Channel Myanmar

Zhuangzhuang Cai

I Am What I Am (2021) 7.6
I Am What I Am (2021) I am what I am (2021)IMDb (7.6) ထိရထားပြီးတော့ အားလုံးလည်းစောင့်မျှော်နေကြတဲ့ I am what I am လေးရပါပြီခင်ဗျာ။ တရုတ်နှစ်သစ်ကူးတွေမှာ မြင်တွေ့နေကြခြင်္သေ့ခေါင်းအကကိုလူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ နှစ်သစ်ကူးမှာ ဘာလို့ခြင်္သေ့ခေါင်းအကကိုကကြရတာလဲ ? ခြင်္သေ့ခေါင်းပြိုင်ပွဲတွေရဲ့စည်းကမ်းတွေကရော ဘယ်လိုတွေလဲ? အဲ့ဒါတွေကို အသားပေးရိုက်ကူးထားပြီး လူငယ်တစ်ယောက်ရဲ့စိတ်ကူး၊ အိမ်မက်၊ မျှော်လင့်ချက်တွေကိုပါ ဒရာမာလေးချိုးပြီးရိုက်ကူးထားတာမို့ ကာတွန်းကားကောင်းကိုမှကြိုက်ကြတဲ့ ကလေးကြီးတို့ ဒေါင်းလို့ရပါပြီခင်ဗျာ..မိဘတွေက အဝေးမှာစီးပွားရှာနေရတာမို့ နှစ်သစ်ကူးမှာ မိသားစုစုံစုံလင်လင်နဲ့ဆုံတွေ့ချင်နေတဲ့ အားကျွမ်း။ အားကျွမ်းဆိုတာ တစ်ရွာလုံးရဲ့အနိုင်ကျင့်တာကိုခံနေရတဲ့ ရှူနာရှိုက်ကုန်း၊ ကလေကချေ၊ ကြောင်နာလေးတစ်ယောက်ပေါ့။ ရွာရဲ့နှစ်သစ်ကူးခြင်္သေ့အကပြိုင်ပွဲမှာ အနိုင်ကျင့်ခံရပြီးတဲ့နောက် သူ့ဘဝထဲကို ခြင်္သေ့ခေါင်းအက ဝင်ရောက်လာခဲ့ပါတော့တယ်။လောကဓံတွေဘယ်လိုပဲကြုံတွေ့ရပါစေ မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့စကားကို လက်ကိုင်ထားတဲ့အားကျွမ်းတစ်ယောက် မိသားစုနဲ့ရောဆုံတွေ့ရပါ့မလား.. ရိုးရာအကဖြစ်တဲ့ခြင်္သေ့အကကိုရော ဘယ်အတိုင်းအတာထိ ဖျော်ဖြေပေးသွားနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးမှာ ဆက်ကြည့်လိုက်ပါတော့နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ...
movie

I Am What I Am (2021)

2021