Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zoey Deutch
The Real Bros of Simi Valley: The Movie (2024)
ဒီရုပ်ရှင်ကားက 2017 တုန်းက ထွက်ထားတဲ့ season 3ခုပါဝင်တဲ့ Reality Show ရဲ့ အဆက် ရုပ်ရှင်ပါ။ဒီမှာကတော့ သူတို့ သူငယ်ချင်းအဖွဲ့က အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အလန်းစားပုံစံနဲ့ ပြန်သွားဖို့ အစီအစဥ်တွေ ချတာကို ကြည့်ရမှာပါ။ သူငယ်ချင်း အုပ်စုထဲမှာ Xanderက truckကားတွေကို အရမ်းရူးသွပ်တဲ့သူဖြစ်ပြီး ကျောင်းတွေ့ဆုံပွဲမှာ တစ်နှစ်တာ အမိုက်ဆုံးထရပ်ကား ဆုကို ရဖို့ ထရပ်ကားအသစ်ကြီး ဝယ်လိုက်ပါတယ်။ဒါပေမယ့် ကျောင်းတုန်းက အတန်းဖော်ဟောင်း Jatthew မှာ သူ့ထပ် ပိုလန်းတဲ့ truck ကားကို တွေ့ပြီးမှာ Simi Valley တစ်ခုလုံးမှာ အလန်းဆုံးဆိုတဲ့ ထရပ်ကားကို ရှာပုံတော် ဖွင့်ပါတော့တယ်။ သူ့ရှာပုံတော်မှာ သူငယ်ချင်းတွေကပါ ပါဝင်အားဖြည့်ပေးကြရင်း အလွဲတွေ ဟာသတွေကို ကြည့်ရမှာပါ။ ဒီကားရဲ့ seriesရော movie ရောရဲ့ program directorကတော့ ...
movie
The Real Bros of Simi Valley: The Movie (2024)
6.5
Set It Up (2018)
Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie
Set It Up (2018)
2017
4K HEVC
6.1
Good Kids (2016)
Good Kids (2016)သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration ...
movie
Good Kids (2016)
2016
6.2
Buffaloed (2019)
2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island
movie
Buffaloed (2019)
6.2
Something from Tiffany’s (2022)
ဒီကားလေးကတော့ Christmas movie ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာဘဲဖြစ်ပါတယ်။Rotten Tomatoes 85%ရရှိထားတဲ့ဒီရုပ်ရှင်ထဲမှာThe outfit ထဲကမင်းသမီးချော Zoey Deutch ကလည်းမတူညီတဲ့ပုံစံတစ်မျိုးေလးနဲ့သရုပ်ေဆာင်ထားတာကိုတွေ့ရမှာဘဲဖြစ်ပါတာ်။Christmasကာလမှာ မိသားစုနဲ့ဖြစ်စေ တစ်ယောက်ထဲဖြစ်စေ Romance ဇာတ်ကားလေးကို Christmas vibeလေးနဲ့ကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကသင့်တော်တဲ့ကားလေးတစ်ကားဘဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Min Phoon Pyae ပါ )File Size__(1.7GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:22:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Min Phoon Pyae Encoded by Naing Aung Latt
movie
Something from Tiffany’s (2022)
6.1
Not Okay (2022)
Not okay (2022) Zoey Deutch နောက်ထပ် ဇာတ်ကားသစ်လေး လာပါပြီ။ ဒီတစ်ခါတော့ Comedy, Drama အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ ...အတန်ရှည်လိုချင်လွန်းရင် မကောင်းကြောင်း သက်သေပြသွားတဲ့ ကားဖြစ်ပါတယ်။မဂ္ဂဇင်းတစ်ခုမှာ ဖိုတိုအယ်ဒီတာအဖြစ် အလုပ်လုပ်နေတဲ့ ဒန်နီဆန်းဒါးစ်ဟာ အင်မတန် စာရေးဆရာဖြစ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ မတော်တရော် အရေးအသားတွေကြောင့် သူ့သူဌေးက သူ့ကို ဆောင်းပါးဌာနကို ပြောင်းခွင့်မပေးပါဘူး။လွယ်ကူရိုးရှင်းတဲ့ဘဝကို မကျေနပ်ဘဲ နာမည်ကြီးချင်သလို သူ့ခရက်ရှ် ကောလင်းဆီက အတန်ရှင်းလိုချင်တဲ့ ဒန်နီဟာ ပဲရစ်ကို စာရေးဆရာအပေါင်းဖော်တွေနဲ့ အားလပ်ရက်ခရီးထွက်ပါပြီဆိုပြီး လိမ်ဆင်ထွင်ပါတော့တယ်။ကံဆိုးချင်တော့ သူ ပဲရစ်ရောက်နေဟန်ဆောင်ပြီး အိမ်မှာ အိပ်နေချိန်မှာပဲ ပဲရစ်ရဲ့ အထင်ကရနေရာတွေကို ဗုံးဖောက်ခံရပါတော့တယ်။ဒီလိုနဲ့ ဒန်နီဟာ သူ့ကို သီသီလေးလွတ်လာတယ်ထင်ပြီး ဝိုင်းကရုဏာသက်ကြတဲ့ လူတွေကို ဆက်လိမ်ရင်း အဂ္ဂမဟာ influencer ကြီးဖြစ်သွားပါတော့တယ်။ဒါပေမဲ့ သူ့လိမ်ဆင်တွေ ဘယ်လိုပေါ်သွားမလဲဆိုတာကတော့ …(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ...
movie
Not Okay (2022)
2022
7.5
The Outfit (2022)
The Outfit (2022) ~ IMDb - 7.5/10, RT - 86%, Meta - 69% ~အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ...
movie
The Outfit (2022)
2022
7.0
The Amazing Spider-Man (2012)
ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
The Amazing Spider-Man (2012)
2012
4K HEVC
6.7
Zombieland: Double Tap (2019)
IMDb (6.7) / Rotten Tomatoes (69%)Zombieland (2009) ထွက်ပြီး ၁၀ နှစ်အကြာမှာ Zombieland 2 အနေနဲ့ ဒီဇာတ်ကားထွက်ရှိခဲ့ပါတယ်..ပထမဇာတ်ကားက သရုပ်ဆောင်တွေပဲ အဓိကပါဝင်ထားပြီး မပျင်းရအောင် ရယ်ရ ကြောက်ရတုန်းပါပဲ...Rating တွေလဲ ကောင်းဆဲဖြစ်ပြီး ဇာတ်လမ်းတည်ဆောက်ထားပုံလဲ လတ်ဆတ်ပါတယ်...Zombie တွေ ဒီကမ္ဘာမှာ တကယ်ရှိလာနိုင်တာမို့ Zombieland ဇာတ်ကားတွေ ကြည့်ထားဖို့ဖိတ်ခေါ်ပါတယ်။ :P File Size : (1.7 GB),(990 MB) Quality : Blu-Ray (1080p 5.1,720p) Running Time : 1hr 39min Format : Mp4 Genre : Adventure, Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Nyeinsaeya ...
movie
Zombieland: Double Tap (2019)
7.0
The Professor(2019)
The Professor(2019)IMDb....7.0" ရစ်ချက်မင်းမှာ အဆင့်(၄)ရှိတဲ့ ကင်ဆာဖြစ်နေပြီ.... ရောဂါကအတော်လေးပျံနှံနေပြီ...မင်းရဲ့ကျောင်းကိုလည်းအသိပေးသင့်သလို မိန်းမနဲ့သမီးကိုလည်း အသိပေးသင့်နေပြီ....အမြန်ဆုံးလည်းကုသသင့်နေပြီ" " ကျုပ်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ" "ကုသရင် ၁နှစ်ပေါ့ ကံကောင်းလွန်းနေရင် တစ်နှစ်ခွဲ... မကုသရင်တော့ ၆လပေါ့..." ရစ်ချစ်တစ်ယောက်ဟာ ဆရာဝန်ရဲ့ စိတ်မကောင်းပါဘူးဆိုတဲ့နှစ်သိမ့်စကားကို လောလောလတ်လတ်ကြားလိုက်ရဲ့ သတင်းစကားကြားမှာပင် အတတ်နိုင်ဆုံး ပြန်ပြုံးပြလိုက်တယ်.... ဒီအပြုံးတွေဟာ ဘယ်လောက်တောင်အသက်မဲ့နေလိုက်မလဲ... အနည်းငယ်သာကျန်ရှိတော့ သူ့ဘ၀သက်တမ်းကိုတွေးရင်း ရစ်ချက်တစ်ယောက်ရဲ့ခြေလှမ်းတွေ ... ကောင်းကင်ကိုမော့ကြည့်တဲ့သူ့မျက်လုံးတွေ... လူတစ်ချို့ရဲ့ ရယ်မောသံတွေကိုကြားရတဲ့သူ့နားတွေ... အားလုံးဟာ သူ့အတွက်အဓိပ္ပါယ်မဲ့နေသလိုပင်...ဒီကားမှာသရုပ်ဆောင်ထားတဲ့မင်းသားကြီး Johnny Depp ကိုတော့ အထွေအထူးမိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး... သူဟာ ကောလိပ်ကပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်... တခြားဇာတ်ကားတွေလို ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းမှုတွေကို သူတော်စင်တစ်ပါးလိုလုပ်...ဘ၀ရဲ့တန်ဘိုးဆိုတာဘာညာဆိုပြီး ကောင်းပြီးရင်းကောင်းတဲ့ ဇာတ်ဟန်မဟုတ်ဘူး... ပထမတစ်ခန်းမှာတင်သူ့ဘ၀လက်ကျန်ချိန်ဟာ အနည်းငယ်ပဲသိပြီးတဲ့နောက် သူလုပ်သွားတာတွေက တကယ့်ကိုစိတ်ဝင်စားစရာကောင်းတယ်.. သူ့ရဲ့သရုပ်ဆောင်ဟန်ကြောင့်ပဲ ဒီဇာတ်ကားဟာ ပိုရုပ်လုံးကြွလာတယ်လို့တောင်ပြောရမယ်ထင်တယ်... ကိုင်းခံစားကြည့်လိုက်ပါဦး....ခင်ဗျားတို့ရဲ့အကောင်းဆုံးသော ဇာတ်ကားစာရင်းထဲမှာ ဒီကားကိုကြည့်ပြီးရင် ဒီကားအပါအ၀င်ပဲဆိုပြီးထည့်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်..File Size : (859 MB) and (333 MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Comedy, Drama | Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel ...
movie
The Professor(2019)
2018
5.3
Flower (2017)
အိမ်ထောင်ရေးအဆင်မပြေတဲ့ မိသားစုတွေရဲ့ ကလေးတွေဟာ မေတ္တာငတ်လေ့ ရှိတာ ဓမ္မတာပါစိတ်ဒဏ်ရာဆိုတာလည်း အနည်း နဲ့ အများ ရှိကြတာပေါ့ဒီကားထဲက အယ်ရစ်ကာ ဆိုတဲ့ ကောင်မလေးဟာ အဆင်မပြေတဲ့ အဖေ နဲ့ အေမ ရဲ့ ဆေက်ဆံရေးအောက်မှာ ကြီးပြင်းရင် ခပ်ဆိုးဆိုး ကောင်မလေး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ သူ့ အမေက နောက်အိမ်ထောင်တစ်ခု အတည်တကျ ယူဖို့ ဖြစ်လာခဲ့တဲ့အခါ အယ်ရစ်ကာရဲ့ ဘဝ ပြောင်းလဲဖို့ ဖြစ်လာခဲ့ပါတယ်သူ့အမေရဲ့ နောက်ယောကျားရဲ့ သား လုခ် နဲ့ခင်မင်ပြီး adventure တစ်ခု လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်ပြီးတော့ အယ်ရစ်ကာ ဟာ သူ့အဖေကို မေတ္တာမပျက်သေးဘဲ အချုပ်ကျနေတဲ့ အဖေ့ကို အာမခံနဲ့ထုတ်ဖို့ သူငယ်ချင်းတွေနဲ့ မဟုတ်တာတွေ လုပ်ပြီး ပိုက်ဆံရှာနေပါတယ်အဲ့ကိစ္စတွေထဲ လုခ် တစ်ယောက်ပါလာတဲ့ အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို မင်းသမီးလေးရဲ့ ခပ်hot ...
movie
Flower (2017)
2017
7.4
The Disaster Artist (2017)
The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie
The Disaster Artist (2017)
2017
6.3
Why Him? (2016)
socially awkward Silicon Valley billionaire boyfriend, Laird. A rivalry develops and Ned's panic level goes through the roof when he finds himself lost in this glamorous high-tech world and learns Laird is about to pop the question.နက်ဟာဆိုရင် သာမန်ဘဝကနေ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့သူပါ။ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်လည်းရှိပါတယ်။ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ပေါ့ သူ့မိတ်ဆွေတွေ သူငယ်ချင်းတွေ နဲ့ အတူ သူ့သားငယ်ရဲ့ စီစဉ် ပေးမှု့ကြောင် မွေးနေ့ပွဲလေး တစ်ပွဲကို ကျင်းပနေပါတယ်။ အဲ့အချိန်မှာ သူ့ကို အံံသြအောင်လုပ်တဲ့ အနေနဲ့ အဝေးရောက်နေတဲ့ သူ့ အစ်မ နဲ့ ...
movie
Why Him? (2016)
2016
5.9
Dirty Grandpa (2016)
Dirty Grandpa (2016)_______IMDb - 5.9/10 IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်...အမှန်တွေရှိမယ်...ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ File size...(854MB) Quality...WEB-Rip 720p Format...mp4 Duration....01:41:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
Dirty Grandpa (2016)