Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zou Na
Switch (2013)
Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုးပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie
Switch (2013)
2013