦးရဲ့ခြိမ်းခြောက်ခြင်းကိုခံရပြီးဗုံးတစ်လုံးနဲ့အတူချည်နှောင်ခံခဲ့ရပါတယ်အဲဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတဖြည်းဖြည်းချင်းကြည့်ရူရမယ့်ကားလေးဖြစ်ပါတယ်‌ Action ဆိုပင်မဲ့လည်းအရမ်းကြီးချနေတာမျိုးမဟုတ်ဘဲဖြည်းဖြည်းချင်းစကားပြောတာတွေကိုနားထောင်ပြီးဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ကြည့်ရမယ့်ရုပ်ရှင်မျိုးဖြစ်ပါတယ် File size…(2.4 GB)/(1.6 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Liberty Stands Still (2002)

Paradox Effect (2024)
Paradox Effect (2024)  ဒီကားလေးကတော့ ၂၀၂၃ ထွက်action/thriller ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အရင်ကဆေးသမားလည်းဖြစ် သမီးလေးအတွက်အလုပ်ကိုပြန်ကြိုးစားလုပ်နေတဲ့အမေတစ်ယောက်နဲ့ ကံဆိုးချင်တော့ မှုခင်းရဲနဲ့မှူးရစ်ရာဇာတို့ရဲ့လက်စားချေရန်ပွဲကြားမှာကြားညပ်မိတဲ့သားအမိနှစ်ယောက်......ဒီအရှုပ်အရှင်းတွေ ဆေးအရောင်းအဝယ်တွေ လက်စားချေကျတဲ့ရန်ပွဲထဲမှာ ဒီသားအမိနှစ်ယောက်အသက်ရှင်လျက်လွတ်နိုင်ပါ့မလားဆိုတာကြည့်ရှူရမှာပါ Drama တွေမကြိုက်ဘူး အက်ရှင်ခန်းတွေပဲကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေမယ့်ဇာတ်ကားလေးပါ အားပေးကြပါဦး File size…(1 GB)/(504 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar 
movie

Paradox Effect (2024)

The Drug King(2018) 6.0
The Drug King(2018) The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie

The Drug King(2018)

2018
Indian (1996) 8.1
Indian (1996) Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Indian (1996)

1996
The Big Bang (2010) 5.4
The Big Bang (2010) ဒီဇာတ်လမ်းမှာ Private စုံထောက်ဖြစ်တဲ့ Ned က ထောင်ကလွတ်လာတဲ့လက်ဝှေ့သမားဟောင်းရဲ့ စာပို့ဖော်ရည်းစား အပျော်အကမယ်ကောင်မလေးကို ရှာဖို့ အလုပ်ခန့်ခံခဲ့ရတယ်။ Ned လည်း ဘယ်သူမှမမြင်ဖူးတဲ့ အဲဒီကောင်မလေးကိုလိုက်ရှာရင်း သူစုံစမ်းဖို့လိုက်မေးခဲ့တဲ့ လူတိုင်းက အသတ်ခံလိုက်ရတဲ့အပြင် သူ့နောက်ကိုပါ နောက်ယောင်ခံတွေလိုက်လာတာကို သတိထားမိလာခဲ့တယ်။ နောက်တော့ Ned တစ်ယောက် ကောင်မလေးရှိနိုင်ခြေရှိတဲ့ လူသူနည်းတဲ့မြို့ဆီသွားပြီး မဟာစကြဝဠာစတင်ဖြစ်ပေါ်ချိန်က ပေါက်ကွဲမှုကြီးဖြစ်တဲ့ Big Bang ကို ပြန်လည်ဖန်တီးဖို့ကြိုးစားနေတဲ့ ကမ္ဘာ့17 ယောက်မြောက် အချမ်းသာဆုံးသူဌေးနဲ့တွေ့ခဲ့ပါတယ်။ Ned က အကမယ်ကောင်မလေးကို ရှာတွေ့နိုင်မလား၊ အဲဒီကောင်မလေးက တကယ်ရောရှိရဲ့လားနဲ့ ဘယ်လိုလှည့်ကွက်နဲ့အမှုတွေ ဆက်ပေါ်လာမလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

The Big Bang (2010)

The City of Violence (2006) 7.0
The City of Violence (2006) The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

The City of Violence (2006)