Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zul Ariffin
7.6
Sheriff: Narko Integriti (2024)
မလေးရှားအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့Sheriff: Narko Integriti ကတော့ မလေးရှားနိုင်ငံရဲ့ဒုတိယရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းရေးသားမှု၊ သရုပ်ဆောင်ကောင်းမွန်မှု၊ကင်မရာလှုပ်ရှားမှုနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်အပြောင်းအလဲတွေအတွက် ချီးကျူးမှုတွေရရှိထားပြီးနောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့အထိ ကြေညာထားပါတယ်။ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားရုံးကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံးဘိန်းဖြူဂိုဏ်းခေါင်းဆောင်တိုနီကို မူးယစ်နှိမ်းနှင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့နာဇရီကဥပဒေနဲ့မဟုတ်ဘဲ ဘိန်းဖြူလူသတ်သမားဆိုတဲ့နာမည်နဲ့ကိုယ်တိုင်ရှင်းလင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲတိုနီရဲ့လူတွေကိုသတ်ဖြတ်နေတဲ့နာမည်ကြီးဘိန်းဖြူလူသတ်သမားကို စစ်ဆေးဖော်ထုတ်ဖို့ ရှရစ်ဖ်ဆိုတဲ့ရဲတစ်ဦးရောက်ရှိလာပြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ထဲက နာဇရီနဲ့အပေါင်းအပါတွေကို စတင်စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကြား တိုနီရဲ့သူလျှိုတွေကဘယ်သူလဲ..ဘိန်းဖြူလူသတ်သမားက ဘယ်သူလဲဆိုတာ အချင်းချင်းသံသယတွေနဲ့ဖော်ထုတ်သွားကြပုံကို ရင်တမမနဲ့ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.12GB / 977MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Sheriff: Narko Integriti (2024)
7.0
Juang (2022)
ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က "တိုက်ပွဲ"လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိနေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ...
movie
Juang (2022)
6
The Devil’s Deception (2022)
The Devil's Deception / Talbis Iblis (2022)မလေးဘာသာစကားလို "မကောင်းဆိုးဝါးရဲ့မက်လုံး" လို့ အဓိပ္ပာယ်ရတဲ့ Talbis Iblis ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။၁၉၉၀ ခုနှစ်တုန်းက ဂျူနဲဒါးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ရက်သားမကျခင် ကလေးရလာပေမဲ့ လှေကားပေါ်က တွန်းချခံခဲ့တာကြောင့် ကလေးပျက်ကျသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ သားရူးရူးပြီး အလ္လာဟ်ရှင်မြတ်ဟောကြားထားတာတွေနဲ့ ဆန့်ကျင်တဲ့ အပေးအယူကို ပြုခဲ့ပါတော့တယ်။၂၀၂၂ ယခုခေတ်မှာတော့ ဟာဂျာဆိုတဲ့ကောင်မလေးကလည်း အိမ်ထောင်မကျခင် ကလေးရသွားလို့ ကလေးအဖေဖြစ်သူ အာရှက်ဒ်နဲ့ အမြန်လက်ထပ်လိုက်ရသူပါ။ သူတို့လင်မယားနှစ်ယောက် ကိုယ်လေးလက်ဝန်ကြီးနဲ့ အဘူမီရာတောင်ကုန်းက ဂျူနဲဒါး (သူတို့အခေါ် အမေဂျူ) တို့အိမ်ကို ရောက်လာခဲ့ပါတော့တယ်။ လာခဲ့တဲ့အကြောင်းကလည်း ကလေးမွေးဖို့မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချဖို့အတွက်ပါ။ဒီလိုနဲ့ ကိုယ်လေးလက်ဝန်နဲ့ ဟာဂျာတစ်ယောက် သူ့ကိုဂရုမစိုက်ပေးတဲ့ လင်ယောက်ျားရဲ့အထားခဲ့ခံရပြီး အမေဂျူနဲ့ရှိနေရတဲ့အချိန်မှာ အရင်က အတိတ်ဆိုးတွေက အိပ်မက်တွေအနေနဲ့ ပိုပိုရောက်လာတဲ့အခါ... တစ်ဖက်မှာလည်း အမေဂျူက ဟာဂျာ့ကလေးကို မရအရယူဖို့ စိုင်းပြင်းနေတဲ့အခါ...ဟာဂျာတစ်ယောက် လူတွေပျောက်တယ်လို့ နာမည်ကြီးတဲ့ အဘူမီရာတောင်ကုန်းမှာ ...
movie
The Devil’s Deception (2022)
2022
6.5
J2: J Retribusi (2021)
J2 : J.Retribusi (2021)IMDb - 6.5/10J2: J.Retribusi ဆိုတာကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ J.Revolusi ရဲ့ Sequel အနေနဲ့ ထွက်ရှိလာတာပါ။ဒီကားကတော့ မလေးရှားမှာ ရုံတင်ပြသခြင်း မရှိဘဲ Disney Plus Hotstar မှာပဲ သီးသန့်ပြသဖြစ်ခဲ့တဲ့ ရုပ်ရှင် ၃ ကားထဲက တစ်ကားဖြစ်ပါတယ်။မလေးရှားအက်ရှင်ကားတွေလည်း ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတွေထဲမှာ ပါပါတယ်။အပစ်အခတ် နဲ့ ဖိုက်တင်မှာ မလေးကလည်း တော်တော်လေး မိုက်တဲ့အထဲ ပါပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ဂျေး ဟာ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာတော့ သူဌေးကြီး ဒက်တိုရဲ့သမီးလေး နဒီအတွက် သက်တော်စောင့်အဖြစ် လုပ်နေတာပဲ ဖြစ်ပါတယ်။ဒက်တိုကတော့ ပိုက်ဆံကျိကျိတက်ချမ်းသာပေမယ့် သမီးလေး အတွက် အချိန်မပေးနိုင်တဲ့ ဖခင်တစ်ယောက်ပါ။ ဂျေးကလည်း သမီးလေးကို သမီးတစ်ယောက်လို သံယောဇဉ်ရှိနေခဲ့တာပါ။သူဌေးကြီး ဒက်တိုဟာ သမီးလေးအတွက် အချိန်ပေးဖို့ ကြိုးစားရင်း လုပ်ငန်းတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။အနားယူဖို့အတွက် ဟိုတယ်ကို ပိုင်ရှင်အသစ် လက်ထဲအပ်ဖို့ ပွဲကျင်းပတဲ့နေ့မှာ အနုကြမ်းစီးခံလိုက်ရပါတယ်။သူတို့ရဲ့ ...
movie
J2: J Retribusi (2021)
2021
6.6
Sangkar (2019)
Sangkar 2019 IMDb 6.6ကြမ်းလည်းကြမ်းအဓိပ္ပါယ်လည်းရှိတဲ့ရုပ်ရှင်ပါMMA ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့အဒမ် နဲ့ ဂျိုဟန်တို့ လေးကြိမ်မြောက်ပြန်တွေ့ကြတဲ့ပွဲမှာ အဒမ်က မတရားတဲ့နည်းလမ်းနဲ့ အနိုင်ရသွားခဲ့ပါတယ်ပွဲပြီးတဲ့နောက် ရပ်ကွက်ရန်ပွဲတစ်ခုမှာသူတို့နှစ်ယောက်လုံးပါရင်းကနေအဒမ်ကြောင့်ပဲ ဂျိုဟန်တစ်ယောက်လည်ပင်းအရိုးကိုထိခိုက်သွားပြီးတစ်ကိုယ်လုံးအကြောသေသွားခဲ့ပါတယ်ငယ်စဉ်တည်းက မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ အလျောက်ဆိုးပေပြီး ထင်ရာစိုင်းခဲ့တဲ့အဒမ် ဟာ သူ့ကြောင့်လူတစ်ယောက်ဘဝပျက်သွားတဲ့ အချိန်မှာ နောင်တအကြီးအကျယ် ရခဲ့ပါတော့တယ်အဲ့ဒီအတွက် ဂျိုဟန်ရဲ့ခွင့်လွှတ်မှုကိုရဖို့သူကိုယ်သူလည်း ခွင့်လွှတ်နိုင်ဖို့ဂျိုဟန်မိသားစုက လဂာ်မခံပေမဲ့ဂျိုဟန်ကို ပြုစုခွင့်ရဖို့ ကြိုးစားပါတယ်အားကိုးစရာမရှိတော့တဲ့ဂျိုဟန်ရဲ့မိသားစုအတွက် ရပ်ကွက်ကြေးစားပွဲတွေထိုးပြီး ပိုက်ဆံရှာပေးခဲ့ပါတယ်"အမှားလုပ်မိရင် တောင်းပန်တတ်ရတယ်ပြင်နိုင်ရမယ်ဆိုတဲ့"မိခင်ရှိစဉ်က ပြောခဲ့တဲ့ ဆုံးမစကားကြောင့်သူ့အမှားအတွက် ခွင့်လွှတ်မှုရှာရင်းပြောင်းလဲသွားတဲ့လူဆိုးတစ်ယောက်အကြောင်းပါMMA ပွဲတွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်းကောင်းတဲ့အတွက် ကြည့်ရတာစိတ်ကျေနပ်သလို စိတ်ထဲမှာလဲတစ်ခုခုရှိသွားစေခဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက်လဂာ်မလွတ်ဖို့ အကြံပေးပါရစေ ခင်ဗျာ Translated by Rico suaveEncoded by YKFile Size :1.6GB and 832MBQuality : 1080p WEB DL and 720pSubtitles : Myanmar (Hardsub)
movie
Sangkar (2019)
2019