Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
5.8
I Heart Robots (2024)
အနာဂတ်ကာလတစ်ခုမှာ လူတွေနဲ့ စက်ရုပ်တွေ ယှဉ်တွဲနေထိုင်လာကြရင်း AIနဲ့ စက်ရုပ်တွေရဲ့ သဘာဝအတိုင်း လူသားတွေကိုသတ်ဖြတ်မယ့် စက်တွေအဖြစ်ကို ပြောင်းလဲသွားတာကြောင့်လူသားတွေနဲ့ စက်ရုပ်တွေ စစ်မက်ဖြစ်လာခဲ့ပြီး ကမ္ဘာပျက်ကပ်ကြီးစဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲမှာ လူသားတွေ အရေးနိမ့်သွားခဲ့ပြီး စက်ရုပ်တွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရတာကြောင့် အဖွဲ့လိုက် ပုန်းခိုနေရတဲ့ဘဝကိုရောက်သွားကြပါတယ်။ဒီထဲက တဲရာဆိုတဲ့ မိန်းကလေးတစ်ဦးက စိတ်မဖောက်သွားတဲ့စက်ရုပ်တစ်ရုပ်နဲ့အတူ လူသားတွေရော၊စက်ရုပ်တွေပါသေကြေပျက်စီးစေမယ့် အဏုမြူဗုံး ပေါက်ကွဲမှုကို တားဆီးဖို့ကြိုးပမ်းရပါတော့တယ်.... File size…1.46GB / 743MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 17m Genre ….. Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
I Heart Robots (2024)
5.5
Rebel (2024)
ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မလေးရှားဂန်းစတား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အဖြစ်မှန်အပေါ် အခြေခံထားတာဖြစ်ပြီးမလေးရှားဂန်းစတား လုကာ ရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ။လုကာ တို့က ကျူးကျော်ရပ်ကွက်တစ်ခုထဲမှာနေထိုင်ပြီး အဲဒီရပ်ကွက်မှာ လူမိုက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဒုစရိုက်မှုတွေနဲ့ပြည့်နေတယ်။ လုကာ အမေက ရပ်ကွက်ထဲမှာ မုန့်ရောင်းပြီးလုကာအဖေက အလုပ်အရမ်းလုပ်လို့ အိမ်ကိုနောက်ကျမှပြန်ရောက်လေ့ရှိတယ်။ လုကာတို့ ရပ်ကွက်မှာ သာမန်ပြည်သူတွေကလူမိုက်တွေကိုကြောက်ရပြီး လုကာ ကလည်း အနိုင်ကျင့်ခံရတဲ့ကလေးတစ်ယောက်ပါ။အဲဒီလိုနဲ့ မခံချင်စိတ်ပြင်းထန်တဲ့ လုကာ က အသက်ကြီးလာတဲ့အခါလူမိုက်တွေကိုပြန်တွန်းလှန်ခဲ့တယ်။ဒီဇာတ်လမ်းလေးမှာတော့ လုကာ နဲ့ လူမိုက်တွေကြားက အကြောင်းတွေ၊မလေးရှားမြေအောက်လောက အဖွဲ့အစည်းတွေရဲ့ပတ်သတ်မှုတွေကိုအက်ရှင်ခန်းတွေအပြည့်နဲ့ရှုစားကြရမှာဖြစ်ပါတယ်။(မလေးရှားရဲ့ လမ်းမတော်ဖိုးတုတ်ပေါ့ခင်ဗျာ) File size…1.52GB / 930MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Rebel (2024)
5.5
Fuchsia Libre (2024)
Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက်တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာသိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့်သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာကယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီကအိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ်ခဲ့ပါတယ်။အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပသူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာကသာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခုဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Fuchsia Libre (2024)
Rebel Ridge (2024)
နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေတော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie
Rebel Ridge (2024)
5.9
Six Days Seven Nights (1998) 6 days , 7 Nights
Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie
Six Days Seven Nights (1998) 6 days , 7 Nights
1998
Geylang (2023)
မကာအိုလိုပြောလိုက်ရင် အပျော်အပါးမျိုးစုံ ဒုစရိုက်မျိုးစုံနဲ့ပြည့်နှက်နေတဲ့နေရာဆိုတာ အားလုံးသတိထားမိကြမှာပါ။ ဒီတစ်ခါမှာလည်း မကာအိုလိုအပျော်အပါးမြိုကြီးကို အခြေခံပြီးတော့ ဂေးလန်းဆိုတဲ့ လောင်းကစား၊ အပျော်အပါးရမ္မက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မြိုကြီးအကြောင်းကို တစိုးတစွင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းတစ်ညမှာ ဂေးလန်းက လိင်လုပ်သားအမျိုးသမီးတစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အမတ်ရွေးကောက်ပွဲကလည်နောက်တစ်နေ့ဆိုစတော့မှာဖြစ်ပါတယ်။ အမတ်အဖြစ်ဝင်ပြိုင်ချင်တဲ့လူရဲ့ အမျိုးသမီးစီလင်းက ဒီကိစ္စသူနဲ့ဆက်စပ်နေတာကိုသိလိုက်ရတဲ့အခါမှာ ဒီကိစ္စကိုဖြေရှင်းဖိုကြိုးစားရင်း ကိစ္စတွေက ထင်ထားတာထက် ပိုပြီးရှုပ်ထွေနေတယ်ဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(1.4GB)/(680MB) Quality_Web DL 1080p HEVC / 720p Format_mp4 Duration_01:27:00 Genre_Action, Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Geylang (2023)
6
The Monkey King 3 (2018)
The Monkey King 3 (2018)_____IMDb - 6/10 ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ...
movie
The Monkey King 3 (2018)
2018
5.9
The Monkey King 2 (2016)
Monkey King 2 (2016)IMDb - 5.9/10_____Rotten - 100% IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ...
movie
The Monkey King 2 (2016)
2016
The Clean Up Crew (2024)
ဒီကားလေးကတော့ အဲလက်စ်နဲ့ မက်ခ်ဂန်တို့ အတွဲဟာ အခင်းဖြစ်ပွါးရာမှာ ကျန်ခဲ့တဲ့ သွေးတွေကို သန့်ရှင်းရေးလုပ်ရတဲ့ သန့်ရှင်းရေးအဖွဲ့ကပါ သူတို့အဖွဲ့မှာ ရှာအိုဟန်ဆိုတော့ အဖွဲ့ခေါင်းဆောင်ရယ် ချာလီဆိုတဲ့ဆေးအမြဲသုံးနေတဲ့လူနှစ်ယောက်ပါတယ်တနေ့သူတို့မှုခင်းတစ်ခုကိုသွားရာကနေ သေတ္တာတစ်ခုကိုတွေ့ခဲ့တယ် အဲ့သေတ္တာကိုဖွင့်ကြည့်ရမှာတော့ ယူရို၂မီလီယံကို တွေ့ခဲ့တယ် အဲ့တော့ အဲ့ပိုက်ဆံသေတ္တာက ဘယ်ကရောက်လာတာလဲ ပြီးတော့ အဲ့ပိုက်ဆံနောက်ကိုလိုက်နေတဲ့ လူဆိုးအဖွဲ့စည်းတစ်ခုလည်းရှိပါသေးတယ်အဲဒီတော့ဘာတွေဘယ်လိုဖြစ်သွားမှာလဲ အဲလ်လက်စ်တို့ကရော ပိုက်ဆံတွေဘာလုပ်မှာလဲ နောက်ဆုံးမှာရော သူတို့ကိုလိုက်နေတဲ့သူတွေနောက်ကနေလွတ်မြောက်သွားမလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးရှင် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe
movie
The Clean Up Crew (2024)
7.1
Riki-Oh: The Story of Ricky (1991)
Riki-Oh: The Story of Ricky (1991)IMDb Rating (7.1) / Rotten Tomatoes (90%)ဒီဇာတ်ကားက မင်းသား Louis Fan ရဲ့အကောင်းဆုံးအက်ရှင်ကားလို့ဆိုကြပြီး တကယ်လဲ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်ဖိုက်တာကားဖြစ်ပါတယ်။Ricky Ho: The story of Ricky ဆိုတဲ့အတိုင်း ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂလိကတွေကိုလွှဲပေးထားပြီး ငွေရှင်အရင်းရှင်တွေခြယ်လှယ်တဲ့ခေတ်ပုံစံကို တင်ဆက်ထားပါတယ်။အဲ့ဒီပုဂ္ဂလိကထောင်တစ်ခုကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလို အခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ပြီးတော့ ထောင်ကလဲ ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ ရစ်ကီဟိုလိုမဟုတ်မခံနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ....။ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ။ File size…(2.7 GB )/(1.2 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
Riki-Oh: The Story of Ricky (1991)
1991
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
6.3
Line Walker 2 : Invisible Spy ( 2019 )
Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီး မြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာ US $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကို ဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာ စပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်...လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကို ဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီး ရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာ စပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ.... လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့ အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ... ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ.. အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား... ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ ကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ် Filesize : 1.97 GB / 971 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Thriller , Drama Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Line Walker 2 : Invisible Spy ( 2019 )
2019
6.1
Line Walker (2016)
Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie
Line Walker (2016)
2016
6
Fury 12 Hours ( 2024 )
တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့ သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့ မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့် သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက် မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့ လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့် အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက် CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ Filesize : 1.08 GB / 625 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery Runtime : 1h 23 min Subtitle : ...
movie
Fury 12 Hours ( 2024 )
8.6
Sarangadhariya (2024)
Sarangadhariya(2024)"တုနှိုင်းမမှီ" ============================IMDb ratings 8.6 ရထားတဲ့ တေလဂူးစကားပြော မိသားစုရာမာရုပ်ရှင်ကောင်းလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်နာဟာ သားနှစ်ယောက်၊ သမိးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ သမီးဖြစ်သူဟာ လိမ္မာတဲ့ထဲပါပေမဲ့ သူ့ရဲ့ သားနှစ်ယောက်ကတော့ အလုပ်မရှိအကိုင်မရှိ အလေလိုက်နေကြသူတွေဖြစ်ပြီး ရံဖန်ရံခါဆိုသလို ပြဿနာလည်းရှာတတ်ပါသေးတယ်။ဒါပေမဲ့ အဲဒါကလွဲရင် သူတို့မိသားစုဟာ နွေးထွေးတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့ မိသားစုဝင်အချင်းချင်း သံသယတွေပွားကြပြီး ပြဿနာတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မိသားစုတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အကြောင်းအရာတွေကို ပုံစံခွက်ထဲကနေ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.46GB / 1.2GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Sarangadhariya (2024)
7.0
Shake Hands with the Devil (2007)
ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်......ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Shake Hands with the Devil (2007)
5.9
Treasure Hunting : The Palace of the North Hell (2024)
ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ...... ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Action , Mystery Runtime : 1h 27 min Subtitle : ...
movie
Treasure Hunting : The Palace of the North Hell (2024)
7.1
Allied (2016)
Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie
Allied (2016)
2016
4K HEVC
6.3
Iru Mugan (2016)
Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iru Mugan (2016)
6.4
The Rover (2014)
The Rover (2014) reviewThe Rover ဟာ Western Film ဆန်ဆန် ရိုက်ကူးထားတဲ့ ဩစတြေးလျ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်အပြီး ၁၀ နှစ်အကြာ ဩစတြေးလျရဲ့ လူအရောက်အပေါက်နည်းတဲ့ သဲကန္တာရဆန်ဆန် နေရာတစ်ခုကို အခြေတည်ထားပြီး အဓိကဇာတ်ဆောင်တွေအဖြစ် Guy Pearce နဲ့ Robert Pattinson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအနေနဲ့ ဩစတြေးလျရဲ့ ကြီးမားတဲ့တောဧရိယာတစ်ခုလုံးဟာ စွန့်ပစ်နယ်မြေ ဖြစ်နေပြီး ဥပဒေမဲ့ ရမ်းကားမှုတွေ ကြီးစိုးနေပါတယ်။ လုယက်မှုတစ်ခု မအောင်မြင်တဲ့နောက်မှာတော့ အာချီ၊ ကေလက်ဘ်နဲ့ ဟင်နရီက ထွက်ပြေးခဲ့ပြီး ဟင်နရီ ရဲ့ ညီ ရေး (Robert Pattinson) ကို ဒဏ်ရာကြောင့်သေပြီလို့ ယူဆကာ ထားခဲ့ကြပါတယ်။ရေးကို ထားခဲ့ရတဲ့အပေါ် အာချီ နဲ့ ဟင်နရီတို့ အချင်းများရာကနေ ၃ ယောက်သားစီးလားတဲ့ ကားက လမ်းကနေ တိမ်းချော်ပြီး အပျက်အစီးပုံထဲကို ဝင်တိုးခဲ့ပါတယ်။ ကားကို ပြန်ဆွဲမထုတ်နိုင်တဲ့နောက် အာချီက လမ်းဘေးက တွေ့တဲ့ကားတစ်စီးကို သော့ဖျက်ပြီး ခိုးယူမောင်းနှင်သွားခဲ့ပါတယ်။သူမသိတာကတော့ အဆိုပါကားက တစ်ကိုယ်တည်းသမား အဲရစ် ...
movie
The Rover (2014)
1
2
3
Last
Next