Channel Myanmar

Zlatko Burić

Copenhagen Does Not Exist aka København findes ikke (2023) 5.8
Copenhagen Does Not Exist aka København findes ikke (2023) Koebenhavn Findes Ikke (Or) Copenhagen Does Not Exist 2023အီဒါလို့ခေါ်တဲ့ကောင်မလေးဟာ ရုတ်တရက်ကြီး စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ တိုက်ခန်းလွတ်တစ်ခုတည်းမှာ ဆန်ဒါ့ကို အီဒါ့အဖေနဲ့ အစ်ကိုနှစ်ယောက်က သော့ခတ်ပြီးတော့ထားထားပါတယ်။ဆန်ဒါဆိုတာကတော့ အီဒါ့ကောင်လေးပေါ့၊ ဒီလိုနဲ့ အီဒါပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဆန်ဒါ့ကို စစ်မေးမြန်းတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ .........အီဒါပျောက်ဆုံးသွားတဲ့ကိစ္စက ဆန်ဒါ့ကြောင့်ရော ဖြစ်နေမလား .... ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size… 1.6GB / 573MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Alex~ToMo
movie

Copenhagen Does Not Exist aka København findes ikke (2023)

2023
Pusher 3 (2005)
Pusher 3 (2005) Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ရှေ့နှစ်ကားတုန်းက ...
movie

Pusher 3 (2005)

Pusher II (2004)
Pusher II (2004)  Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်‌ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်‌သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ...
movie

Pusher II (2004)

Pusher (1996)
Pusher (1996)   IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။Pusher trilogy ထဲက အဓိကဇာတ်ကောင်‌တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်‌ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ...
movie

Pusher (1996)

Pusher (2012) 5.5
Pusher (2012)  မူးယစ်ဆေးလောကကြီးကထင်သလောက်တော့လွယ်ကူမနေပါဘူး ပိုက်ဆံအရလွယ်သလိုခွေးဖြစ်လည်းလွယ်ပါတယ်ဒီဇာတ်ကား​က​ ကိုကင်း reseller တစ်ယောက်ရဲ့ဘဝကိုရိုက်ပြထားတာပါ..ဖရန့်ခ်ဟာ လက်ကြီးသမားဆီက ပစ္စည်းယူပြီးပြန်ရောင်းတဲ့သူတစ်ယောက်ပါဘဝကိုရရစားစားနေနေတော့ငွေရလွယ်တဲ့ဒီအလုပ်မှာပဲကျင်လည်နေခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်သူတို့လောကရဲ့ထုံးစံအတိုင်း​အကွက်ရွှေ့ကျွမ်းရမှာဖြစ်လို့တစ်ကွက်မှားတာနဲ့ခွေးဖြစ်မှာပါ..သူတို့လောကကြီး​က​လူလည်တွေကြိုးကိုင်တဲ့MLM လိုမျိုး လည်သူစား​ အတဲ့သူနွားဖြစ်တဲ့KMKL​ မားကက်တင်းနဲ့ သွားတာမို့လို့ဖရန့်ခ်တစ်ယောက် လောကထဲကျင်လည်ရင်းဘာတွေကြုံတွေ့ရမလဲ...ဘာတွေအကျိုးအမြတ်ရမလဲ....ဘာတွေကိုဆုံးရှုံး​ရမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ... File size…1.61GB / 805MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Pusher (2012)

Killerman(2019) 5.7
Killerman(2019) Killerman(2019)============= Liam Hemsworthပါဝင်ထားတဲ့ Killermanဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ရတနာကုန်သည်တဖြစ်လည်း ငွေကြေးခဝါချသူလည်းဖြစ်တဲ့ မိုးဒိုင်းမွန်းဟာ သူ့သူငယ်ချင်းစကန့်နဲ့ပေါင်းပြီး ကြေးကြီးတဲ့အလုပ်ကိုလက်ခံထားပါတယ်။ အလုပ်အပ်သူက စကန့်ရဲ့ဦးလေး။အလုပ်မပြီးသေးခင် စကန့်ဦးလေးက ပိုက်ဆံကိုခဏသိမ်းထားပြီး အလုပ်ကိုလည်းဆိုင်းထားဖို့ပြောလာတယ်။အဲဒါကိုစကန့်က လက်ထဲမှာရှိနေတဲ့ သူ့ဦးလေးပိုက်ဆံနဲ့ ဆေးကုန်ကူးဖို့လုပ်တယ်။အရောင်းအဝယ်လုပ်နေတုန်းရဲတွေလာဖမ်းလို့ထွက်ပြေးကြရင်း ကားမတော်တဆမှုဖြစ်ပြီး မိုးကအတိတ်မေ့သွားပါတော့တယ်။အဲဒီကနေစလို့ အရာရာဟာလွဲကုန်ပါတော့တယ်။ File size…1.87GB / 680MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Killerman(2019)

Triangle of Sadness(2022) 7.8
Triangle of Sadness(2022) ကဲ CMပရိသတ်ကြီး စောင့်မျှော်နေတဲ့ Triangle of Sadness ကို တင်ဆက်ပေးလိုက်ပါပြီဗျာ.. IMDb 7.8နဲ့ Rotten Tomatoes 70%ရထားတာဆိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်.. သရုပ်ဆောင်တွေကတော့ Now You See Me, Venom, Zombieland ဇာတ်ကားတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ထားတဲ့ မင်းသားကြီး Woody Harrelson နဲ့ Maleficent ထဲက Aurora ရဲ့ချစ်သူမင်းသားလေး Harris Dickinson တို့ပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဥ်း နာမည်ကြီး ဖက်ရှင်မော်ဒယ်စုံတွဲအပါအဝင် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေဟာ ဒေါ်လာသန်း၂၅၀တန်တဲ့ ဇိမ်ခံသ‌င်္ဘောကြီးနဲ့ အပျော်ခရီးထွက်ကြပါတယ် သ‌င်္ဘောရဲ့ကပ္ပတိန်က အရက်ချိုး သောမတ်စ်ပါ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် ပင်လယ်ထဲမှာ အဲဒီသ‌င်္ဘောကြီး မြုပ်ပါတော့တယ် မော်ဒယ်စုံတွဲအပါအဝင် အသက်ရှင်ကျန်သူတွေဟာ ကျွန်းတစ်ကျွန်း‌ပေါ်မှာ သောင်တင်သွားပြီး ဒုက္ခရောက်ကုန်တော့တာပါပဲ သ‌င်္ဘောက ဘာလို့မြုပ်တာလဲ.. အထက်တန်းစားဘောစိတွေ Survival Mode နဲ့ ရှင်သန်နိုင်ပါ့မလား.. ကျွန်းပေါ်ကနေ လွတ်လမ်းရောရှိမှာလားဆိုတာကို မထင်မှတ်ထားတဲ့ Plot Twistတွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်ဒီဇာတ်လမ်းရဲ့ အသက်ကတော့ ...
movie

Triangle of Sadness(2022)

2022
Mayday (2021) 5.1
Mayday (2021) Mayday (2021)============ဒီဇာတ်ကားလေးအကြောင်းပြောရရင်တော့ "Alice In the Wonderland " တို့လို့ "The Wizard of Oz"တို့လို လက်တွေ့ကမ္ဘာကြီးတစ်ခုကနေ စိတ်ကူးယဉ်ဆန်တဲ့နေရာလေးတစ်ခုကိုရောက်သွားတဲ့ပုံစံမျိုးပါပဲ။ မတူတာတော့ အထက်ကဇာတ်ကားနှစ်ကားလိုမျိုးမှော်ဆန်ဆန်ဇာတ်လမ်းအသွားအလာနဲ့ Fantasy ဖြစ်စေတာမျိုးမဟုတ်ပဲနဲ့ Mystery ပုံစံနဲ့ dramaခင်းပြီး fantasy ဖြစ်စေတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိသဲ့သဲ့လုပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ယောက်ျားလေးဝန်ထမ်းတွေနဲ့ နှိပ်စက်အနိုင်ကျင့်တတ်တဲ့အထက်လူကြီးရှိတဲ့ဟိုတယ်မှာ အလုပ်လုပ်နေရတဲ့အန်နာတစ်ယောက်၊ မုန်တိုင်းကတိုက်မီးကပျက်တဲ့တစ်နေ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားပြီးတဲ့နောက် ထူးဆန်းတဲ့အိပ်မက်လိုနေရာလေးတစ်ခုကိုရောက်သွားရာကနေ...... Mayday ဆိုတဲ့ ဒီဇာတ်ကားလေးဖြစ်လာတယ်ဆိုပါတော့ . . . ဒီဇာတ်ကားလေးက Raindance Film Festival(2021) မှာ Best Cinematography Awardရထားတာဆိုတော့ ရိုက်ကူးထားတဲ့ရိုက်ချက်လေးတွေဖန်တီးမှုတွေလေးတွေကလှပသလို အတွေးလေးတွေပါရသွားစေနိုင်တဲ့ကားလေး ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – BluRay- (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format ...
movie

Mayday (2021)

2021
2012 (2009) 5.8
2012 (2009)  လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie

2012 (2009)